Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

တည္ေနရာ - ၿမိဳ႕ေတာ္ခန္းမအနီး၊ ဆူးေလဘုရားလမ္းႏွင့္ မဟာဗႏၶဳလ လမ္းဆံု(ၿမိဳ႕ေတာ္ခန္းမအနီး)တြင္ တည္ရွိသည္။
ဉာဏ္ေတာ္ ၁၅၁-ေပ ေက်ာ္ၾကားမႈ- ကပ္ေက်ာ္ဘုရား

သမိုင္းေၾကာင္း
သီဟဒီပမင္းႀကီးသည္ ရဟႏၲာအရွင္သူျမတ္တို႔၏ သာသနာျပဳ ရည္မွန္းခ်က္အတိုင္း သာသနာေတာ္ ထြန္းကားျပန္႔ပြားေရးအတြက္ အမတ္သူရဲေကာင္းမ်ားအား လမ္းညႊန္ခ်က္ေပး၍ သာသနာခရီးကို စီစဥ္ေပးခဲ့သည္။ အမတ္သူရဲေကာင္းတို႔သည္လည္း ဘုရင္ညႊန္ၾကားခ်က္အတိုင္း ဗုဒၶျမတ္စြာ၏ ဓာတ္ေတာ္၊ ဆံေတာ္မ်ားအား ပင့္ေဆာင္၍ ေရႊတိဂံု ေစတီေတာ္ ႀကီးတည္ရာ သိဂၤုတၱရ ကုန္းေတာ္ပတ္လည္တြင္ ေစတီေတာ္မ်ား တည္ထားကိုးကြယ္ရန္ ႀကိဳးစားစြမ္းေဆာင္မႈမ်ား ျပဳခဲ့ၾကသည္။ သမိုင္း အေထာက္အထားမ်ားအရ ဆူးေလေစတီ ေတာ္အား အသုတ္အမတ္ ႀကီး တည္ထားသည္ဟုသိရ၏။ သူရဲေကာင္း အသုတ္အမတ္ႀကီး တည္ထားသျဖင့္ သမိုင္းအခ်ဳိ႕တြင္ “က်ဳိက္အသုတ္” ဘုရားဟုေတြ႕ရ၏။ က်ဳိက္ - ဘုရား၊ အသုတ္ - အမတ္ႀကီးဟု အဓိပၸါယ္ရ၏။ အသုတ္အမတ္ႀကီး ဘုရား ဟုဖြင့္ဆုိရမည္ျဖစ္၏။ သို႔ႏွယ္ပင္ အခ်ဳိ႕ပညာရွင္တို႔က အသုတ္ဟူသည္မွာ ဆံေတာ္ဟု ဖြင့္ဆိုၾကသျဖင့္ “ဆံေတာ္ဘုရား” ဟု ေခၚဆုိႏုိင္၏။

သို႔ႏွယ္ပင္ အခ်ဳိ႕သမုိင္းပညာရွင္တို႔က ဥကၠလာပမင္းႀကီး ေ႐ႊတိဂံုဆံေတာ္႐ွင္တည္ထားရာ သိဂၤုတၱရ ကုန္းေတာ္ အားရွာေဖြစဥ္ စုေ၀းတိုင္ပင္ရာဌာနျဖစ္သျဖင့္ “စုေ၀းေစတီ”ဘြဲ႕မည္ တြင္သည္ဟုလည္း ဆုိၾက၏။ ဤကဲ့သို႔ပင္ အခ်ဳိ႕က ဘဒၵကမၻာ၌ ပြင့္ေတာ္မူမည့္ ဘုရားရွင္တို႔အား မီလိုက္သည့္ ေလးဆူနတ္ႀကီးတို႔၏ စုေ၀းေနရာ၌တည္ထားေသာေၾကာင့္ “ေလးဆူေစတီ” ဟုေခၚတြင္ ၾကသလို ကာလေ႐ြ႕လ်ားခဲ့ၿပီး ပဋိေလာမျပန္၍ “ဆူးေလေစတီ” ဟုေခၚတြင္သည္ဆိုၾက၏။ မည္သို႔ျဖစ္ေစ ဆူးေလေစတီသည္ ေ႐ႊတိဂံု ေစတီေတာ္ ႀကီး၏ ေတာင္ဘက္အေရွ႕သို႔ စဥ္းငယ္ယြန္း သည့္တာ (၉၀၀) ခန္႔အကြာ ေတာင္ကုန္းအျမင့္ တြင္တည္သည္ကမူအမွန္ပင္။

ဆူးေလေစတီေတာ္၏ ပရိ၀ႈဏ္ အက်ယ္အ၀န္းမွာ (၂.၁၈၁)ဧကရွိၿပီး အေရွ႕ႏွင့္ အေနာက္အလ်ားေပ (၃၂၂)ေပ ေတာင္ေျမာက္ အလ်ားေပ (၂၉၁)ေပ၊ ရင္ျပင္မွငွက္ျမတ္နား စိန္ဖူးေတာ္အထိ ဉာဏ္ေတာ္ေပ (၁၅၁)ေပအျမင့္ရွိသည္။ ဆူးေလေစတီေတာ္သည္ ပန္းတင္ခံုဖိနပ္ေတာ္မွစ၍ ငွက္ေပ်ာဖူး အထိ ရွစ္ေျမႇာင္ကိုယ္ထည္ရွိသည္။ အရပ္ရွစ္မ်က္ႏွာ ပူေဇာ္ခံရာအျဖစ္ရည္မွန္းဟန္တူသည္ဟု ဖြင့္ဆုိၾက၏။ ပန္းတင္ခံု၊ ဖိနပ္ခံု၊ ရွစ္ေထာင့္မွာ မဂ္ၢင္ တရား ရွစ္ပါးအားရည္မွန္းျခင္းျဖစ္၏။ ၾကာ၀န္းသံုးရစ္ပါရွိရာ ရတနာသံုးပါးကို ၫႊန္းသည္ဟု ဖြင့္ဆိုႏုိင္၏။ ေခါင္းေလာင္း သပိတ္ေမွာက္မွာ အရိယာတို႔၏ က်င့္စဥ္ျဖဴစင္သည့္ ဘ၀ကိုရည္မွန္းျခင္းျဖစ္၏။ ေဖာင္းရစ္ကိုးရစ္ ပါရွိေနျခင္းသည္ ေလာကုတၱရာကိုးပါးအား ရည္မွန္းျခင္းျဖစ္၏။

ၾကာေမွာက္ၾကာလွန္၊ ငွက္ေပ်ာဖူးေတာ္၊ ငွက္ျမတ္နားေတာ္ တို႔မွ ဗုဒၶဓမၼစက္ေတာ္သန္႔စင္မြန္ျမတ္ျခင္းဟု ေလာကုတၱရာ တရားအလံုးစံုအား ေလာကီအျမင္ႏွင့္ စပ္ဟပ္ ေပါင္းစပ္ၿပီး ေရွးေခတ္ဗိသုကာပညာရွင္မ်ား တင္စားခဲ့သည္ဟု ဆိုရမည္ျဖစ္၏။

သိဖြယ္မွတ္ဖြယ္မ်ား
ဆူးေလေစတီေတာ္သည္ အေလာင္းမင္းတရားႀကီး ရာမညတိုင္းအား သိမ္းပိုက္စဥ္ ဒဂံုၿမိဳ႕သို႔ ၀င္ေရာက္နားေတာ္ မူသည့္အခါ ဒဂံုၿမိဳ႕သည္ ယာေတာေျမအျဖစ္ေရာက္ေနၿပီဆိုရမည္။ အေလာင္းမင္းတရားႀကီးသည္ ၁၇၅၅-ခုႏွစ္၌ ေ႐ႊတိဂုံေစတီေတာ္အား ဖူးျမင္ၿပီး ရန္အေပါင္း ကုန္ေသာ နိမိတ္အျဖစ္ ဒဂံုၿမိဳ႕အား ““ရန္ကုန္ၿမိဳ႕””ဟု ဘြဲ႕မည္တပ္ၿပီး ၿမိဳ႕သစ္ တည္ခဲ့၏။ အေလာင္းမင္းတရားတည္သည့္ ရန္ကုန္ၿမိဳ႕သည္ အက်ယ္ အ၀န္းအားျဖင့္ (၁၁၁၉)တာခန္႔ က်ယ္၀န္း၏။ ရန္ကုန္ၿမိဳ႕အား သစ္တပ္ၿမိဳ႕အျဖစ္ က်ဳံး၊ ေျမာင္၊ တံခါး၊ ျပအိုး စေသာ ၿမိဳ႕အဂၤါႏွင့္ တည္ခဲ့သည္။ နယ္နိမိတ္အက်ယ္အ၀န္းမွာ ေျမာက္ ဘက္တြင္ ဆူးေလဘုရား ေတာင္ဘက္တြင္ ရန္ကုန္ျမစ္၊ အေရွ႕ဘက္၌ ကုန္သည္လမ္း၀န္းက်င္၊ (ဂ်ဴဒါအီစကယ္လမ္း) အေနာက္ဘက္တြင္ လမ္း(၃၀)သို႔မဟုတ္ စစ္ကဲေမာင္ေထာ္ေလးလမ္း ၀န္းက်င္ျဖစ္၏။

ထုိစဥ္က ဆူးေလေစတီေတာ္သည္ သစ္တပ္ၿမိဳ႕႐ုိး အျပင္တြင္ ရွိၿပီးေရပတ္လည္၀ိုင္းရံလွ်က္ ရွိသည္။ ကုန္းျမင့္ေပၚမွ ေစတီတစ္ဆူအျဖစ္ရွိေန၏။ အေလာင္းဘုရားၿမိဳ႕တည္စက လူဦးေရ တစ္ေသာင္းခန္႔သာရွိေသာ္လည္း ပင္လယ္ဆိပ္ကမ္းၿမိဳ႕ျဖစ္ ခဲ့သည္အေလွ်ာက္ လူဦးေရတိုးတက္လာသည့္ အေလွ်ာက္ ကူးသန္းေရာင္း၀ယ္ေရး လုပ္ငန္းမ်ားႀကီးထြားလာၿပီး အခ်က္အျခာေဒသျဖစ္လာခဲ့၏။ ျမန္မာသကၠရာဇ္ (၁၂၀၃)ခုႏွစ္၊ ေ႐ႊဘုိမင္း(ခ) ဟံသာ၀တီမင္း(ခ) ကုန္းေဘာင္မင္း၊ အမရပူရၿမိဳ႕ေတာ္မွ ဒဂုံ(ရန္ကုန္)သို႔ ၾကည္းေၾကာင္းေရေၾကာင္းႏွင့္ မဟာဗ်ဴဟာ နည္းဗ်ဴဟာ အျပည့္ႏွင့္ ႂကြခ်ီခဲ့၏။ ထုိစဥ္က ေ႐ႊဘို(ေခၚ) သာယာ၀တီမင္းႏွင့္ အေလာင္းဘုရားတည္ထားခဲ့သည့္ ရန္ကုန္ၿမိဳ႕အား တိုးခ်ဲ႕လွ်က္ ေအာင္ေျမရန္ႏွင္းၿမိဳ႕သစ္ အျဖစ္ ကမၺည္းတင္ခဲ့သည္။ ထုိအခါ ဆူးေလေစတီသည္ ၿမိဳ႕သစ္နယ္နိမိတ္အတြင္းသို႔ ေရာက္ခဲ့၏ ဆူးေလေစတီ၏ ၀န္းက်င္တြင္ ႐ံြ႕ဗြက္၊ ေရအိုင္ ႏွင့္ေတာခ်ဳံမ်ား ထူထပ္စြာေပါက္ေရာက္ေန၏။ ဒီေရအတက္အက် ျဖစ္ေပၚ၍ ေစတီေတာ္၀န္းက်င္ကို ဒီေရလႊမ္းမိုးမႈ ရွိခဲ့သည္။ ေစတီအနီး၀န္းက်င္ရွိ ဗြက္ေတာမ်ား အလယ္၌ပင္ ဗုဒၶဘာသာ ဘုန္းႀကီးေက်ာင္းမ်ားတည္ရွိခဲ့သည္ဟုဆုိ၏။ သစ္ပင္မ်ား အုပ္အုပ္ဆိုင္းဆိုင္းရွိသျဖင့္ ေရျပင္က်ယ္ႏွင့္ ၾကည္ႏူးဖြယ္ ေအးခ်မ္းေနသည္ဟုဆုိ၏။

ဆူးေလေစတီ၏ အေနာက္ဘက္ေစာင္းတန္းသည္ ယခုတည္ရွိသည့္ ဆက္သြယ္ေရး႐ုံးအထိရွိသည္ဟု ဆို၏။ ျမန္မာ သကၠရာဇ္ (၁၂၁၄)ခုႏွစ္ အဂၤလိပ္ျမန္မာ ပထမစစ္ပြဲၿပီးခ်ိန္အထိ ဗႏၶဳလပန္းၿခံ၏ ေတာင္ဘက္ကၽြန္းေနရာမ်ားသည္ ေရလယ္ကၽြန္း ျဖစ္ေနသည္။

ဆူးေလဘုရားသို႔ကူးရန္ ေက်ာက္တံတား တစ္ခုတည္ေဆာက္ထားသည္ဟု အဆိုရွိ၏။ ေရလယ္ေက်ာင္းမ်ား ယခင္က ဆူးေလလမ္းကိုေလွ်ာတန္းလမ္းဟု ေခၚခဲ့ၿပီးေနာင္တြင္ ဆူးေလဘုရားလမ္းဟု တြင္ခဲ့၏။ ေက်ာက္တံတားလမ္း ဟု ေခၚလည္းရွိ၏။ ထုိစဥ္က ဆူးေလေစတီေတာ္၏ အေနာက္ေတာင္ဘက္ မနီးမေ၀းတြင္ က်ဳိက္မဲ သံကေရာ(ေခၚ) က်ဳိက္ျမတ္သံခ်ဳိ ေစတီႏွင့္ ရဟႏၲာသိမ္ေတာ္ႀကီးလည္းရွိသျဖင့္ ဘုရားဖူးမ်ား စည္ကား ေနသည္ဟုဆို၏။
အဂၤလိပ္ျမန္မာဒုတိယစစ္ပြဲအၿပီး၌ အဂၤလိပ္တို႔သည္ ရန္ကုန္ၿမိဳ႕အား အစိုးရ႐ုံးစိုက္ရာဟု သတ္မွတ္ခဲ့၏။ ထုိ႔အတူ ေကာ္မရွင္နာမင္းႀကီး ဆာအာသာဖယ္ရာကာၿမိဳ႕သစ္တည္ရန္ အမိန္႔ႏွင့္ အတူေတာင္ကုန္းၿဖိဳျခင္း၊ အနိမ့္ပိုင္းေျမဖို႔ျခင္း၊ လမ္းေဖာက္ျခင္းမ်ားျပဳခဲ့သလို ေစတီပုထိုးမ်ား၊ ဘုန္းေတာ္ႀကီး ေက်ာင္းမ်ားအား ၿဖိဳဖ်က္ခဲ့သည္။ ၿမိဳ႕ကြက္ႏွင့္ မလြတ္ဟု အေၾကာင္း ျပကာ ဆူးေလ၀န္းက်င္ရွိ ဘုန္းေတာ္ႀကီးေက်ာင္း(၅၀)အား သရက္ဥယ်ာဥ္တည္ရွိရာသို႔ ဖယ္ရွားေျပာင္းေ႐ႊ႕ခဲ့၏။ အဂၤလိပ္နယ္ခ်ဲ႕တို႔သည္ က်ဳိက္ျမတ္သံခ်ဳိ ေစတီအား ၿဖိဳဖ်က္ခဲ့ၿပီးေနာက္ တဆင့္လွမ္းတက္ခါ ဆူးေလေစတီႀကီးအား ၿဖိဳဖ်က္ရန္ ႀကိဳးပန္းၾက၏။ အာဏာပိုင္တို႔အား ဆူးေလေစတီသည္ လမ္းဆံုလမ္းခြတြင္ရွိသည့္ ေစတီျဖစ္သျဖင့္ ၿဖိဳဖ်က္သင့္သည္ဟု တင္ျပၾက၏။

သို႔ေသာ္ အဂၤလန္တြင္ရွိသည့္ ၀ိတုိရိယ ဘုရင္မႀကီးက `ဆူးေလေစတီသည္ ထူပါေစတီျဖစ္သျဖင့္ မတူးၿဖိဳ၊ မဖ်က္ဆီးရ ဆူးေလေစတီအားေကြ႕ပတ္သြားရမည္´ဟု အမိန္႔ျပန္ၾကားခဲ့၏။ ယင္းသို႔ ျပန္ၾကားေသာ္လည္း အဂၤလိပ္နယ္ခ်ဲ႕တို႔သည္ လုပ္ပိုင္ခြင့္ အာဏာကို အသံုးျပဳ၍ ဆူးေလေစတီေတာ္ ၀တ္ၱကေျမျဖစ္သည့္ ကုန္းေတာ္ေအာက္ေျခမ်ားအား တူးၿဖိဳဖဲ့ခ်ၾက၏။ ေျမညႇိၿပီး ၀တၱကေျမကို ၿမိဳ႕သစ္အတြင္းထည့္ခဲ့၏။ ထုိ႔ေၾကာင့္ ဆူးေလေစတီသည္ မွန္ကူကြက္သ႑ာန္ ကုန္းေတာ္ငယ္ျဖစ္ေနျခင္းျဖစ္၏။ ဆူးေလေစတီေတာ္၏ ေျခေတာ္ရင္း ပတ္လည္တြင္ရွိသည့္ ဂႏၶကုဋိတိုက္ တန္ေဆာင္းႏွင့္ ေစာင္းတန္းစသည့္ သာသနိက အေဆာက္အအံုမ်ား ပ်က္စီးခဲ့ရ၏။ နယ္ခ်ဲ႕အာဏာပိုင္မ်ား၏ ေစ်းၿပိဳင္စနစ္ျဖင့္ ေရာင္းခ်မႈ ေၾကာင့္ ဗႏၶဳလပန္းၿခံ(ယခင္ဖိုက္စကြဲယားပန္းၿခံ) ဗလီႀကီး၊ ၿမိဳ႕ေတာ္ခန္းမ စသည့္အေဆာက္အဦးမ်ား ေပၚေပါက္ခဲ့ရ ျခင္းျဖစ္သည္။

ဆူးေလဘိုးဘိုးႀကီး သမိုင္း
ဤဘဒၵကမၻာတြင္ ပြင့္ခဲ့သည့္ ျမတ္စြာဘုရားရွင္ ေလးဆူအားမွီလိုက္သည့္ သက္ေတာ္ရွည္ ““ေလးဆူနတ္ႀကီး”” ဟု သမုိင္းစဥ္မ်ားတြင္ ေတြ႕ရသည္။ ေလးဆူနတ္ႀကီးသည္ ေ႐ႊတိဂုံေစတီေတာ္အား တည္ထားကိုးကြယ္ရန္ ေနရာျဖစ္သည့္ သိဂၤုတၱရကုန္းေျမအား ညႊန္ျပေပးခဲ့သည့္ ဘိုးဘိုးႀကီးမ်ားအနက္ တစ္ပါးျဖစ္၏။ ယခင္က ေလးဆူနတ္ႀကီး ဟုလူသိမ်ားခဲ့ၿပီး ထိုေနရာတစ္၀ိုက္တြင္ ေနထိုင္သူမ်ား၏ ကိုးကြယ္ဆည္းကပ္မႈကို ခံခဲ့ရသည္။ ယုံၾကည္မႈလြန္ကဲသည့္ ျမန္မာလူမ်ဳိးမ်ားသည္ ယုံၾကည္မႈႏွင့္အတူ အားကိုးအားထား ျပဳခဲ့သည္လည္း ရွိသည္။ လုပ္ငန္းေဆာင္တာ လုပ္ကိုင္ရာတြင္ျဖစ္ေစ၊ အခက္အခဲ ႀကံဳခဲ့သည့္အခါတြင္ျဖစ္ေစ၊ ေလးဆူနတ္ႀကီးအား ပသပူေဇာ္ အဓိ႒ာန္ ျပဳျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္ႏွင့္အညီ ေအာင္ျမင္မႈမ်ားစြာ ရခဲ့သည့္ သာဓကမ်ားရွိခဲ့သည္ ဟု ဆို၏။

ထို႔ေၾကာင့္ လူအမ်ားသည္ ဤေလးဆူနတ္ႀကီးအား ထိုေနရာတြင္ နတ္နန္းျပဳလုပ္၍ ပူေဇာ္ခဲ့သည့္ အစဥ္အလာ ရွိခဲ့သည္။ ေရွးသူေဟာင္းတို႔ စကားလည္းရွိ၏။ အခ်ဳိ႕၏စကားအရ ေလးဆူနတ္ႀကီးသည္ ရန္ကုန္ၿမိဳ႕လယ္ အား ပိုင္သူဟု ဆို၏။ အဓိ႒ာန္ႏွင့္ လုပ္ငန္းလုပ္၍ ေအာင္ျမင္လွ်င္ တတ္ႏိုင္လွ်င္ တတ္ႏိုင္သေလာက္ ၀တ္လဲေတာ္ ပုဆိုး၊ အက်ႌပု၀ါမွ အစ ေငြအသျပာတတ္ႏိုင္သ၍ ပူေဇာ္ၾကသည္။ ေလးဆူနတ္ႀကီးသည္ နတ္သက္ရွည္သူျဖစ္ၿပီး ေကာင္းမႈ ေကာင္းက်ဳိးျပဳသူဟုလည္း ဆို၏။ လူအမ်ားသည္ ေလးဆူနတ္ႀကီးသည္ လူအမ်ား၏ အပူေဇာ္ခံ ဘ၀သို႔ ေရာက္ခဲ့ၿပီး ေလးဆူနတ္ႀကီး ေနထိုင္သည့္နယ္တြင္ ေစတီဘုရား တည္ထား ကိုးကြယ္သည့္အခါ ထိုေစတီဘုရား၌ ေလးဆူနတ္ႀကီးအား သီးျခား နန္းျပဳလုပ္၍ ပူေဇာ္ၾက၏။

“ေလးဆူနတ္ႀကီး” အား ဆူးေလေစတီေတာ္ အတြင္း၌ သီးျခားနန္းတည္ ကိုးကြယ္၍ ကာလရွည္ၾကာ ကိုးကြယ္မႈၾကာလာသည့္အခါ လူအမ်ား၏စိတ္ထဲ၌ ေလးဆူနတ္ႀကီးအား ဆူးေလ ေစတီေတာ္အား အစြဲျပဳ၍ ““ဆူးေလဘိုးဘိုး ႀကီး”” ဟု ေခၚတြင္လာခဲ့ၾကသည္။ စင္စစ္ ေလးဆူနတ္ႀကီးသည္ ေလးဆူနတ္ဟုေခၚခဲ့ေသာ္လည္း သာမန္နတ္မ်ဳိး နတ္ႏြယ္ မဟုတ္၊ ဘဒၵကမၻာတြင္ ပြင့္ေတာ္မူသည့္ ဘုရားရွင္မ်ားအား မွီလိုက္ေသာ နတ္ျဖစ္သည္။

ေရွးသူေဟာင္း အခ်ဳိ႕က သူေတာ္စင္နတ္ဟုေခၚ၏။ မေကာင္းသူပယ္၊ ေကာင္းသူကယ္၏။ သာသနာအတြက္ ဘ၀နာတရားကိုးစားသူဟုဆို၏။ ေကာင္းမႈေကာင္းက်ဳိးျပဳသူမ်ား၊ ဘာသာ သာသနာအက်ဳိးျပဳသူမ်ားအား ေဆာင္မမည္ဟု ဆို၏။ ဆူးေလဘိုးဘိုးႀကီး ၏ နန္းထိမ္းတစ္ဦးက ဆူးေလဘိုးဘိုးႀကီးအား ““သက္ေတာ္ရွည္ သူေတာ္စင္ နတ္မင္းႀကီးတစ္ပါးပဲ၊ ဆူးေလ ဘိုးဘိုးႀကီးဟာ ရန္ကုန္ၿမိဳ႕လယ္ကုိ ပိုင္စိုးထိမ္းသမ္းထားသူ လည္းျဖစ္တယ္။ ၿမိဳ႕လည္တစ္၀ိုက္မွာ လုပ္ငန္းလုပ္သူေတြ၊ အားကိုးအားထားျပဳ တုိင္တည္အလုပ္လုပ္ရင္း အမ်ားႀကီး ေအာင္ျမင္ ထေျမာက္ႏိုင္တယ္”” ဟုဆို၏။ ထို႔အတူ နန္းထိမ္းေဟာင္း ႀကီးက ဆူးေလဘိုးဘိုးႀကီးဟာ ဘာသာသာသနာအတြက္ ေစာင့္ထိန္းသူျဖစ္လို႔ ဘာသာသာသနာ အက်ဳိးျပဳသူေတြကို ပိုၿပီး ေစာင္မၾကည့္႐ႈတယ္။ ဆူးေလဘိုးဘိုးႀကီးကို တိုင္တည္အလုပ္ လုပ္သူဟာ ကံငါးပါးလုံၿခံဳရမယ္ ဟုဆို၏။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေမတၱာျဖင္႔ မ်ွေ၀သူ

# Unicode Version ျဖင့္ ဖတ္ပါ #

တည်နေရာ - မြို့တော်ခန်းမအနီး၊ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလ လမ်းဆုံ(မြို့တော်ခန်းမအနီး)တွင် တည်ရှိသည်။
ဉာဏ်တော် ၁၅၁-ပေ ကျော်ကြားမှု- ကပ်ကျော်ဘုရား

သမိုင်းကြောင်း
သီဟဒီပမင်းကြီးသည် ရဟန္တာအရှင်သူမြတ်တို့၏ သာသနာပြု ရည်မှန်းချက်အတိုင်း သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် အမတ်သူရဲကောင်းများအား လမ်းညွှန်ချက်ပေး၍ သာသနာခရီးကို စီစဉ်ပေးခဲ့သည်။ အမတ်သူရဲကောင်းတို့သည်လည်း ဘုရင်ညွှန်ကြားချက်အတိုင်း ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်၊ ဆံတော်များအား ပင့်ဆောင်၍ ရွှေတိဂုံ စေတီတော် ကြီးတည်ရာ သိင်္ဂုတ္တရ ကုန်းတော်ပတ်လည်တွင် စေတီတော်များ တည်ထားကိုးကွယ်ရန် ကြိုးစားစွမ်းဆောင်မှုများ ပြုခဲ့ကြသည်။ သမိုင်း အထောက်အထားများအရ ဆူးလေစေတီ တော်အား အသုတ်အမတ် ကြီး တည်ထားသည်ဟုသိရ၏။ သူရဲကောင်း အသုတ်အမတ်ကြီး တည်ထားသဖြင့် သမိုင်းအချို့တွင် “ကျိုက်အသုတ်” ဘုရားဟုတွေ့ရ၏။ ကျိုက် - ဘုရား၊ အသုတ် - အမတ်ကြီးဟု အဓိပ္ပါယ်ရ၏။ အသုတ်အမတ်ကြီး ဘုရား ဟုဖွင့်ဆိုရမည်ဖြစ်၏။ သို့နှယ်ပင် အချို့ပညာရှင်တို့က အသုတ်ဟူသည်မှာ ဆံတော်ဟု ဖွင့်ဆိုကြသဖြင့် “ဆံတော်ဘုရား” ဟု ခေါ်ဆိုနိုင်၏။

သို့နှယ်ပင် အချို့သမိုင်းပညာရှင်တို့က ဥက္ကလာပမင်းကြီး ရွှေတိဂုံဆံတော်ရှင်တည်ထားရာ သိင်္ဂုတ္တရ ကုန်းတော် အားရှာဖွေစဉ် စုဝေးတိုင်ပင်ရာဌာနဖြစ်သဖြင့် “စုဝေးစေတီ”ဘွဲ့မည် တွင်သည်ဟုလည်း ဆိုကြ၏။ ဤကဲ့သို့ပင် အချို့က ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူမည့် ဘုရားရှင်တို့အား မီလိုက်သည့် လေးဆူနတ်ကြီးတို့၏ စုဝေးနေရာ၌တည်ထားသောကြောင့် “လေးဆူစေတီ” ဟုခေါ်တွင် ကြသလို ကာလရွေ့လျားခဲ့ပြီး ပဋိလောမပြန်၍ “ဆူးလေစေတီ” ဟုခေါ်တွင်သည်ဆိုကြ၏။ မည်သို့ဖြစ်စေ ဆူးလေစေတီသည် ရွှေတိဂုံ စေတီတော် ကြီး၏ တောင်ဘက်အရှေ့သို့ စဉ်းငယ်ယွန်း သည့်တာ (၉၀၀) ခန့်အကွာ တောင်ကုန်းအမြင့် တွင်တည်သည်ကမူအမှန်ပင်။

ဆူးလေစေတီတော်၏ ပရိဝှုဏ် အကျယ်အဝန်းမှာ (၂.၁၈၁)ဧကရှိပြီး အရှေ့နှင့် အနောက်အလျားပေ (၃၂၂)ပေ တောင်မြောက် အလျားပေ (၂၉၁)ပေ၊ ရင်ပြင်မှငှက်မြတ်နား စိန်ဖူးတော်အထိ ဉာဏ်တော်ပေ (၁၅၁)ပေအမြင့်ရှိသည်။ ဆူးလေစေတီတော်သည် ပန်းတင်ခုံဖိနပ်တော်မှစ၍ ငှက်ပျောဖူး အထိ ရှစ်မြှောင်ကိုယ်ထည်ရှိသည်။ အရပ်ရှစ်မျက်နှာ ပူဇော်ခံရာအဖြစ်ရည်မှန်းဟန်တူသည်ဟု ဖွင့်ဆိုကြ၏။ ပန်းတင်ခုံ၊ ဖိနပ်ခုံ၊ ရှစ်ထောင့်မှာ မဂ်္ဂင် တရား ရှစ်ပါးအားရည်မှန်းခြင်းဖြစ်၏။ ကြာဝန်းသုံးရစ်ပါရှိရာ ရတနာသုံးပါးကို ညွှန်းသည်ဟု ဖွင့်ဆိုနိုင်၏။ ခေါင်းလောင်း သပိတ်မှောက်မှာ အရိယာတို့၏ ကျင့်စဉ်ဖြူစင်သည့် ဘဝကိုရည်မှန်းခြင်းဖြစ်၏။ ဖောင်းရစ်ကိုးရစ် ပါရှိနေခြင်းသည် လောကုတ္တရာကိုးပါးအား ရည်မှန်းခြင်းဖြစ်၏။

ကြာမှောက်ကြာလှန်၊ ငှက်ပျောဖူးတော်၊ ငှက်မြတ်နားတော် တို့မှ ဗုဒ္ဓဓမ္မစက်တော်သန့်စင်မွန်မြတ်ခြင်းဟု လောကုတ္တရာ တရားအလုံးစုံအား လောကီအမြင်နှင့် စပ်ဟပ် ပေါင်းစပ်ပြီး ရှေးခေတ်ဗိသုကာပညာရှင်များ တင်စားခဲ့သည်ဟု ဆိုရမည်ဖြစ်၏။

သိဖွယ်မှတ်ဖွယ်များ
ဆူးလေစေတီတော်သည် အလောင်းမင်းတရားကြီး ရာမညတိုင်းအား သိမ်းပိုက်စဉ် ဒဂုံမြို့သို့ ဝင်ရောက်နားတော် မူသည့်အခါ ဒဂုံမြို့သည် ယာတောမြေအဖြစ်ရောက်နေပြီဆိုရမည်။ အလောင်းမင်းတရားကြီးသည် ၁၇၅၅-ခုနှစ်၌ ရွှေတိဂုံစေတီတော်အား ဖူးမြင်ပြီး ရန်အပေါင်း ကုန်သော နိမိတ်အဖြစ် ဒဂုံမြို့အား ““ရန်ကုန်မြို့””ဟု ဘွဲ့မည်တပ်ပြီး မြို့သစ် တည်ခဲ့၏။ အလောင်းမင်းတရားတည်သည့် ရန်ကုန်မြို့သည် အကျယ် အဝန်းအားဖြင့် (၁၁၁၉)တာခန့် ကျယ်ဝန်း၏။ ရန်ကုန်မြို့အား သစ်တပ်မြို့အဖြစ် ကျုံး၊ မြောင်၊ တံခါး၊ ပြအိုး စသော မြို့အင်္ဂါနှင့် တည်ခဲ့သည်။ နယ်နိမိတ်အကျယ်အဝန်းမှာ မြောက် ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်၌ ကုန်သည်လမ်းဝန်းကျင်၊ (ဂျူဒါအီစကယ်လမ်း) အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ဝန်းကျင်ဖြစ်၏။

ထိုစဉ်က ဆူးလေစေတီတော်သည် သစ်တပ်မြို့ရိုး အပြင်တွင် ရှိပြီးရေပတ်လည်ဝိုင်းရံလျှက် ရှိသည်။ ကုန်းမြင့်ပေါ်မှ စေတီတစ်ဆူအဖြစ်ရှိနေ၏။ အလောင်းဘုရားမြို့တည်စက လူဦးရေ တစ်သောင်းခန့်သာရှိသော်လည်း ပင်လယ်ဆိပ်ကမ်းမြို့ဖြစ် ခဲ့သည်အလျှောက် လူဦးရေတိုးတက်လာသည့် အလျှောက် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများကြီးထွားလာပြီး အချက်အခြာဒေသဖြစ်လာခဲ့၏။ မြန်မာသက္ကရာဇ် (၁၂၀၃)ခုနှစ်၊ ရွှေဘိုမင်း(ခ) ဟံသာဝတီမင်း(ခ) ကုန်းဘောင်မင်း၊ အမရပူရမြို့တော်မှ ဒဂုံ(ရန်ကုန်)သို့ ကြည်းကြောင်းရေကြောင်းနှင့် မဟာဗျူဟာ နည်းဗျူဟာ အပြည့်နှင့် ကြွချီခဲ့၏။ ထိုစဉ်က ရွှေဘို(ခေါ်) သာယာဝတီမင်းနှင့် အလောင်းဘုရားတည်ထားခဲ့သည့် ရန်ကုန်မြို့အား တိုးချဲ့လျှက် အောင်မြေရန်နှင်းမြို့သစ် အဖြစ် ကမ္ဗည်းတင်ခဲ့သည်။ ထိုအခါ ဆူးလေစေတီသည် မြို့သစ်နယ်နိမိတ်အတွင်းသို့ ရောက်ခဲ့၏ ဆူးလေစေတီ၏ ဝန်းကျင်တွင် ရွံ့ဗွက်၊ ရေအိုင် နှင့်တောချုံများ ထူထပ်စွာပေါက်ရောက်နေ၏။ ဒီရေအတက်အကျ ဖြစ်ပေါ်၍ စေတီတော်ဝန်းကျင်ကို ဒီရေလွှမ်းမိုးမှု ရှိခဲ့သည်။ စေတီအနီးဝန်းကျင်ရှိ ဗွက်တောများ အလယ်၌ပင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများတည်ရှိခဲ့သည်ဟုဆို၏။ သစ်ပင်များ အုပ်အုပ်ဆိုင်းဆိုင်းရှိသဖြင့် ရေပြင်ကျယ်နှင့် ကြည်နူးဖွယ် အေးချမ်းနေသည်ဟုဆို၏။

ဆူးလေစေတီ၏ အနောက်ဘက်စောင်းတန်းသည် ယခုတည်ရှိသည့် ဆက်သွယ်ရေးရုံးအထိရှိသည်ဟု ဆို၏။ မြန်မာ သက္ကရာဇ် (၁၂၁၄)ခုနှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲပြီးချိန်အထိ ဗန္ဓုလပန်းခြံ၏ တောင်ဘက်ကျွန်းနေရာများသည် ရေလယ်ကျွန်း ဖြစ်နေသည်။

ဆူးလေဘုရားသို့ကူးရန် ကျောက်တံတား တစ်ခုတည်ဆောက်ထားသည်ဟု အဆိုရှိ၏။ ရေလယ်ကျောင်းများ ယခင်က ဆူးလေလမ်းကိုလျှောတန်းလမ်းဟု ခေါ်ခဲ့ပြီးနောင်တွင် ဆူးလေဘုရားလမ်းဟု တွင်ခဲ့၏။ ကျောက်တံတားလမ်း ဟု ခေါ်လည်းရှိ၏။ ထိုစဉ်က ဆူးလေစေတီတော်၏ အနောက်တောင်ဘက် မနီးမဝေးတွင် ကျိုက်မဲ သံကရော(ခေါ်) ကျိုက်မြတ်သံချို စေတီနှင့် ရဟန္တာသိမ်တော်ကြီးလည်းရှိသဖြင့် ဘုရားဖူးများ စည်ကား နေသည်ဟုဆို၏။
အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအပြီး၌ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့အား အစိုးရရုံးစိုက်ရာဟု သတ်မှတ်ခဲ့၏။ ထို့အတူ ကော်မရှင်နာမင်းကြီး ဆာအာသာဖယ်ရာကာမြို့သစ်တည်ရန် အမိန့်နှင့် အတူတောင်ကုန်းဖြိုခြင်း၊ အနိမ့်ပိုင်းမြေဖို့ခြင်း၊ လမ်းဖောက်ခြင်းများပြုခဲ့သလို စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများအား ဖြိုဖျက်ခဲ့သည်။ မြို့ကွက်နှင့် မလွတ်ဟု အကြောင်း ပြကာ ဆူးလေဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း(၅၀)အား သရက်ဥယျာဉ်တည်ရှိရာသို့ ဖယ်ရှားပြောင်းရွှေ့ခဲ့၏။ အင်္ဂလိပ်နယ်ချဲ့တို့သည် ကျိုက်မြတ်သံချို စေတီအား ဖြိုဖျက်ခဲ့ပြီးနောက် တဆင့်လှမ်းတက်ခါ ဆူးလေစေတီကြီးအား ဖြိုဖျက်ရန် ကြိုးပန်းကြ၏။ အာဏာပိုင်တို့အား ဆူးလေစေတီသည် လမ်းဆုံလမ်းခွတွင်ရှိသည့် စေတီဖြစ်သဖြင့် ဖြိုဖျက်သင့်သည်ဟု တင်ပြကြ၏။

သို့သော် အင်္ဂလန်တွင်ရှိသည့် ဝိတိုရိယ ဘုရင်မကြီးက `ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြင့် မတူးဖြို၊ မဖျက်ဆီးရ ဆူးလေစေတီအားကွေ့ပတ်သွားရမည်´ဟု အမိန့်ပြန်ကြားခဲ့၏။ ယင်းသို့ ပြန်ကြားသော်လည်း အင်္ဂလိပ်နယ်ချဲ့တို့သည် လုပ်ပိုင်ခွင့် အာဏာကို အသုံးပြု၍ ဆူးလေစေတီတော် ဝတ်္တကမြေဖြစ်သည့် ကုန်းတော်အောက်ခြေများအား တူးဖြိုဖဲ့ချကြ၏။ မြေညှိပြီး ဝတ္တကမြေကို မြို့သစ်အတွင်းထည့်ခဲ့၏။ ထို့ကြောင့် ဆူးလေစေတီသည် မှန်ကူကွက်သဏ္ဍာန် ကုန်းတော်ငယ်ဖြစ်နေခြင်းဖြစ်၏။ ဆူးလေစေတီတော်၏ ခြေတော်ရင်း ပတ်လည်တွင်ရှိသည့် ဂန္ဓကုဋိတိုက် တန်ဆောင်းနှင့် စောင်းတန်းစသည့် သာသနိက အဆောက်အအုံများ ပျက်စီးခဲ့ရ၏။ နယ်ချဲ့အာဏာပိုင်များ၏ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမှု ကြောင့် ဗန္ဓုလပန်းခြံ(ယခင်ဖိုက်စကွဲယားပန်းခြံ) ဗလီကြီး၊ မြို့တော်ခန်းမ စသည့်အဆောက်အဦးများ ပေါ်ပေါက်ခဲ့ရ ခြင်းဖြစ်သည်။

ဆူးလေဘိုးဘိုးကြီး သမိုင်း
ဤဘဒ္ဒကမ္ဘာတွင် ပွင့်ခဲ့သည့် မြတ်စွာဘုရားရှင် လေးဆူအားမှီလိုက်သည့် သက်တော်ရှည် ““လေးဆူနတ်ကြီး”” ဟု သမိုင်းစဉ်များတွင် တွေ့ရသည်။ လေးဆူနတ်ကြီးသည် ရွှေတိဂုံစေတီတော်အား တည်ထားကိုးကွယ်ရန် နေရာဖြစ်သည့် သိင်္ဂုတ္တရကုန်းမြေအား ညွှန်ပြပေးခဲ့သည့် ဘိုးဘိုးကြီးများအနက် တစ်ပါးဖြစ်၏။ ယခင်က လေးဆူနတ်ကြီး ဟုလူသိများခဲ့ပြီး ထိုနေရာတစ်ဝိုက်တွင် နေထိုင်သူများ၏ ကိုးကွယ်ဆည်းကပ်မှုကို ခံခဲ့ရသည်။ ယုံကြည်မှုလွန်ကဲသည့် မြန်မာလူမျိုးများသည် ယုံကြည်မှုနှင့်အတူ အားကိုးအားထား ပြုခဲ့သည်လည်း ရှိသည်။ လုပ်ငန်းဆောင်တာ လုပ်ကိုင်ရာတွင်ဖြစ်စေ၊ အခက်အခဲ ကြုံခဲ့သည့်အခါတွင်ဖြစ်စေ၊ လေးဆူနတ်ကြီးအား ပသပူဇော် အဓိဋ္ဌာန် ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်နှင့်အညီ အောင်မြင်မှုများစွာ ရခဲ့သည့် သာဓကများရှိခဲ့သည် ဟု ဆို၏။

ထို့ကြောင့် လူအများသည် ဤလေးဆူနတ်ကြီးအား ထိုနေရာတွင် နတ်နန်းပြုလုပ်၍ ပူဇော်ခဲ့သည့် အစဉ်အလာ ရှိခဲ့သည်။ ရှေးသူဟောင်းတို့ စကားလည်းရှိ၏။ အချို့၏စကားအရ လေးဆူနတ်ကြီးသည် ရန်ကုန်မြို့လယ် အား ပိုင်သူဟု ဆို၏။ အဓိဋ္ဌာန်နှင့် လုပ်ငန်းလုပ်၍ အောင်မြင်လျှင် တတ်နိုင်လျှင် တတ်နိုင်သလောက် ဝတ်လဲတော် ပုဆိုး၊ အကျႌပုဝါမှ အစ ငွေအသပြာတတ်နိုင်သ၍ ပူဇော်ကြသည်။ လေးဆူနတ်ကြီးသည် နတ်သက်ရှည်သူဖြစ်ပြီး ကောင်းမှု ကောင်းကျိုးပြုသူဟုလည်း ဆို၏။ လူအများသည် လေးဆူနတ်ကြီးသည် လူအများ၏ အပူဇော်ခံ ဘဝသို့ ရောက်ခဲ့ပြီး လေးဆူနတ်ကြီး နေထိုင်သည့်နယ်တွင် စေတီဘုရား တည်ထား ကိုးကွယ်သည့်အခါ ထိုစေတီဘုရား၌ လေးဆူနတ်ကြီးအား သီးခြား နန်းပြုလုပ်၍ ပူဇော်ကြ၏။

“လေးဆူနတ်ကြီး” အား ဆူးလေစေတီတော် အတွင်း၌ သီးခြားနန်းတည် ကိုးကွယ်၍ ကာလရှည်ကြာ ကိုးကွယ်မှုကြာလာသည့်အခါ လူအများ၏စိတ်ထဲ၌ လေးဆူနတ်ကြီးအား ဆူးလေ စေတီတော်အား အစွဲပြု၍ ““ဆူးလေဘိုးဘိုး ကြီး”” ဟု ခေါ်တွင်လာခဲ့ကြသည်။ စင်စစ် လေးဆူနတ်ကြီးသည် လေးဆူနတ်ဟုခေါ်ခဲ့သော်လည်း သာမန်နတ်မျိုး နတ်နွယ် မဟုတ်၊ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသည့် ဘုရားရှင်များအား မှီလိုက်သော နတ်ဖြစ်သည်။

ရှေးသူဟောင်း အချို့က သူတော်စင်နတ်ဟုခေါ်၏။ မကောင်းသူပယ်၊ ကောင်းသူကယ်၏။ သာသနာအတွက် ဘဝနာတရားကိုးစားသူဟုဆို၏။ ကောင်းမှုကောင်းကျိုးပြုသူများ၊ ဘာသာ သာသနာအကျိုးပြုသူများအား ဆောင်မမည်ဟု ဆို၏။ ဆူးလေဘိုးဘိုးကြီး ၏ နန်းထိမ်းတစ်ဦးက ဆူးလေဘိုးဘိုးကြီးအား ““သက်တော်ရှည် သူတော်စင် နတ်မင်းကြီးတစ်ပါးပဲ၊ ဆူးလေ ဘိုးဘိုးကြီးဟာ ရန်ကုန်မြို့လယ်ကို ပိုင်စိုးထိမ်းသမ်းထားသူ လည်းဖြစ်တယ်။ မြို့လည်တစ်ဝိုက်မှာ လုပ်ငန်းလုပ်သူတွေ၊ အားကိုးအားထားပြု တိုင်တည်အလုပ်လုပ်ရင်း အများကြီး အောင်မြင် ထမြောက်နိုင်တယ်”” ဟုဆို၏။ ထို့အတူ နန်းထိမ်းဟောင်း ကြီးက ဆူးလေဘိုးဘိုးကြီးဟာ ဘာသာသာသနာအတွက် စောင့်ထိန်းသူဖြစ်လို့ ဘာသာသာသနာ အကျိုးပြုသူတွေကို ပိုပြီး စောင်မကြည့်ရှုတယ်။ ဆူးလေဘိုးဘိုးကြီးကို တိုင်တည်အလုပ် လုပ်သူဟာ ကံငါးပါးလုံခြုံရမယ် ဟုဆို၏။

ဖိုးသူတော် (www.phothutaw.com)
Credit: မေတ္တာဖြင့် မျှဝေသူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top