Golden City Promotion
×

ေရႊမႈံရတီက ခ်စ္သူနဲ႔ လမ္းခြဲလုိက္ၿပီဆုိတဲ့စာသားကို ေဖ့စ္ဘြတ္ေပၚမွာတင္ၿပီး တစ္ရက္ေက်ာ္အၾကာမွာေတာ့ အဲဒါဟာ တကယ္မဟုတ္ပါဘူးလို႔ ေရႊမႈံက ဆုိလိုက္ပါတယ္။

သူမဟာ ေနာက္လုိက္တာသာျဖစ္ေၾကာင္း၊ သူက သူမထင္ထားတာထက္ေတာင္ သူမအေပၚပိုခ်စ္ေၾကာင္း ေရႊမႈံက ေအာက္တုိဘာလ ၇ ရက္ေန႔ည ၁၀ နာရီခြဲခန္႔မွာ ေရးသားလိုက္တာျဖစ္ပါတယ္။

ေအာက္တုိဘာလ ၆ ရက္ေန႔ ညေန ၅ နာရီေက်ာ္မွာ ေရႊမႈံရတီက "We break up" လို႔ ေရးၿပီး သူမရဲ႕ေဖ့စ္ဘြတ္မွာ တင္လုိက္တဲ့အတြက္ သူမကိုခ်စ္တဲ့ ပရိသတ္ေတြၾကားမွာ အေတာ္ေလးဂယက္႐ိုက္သြားခဲ့ပါတယ္။

ေရႊမႈံရတီက မတ္လ(၂၅)ရက္ေန႕က ခ်စ္သူနဲ႕ ရိုက္ထားတဲ့ ဓာတ္ပံုကို ေဖ့စ္ဘြတ္ေပၚမွာ တင္ၿပီး သူမရဲ႕ခ်စ္သူကို ပရိသတ္ကို ျပသခဲ့ကာ မတ္လ ၂၇ ရက္ေန႔မွာေတာ့ Live လႊင့္ကာ ေမာင္လုိ႔ သူမ အျမတ္တႏိုးေခၚတဲ့ ခ်စ္သူကို ပရိသတ္နဲ႔ မိတ္ဆက္ေပးခဲ့တာပါ။

အဲဒီေနာက္ပိုင္းမွာေတာ့ ေရႊမႈံဟာ ခ်စ္သူနဲ႔တြဲလ်က္ ဓာတ္ပံုေတြတင္တာ သိပ္ေတြ႕ရေလ့ေတာ့ မရွိခဲ့ေပမဲ့ သူမေရးသားတဲ့ စာေတြအရ သူတုိ႔ရဲ႕အခ်စ္ေရးအဆင္ေျပေနပံုပါပဲ။

ေအာက္တုိဘာလ ၄ ရက္ေန႔က "တစ္ေယာက္တည္း လမ္းမႀကီးအလယ္မွာ ရင္ထဲအလြမ္းေတြနဲ႔ပါ ေမာင္" ဆုိတဲ့ စာေလးကို ေဖ့စ္ဘြတ္မွာတင္ၿပီး ခ်စ္သူကို လြမ္းေနေၾကာင္း ေျပာခဲ့ပါေသးတယ္။

အဲဒီေနာက္မွာ လမ္းခြဲလုိက္ၿပီဆုိတဲ့စာသားကို တင္လုိက္ေတာ့ ေရႊမႈံတစ္ေယာက္ ေနာက္ေနတယ္လို႔ ထင္ေတာ့ ထင္မိၾကပါတယ္။ ထင္တဲ့အတုိင္း ေနာက္ေနတာျဖစ္လို႔ ေတာ္ေသးတာေပါ့ေနာ္။

ေရႊမံႈရတီ(Shwe Mhom Yati) ဟာ အႏုပညာပ်ိဳးခင္း(၁)ရဲ႕ စင္တင္မင္းသမီး တစ္လက္အျဖစ္ အႏုပညာေလာကထဲကို ေရာက္ရွိလာ သူတစ္ဦးျဖစ္ၿပီး အသက္(၁၉)ေက်ာ္သာ ရွိေသးေပမဲ့ ေအာင္ျမင္ေနၿပီျဖစ္တဲ့ မင္းသမီးတစ္လက္လည္းျဖစ္ပါတယ္။

Photos : ေရႊမႈံရတီေဖ့စ္ဘြတ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ရွှေမှုံရတီက ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့စာသားကို ဖေ့စ်ဘွတ်ပေါ်မှာတင်ပြီး တစ်ရက်ကျော်အကြာမှာတော့ အဲဒါဟာ တကယ်မဟုတ်ပါဘူးလို့ ရွှေမှုံက ဆိုလိုက်ပါတယ်။

သူမဟာ နောက်လိုက်တာသာဖြစ်ကြောင်း၊ သူက သူမထင်ထားတာထက်တောင် သူမအပေါ်ပိုချစ်ကြောင်း ရွှေမှုံက အောက်တိုဘာလ ၇ ရက်နေ့ည ၁၀ နာရီခွဲခန့်မှာ ရေးသားလိုက်တာဖြစ်ပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၅ နာရီကျော်မှာ ရွှေမှုံရတီက "We break up" လို့ ရေးပြီး သူမရဲ့ဖေ့စ်ဘွတ်မှာ တင်လိုက်တဲ့အတွက် သူမကိုချစ်တဲ့ ပရိသတ်တွေကြားမှာ အတော်လေးဂယက်ရိုက်သွားခဲ့ပါတယ်။

ရွှေမှုံရတီက မတ်လ(၂၅)ရက်နေ့က ချစ်သူနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ပေါ်မှာ တင်ပြီး သူမရဲ့ချစ်သူကို ပရိသတ်ကို ပြသခဲ့ကာ မတ်လ ၂၇ ရက်နေ့မှာတော့ Live လွှင့်ကာ မောင်လို့ သူမ အမြတ်တနိုးခေါ်တဲ့ ချစ်သူကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာတော့ ရွှေမှုံဟာ ချစ်သူနဲ့တွဲလျက် ဓာတ်ပုံတွေတင်တာ သိပ်တွေ့ရလေ့တော့ မရှိခဲ့ပေမဲ့ သူမရေးသားတဲ့ စာတွေအရ သူတို့ရဲ့အချစ်ရေးအဆင်ပြေနေပုံပါပဲ။

အောက်တိုဘာလ ၄ ရက်နေ့က "တစ်ယောက်တည်း လမ်းမကြီးအလယ်မှာ ရင်ထဲအလွမ်းတွေနဲ့ပါ မောင်" ဆိုတဲ့ စာလေးကို ဖေ့စ်ဘွတ်မှာတင်ပြီး ချစ်သူကို လွမ်းနေကြောင်း ပြောခဲ့ပါသေးတယ်။

အဲဒီနောက်မှာ လမ်းခွဲလိုက်ပြီဆိုတဲ့စာသားကို တင်လိုက်တော့ ရွှေမှုံတစ်ယောက် နောက်နေတယ်လို့ ထင်တော့ ထင်မိကြပါတယ်။ ထင်တဲ့အတိုင်း နောက်နေတာဖြစ်လို့ တော်သေးတာပေါ့နော်။

ရွှေမှုံရတီ(Shwe Mhom Yati) ဟာ အနုပညာပျိုးခင်း(၁)ရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိလာ သူတစ်ဦးဖြစ်ပြီး အသက်(၁၉)ကျော်သာ ရှိသေးပေမဲ့ အောင်မြင်နေပြီဖြစ်တဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

Photos : ရွှေမှုံရတီဖေ့စ်ဘွတ်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top