Golden City Promotion
×

တစ္ခါတစ္ရံ မယံုႏိုင္ဖြယ္ရာ အျပဳအမူေလးေတြ သူတို႔ဆီမွာ

ေတြ႕ရတတ္တယ္ေလ …

ဥပမာအားျဖင့္ …
ပိုးဟက္ေလာက္ကို ေသမေလာက္ ေၾကာက္တတ္ၾကေပမယ့္…
က်ားမေၾကာက္တဲ့ ေယာက်္ား တစ္ေယာက္ေလာက္ကို အသာေလး ကိုင္လႈပ္ႏိုင္တယ္ …။

အငိုလြယ္သူေတြ ျဖစ္ၾကေပမယ့္…
ေယာက္်ားတစ္ေယာက္ ငိုေနၿပီဆိုရင္ေတာ့ အံႀကိတ္ၿပီး ေျဖသိမ့္ေပးႏိုင္ၾကျပန္တယ္ …။

တစ္ခုခုဆို အားငယ္တတ္လြန္းၾကေပမယ့္…
တကယ္အခက္ခဲ ႀကံဳလာၿပီဆိုရင္ေတာ့
ေယာက္်ားရင့္မာႀကီးေတြအတြက္ အားအင္ ျဖစ္ေစျပန္တယ္ …။

ႏႈတ္ခမ္းပါးေနာက္က လွ်ာဖ်ားေလးက ၂ က်ပ္သားေလာက္သာ ရွိေပမယ့္…
လက္ေဝွ႔ခ်ံပီယံ တစ္ေယာက္ေလာက္ေတာ့ သာသာေလး အလဲထိုးႏိုင္ျပန္တယ္ …။

ေၾကာက္စိတ္ေၾကာင့္ အရာေတာ္ေတာ္မ်ားမ်ားမွာ ေတြေဝေနတတ္ၾကေပမယ့္…
ဆံုးျဖတ္ၿပီးရင္ေတာ့ ရဲရင့္ပါတယ္ဆိုတဲ့
ေယာက္်ားေတြထက္ စိတ္ဓါတ္ခိုင္မာေနတတ္ျပန္တယ္ …။

မ်ားေသာအားျဖင့္ ေယာက္်ားေတြထက္ ဥာဏ္ရည္ နိမ့္ၾကေပမယ့္…
တစ္ခါတစ္ရံ ဘယ္သူမွ မေတြးေခၚႏိုင္တဲ့
အေတြးအေခၚေတြ သယ္ေဆာင္လာတတ္ၾကျပန္တယ္ …။

ေလးလံတဲ့ အရာေတြ မသယ္ႏိုင္ၾကေပမယ့္…
ေပါင္ ၁၀၀ ေက်ာ္ျဖစ္လာမယ့္
ေယာက္်ားတစ္ေယာက္မကကို (၉)လေလာက္ ဗိုက္ထဲ

ထည့္ထားႏိုင္ျပန္တယ္ …။

အားႏြဲ႔လြန္းၾကေပမယ့္…
သန္မာတဲ့ ေယာက်္ားေတြကို ငိုငိုၿပီး ေမြးထုတ္ေပးႏိုင္ျပန္တယ္ …။

အလွအပ မက္ေမာတတ္ၾကသူေတြ ျဖစ္ေပမယ့္…
သူတို႔ ရင္ေသြးအတြက္ဆို အလွပ်က္လည္း အၿပံဳးမပ်က္ ေနႏိုင္ၾကျပန္တယ္ …။

ဖန္ခြက္ က်ကြဲသံေလာက္ေတာင္ လန္႔တတ္ၾကေပမယ့္…
သားသမီးအတြက္ ေဘးႀကံဳလာျပန္ရင္ေတာ့
ဘယ္ကမွန္းမသိတဲ့ သတၱိေတြနဲ႔ ျခေသၤ့ဆိုလည္း ရင္ဆိုင္ရဲၾကျပန္တယ္ …။

အားႏြဲ႔ေသာ္လည္း …
သတၱိရွိလြန္းၾကတယ္လို႔ပဲ ေျပာရမလား …
အရာရာမွာ ေႏွာင့္ေႏွးတတ္ၾကသူေတြ ျဖစ္ေပမယ့္…
သားသမီးအတြက္ ဆိုရင္ေတာ့ အားလံုးရဲ႕ အေရွ႕ဆံုးမွာ ေရာက္ေနတတ္ျပန္တယ္ …။

သူတို႔ဖြင့္ဟတဲ့ စကားလံုးတိုင္းဟာ အေရးမႀကီးေပမယ့္…
ထုတ္ေဖာ္မေျပာပဲ မ်ိဳသိပ္ထားတဲ့ သူတို႔ရင္ထဲက စကားလံုးေတြဟာ

တန္ဖိုးရွိလြန္းေနတတ္ၾကျပန္တယ္ …။

စကားအရမ္းမ်ားတတ္ၾကသူေတြ ျဖစ္ေပမယ့္…
သူတို႔ နႈတ္ဆိတ္မႈက ေယာက္်ားတစ္ေယာက္ကို ေနမရ ျဖစ္ေစႏိုင္ျပန္တယ္ …။

အသည္းႏုသူေတြ ျဖစ္ၾကေပမယ့္…
သူတို႔ အသည္းမာၿပီဆိုရင္ေတာ့ ေယာက္်ားတစ္ေယာက္ကို ရူးသြပ္ေစႏိုင္ျပန္တယ္ …။

ခ်စ္ပါတယ္လို႔ တဖြဖြ မေျပာတတ္ၾကေပမယ့္…
တဖြဖြေျပာတတ္တဲ့ ေယာက်္ားေတြထက္ ပိုခ်စ္တတ္ၾကျပန္တယ္ …။

တကယ္ေတာ့ သူတို႔ေတြဟာ ကမာၻကို ကိုင္လႈပ္ႏိုင္တဲ့ ပုခက္လႊဲေသာ လက္ေတြပါပဲ …။

အားႏြဲ႕လြန္းေသာ္လည္း သတၱိရွိလြန္းၾကပါတယ္ …

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer

#Unicode Version#
တစ်ခါတစ်ရံ မယုံနိုင်ဖွယ်ရာ အပြုအမူလေးတွေ သူတို့ဆီမှာ

တွေ့ရတတ်တယ်လေ …

ဥပမာအားဖြင့် …
ပိုးဟက်လောက်ကို သေမလောက် ကြောက်တတ်ကြပေမယ့်…
ကျားမကြောက်တဲ့ ယောကျ်ား တစ်ယောက်လောက်ကို အသာလေး ကိုင်လှုပ်နိုင်တယ် …။

အငိုလွယ်သူတွေ ဖြစ်ကြပေမယ့်…
ယောက်ျားတစ်ယောက် ငိုနေပြီဆိုရင်တော့ အံကြိတ်ပြီး ဖြေသိမ့်ပေးနိုင်ကြပြန်တယ် …။

တစ်ခုခုဆို အားငယ်တတ်လွန်းကြပေမယ့်…
တကယ်အခက်ခဲ ကြုံလာပြီဆိုရင်တော့
ယောက်ျားရင့်မာကြီးတွေအတွက် အားအင် ဖြစ်စေပြန်တယ် …။

နှုတ်ခမ်းပါးနောက်က လျှာဖျားလေးက ၂ ကျပ်သားလောက်သာ ရှိပေမယ့်…
လက်ဝှေ့ချံပီယံ တစ်ယောက်လောက်တော့ သာသာလေး အလဲထိုးနိုင်ပြန်တယ် …။

ကြောက်စိတ်ကြောင့် အရာတော်တော်များများမှာ တွေဝေနေတတ်ကြပေမယ့်…
ဆုံးဖြတ်ပြီးရင်တော့ ရဲရင့်ပါတယ်ဆိုတဲ့
ယောက်ျားတွေထက် စိတ်ဓါတ်ခိုင်မာနေတတ်ပြန်တယ် …။

များသောအားဖြင့် ယောက်ျားတွေထက် ဉာဏ်ရည် နိမ့်ကြပေမယ့်…
တစ်ခါတစ်ရံ ဘယ်သူမှ မတွေးခေါ်နိုင်တဲ့
အတွေးအခေါ်တွေ သယ်ဆောင်လာတတ်ကြပြန်တယ် …။

လေးလံတဲ့ အရာတွေ မသယ်နိုင်ကြပေမယ့်…
ပေါင် ၁၀၀ ကျော်ဖြစ်လာမယ့်
ယောက်ျားတစ်ယောက်မကကို (၉)လလောက် ဗိုက်ထဲ

ထည့်ထားနိုင်ပြန်တယ် …။

အားနွဲ့လွန်းကြပေမယ့်…
သန်မာတဲ့ ယောကျ်ားတွေကို ငိုငိုပြီး မွေးထုတ်ပေးနိုင်ပြန်တယ် …။

အလှအပ မက်မောတတ်ကြသူတွေ ဖြစ်ပေမယ့်…
သူတို့ ရင်သွေးအတွက်ဆို အလှပျက်လည်း အပြုံးမပျက် နေနိုင်ကြပြန်တယ် …။

ဖန်ခွက် ကျကွဲသံလောက်တောင် လန့်တတ်ကြပေမယ့်…
သားသမီးအတွက် ဘေးကြုံလာပြန်ရင်တော့
ဘယ်ကမှန်းမသိတဲ့ သတ္တိတွေနဲ့ ခင်္သြေ့ဆိုလည်း ရင်ဆိုင်ရဲကြပြန်တယ် …။

အားနွဲ့သော်လည်း …
သတ္တိရှိလွန်းကြတယ်လို့ပဲ ပြောရမလား …
အရာရာမှာ နှောင့်နှေးတတ်ကြသူတွေ ဖြစ်ပေမယ့်…
သားသမီးအတွက် ဆိုရင်တော့ အားလုံးရဲ့ အရှေ့ဆုံးမှာ ရောက်နေတတ်ပြန်တယ် …။

သူတို့ဖွင့်ဟတဲ့ စကားလုံးတိုင်းဟာ အရေးမကြီးပေမယ့်…
ထုတ်ဖော်မပြောပဲ မျိုသိပ်ထားတဲ့ သူတို့ရင်ထဲက စကားလုံးတွေဟာ

တန်ဖိုးရှိလွန်းနေတတ်ကြပြန်တယ် …။

စကားအရမ်းများတတ်ကြသူတွေ ဖြစ်ပေမယ့်…
သူတို့ နှုတ်ဆိတ်မှုက ယောက်ျားတစ်ယောက်ကို နေမရ ဖြစ်စေနိုင်ပြန်တယ် …။

အသည်းနုသူတွေ ဖြစ်ကြပေမယ့်…
သူတို့ အသည်းမာပြီဆိုရင်တော့ ယောက်ျားတစ်ယောက်ကို ရူးသွပ်စေနိုင်ပြန်တယ် …။

ချစ်ပါတယ်လို့ တဖွဖွ မပြောတတ်ကြပေမယ့်…
တဖွဖွပြောတတ်တဲ့ ယောကျ်ားတွေထက် ပိုချစ်တတ်ကြပြန်တယ် …။

တကယ်တော့ သူတို့တွေဟာ ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့ ပုခက်လွှဲသော လက်တွေပါပဲ …။

အားနွဲ့လွန်းသော်လည်း သတ္တိရှိလွန်းကြပါတယ် …


ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top