ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

Central Base ထုတ္ လုပ္ေရးက စီစဥ္ၿပီး ဒါ႐ိုက္တာ ခရစၥတီးနားခီ  ႐ိုက္ကူးသည့္ ‘ဥပါယ္တံမ်ဥ္’႐ုပ္ရွင္ဇာတ္ကား တြင္ ၎သ႐ုပ္ေဆာင္ေနက် ဇာတ္႐ုပ္မဟုတ္ဘဲ ထင္မွတ္ မထားေသာ ပံုစံျဖစ္၍ ပရိသတ္ မ်ားအား လွ်ဳိ႕ဝွက္ထားလို ေၾကာင္း သက္မြန္ျမင့္က ေျပာ သည္။

‘အဲဒီကားထဲမွာ သက္မြန္ကို မထင္မွတ္ထားတဲ့ ပံုစံနဲ႔ေတြ႕ရ မယ္။ သူ အဲဒီလိုမ်ဳိးႀကီးလားဆိုၿပီး ျဖစ္သြားမယ့္ ကားေလးေပါ့။ သက္မြန္လည္း ေမွ်ာ္လင့္ထား တယ္။ ပရိသတ္ေတြ ႀကိဳက္ၾက မယ္လို႔လည္း ထင္ပါတယ္။ သက္မြန္ရဲ႕ ကာ႐ိုက္တာကို မေျပာျပခ်င္ေသးဘူး။ သက္မြန္ လုပ္ေနက် ပံုစံမဟုတ္တဲ့အတြက္ အေတြ႕အႀကံဳသစ္တစ္ခုေတာ့ ရတာေပါ့။ အိမ္ေထာင္ေရးဇာတ္ ေလးပါပဲ။ ဒါေပမဲ့ ျမင္ေနက် မဟုတ္တဲ့ Surprise ျဖစ္မယ့္ ဇာတ္ဝင္ခန္းေတြ ပါမွာျဖစ္လို႔ ပရိသတ္ကို လွ်ဳိထားခ်င္တဲ့ သေဘာပါ’’ဟု သက္မြန္ျမင့္က ေျပာသည္။

အဆိုပါဇာတ္ကားတြင္ ေခါင္းေဆာင္မင္းသားအျဖစ္ ဇဏ္ခီ၊ ေအာင္ျမင့္ျမတ္၊ အကယ္ ဒမီမင္းဦး၊ ထိုင္းမင္းသမီး Kaew Korravee၊ ျခဴးစစ္ဟန္ႏွင့္ ေက်ာ္ ကိုကိုေဝတို႔ ပါဝင္သ႐ုပ္ေဆာင္ ထားသည္။

‘‘အသစ္ေတြနဲ႔ ႐ိုက္ရတယ္ ဆိုေပမယ့္ မ႐ိုက္ခင္ကတည္းက အကုန္လံုးေျပာထား၊ ဆုိထားၿပီး ျဖစ္တဲ့အတြက္ အခက္အခဲ ေထြ ေထြထူးထူး မရွိဘူး။ သက္မြန္တို႔ အရမ္းသင္ေပးရတာေတြ၊ လက္ တြဲေခၚရတာမ်ဳိးေတြ သိပ္မရွိဘူး။ သူတို႔က အရမ္းေတာ္တဲ့အတြက္ ေၾကာင့္ ေအးေအးေဆးေဆးပဲ ဒီဇာတ္ကားကို ပံုေဖာ္လိုက္႐ံုပါ ပဲ။ ဒီဇာတ္ကားႀကီးက မိုက္ပါ တယ္’’ဟု ၎က ေျပာသည္။

ဥပါယ္တံမ်ဥ္ ဇာတ္ကား သည့္ Suspense Drama ဇာတ္ လမ္းအမ်ဳိးအစားျဖစ္ၿပီး ရန္ကုန္၊ ငပလီႏွင့္ ကေလာ၌ သံုးလၾကာ သြားေရာက္႐ိုက္ကူးထားၿပီး တစ္ ႏွစ္ေက်ာ္ အခ်ိန္ယူ တည္းျဖတ္ ထားသည္။

ဥပါယ္တံမ်ဥ္ ဇာတ္ကား မ႐ိုက္ကူးမီကတည္းက Training ဝင္ထားေသာေၾကာင့္ ဇာတ္ အရမ္းေက်ေနျခင္းကို သေဘာ က်သည္ဟုဆိုသည္။

‘‘ဇာတ္အရမ္းေက်ေနတဲ့ အခါက်ေတာ့ ႐ိုက္ကြင္းမွာ စဥ္း စားစရာမရွိဘူး။ ဘယ္ဇာတ္ဝင္ ခန္းမွာ ဘာဝတ္စံုဝတ္မလဲဆုိတာ ဒါ႐ိုက္တာနဲ႔ အကုန္ေျပာထားၿပီး သားပါ။ အဲဒီအခါက်ေတာ့ သက္ မြန္တို႔ ႐ိုက္တဲ့အခ်ိန္မွာ ဒီဇာတ္ ေကာင္ရဲ႕ စိတ္တစ္ခုပဲ ေခါင္းထဲမွာရွိတဲ့အတြက္ သိပ္အားစိုက္စရာမလိုဘူး’’ဟု ၎က ေျပာသည္။

လက္ရွိတြင္ သက္မြန္ျမင့္ သည္ ေၾကာ္ျငာ႐ိုက္ကူးေရးမ်ား လက္ခံထားၿပီး မၾကာမီက သ႐ုပ္ ေဆာင္လူမင္းႏွင့္အတူ ‘အျပင္း စားအခ်စ္’ဟူေသာ ႐ုပ္ရွင္ဇာတ္ကား ႐ိုက္ကူးထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily

# Unicode Version ျဖင့္ ဖတ္ရန္ #

Central Base ထုတ် လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီ  ရိုက်ကူးသည့် ‘ဥပါယ်တံမျဉ်’ရုပ်ရှင်ဇာတ်ကား တွင် ၎င်းသရုပ်ဆောင်နေကျ ဇာတ်ရုပ်မဟုတ်ဘဲ ထင်မှတ် မထားသော ပုံစံဖြစ်၍ ပရိသတ် များအား လျှို့ဝှက်ထားလို ကြောင်း သက်မွန်မြင့်က ပြော သည်။

‘အဲဒီကားထဲမှာ သက်မွန်ကို မထင်မှတ်ထားတဲ့ ပုံစံနဲ့တွေ့ရ မယ်။ သူ အဲဒီလိုမျိုးကြီးလားဆိုပြီး ဖြစ်သွားမယ့် ကားလေးပေါ့။ သက်မွန်လည်း မျှော်လင့်ထား တယ်။ ပရိသတ်တွေ ကြိုက်ကြ မယ်လို့လည်း ထင်ပါတယ်။ သက်မွန်ရဲ့ ကာရိုက်တာကို မပြောပြချင်သေးဘူး။ သက်မွန် လုပ်နေကျ ပုံစံမဟုတ်တဲ့အတွက် အတွေ့အကြုံသစ်တစ်ခုတော့ ရတာပေါ့။ အိမ်ထောင်ရေးဇာတ် လေးပါပဲ။ ဒါပေမဲ့ မြင်နေကျ မဟုတ်တဲ့ Surprise ဖြစ်မယ့် ဇာတ်ဝင်ခန်းတွေ ပါမှာဖြစ်လို့ ပရိသတ်ကို လျှိုထားချင်တဲ့ သဘောပါ’’ဟု သက်မွန်မြင့်က ပြောသည်။

အဆိုပါဇာတ်ကားတွင် ခေါင်းဆောင်မင်းသားအဖြစ် ဇဏ်ခီ၊ အောင်မြင့်မြတ်၊ အကယ် ဒမီမင်းဦး၊ ထိုင်းမင်းသမီး Kaew Korravee၊ ခြူးစစ်ဟန်နှင့် ကျော် ကိုကိုဝေတို့ ပါဝင်သရုပ်ဆောင် ထားသည်။

‘‘အသစ်တွေနဲ့ ရိုက်ရတယ် ဆိုပေမယ့် မရိုက်ခင်ကတည်းက အကုန်လုံးပြောထား၊ ဆိုထားပြီး ဖြစ်တဲ့အတွက် အခက်အခဲ ထွေ ထွေထူးထူး မရှိဘူး။ သက်မွန်တို့ အရမ်းသင်ပေးရတာတွေ၊ လက် တွဲခေါ်ရတာမျိုးတွေ သိပ်မရှိဘူး။ သူတို့က အရမ်းတော်တဲ့အတွက် ကြောင့် အေးအေးဆေးဆေးပဲ ဒီဇာတ်ကားကို ပုံဖော်လိုက်ရုံပါ ပဲ။ ဒီဇာတ်ကားကြီးက မိုက်ပါ တယ်’’ဟု ၎င်းက ပြောသည်။

ဥပါယ်တံမျဉ် ဇာတ်ကား သည့် Suspense Drama ဇာတ် လမ်းအမျိုးအစားဖြစ်ပြီး ရန်ကုန်၊ ငပလီနှင့် ကလော၌ သုံးလကြာ သွားရောက်ရိုက်ကူးထားပြီး တစ် နှစ်ကျော် အချိန်ယူ တည်းဖြတ် ထားသည်။

ဥပါယ်တံမျဉ် ဇာတ်ကား မရိုက်ကူးမီကတည်းက Training ဝင်ထားသောကြောင့် ဇာတ် အရမ်းကျေနေခြင်းကို သဘော ကျသည်ဟုဆိုသည်။

‘‘ဇာတ်အရမ်းကျေနေတဲ့ အခါကျတော့ ရိုက်ကွင်းမှာ စဉ်း စားစရာမရှိဘူး။ ဘယ်ဇာတ်ဝင် ခန်းမှာ ဘာဝတ်စုံဝတ်မလဲဆိုတာ ဒါရိုက်တာနဲ့ အကုန်ပြောထားပြီး သားပါ။ အဲဒီအခါကျတော့ သက် မွန်တို့ ရိုက်တဲ့အချိန်မှာ ဒီဇာတ် ကောင်ရဲ့ စိတ်တစ်ခုပဲ ခေါင်းထဲမှာရှိတဲ့အတွက် သိပ်အားစိုက်စရာမလိုဘူး’’ဟု ၎င်းက ပြောသည်။

လက်ရှိတွင် သက်မွန်မြင့် သည် ကြော်ငြာရိုက်ကူးရေးများ လက်ခံထားပြီး မကြာမီက သရုပ် ဆောင်လူမင်းနှင့်အတူ ‘အပြင်း စားအချစ်’ဟူသော ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top