ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

လမ္းသြားလာရင္း မထင္မွတ္ပဲ ဆဲလ္ဖုန္းတစ္လုံးကုိ ေကာက္ရခဲ႔တဲ႔ ေဆာက္လုပ္ေရး အလုပ္သမားတစ္ဦးေၾကာင့္ လြန္ခဲ႔တဲ႔ ၁၈ႏွစ္ေလာက္ကတည္းက လူေတြကုိ သတ္ျဖတ္စားေသာက္ေနတဲ႔ ရုရွားႏုိင္ငံက စုံတြဲတစ္တြဲကုိ ဖမ္းဆီးရရွိႏုိင္ခဲ႔တယ္လုိ႔ သိရပါတယ္။

 Roman Khomyakov လုိ႔အမည္ရတဲ႔ ေဆာက္လုပ္ေရး အလုပ္သမားတစ္ဦးဟာ လမ္းသြားလာရင္းနဲ႔ Samsung တံဆိပ္ ဆဲလ္ဖုန္းတစ္လုံးကုိ အမွတ္မထင္ ေကာက္ရခဲ႔ၿပီး ဖုန္းကုိ စစ္ေဆးၾကည့္လုိက္ရာ အသက္မဲ႔ေနတဲ႔ လူ႔ခႏၶာကုိယ္ အစိတ္အပုိင္းမ်ားစြာနဲ႔ ဓါတ္ပုံရုိက္ထားၾကတဲ႔ အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးတုိ႔ရဲ႕ ပုံေတြကုိ ေျခာက္ျခားစြာ ေတြ႕ျမင္ခဲ႔ရပါတယ္။ ပုိၿပီး ထိတ္လန္႔စရာေကာင္းတာက ဓါတ္ပုထဲမွာ ေတြ႕ရွိခဲ႔ရတဲ႔ အမ်ိဳးသားက Roman Khomyakov ကုိ အနီးအနားမွာ ဆဲလ္ဖုန္းတစ္လုံးကုိ ျမင္မိပါသလားလုိ႔ လာေမးခဲ႔လုိ႔ပဲျဖစ္ပါတယ္။

ထုိအမ်ိဳးသား သူ႔အနားက ထြက္သြားတဲ႔အခါမွာေတာ့ Roman ဟာ ရဲစခန္းကုိ အေျပးအလႊားနဲ႔ သြားေရာက္အသိေပးခဲ႔ရာ လူသားစားတဲ႔ စုံတြဲကုိ ဖမ္းဆီးႏုိင္ခဲ႔ပါတယ္။ သြားေရာက္ဖမ္းဆီးခဲ႔တဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြ ေျပာၾကားခ်က္အရ ထုိစုံတြဲဟာ လူသားေတြကုိ စည္သြတ္ဗူးေတြထဲမွာ ထည့္သြင္း သုိေလွာင္ထားတာကုိ ေတြ႕ခဲ႔ရၿပီး အနီးအနားမွာရွိတဲ႔ စစ္တပ္စာသင္ေက်ာင္းက ၾကည္း ေရ ေလတပ္သားေတြကုိ ေကြ်းေမြးခဲ႔တာလုိ႔ သိရွိရပါတယ္ခင္ဗ်ာ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
လမ်းသွားလာရင်း မထင်မှတ်ပဲ ဆဲလ်ဖုန်းတစ်လုံးကို ကောက်ရခဲ့တဲ့ ဆောက်လုပ်ရေး အလုပ်သမားတစ်ဦးကြောင့် လွန်ခဲ့တဲ့ ၁၈နှစ်လောက်ကတည်းက လူတွေကို သတ်ဖြတ်စားသောက်နေတဲ့ ရုရှားနိုင်ငံက စုံတွဲတစ်တွဲကို ဖမ်းဆီးရရှိနိုင်ခဲ့တယ်လို့ သိရပါတယ်။

 Roman Khomyakov လို့အမည်ရတဲ့ ဆောက်လုပ်ရေး အလုပ်သမားတစ်ဦးဟာ လမ်းသွားလာရင်းနဲ့ Samsung တံဆိပ် ဆဲလ်ဖုန်းတစ်လုံးကို အမှတ်မထင် ကောက်ရခဲ့ပြီး ဖုန်းကို စစ်ဆေးကြည့်လိုက်ရာ အသက်မဲ့နေတဲ့ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများစွာနဲ့ ဓါတ်ပုံရိုက်ထားကြတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ရဲ့ ပုံတွေကို ခြောက်ခြားစွာ တွေ့မြင်ခဲ့ရပါတယ်။ ပိုပြီး ထိတ်လန့်စရာကောင်းတာက ဓါတ်ပုထဲမှာ တွေ့ရှိခဲ့ရတဲ့ အမျိုးသားက Roman Khomyakov ကို အနီးအနားမှာ ဆဲလ်ဖုန်းတစ်လုံးကို မြင်မိပါသလားလို့ လာမေးခဲ့လို့ပဲဖြစ်ပါတယ်။
ထိုအမျိုးသား သူ့အနားက ထွက်သွားတဲ့အခါမှာတော့ Roman ဟာ ရဲစခန်းကို အပြေးအလွှားနဲ့ သွားရောက်အသိပေးခဲ့ရာ လူသားစားတဲ့ စုံတွဲကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သွားရောက်ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြောကြားချက်အရ ထိုစုံတွဲဟာ လူသားတွေကို စည်သွတ်ဗူးတွေထဲမှာ ထည့်သွင်း သိုလှောင်ထားတာကို တွေ့ခဲ့ရပြီး အနီးအနားမှာရှိတဲ့ စစ်တပ်စာသင်ကျောင်းက ကြည်း ရေ လေတပ်သားတွေကို ကျွေးမွေးခဲ့တာလို့ သိရှိရပါတယ်ခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top