ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

အစားလည္းေဆး၊ ေဆးလည္းအစာတဲ႔။ အစားအစာဆိုတာ သံုးတတ္ရင္ေဆး၊ မသံုးတတ္ရင္ေဘးပါပဲ။ အစားအေသာက္ေၾကာင္႔ပဲ ခႏၶာကိုယ္အတြက္ လိုအပ္တဲ႔ အားအင္ေတြကို ရရွိေစႏိုင္သလို အစားမွားျခင္းေၾကာင္႔ ေရာဂါေဝဒနာ ခံစားရတာေတြလည္း မနည္းပါဘူး။ ဒီတစ္ပတ္မွာေတာ႔ ေခါင္းကိုက္ေဝဒနာ ျဖစ္ေစႏိုင္တဲ႔ အစားအေသာက္ေတြအေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အငန္ဓာတ္လြန္ကဲတဲ႔ အစားအစာေတြ

ဆိုဒီယမ္ဟာ ကြ်န္ေတာ္တို႔ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ႔ အာဟာရဓာတ္တစ္မ်ိဳးပါ။ ဒါေပမယ္႔ ဆိုဒီယမ္ကို လိုအပ္သည္ထိ ခႏၶာကိုယ္ထဲ ပိုထည္႔မိမယ္ဆုိရင္ ေခါင္းကိုက္ေခါင္းခဲျခင္း ေဝဒနာကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင္႔ အစားအစာတစ္ခုခုကို မစားခင္ အငန္ဓာတ္ ပါဝင္မႈမ်ားလား (ဆားမ်ားလား) ဆိုတာ အရင္စစ္ေဆးၾကည္႔ပါဦး။ အငန္ႀကိဳက္တတ္တယ္ဆိုရင္လည္း အေပါ႔စားတတ္ေအာင္ ျဖည္းျဖည္းခ်င္း က်င္႔ယူသင္႔ပါတယ္။

၂။ အရက္

အရက္ေသာက္သံုးျခင္းဟာ ေခါင္းကိုက္ေခါင္းခဲျခင္းကို ျဖစ္ေစတဲ႔ အေၾကာင္းရင္းေတြထဲမွာ တစ္ခုအပါအဝင္ပါပဲ။ ပံုမွန္ ေခါင္းကိုက္ေရာဂါ မရွိသူေတြကိုေတာင္ အရက္ရွိန္ပ်ယ္ခ်ိန္မွာ ေခါင္းကိုက္ျခင္းေဝဒနာ ခံစားရေစႏိုင္ပါတယ္။ (ဒါကုိ အရပ္အေခၚ အရက္နာက်တယ္လို႔ ေခၚပါတယ္။)

ဒါေပမယ္႔ အရက္အမ်ိဳးအစားမ်ားစြာ ရွိတဲ႔ထဲမွာမွ ေခါင္းကိုက္ျခင္းကို ပိုမိုဆိုးရြားေစတဲ႔ အရက္အမ်ိဳးအစားေတြကေတာ႔ အနက္ေရာင္ အရက္ေတြနဲ႔ ဝိုင္နီေတြပဲျဖစ္ပါတယ္။ အရက္ထဲမွာ အမိုင္ႏိုအက္ဆစ္တစ္မ်ိဳးျဖစ္တဲ႔ tyramine ပမာဏ ျမင္႔မားစြာပါဝင္လို႔ ေခါင္းကိုက္ျခင္းကို ဆိုဆိုးဝါးဝါး ျဖစ္ေစႏိုင္ပါတယ္။

ေနာက္တစ္ခုကေတာ႔ အရက္ေသာက္ျခင္းဟာ ကိုယ္တြင္းမွာ ေရဓာတ္ ခမ္းေျခာက္ျခင္းကိုလည္း ျဖစ္ေစႏုိင္ပါတယ္။ ဒါေၾကာင္႔ အရက္ေသာက္ထားၿပီးရင္ ေရမ်ားမ်ားေသာက္ဖို႔ ဆရာဝန္ေတြက အၾကံေပးၾကတာ ျဖစ္ပါတယ္။ ေရဓာတ္ခမ္းေျခာက္ျခင္းကလည္း ေခါင္းကိုက္ျခင္းကို ျဖစ္ေစတဲ႔ အေၾကာင္းရင္းတစ္ခုပါပဲ။ ဒါေၾကာင္႔ ဝိုင္တစ္ခြက္၊ ႏွစ္ခြက္ေသာက္ၿပီး ေခါင္းကိုက္လာသလို ခံစားရရင္ ေရတဝႀကီးသာ ျပန္ေသာက္ခ်လိုက္ပါ။

၃။ ေခ်ာကလက္

ခ်ိဳျမၿပီး စားလို႔ေကာင္းတယ္ ဆိုေပမယ္႔ ေခ်ာကလက္ဟာလည္း ေခါင္းကိုက္ေခါင္းခဲျခင္းကို ျဖစ္ေစတဲ႔ အစားအစာတစ္မ်ိဳးပါပဲ။ ေခ်ာကလက္မွာ ေခါင္းကိုက္ေခါင္းခဲျခင္းကိုျဖစ္ေစတဲ႔ tyramine ပမာဏၾကြယ္ဝစြာ ပါဝင္ပါတယ္။ အထူးသျဖင္႔ အမ်ိဳးသမီးေတြ ဓမၼတာလာေနခ်ိန္ ေဟာ္မုန္းအေျပာင္းအလဲမွာ ေခ်ာကလက္စားမိရင္ tyramine ေတြေၾကာင္႔ ေခါင္းကိုက္ေဝဒနာ ခံစားရႏိုင္ပါတယ္။

၄။ လူလုပ္ႏို႔မႈန္႔ (artificial sweetners)

ဒီႏွစ္ပိုင္းေတြထဲမွာ လူလုပ္ႏို႔မႈန္႕ေတြ (artificial sweeteners) နဲ႔ပတ္သက္တဲ႔ ေဘးထြက္ဆိုးက်ိဳးအေၾကာင္း ေျပာဆိုေဝဖန္လာမႈေတြ ရွိပါတယ္။ ေခါင္းကိုက္ေခါင္းခဲေဝဒနာဟာလည္း အဲဒီေဘးထြက္ဆိုးက်ိဳးေတြထဲမွာ တစ္ခုအပါအဝင္ပါပဲ။

Aspartame ဆိုတာကေတာ႔ လူသံုးအမ်ားဆံုး artificial sweetener တစ္မ်ိဳးျဖစ္ၿပီး ကယ္လိုရီပါဝင္မႈနည္းတဲ႔ မုန္႔ပဲသေရစာေတြနဲ႔ ဆိုဒါေဖ်ာ္ရည္ေတြမွာ အေတြ႕မ်ားပါတယ္။ သၾကားအစားထိုး အခ်ိဳမႈန္႕တစ္မ်ိဳးအျဖစ္လည္း ဝယ္ယူလို႔ရပါတယ္။ ဒါေပမယ္႔ အဲဒီအရာေတြဟာ ေခါင္းကိုက္ေခါင္းခဲေဝဒနာကို ႏႈိးဆြေပးလို႔ ေဝါင္ေဝါင္ကေရွးသင္႔ပါတယ္။

၅။ အျမန္ရအစားအစာေတြ

ျမန္မာႏိုင္ငံမွာ အျမန္ရအစားအစာေတြျဖစ္တဲ႔ ဟမ္ဘာဂါ၊ ၾကက္ေၾကာ္၊ အာလူးေၾကာ္ဆိုင္ေတြ မႈိလိုေပါက္လာၿပီးေနာက္မွာ လူေတြဟာလည္း မိမိတို႔ရဲ႕အားလပ္ရက္ေတြ၊ အားလပ္ခ်ိန္ေတြမွာ shopping mall ေတြမွာရွိတဲ႔ အဲဒီဆိုင္ေတြမွာ သြားေရာက္စားေသာက္ရင္း အခ်ိန္ျဖဳန္းလာၾကပါတယ္။

ဒါေပမယ္႔ အဲဒီၾကက္ေၾကာ္ေတြ၊ အာလူးေၾကာ္ေတြကလည္း ေခါင္းကိုက္ေခါင္းခဲေဝဒနာျဖစ္ေစႏိုင္တဲ႔ အေၾကာင္းရင္းေတြ ျဖစ္ေနႏိုင္ပါတယ္။ MSG ၊ ဆာလ္ဖိုက္ (Sulfite) နဲ႔ ႏိုက္ထရိတ္ (nitrate) ေတြဟာ အစားအေသာက္ေတြကို ပိုမိုတာရွည္ခံေအာင္ ထည္႔ေပးရတဲ႔ဓာတုပစၥည္းေတြျဖစ္ၿပီး အျမန္ရ အစားအေသာက္ေရာင္းခ်တဲ႔ဆိုင္ေတြမွာ သံုးစြဲေလ႔ရွိပါတယ္။

အဲဒီအစားအေသာက္ေတြထဲ ထည္႔လို႔ရတဲ႔ပစၥည္းေတြက ေခါင္းကိုက္ျခင္းကိုျဖစ္ေစႏိုင္တယ္လို႔ သိရပါတယ္။ ဒါေၾကာင္႔ ေခါင္းကိုက္ေခါင္းခဲေဝဒနာရွိရင္ အျမန္ရအစားအေသာက္ေတြကို ပံုမွန္စားသံုးျခင္းကို ေလွ်ာ႔ခ်သင္႔ပါတယ္။

Source: powerofpositivity

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Lifestyle

# Unicode Version ျဖင့္ ဖတ္ရန္ #

အစားလည်းဆေး၊ ဆေးလည်းအစာတဲ့။ အစားအစာဆိုတာ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးပါပဲ။ အစားအသောက်ကြောင့်ပဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်တွေကို ရရှိစေနိုင်သလို အစားမှားခြင်းကြောင့် ရောဂါဝေဒနာ ခံစားရတာတွေလည်း မနည်းပါဘူး။ ဒီတစ်ပတ်မှာတော့ ခေါင်းကိုက်ဝေဒနာ ဖြစ်စေနိုင်တဲ့ အစားအသောက်တွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

၁။ အငန်ဓာတ်လွန်ကဲတဲ့ အစားအစာတွေ

ဆိုဒီယမ်ဟာ ကျွန်တော်တို့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ဒါပေမယ့် ဆိုဒီယမ်ကို လိုအပ်သည်ထိ ခန္ဓာကိုယ်ထဲ ပိုထည့်မိမယ်ဆိုရင် ခေါင်းကိုက်ခေါင်းခဲခြင်း ဝေဒနာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစားအစာတစ်ခုခုကို မစားခင် အငန်ဓာတ် ပါဝင်မှုများလား (ဆားများလား) ဆိုတာ အရင်စစ်ဆေးကြည့်ပါဦး။ အငန်ကြိုက်တတ်တယ်ဆိုရင်လည်း အပေါ့စားတတ်အောင် ဖြည်းဖြည်းချင်း ကျင့်ယူသင့်ပါတယ်။

၂။ အရက်

အရက်သောက်သုံးခြင်းဟာ ခေါင်းကိုက်ခေါင်းခဲခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ ပုံမှန် ခေါင်းကိုက်ရောဂါ မရှိသူတွေကိုတောင် အရက်ရှိန်ပျယ်ချိန်မှာ ခေါင်းကိုက်ခြင်းဝေဒနာ ခံစားရစေနိုင်ပါတယ်။ (ဒါကို အရပ်အခေါ် အရက်နာကျတယ်လို့ ခေါ်ပါတယ်။)

ဒါပေမယ့် အရက်အမျိုးအစားများစွာ ရှိတဲ့ထဲမှာမှ ခေါင်းကိုက်ခြင်းကို ပိုမိုဆိုးရွားစေတဲ့ အရက်အမျိုးအစားတွေကတော့ အနက်ရောင် အရက်တွေနဲ့ ဝိုင်နီတွေပဲဖြစ်ပါတယ်။ အရက်ထဲမှာ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ tyramine ပမာဏ မြင့်မားစွာပါဝင်လို့ ခေါင်းကိုက်ခြင်းကို ဆိုဆိုးဝါးဝါး ဖြစ်စေနိုင်ပါတယ်။

နောက်တစ်ခုကတော့ အရက်သောက်ခြင်းဟာ ကိုယ်တွင်းမှာ ရေဓာတ် ခမ်းခြောက်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက်သောက်ထားပြီးရင် ရေများများသောက်ဖို့ ဆရာဝန်တွေက အကြံပေးကြတာ ဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကလည်း ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ ဒါကြောင့် ဝိုင်တစ်ခွက်၊ နှစ်ခွက်သောက်ပြီး ခေါင်းကိုက်လာသလို ခံစားရရင် ရေတဝကြီးသာ ပြန်သောက်ချလိုက်ပါ။

၃။ ချောကလက်

ချိုမြပြီး စားလို့ကောင်းတယ် ဆိုပေမယ့် ချောကလက်ဟာလည်း ခေါင်းကိုက်ခေါင်းခဲခြင်းကို ဖြစ်စေတဲ့ အစားအစာတစ်မျိုးပါပဲ။ ချောကလက်မှာ ခေါင်းကိုက်ခေါင်းခဲခြင်းကိုဖြစ်စေတဲ့ tyramine ပမာဏကြွယ်ဝစွာ ပါဝင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ ဓမ္မတာလာနေချိန် ဟော်မုန်းအပြောင်းအလဲမှာ ချောကလက်စားမိရင် tyramine တွေကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ပါတယ်။

၄။ လူလုပ်နို့မှုန့် (artificial sweetners)

ဒီနှစ်ပိုင်းတွေထဲမှာ လူလုပ်နို့မှုန့်တွေ (artificial sweeteners) နဲ့ပတ်သက်တဲ့ ဘေးထွက်ဆိုးကျိုးအကြောင်း ပြောဆိုဝေဖန်လာမှုတွေ ရှိပါတယ်။ ခေါင်းကိုက်ခေါင်းခဲဝေဒနာဟာလည်း အဲဒီဘေးထွက်ဆိုးကျိုးတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။

Aspartame ဆိုတာကတော့ လူသုံးအများဆုံး artificial sweetener တစ်မျိုးဖြစ်ပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့ မုန့်ပဲသရေစာတွေနဲ့ ဆိုဒါဖျော်ရည်တွေမှာ အတွေ့များပါတယ်။ သကြားအစားထိုး အချိုမှုန့်တစ်မျိုးအဖြစ်လည်း ဝယ်ယူလို့ရပါတယ်။ ဒါပေမယ့် အဲဒီအရာတွေဟာ ခေါင်းကိုက်ခေါင်းခဲဝေဒနာကို နှိုးဆွပေးလို့ ဝေါင်ဝေါင်ကရှေးသင့်ပါတယ်။

၅။ အမြန်ရအစားအစာတွေ

မြန်မာနိုင်ငံမှာ အမြန်ရအစားအစာတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ကြက်ကြော်၊ အာလူးကြော်ဆိုင်တွေ မှိုလိုပေါက်လာပြီးနောက်မှာ လူတွေဟာလည်း မိမိတို့ရဲ့အားလပ်ရက်တွေ၊ အားလပ်ချိန်တွေမှာ shopping mall တွေမှာရှိတဲ့ အဲဒီဆိုင်တွေမှာ သွားရောက်စားသောက်ရင်း အချိန်ဖြုန်းလာကြပါတယ်။

ဒါပေမယ့် အဲဒီကြက်ကြော်တွေ၊ အာလူးကြော်တွေကလည်း ခေါင်းကိုက်ခေါင်းခဲဝေဒနာဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ ဖြစ်နေနိုင်ပါတယ်။ MSG ၊ ဆာလ်ဖိုက် (Sulfite) နဲ့ နိုက်ထရိတ် (nitrate) တွေဟာ အစားအသောက်တွေကို ပိုမိုတာရှည်ခံအောင် ထည့်ပေးရတဲ့ဓာတုပစ္စည်းတွေဖြစ်ပြီး အမြန်ရ အစားအသောက်ရောင်းချတဲ့ဆိုင်တွေမှာ သုံးစွဲလေ့ရှိပါတယ်။

အဲဒီအစားအသောက်တွေထဲ ထည့်လို့ရတဲ့ပစ္စည်းတွေက ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ခေါင်းကိုက်ခေါင်းခဲဝေဒနာရှိရင် အမြန်ရအစားအသောက်တွေကို ပုံမှန်စားသုံးခြင်းကို လျှော့ချသင့်ပါတယ်။

Source: powerofpositivity

ဖိုးသူတော် (www.phothutaw.com)
Credit: Lifestyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top