Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

Lactobacillus Acidophilus လိုမ်ိဳး သက္ရွိပိုးမႊားေတြဟာ ခႏၶာကိုယ္အတြက္ အက်ိဳးျပဳဘက္တီးရီးယား ေတြျဖစ္ၿပီး အစာေျခစနစ္ကို ေကာင္းမြန္ေစတဲ့အျပင္ ခႏၶာကိုယ္က်န္းမာေရးအတြက္ပါ ေကာင္းမြန္ပါတယ္။ Probiotic ေခၚတဲ့ ခႏၶာကိုယ္ အက်ိဳးျပဳ ဘက္တီးရီးယားေတြ ပါဝင္တဲ့ဒိန္ခ်ဥ္ Cheese ကိုစားၿပီး မီဆိုဟင္းခ်ိဳ ေသာက္ျခင္းျဖင့္ ေအာက္ပါ အက်ိဳးေက်းဇူးေတြ ရရွိႏိုင္ပါတယ္။

ကိုလက္စထေရာအဆင့္ ေလွ်ာ့ခ်ႏုိင္ျခင္း

ပဲပ႐ိုတင္းနဲ႔အတူ Probiotics ေတြစားေပးတာဟာ သင့္ရဲ႕မေကာင္းတဲ့ ကိုလက္စထေရာ LDL အဆင့္ကိုေလွ်ာ့ခ် ႏိုင္ပါတယ္။ Wollongong တကၠသိုလ္မွ သုေတသီေတြရဲ႕ ေလ့လာမႈအရ ပဲႏို႔ဒိန္ခ်ဥ္ေသာက္ ကိုလက္စထေရာအဆင့္ အနည္းငယ္ျမင့္မားေနတဲ့ အမ်ိဳးသားနဲ႔အမ်ိဳးသမီးေတြမွာ မေကာင္းတဲ့ ကိုလက္စထေရာအဆင့္ သိသိသာသာ ေလွ်ာ့ခ်နိုင္ၿပီး ေသြးေၾကာေတြ က်န္းမာေရး ေကာင္းေစတယ္လို႔ သိရပါတယ္။

ဝမ္းဗိုက္အဆီက်ျခင္း

ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕ကိုယ္ဝန္အေစာပိုင္းကာလ(ပထမသံုးလပတ္) အတြင္း Probiotics ေတြစေသာက္ထားပါက ကေလးေမြးၿပီး တစ္ႏွစ္အၾကာမွာ ဝမ္းဗိုက္မွာ အဆီေတြစုႏိုင္ေျခ နည္းတယ္လို႔ Finland မွ ေလ့လာမႈအရ သိရပါတယ္။ Probiotics အားျဖည့္ေဆးေတြဟာ အစာမွရရွိတဲ့ကယ္လိုရီကို စုပ္ယူမႈနည္းတာေၾကာင့္ အဆီအေနနဲ႔ စုမေဝးႏိုင္ဘူး လို႔ ကၽြမ္းက်င္သူေတြက ဆိုပါတယ္။ ဒီအက်ိဳးေက်းဇူးကိုရရွိဖို႔ ကိုယ္ဝန္ေဆာင္ဖို႔ မလိုအပ္ပါဘူး။ သာမာန္လူေတြလည္း ရရွိႏုိင္ပါတယ္။

အစာေျခစနစ္ပိုေကာင္းျခင္း

Probiotic အားျဖည့္ေဆးေတြဟာ ဗိုက္ပြတာ၊ ေလထိုးတာေတြကို သက္သာႏိုင္တယ္လုိ႔ ျပင္သစ္မွ ေလ့လာမႈအသစ္ေတြအရ သိရပါတယ္။ အခ်ဥ္ေဖာက္ထားတဲ့ ႏို႔ကိုေန႔စဥ္ ေသာက္သူေတြရဲ႕ ၈၀ ရာခိုင္ႏႈန္းဟာ ႏွစ္ပတ္အၾကာမွာ ပိုၿပီးအစာေျခႏိုင္ကာ ေလပြတာနဲ႔ ဗိုက္ပြတာသက္သာႏိုင္ေၾကာင္း ေလ့လာမႈအသိရပါတယ္။

ဓာတ္မတည့္မႈေလ်ာ့နည္းႏိုင္ျခင္း

ေန႔စဥ္ Probiotic ေသာက္ထားတဲ့ ရာသီဥတုကိုလိုက္ၿပီး ဓာတ္မတည့္မႈရွိသူေတြမွာ hay fever လကၡဏာ ရေစတဲ့ Antibodies Immunoglobulin E (Ig E) အဆင့္နည္းသြားကာ၊ ဓာတ္မတည့္မႈတံု႔ျပန္တာကို ကာကြယ္ေပးတဲ့ Immunoglobulin G(Ig G) အဆင့္ေတြ ျမင့္တက္လာတာကို British မွသုေတသနျပဳသူေတြ ေတြ႕ရွိခဲ့ပါတယ္။

Ref: Good Health

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ပိုပိုေဇာ္

# Unicode Version ျဖင့္ ဖတ္ပါ #

Lactobacillus Acidophilus လိုမျိုး သက်ရှိပိုးမွှားတွေဟာ ခန္ဓာကိုယ်အတွက် အကျိုးပြုဘက်တီးရီးယား တွေဖြစ်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ ကောင်းမွန်ပါတယ်။ Probiotic ခေါ်တဲ့ ခန္ဓာကိုယ် အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့ဒိန်ချဉ် Cheese ကိုစားပြီး မီဆိုဟင်းချို သောက်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

ကိုလက်စထရောအဆင့် လျှော့ချနိုင်ခြင်း

ပဲပရိုတင်းနဲ့အတူ Probiotics တွေစားပေးတာဟာ သင့်ရဲ့မကောင်းတဲ့ ကိုလက်စထရော LDL အဆင့်ကိုလျှော့ချ နိုင်ပါတယ်။ Wollongong တက္ကသိုလ်မှ သုတေသီတွေရဲ့ လေ့လာမှုအရ ပဲနို့ဒိန်ချဉ်သောက် ကိုလက်စထရောအဆင့် အနည်းငယ်မြင့်မားနေတဲ့ အမျိုးသားနဲ့အမျိုးသမီးတွေမှာ မကောင်းတဲ့ ကိုလက်စထရောအဆင့် သိသိသာသာ လျှော့ချနိုင်ပြီး သွေးကြောတွေ ကျန်းမာရေး ကောင်းစေတယ်လို့ သိရပါတယ်။

ဝမ်းဗိုက်အဆီကျခြင်း

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သူတို့ရဲ့ကိုယ်ဝန်အစောပိုင်းကာလ(ပထမသုံးလပတ်) အတွင်း Probiotics တွေစသောက်ထားပါက ကလေးမွေးပြီး တစ်နှစ်အကြာမှာ ဝမ်းဗိုက်မှာ အဆီတွေစုနိုင်ခြေ နည်းတယ်လို့ Finland မှ လေ့လာမှုအရ သိရပါတယ်။ Probiotics အားဖြည့်ဆေးတွေဟာ အစာမှရရှိတဲ့ကယ်လိုရီကို စုပ်ယူမှုနည်းတာကြောင့် အဆီအနေနဲ့ စုမဝေးနိုင်ဘူး လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီအကျိုးကျေးဇူးကိုရရှိဖို့ ကိုယ်ဝန်ဆောင်ဖို့ မလိုအပ်ပါဘူး။ သာမာန်လူတွေလည်း ရရှိနိုင်ပါတယ်။

အစာခြေစနစ်ပိုကောင်းခြင်း

Probiotic အားဖြည့်ဆေးတွေဟာ ဗိုက်ပွတာ၊ လေထိုးတာတွေကို သက်သာနိုင်တယ်လို့ ပြင်သစ်မှ လေ့လာမှုအသစ်တွေအရ သိရပါတယ်။ အချဉ်ဖောက်ထားတဲ့ နို့ကိုနေ့စဉ် သောက်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ နှစ်ပတ်အကြာမှာ ပိုပြီးအစာခြေနိုင်ကာ လေပွတာနဲ့ ဗိုက်ပွတာသက်သာနိုင်ကြောင်း လေ့လာမှုအသိရပါတယ်။

ဓာတ်မတည့်မှုလျော့နည်းနိုင်ခြင်း

နေ့စဉ် Probiotic သောက်ထားတဲ့ ရာသီဥတုကိုလိုက်ပြီး ဓာတ်မတည့်မှုရှိသူတွေမှာ hay fever လက္ခဏာ ရစေတဲ့ Antibodies Immunoglobulin E (Ig E) အဆင့်နည်းသွားကာ၊ ဓာတ်မတည့်မှုတုံ့ပြန်တာကို ကာကွယ်ပေးတဲ့ Immunoglobulin G(Ig G) အဆင့်တွေ မြင့်တက်လာတာကို British မှသုတေသနပြုသူတွေ တွေ့ရှိခဲ့ပါတယ်။

Ref: Good Health

ဖိုးသူတော် (www.phothutaw.com)
Credit: ပိုပိုဇော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top