ခရီးသြားမ်ားထံမွ ကား လက္မွတ္ခမ်ား ပိုမို ေတာင္းခံ သည္ဟု လူမႈကြန္ရက္ေပၚတြင္ သတင္းမ်ား ထြက္ေပၚခဲ့သည့္ ကားလက္မွတ္ေရာင္းခ်သည့္ ဂိတ္ေလးခုကို စည္ပင္ဥပေဒျဖင့္တရားစြဲဆုိ အေရးယူထားေၾကာင္း စည္ပင္သာယာရဲတပ္ဖြဲ႕ (မႏၲ ေလး)မွ ရဲမွဴးၿငိမ္းခ်မ္းေအာင္က ေျပာသည္။
အဆိုပါ ဂိတ္ေလးခုသည္ လုပ္ငန္းလုိင္စင္မရွိဘဲ လုပ္ကိုင္ ေနၿပီး မႏၲေလးၿမိဳ႕ ၇၇ လမ္း၊ ၃၁ လမ္းႏွင့္ ၃၂ လမ္းၾကားရိွ လမ္း ေျမေပၚတြင္ က်ဴးေက်ာ္ဖြင့္လွစ္ ထားသျဖင့္ စည္ပင္သာယာေရး ေကာ္မတီစီမံခန္႔ခြဲမႈ ဥပေဒပုဒ္မ ၁၁၆ ျဖင့္ အမႈဖြင့္ကာ စည္ပင္ သာယာအထူးတရား႐ံုးသို႔ တရားစြဲဆိုတင္ပို႔ခဲ့သည္။ ေအာက္တို ဘာ ၂၃ ရက္တြင္ ကားလက္မွတ္ ေရာင္းခ်သည့္ ဂိတ္သံုးခုကို ဖမ္းဆီးအေရးယူခဲ့ၿပီး ေအာက္တိုဘာ ၂၆ ရက္တြင္ ဂိတ္တစ္ခုကို ထပ္မံ ဖမ္းဆီးအေရးယူခဲ့ေၾကာင္း ၎ က ေျပာသည္။
‘‘ဒီေန႔မနက္မွာပဲ လက္မွတ္ ေရာင္းတဲ့ဂိတ္မွာ ဆုိင္ကယ္ကယ္ ရီခ ပိုေတာင္းခံထားရတဲ့လူငယ္ ႏွစ္ဦးကို ေတြ႕ခဲ့တယ္။ သူတို႔သြား ရမယ့္ ကားဂိတ္က သီရိမႏၲလာ ကားဝင္းထဲပဲရွိတာကို ကယ္ရီသ မားက အေဝးႀကီးမွာရွိတဲ့ လက္ မွတ္ေရာင္းတဲ့ ဂိတ္ကိုေခၚလာၿပီး လက္မွတ္ဝယ္ခိုင္းလို႔ ဂိတ္ကိုပဲ ဆု္ိင္ကယ္ကယ္ရီခ ျပန္ေပးခိုင္းၿပီး ဂိတ္ကို အေရးယူခဲ့တယ္။ ကယ္ရီ သမားေတြကိုေတာ့ ဂိတ္က မသိ ဘူးလို႔ ေျပာတယ္’’ဟု သြားေရာက္ စစ္ေဆးရာတြင္ ပါဝင္သည့္ စည္ပင္သာယာရဲတပ္ဖြဲ႕(မႏၲေလး)မွ ရဲအုပ္ သဲဦးလိႈင္က ေျပာသည္။
လုပ္ငန္းလိုင္စင္မရွိဘဲ လမ္း ေျမေပၚတြင္ က်ဴးေက်ာ္ဖြင့္လွစ္ ထားသည့္ အဆိုပါလက္မွတ္အ ေရာင္းဂိတ္္မ်ား    ဖ်က္သိမ္းရန္ စည္ပင္သာယာေရး ေကာ္မတီ အခြန္ဌာနက အေၾကာင္းၾကားစာ မ်ားေပးပို႔ထားၿပီး ေအာက္တိုဘာ ၂၆ ရက္တြင္ စတင္ဖ်က္သိမ္းေန ၿပီဟု ဆိုသည္။
စည္ပင္သာယာေရးေကာ္မ တီ စီမံခန္႔ခြဲမႈဥပေဒပုဒ္မ ၁၁၆ အရ တရားစြဲဆိုခံရသူမ်ားကို ေငြ ဒဏ္ က်ပ္ ၃၀,၀၀၀ မွ တစ္သိန္း အထိျဖစ္ေစ၊ ေထာင္ဒဏ္ သံုးလအထိျဖစ္ေစ အေရးယူႏုိင္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာ ေရးဥပေဒတြင္ ျပ႒ာန္းထားသည္။
ကားဂိတ္မ်ားသို႔ ခရီးသည္ မ်ားပို႔ေဆာင္ကာ ကယ္ရီခ ပိုမိုေတာင္းခံသည့္ ဆုိင္ကယ္ကယ္ရီ သမားမ်ားကိုလည္း   နယ္ေျမခံ ရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္းကာ စံုစမ္း အေရးယူမည္ျဖစ္ေၾကာင္း  ရဲမွဴး ၿငိမ္းခ်မ္းေအာင္က  ေျပာၾကား သည္။
လက္ရွိ ျဖစ္ေပၚေနသည့္ ျပႆနာမ်ားသည္ အေဝးေျပးကားမ်ားက ခရီးသည္မ်ားကို ကားဝင္းျပင္ပတြင္ ခ်ထားျခင္းေၾကာင့္ ဟု ၎က သံုးသပ္သည္။
ထုိ႔ေၾကာင့္ သီရိမႏၲလာကား ဝင္းရွိ  ယာဥ္လိုင္းပုိင္ရွင္မ်ားကို ေခၚယူကာ ခရီးသည္မ်ားကို ကားဝင္းအတြင္းေရာက္ရွိမွ ခ်ထားေပးရန္ အသိေပးမည္ဟု ရဲမွဴး ၿငိမ္း ခ်မ္းေအာင္က ေျပာသည္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7DayDaily
#Unicode Version#
 ခရီးသွားများထံမှ ကား လက်မှတ်ခများ ပိုမို တောင်းခံ သည်ဟု လူမှုကွန်ရက်ပေါ်တွင် သတင်းများ ထွက်ပေါ်ခဲ့သည့် ကားလက်မှတ်ရောင်းချသည့် ဂိတ်လေးခုကို စည်ပင်ဥပဒေဖြင့်တရားစွဲဆို အရေးယူထားကြောင်း စည်ပင်သာယာရဲတပ်ဖွဲ့ (မန္တ လေး)မှ ရဲမှူးငြိမ်းချမ်းအောင်က ပြောသည်။

အဆိုပါ ဂိတ်လေးခုသည် လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင် နေပြီး မန္တလေးမြို့ ၇၇ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ လမ်း မြေပေါ်တွင် ကျူးကျော်ဖွင့်လှစ် ထားသဖြင့် စည်ပင်သာယာရေး ကော်မတီစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁၆ ဖြင့် အမှုဖွင့်ကာ စည်ပင် သာယာအထူးတရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည်။ အောက်တို ဘာ ၂၃ ရက်တွင် ကားလက်မှတ် ရောင်းချသည့် ဂိတ်သုံးခုကို ဖမ်းဆီးအရေးယူခဲ့ပြီး အောက်တိုဘာ ၂၆ ရက်တွင် ဂိတ်တစ်ခုကို ထပ်မံ ဖမ်းဆီးအရေးယူခဲ့ကြောင်း ၎င်း က ပြောသည်။

‘‘ဒီနေ့မနက်မှာပဲ လက်မှတ် ရောင်းတဲ့ဂိတ်မှာ ဆိုင်ကယ်ကယ် ရီခ ပိုတောင်းခံထားရတဲ့လူငယ် နှစ်ဦးကို တွေ့ခဲ့တယ်။ သူတို့သွား ရမယ့် ကားဂိတ်က သီရိမန္တလာ ကားဝင်းထဲပဲရှိတာကို ကယ်ရီသ မားက အဝေးကြီးမှာရှိတဲ့ လက် မှတ်ရောင်းတဲ့ ဂိတ်ကိုခေါ်လာပြီး လက်မှတ်ဝယ်ခိုင်းလို့ ဂိတ်ကိုပဲ ဆိုင်ကယ်ကယ်ရီခ ပြန်ပေးခိုင်းပြီး ဂိတ်ကို အရေးယူခဲ့တယ်။ ကယ်ရီ သမားတွေကိုတော့ ဂိတ်က မသိ ဘူးလို့ ပြောတယ်’’ဟု သွားရောက် စစ်ဆေးရာတွင် ပါဝင်သည့် စည်ပင်သာယာရဲတပ်ဖွဲ့(မန္တလေး)မှ ရဲအုပ် သဲဦးလှိုင်က ပြောသည်။

လုပ်ငန်းလိုင်စင်မရှိဘဲ လမ်း မြေပေါ်တွင် ကျူးကျော်ဖွင့်လှစ် ထားသည့် အဆိုပါလက်မှတ်အ ရောင်းဂိတ်များ    ဖျက်သိမ်းရန် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနက အကြောင်းကြားစာ များပေးပို့ထားပြီး အောက်တိုဘာ ၂၆ ရက်တွင် စတင်ဖျက်သိမ်းနေ ပြီဟု ဆိုသည်။

စည်ပင်သာယာရေးကော်မ တီ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁၆ အရ တရားစွဲဆိုခံရသူများကို ငွေ ဒဏ် ကျပ် ၃၀,၀၀၀ မှ တစ်သိန်း အထိဖြစ်စေ၊ ထောင်ဒဏ် သုံးလအထိဖြစ်စေ အရေးယူနိုင်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ကားဂိတ်များသို့ ခရီးသည် များပို့ဆောင်ကာ ကယ်ရီခ ပိုမိုတောင်းခံသည့် ဆိုင်ကယ်ကယ်ရီ သမားများကိုလည်း   နယ်မြေခံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ စုံစမ်း အရေးယူမည်ဖြစ်ကြောင်း  ရဲမှူး ငြိမ်းချမ်းအောင်က  ပြောကြား သည်။

လက်ရှိ ဖြစ်ပေါ်နေသည့် ပြဿနာများသည် အဝေးပြေးကားများက ခရီးသည်များကို ကားဝင်းပြင်ပတွင် ချထားခြင်းကြောင့် ဟု ၎င်းက သုံးသပ်သည်။

ထို့ကြောင့် သီရိမန္တလာကား ဝင်းရှိ  ယာဉ်လိုင်းပိုင်ရှင်များကို ခေါ်ယူကာ ခရီးသည်များကို ကားဝင်းအတွင်းရောက်ရှိမှ ချထားပေးရန် အသိပေးမည်ဟု ရဲမှူး ငြိမ်း ချမ်းအောင်က ပြောသည်။

 ဖိုးသူတော် (www.phothutaw.com)
Credit:7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top