ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

စိတ္ေကာင္းရွိဖိုသာ ပဓာနရယ္လို႔ မင္းကြန္းဆရာေတာ္ဘုရားႀကီးရဲ႕ ဆံုးမစကားကို ငယ္ရြယ္စဥ္တုန္းကေတာ့ ဖတ္သာဖတ္ဖူးတယ္ တကယ္အေရးႀကီးတယ္ဆိုတာ ေသခ်ာမသိခဲ့ဘူး.. လက္ေတြ႕ဘဝမွာ တကယ္လိုအပ္တာကို အသက္ႀကီးလာေလ သိလာေလပါပဲ။ ကိုယ္တစ္ဦးတစ္ေယာက္တည္း ေကာင္းေနရံုနဲ႔ မရတဲ႔ အေျခေနေတြလည္း ႀကံဳဖူးႀကတာပါပဲ။ ဟုတ္တယ္ဟုတ္.. ေစတနာထားၿပီး လုပ္ေပးလိုက္တယ္။ ေနာက္ေက်ာဓားနဲ႔ထိုးသြားတယ္တို႔ဘာတို႔.. ၾကံဳဖူးၾကမွာေပါ့ေနာ္.. ေယာင္းတို႔လည္း .. ဒါေၾကာင့္လည္း ေစတနာသည္ လူတိုင္းနဲ႔မတန္ဆိုတဲ့ စကားထြက္လာတာေပါ့.. ဟုတ္တယ္ဟုတ္.. ကဲ.. ေစတနာကို ခဏထားၿပီး စိတ္ေကာင္းေလးအေၾကာင္း ဆက္ေျပာၾကည့္ရေအာင္..

စိတ္ေကာင္းရွိဖို႔က ဘယ္သူေတြအတြက္ လိုတာလဲ.. ဘာေၾကာင့္လိုတာတဲ့လဲ?

#ကိုယ့္ဖိုု႔ဆိုတဲ့ တစ္ဘို႕တည္းသမားေတြအတြက္
တကယ္တမ္း စိတ္ေကာင္းရွိဖို႔က လူတိုင္းအတြက္လိုအပ္ပါတယ္။ ဒီလိုလူမ်ိဳးေတြအတြက္ေတာ့ အထူးအထူးလိုအပ္တာေပါ့… ကိုယ္တိုင္က တစ္ဖက္သားအေပၚ စိတ္ေကာင္းရွိခ်င္မွ ရွိမယ္.. ကိုယ့္အေပၚေတာ့ ေကာင္းကိုေကာင္းရမယ္ဆိုတဲ့ စိတ္ဓာတ္ပိုင္ရွင္ေလးေတြေပါ့.. သူတို႔ရဲ႕ စိတ္ဓာတ္အေျခခံေလးေတြကိုက ငါျဖစ္ေစခ်င္သလိုလုပ္၊ ငါလုပ္သလို မလုပ္နဲ႔ ဆိုတာမ်ိဳးေတြမဟုတ္လား.. အတၱႀကီးၾကတဲ့ လူမ်ိဳးေတြေပါ့.. ဒီလိုလူမ်ိဳးေတြက ကိုယ့္ကိုယ္ကိုယ္ခ်စ္တယ္ထင္ၾကေပမယ့္ တကယ္တမ္း မခ်စ္တတ္ၾကေသးတာပါ.. တကယ္တမ္းသာ ကိုယ့္ကိုယ္ကိုယ္ခ်စ္တတ္တယ္ဆိုရင္ ကိုယ့္ကို ဒါမ်ိဳးလုပ္လို႔ မႀကိဳက္ရင္ သူမ်ားဆိုလည္း ႀကိဳက္မွာမဟုတ္ဘူးဆိုတဲ့ စိတ္မ်ိဳးေလးေတြ ရွိၾကမွာေပါ့ေနာ္.. ေျပာရရင္ေတာ့ ကိုယ္ခ်င္းစာတရားေပါ့.. သူတို႔ေတြဟာ စိတ္ေကာင္းေလးနဲ႔ယွဥ္ၿပီး ကိုယ္ခ်င္းစာတရားကို ေမြးကို ေမြးသင့္ေနတဲ့သူေတြပါ။

#ကိုယ္ခ်င္းစာစိတ္ရွိေစခ်င္လို႔..
အေပၚက အေၾကာင္းအရာနဲ႔ ဆက္ေျပာရမယ္ဆိုရင္.. ကိုယ္ခ်င္းစာတရားက လူတိုင္းမွာ ရွိေနဖို႔လိုပါတယ္။ လူဆိုတဲ့အမ်ိဳးကလည္း ကိုယ္ခံရမွ၊ ကိုယ္တိုင္ခံစားဖူးမွ စာနာတတ္တာမ်ားၾကတာကလား။ စိတ္ဓာတ္အေျခခံမေကာင္းသူေတြေႀကာင့္ ကိုယ့္မွာလည္း အေႏွာက္အယွက္ေတြျဖစ္ရတာမ်ိဳးေတြ၊ အေစာ္ကားခံရတာမ်ိဳးေတြ၊ အႏိုင္က်င့္ခံရတာမ်ိဳးေတြ ၾကံဳလာခဲ့ရင္ အဲ့ဒီလူရဲ႕ အက်င့္ကို ျပဳျပင္ဖို႔ဆိုတာထက္ အရင္ဆံုးအေရးႀကီးတာက ကိုယ္က သူလိုလူမ်ိဳးျဖစ္မသြားဖို႔ပါ။ တစ္ဘက္သားရဲ႕ စိတ္ဟာ သူူ႕ဗီဇနဲ႔ သူ႕အက်င့္နဲ႔တင္ ျပဳျပင္လို႔ ရေကာင္းလည္းရမယ္၊ မရခ်င္လည္းမရဘူးျဖစ္ႏုိင္ေပမယ့္ ကိုယ့္ကိုယ္ကိုယ္ေတာ့ ျပဳျပင္လို႔ရပါတယ္။ ဟုတ္တယ္ဟုတ္.. သူတစ္ဘက္သားကို မေကာင္းၾကံတာေတြ၊ စိတ္ယုတ္မာနဲ႔ ေခ်ာက္တြန္းတာေတြ၊ အက်င့္မေကာင္းေပးတာေတြကို ကိုယ္က မလုပ္မိဖို႔ အရင္ႀကိဳးစားၾကည့္ပါ။ ျပဳျပင္ပါ။ စိတ္ေကာင္းေမြးပါေပါ့ေနာ္.. အရင္းစစ္ေတာ့လည္း 😀

Related Article >>> အားမေပးရင္ ေန၊ ဆြဲမခ်နဲ႔

#မိမ္ိကိုယ္တိုင္ စိတ္ခ်မ္းသာဖို႕။
လိပ္ျပာသန္႕တယ္ဆိုတာ ႀကားဖူးလား ေယာင္းတို႕ ။ ကိုယ့္လုပ္ရပ္ေတြဟာ တစ္ဦးတစ္ေယာက္ေသာ္လည္းေကာင္း ၊ လူတစ္စုကိုလည္းေကာင္း ထိခိုက္ေစတယ္ အက်ိဳးယုတ္ေစတယ္ ဆိုရင္ ညဘက္လြယ္လြယ္ကူကူ အိပ္ေပ်ာ္မယ္ မထင္ဘူး။ လူ႔ဘဝ က တိုပါတယ္.. ဒီလို အခ်ိန္ခဏေလးမွာေတာင္ ေန႔တိုင္းညတိုင္း ကိုယ္ရေနသမွ်ဟာ အကုသိုလ္ေတြပဲဆိုရင္ လူျဖစ္ရက်ိဳး နပ္ပါ့မလား။ ဟုတ္တယ္ဟုတ္.. ကိုယ့္ေၾကာင့္ သူတစ္ပါးစိတ္ခ်မ္းသာရတာ မခ်မ္းသာရတာကို ခဏေမ့ထားလိုက္ပါဦး..  သူမ်ားအေပၚစိတ္ေကာင္းထားတယ္၊ ကိုယ္ကလညး္မွန္မွန္ကန္ကန္ေနတယ္၊ ကိုယ့္ေၾကာင့္ သူတစ္ဘက္သားဒုကၡမေရာက္ဘူးဆိုတဲ့ စိတ္နဲ႔တင္ လိပ္ျပာသန္႔လို႔ အေတာ္ကို စိတ္ခ်မ္းသာစရာ ေကာင္းေနပါၿပီ။

#ေမတၱာထားတတ္ဖို႔
အရာရာတိုင္းကို ေမတၱာထားတတ္ဖို႕ဆိုတာ နည္းနည္းေတာ့ ခက္ပါတယ္ ။ ခက္ပါတယ္ဆိုတဲ႔အရာကိုပဲ လုပ္ယူရတာမွ ဘဝအဓိပၸာယ္မဟုတ္လား ။ စိတ္ေကာင္းေမြးဖို႔ဆိုတာကလည္း ပိုက္ဆံေပးမွတို႔ အိမ္ကလူႀကီးေတြကို ေၾကာက္လို႔တို႔ စသျဖင့္ေသာ အေၾကာင္းေတြရွိမွ ေမြးျမဴက်င့္ၾကံသင့္တာ မဟုတ္ဘူးရယ္ေလ ။ ကိုယ့္စိတ္က ဘယ္သူ႕ေပၚမဆို စိတ္ေကာင္းေလးထားၿပီး ကူညီတာ ေဖးမတာကိုက  မဂၤလာ ရွိေနတာပါပဲ။ ေမတၱာျခံဳလံုတယ္မဟုတ္လား ေယာင္းတို႔ရယ္.. ကိုယ္က စိတ္ေကာင္းေလးထားလိုက္တာ၊ ေမတၱာေတြေပးလိုက္တာ၊ ကူညီေဖးမလိုက္တာ ယုတ္စြအဆံုးေယာင္းတို႔ရယ္ ကိုယ့္အေပၚ မေကာင္းၾကံထားတဲ့သူကိုေတာင္ ခြင့္လႊတ္ေပးလိုက္တယ္ဆိုတာေတြဟာ ကိုယ့္စိတ္ကို အရင္ဆံုး ေအးခ်မ္းသြားေစတာပါ။ သူမ်ားကို ပူေစခ်င္လို႔ ကိုယ္က အရင္ အပူေတြ၊ မီးေတြ ကိုင္ေနရမွာထက္ သူမ်ားေအးခ်မ္းေစဖို႔ ကိုယ္ကိုယ္တိုင္ ေအးျမေနတာက ပိုေကာင္းတယ္မဟုတ္ပါလား… ေမတၱာတရားဟာ  သိပ္ကို လွပတဲ့ အရာတစ္ခုပါေယာင္းတို႔ေရ…

#ေလာကကို အလွဆင္ဖို႕။
ေလာကႀကီး ပ်က္စီးေနတာက လူဆိုးေတြမ်ားေနလို႔မဟုတ္ပါဘူး လူေကာင္းေတြရဲ႕ လ်စ္လွဴရူမႈ ေႀကာင့္ပါတဲ႔ ။ အဲ႔စကားေလးကို ေယာင္းတို႔ စဥ္းစားၾကည့္ေစခ်င္တယ္။ ကိုယ့္ေၾကာင့္ သူတစ္ပါးဒုကၡေရာက္သြားတာမဟုတ္ေပမယ့္ ကိုယ္ကသူတို႔ဒုကၡေရာက္မယ့္အေၾကာင္း သိေနပါလ်က္ကယ္နဲ႔ မေျပာလိုက္မိလို႔၊ သတိမေပးလိုက္မိလို႔ ဒီဒုကၡႀကီးနဲ႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ႀကံဳသြားရတယ္ဆို ကိုယ္လည္း အျပစ္မကင္းပါဘူး။ ကိုယ္ေၾကာင့္ ဘယ္သူပဲျဖစ္ျဖစ္ အဆင္ေျပသြားတယ္ဆိုရင္ကို ဘယ္ေလာက္ပီတိျဖစ္စရာေကာင္းလဲ ။ မဟုတ္ဘူူး သူတစ္ပါးအက်ိဳးပ်က္စီးမွ ကိုယ္စိတ္ခ်မ္းသာမယ္ဆိုရင္လည္း ပါးစပ္ကေန တစ္ခါေလာက္ အသံထြက္ရြတ္ဆိုလိုက္ပါ ။ငါက ေလာကကိုဖ်က္ဆီးမယ့္သူလား၊ ေလာကကို အလွဆင္မယ့္သူလားဆိုတာေပါ့.. ေလာကအလွဆင္မယ္ဆိုတာႀကီးက စကားလံုးႀကီး ႀကီးလြန္းပါတယ္.. ေျပာင္းေျပာၾကရေအာင္.. ကိုယ္က ေအးျမေအာင္ေနမယ့္သူလား၊ အပူေတာထဲ လူးလိမ့္ေနမယ့္သူလား ဆိုတာမ်ိဳးေပါ့..

Related Article >>> ရုပ္မလွေပမယ့္ စိတ္လွရင္ေတာ့ ဂုဏ္ယူလုိက္ပါ

စိတ္ေကာင္းရွိတာ စိတ္ယုတ္မာတယ္ဆိုတာကို အမ်ိဳးမ်ိဳးသတ္မွတ္ၾကပါတယ္ ။ ကိုယ္ႀကံဳလာရ ဆံုလာရတာေတြက သင္ျပသြားၾကတာပါပဲ။ ကိုယ့္အေတြ႕အႀကံဳေတြကပဲ ဘာကေကာင္းတယ္ ဘာကဆိုးတယ္ဆိုတာကို သင္ျပေပးသြားတာပါ။ ကိုယ္က ယူတတ္ဖို႔နဲ႔ မယူတတ္ဖို႔ဆိုတာပဲ ရွိတာရယ္ေလ ေနာ္… ကိုယ့္အေပၚမေကာင္းၾကံလိုက္ေပမယ့္ ဒါေၾကာင့္သူေအာင္ျမင္သြားတယ္ဆိုရင္ေရာ.. ဒါက ၿပီးျပည့္စံု၊ အျပစ္ကင္းတဲ့ ေအာင္ျမင္မႈတစ္ခုျဖစ္ႏုိင္ပါ့မလား.. ဒီလိုမ်ိဳးေပါ့။

ဘာေတြပဲ ျဖစ္လာျဖစ္လာ ငါသည္ ဘယ္ေတာ့မွ သူတစ္ပါးအက်ိဳး ပ်က္ဆီးရာပ်က္ဆီးေႀကာင္း မလုပ္ခဲ့ဘူးဆိုတာနဲ႔တင္ ညဘက္ေကာင္းေကာင္းအိပ္ေပ်ာ္သူဆိုရင္ေတာ့ ေယာင္းဟာ ကိုယ့္ကိုယ္ကိုယ္ ဂုဏ္ျပဳသင့္ေနပါၿပီ။ အက္ဒ္မင္လည္း ဒီလိုလူမ်ိဳးျဖစ္ဖို႔ ႀကိဳးစားေနဆဲပါလို႔… ပုထုဇဥ္ပဲေလ ေနာ္.. အခ်ိန္တိုင္းေတာ့ ဘယ္ စိတ္ေစတနာေကာင္းႀကီးပဲ ရွိႏိုင္ပါ့မလဲ.. ေဒါသထြက္တာမ်ိဳး၊ သူေတာင္ညစ္ေသးတာ ငါလည္း ပတ္လိုက္မယ္ဆိုတဲ့ စိတ္မ်ိဳးေလးေတြ တစ္ခါတေလေတာ့လည္း ပိစိေလးထြက္လာတတ္ေသးတာပဲ။ ဟုတ္တယ္ဟုတ္.. ဒါေၾကာင့္ အက္ဒ္မင္လည္း အျမဲတမ္း စိတ္ေကာင္းထားနုိင္ဖို႔ ႀကိဳးစားေနပါတယ္လို႔.. ေယာင္းတို႔လည္း စိတ္ေကာင္းေလးေတြေမြးၿပီး ေလာကအလွဆင္တဲ့သူေတြ ျဖစ္ႏုိင္ၾကပါေစ ေယာင္းတို႔ေရ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Wai Zin (  For Her Myanmar )

# Unicode Version #
စိတ်ကောင်းရှိဖိုသာ ပဓာနရယ်လို့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ဆုံးမစကားကို ငယ်ရွယ်စဉ်တုန်းကတော့ ဖတ်သာဖတ်ဖူးတယ် တကယ်အရေးကြီးတယ်ဆိုတာ သေချာမသိခဲ့ဘူး.. လက်တွေ့ဘဝမှာ တကယ်လိုအပ်တာကို အသက်ကြီးလာလေ သိလာလေပါပဲ။ ကိုယ်တစ်ဦးတစ်ယောက်တည်း ကောင်းနေရုံနဲ့ မရတဲ့ အခြေနေတွေလည်း ကြုံဖူးကြတာပါပဲ။ ဟုတ်တယ်ဟုတ်.. စေတနာထားပြီး လုပ်ပေးလိုက်တယ်။ နောက်ကျောဓားနဲ့ထိုးသွားတယ်တို့ဘာတို့.. ကြုံဖူးကြမှာပေါ့နော်.. ယောင်းတို့လည်း .. ဒါကြောင့်လည်း စေတနာသည် လူတိုင်းနဲ့မတန်ဆိုတဲ့ စကားထွက်လာတာပေါ့.. ဟုတ်တယ်ဟုတ်.. ကဲ.. စေတနာကို ခဏထားပြီး စိတ်ကောင်းလေးအကြောင်း ဆက်ပြောကြည့်ရအောင်..

စိတ်ကောင်းရှိဖို့က ဘယ်သူတွေအတွက် လိုတာလဲ.. ဘာကြောင့်လိုတာတဲ့လဲ?

#ကိုယ့်ဖိုု့ဆိုတဲ့ တစ်ဘို့တည်းသမားတွေအတွက်
တကယ်တမ်း စိတ်ကောင်းရှိဖို့က လူတိုင်းအတွက်လိုအပ်ပါတယ်။ ဒီလိုလူမျိုးတွေအတွက်တော့ အထူးအထူးလိုအပ်တာပေါ့… ကိုယ်တိုင်က တစ်ဖက်သားအပေါ် စိတ်ကောင်းရှိချင်မှ ရှိမယ်.. ကိုယ့်အပေါ်တော့ ကောင်းကိုကောင်းရမယ်ဆိုတဲ့ စိတ်ဓာတ်ပိုင်ရှင်လေးတွေပေါ့.. သူတို့ရဲ့ စိတ်ဓာတ်အခြေခံလေးတွေကိုက ငါဖြစ်စေချင်သလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ဆိုတာမျိုးတွေမဟုတ်လား.. အတ္တကြီးကြတဲ့ လူမျိုးတွေပေါ့.. ဒီလိုလူမျိုးတွေက ကိုယ့်ကိုယ်ကိုယ်ချစ်တယ်ထင်ကြပေမယ့် တကယ်တမ်း မချစ်တတ်ကြသေးတာပါ.. တကယ်တမ်းသာ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်တယ်ဆိုရင် ကိုယ့်ကို ဒါမျိုးလုပ်လို့ မကြိုက်ရင် သူများဆိုလည်း ကြိုက်မှာမဟုတ်ဘူးဆိုတဲ့ စိတ်မျိုးလေးတွေ ရှိကြမှာပေါ့နော်.. ပြောရရင်တော့ ကိုယ်ချင်းစာတရားပေါ့.. သူတို့တွေဟာ စိတ်ကောင်းလေးနဲ့ယှဉ်ပြီး ကိုယ်ချင်းစာတရားကို မွေးကို မွေးသင့်နေတဲ့သူတွေပါ။

#ကိုယ်ချင်းစာစိတ်ရှိစေချင်လို့..
အပေါ်က အကြောင်းအရာနဲ့ ဆက်ပြောရမယ်ဆိုရင်.. ကိုယ်ချင်းစာတရားက လူတိုင်းမှာ ရှိနေဖို့လိုပါတယ်။ လူဆိုတဲ့အမျိုးကလည်း ကိုယ်ခံရမှ၊ ကိုယ်တိုင်ခံစားဖူးမှ စာနာတတ်တာများကြတာကလား။ စိတ်ဓာတ်အခြေခံမကောင်းသူတွေကြောင့် ကိုယ့်မှာလည်း အနှောက်အယှက်တွေဖြစ်ရတာမျိုးတွေ၊ အစော်ကားခံရတာမျိုးတွေ၊ အနိုင်ကျင့်ခံရတာမျိုးတွေ ကြုံလာခဲ့ရင် အဲ့ဒီလူရဲ့ အကျင့်ကို ပြုပြင်ဖို့ဆိုတာထက် အရင်ဆုံးအရေးကြီးတာက ကိုယ်က သူလိုလူမျိုးဖြစ်မသွားဖို့ပါ။ တစ်ဘက်သားရဲ့ စိတ်ဟာ သူူ့ဗီဇနဲ့ သူ့အကျင့်နဲ့တင် ပြုပြင်လို့ ရကောင်းလည်းရမယ်၊ မရချင်လည်းမရဘူးဖြစ်နိုင်ပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ ပြုပြင်လို့ရပါတယ်။ ဟုတ်တယ်ဟုတ်.. သူတစ်ဘက်သားကို မကောင်းကြံတာတွေ၊ စိတ်ယုတ်မာနဲ့ ချောက်တွန်းတာတွေ၊ အကျင့်မကောင်းပေးတာတွေကို ကိုယ်က မလုပ်မိဖို့ အရင်ကြိုးစားကြည့်ပါ။ ပြုပြင်ပါ။ စိတ်ကောင်းမွေးပါပေါ့နော်.. အရင်းစစ်တော့လည်း 😀

Related Article >>> အားမပေးရင် နေ၊ ဆွဲမချနဲ့

#မိမိကိုယ်တိုင် စိတ်ချမ်းသာဖို့။
လိပ်ပြာသန့်တယ်ဆိုတာ ကြားဖူးလား ယောင်းတို့ ။ ကိုယ့်လုပ်ရပ်တွေဟာ တစ်ဦးတစ်ယောက်သော်လည်းကောင်း ၊ လူတစ်စုကိုလည်းကောင်း ထိခိုက်စေတယ် အကျိုးယုတ်စေတယ် ဆိုရင် ညဘက်လွယ်လွယ်ကူကူ အိပ်ပျော်မယ် မထင်ဘူး။ လူ့ဘဝ က တိုပါတယ်.. ဒီလို အချိန်ခဏလေးမှာတောင် နေ့တိုင်းညတိုင်း ကိုယ်ရနေသမျှဟာ အကုသိုလ်တွေပဲဆိုရင် လူဖြစ်ရကျိုး နပ်ပါ့မလား။ ဟုတ်တယ်ဟုတ်.. ကိုယ့်ကြောင့် သူတစ်ပါးစိတ်ချမ်းသာရတာ မချမ်းသာရတာကို ခဏမေ့ထားလိုက်ပါဦး..  သူများအပေါ်စိတ်ကောင်းထားတယ်၊ ကိုယ်ကလည်းမှန်မှန်ကန်ကန်နေတယ်၊ ကိုယ့်ကြောင့် သူတစ်ဘက်သားဒုက္ခမရောက်ဘူးဆိုတဲ့ စိတ်နဲ့တင် လိပ်ပြာသန့်လို့ အတော်ကို စိတ်ချမ်းသာစရာ ကောင်းနေပါပြီ။

#မေတ္တာထားတတ်ဖို့
အရာရာတိုင်းကို မေတ္တာထားတတ်ဖို့ဆိုတာ နည်းနည်းတော့ ခက်ပါတယ် ။ ခက်ပါတယ်ဆိုတဲ့အရာကိုပဲ လုပ်ယူရတာမှ ဘဝအဓိပ္ပာယ်မဟုတ်လား ။ စိတ်ကောင်းမွေးဖို့ဆိုတာကလည်း ပိုက်ဆံပေးမှတို့ အိမ်ကလူကြီးတွေကို ကြောက်လို့တို့ စသဖြင့်သော အကြောင်းတွေရှိမှ မွေးမြူကျင့်ကြံသင့်တာ မဟုတ်ဘူးရယ်လေ ။ ကိုယ့်စိတ်က ဘယ်သူ့ပေါ်မဆို စိတ်ကောင်းလေးထားပြီး ကူညီတာ ဖေးမတာကိုက  မင်္ဂလာ ရှိနေတာပါပဲ။ မေတ္တာခြုံလုံတယ်မဟုတ်လား ယောင်းတို့ရယ်.. ကိုယ်က စိတ်ကောင်းလေးထားလိုက်တာ၊ မေတ္တာတွေပေးလိုက်တာ၊ ကူညီဖေးမလိုက်တာ ယုတ်စွအဆုံးယောင်းတို့ရယ် ကိုယ့်အပေါ် မကောင်းကြံထားတဲ့သူကိုတောင် ခွင့်လွှတ်ပေးလိုက်တယ်ဆိုတာတွေဟာ ကိုယ့်စိတ်ကို အရင်ဆုံး အေးချမ်းသွားစေတာပါ။ သူများကို ပူစေချင်လို့ ကိုယ်က အရင် အပူတွေ၊ မီးတွေ ကိုင်နေရမှာထက် သူများအေးချမ်းစေဖို့ ကိုယ်ကိုယ်တိုင် အေးမြနေတာက ပိုကောင်းတယ်မဟုတ်ပါလား… မေတ္တာတရားဟာ  သိပ်ကို လှပတဲ့ အရာတစ်ခုပါယောင်းတို့ရေ…

#လောကကို အလှဆင်ဖို့။
လောကကြီး ပျက်စီးနေတာက လူဆိုးတွေများနေလို့မဟုတ်ပါဘူး လူကောင်းတွေရဲ့ လျစ်လှူရူမှု ကြောင့်ပါတဲ့ ။ အဲ့စကားလေးကို ယောင်းတို့ စဉ်းစားကြည့်စေချင်တယ်။ ကိုယ့်ကြောင့် သူတစ်ပါးဒုက္ခရောက်သွားတာမဟုတ်ပေမယ့် ကိုယ်ကသူတို့ဒုက္ခရောက်မယ့်အကြောင်း သိနေပါလျက်ကယ်နဲ့ မပြောလိုက်မိလို့၊ သတိမပေးလိုက်မိလို့ ဒီဒုက္ခကြီးနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်ကြုံသွားရတယ်ဆို ကိုယ်လည်း အပြစ်မကင်းပါဘူး။ ကိုယ်ကြောင့် ဘယ်သူပဲဖြစ်ဖြစ် အဆင်ပြေသွားတယ်ဆိုရင်ကို ဘယ်လောက်ပီတိဖြစ်စရာကောင်းလဲ ။ မဟုတ်ဘူူး သူတစ်ပါးအကျိုးပျက်စီးမှ ကိုယ်စိတ်ချမ်းသာမယ်ဆိုရင်လည်း ပါးစပ်ကနေ တစ်ခါလောက် အသံထွက်ရွတ်ဆိုလိုက်ပါ ။ငါက လောကကိုဖျက်ဆီးမယ့်သူလား၊ လောကကို အလှဆင်မယ့်သူလားဆိုတာပေါ့.. လောကအလှဆင်မယ်ဆိုတာကြီးက စကားလုံးကြီး ကြီးလွန်းပါတယ်.. ပြောင်းပြောကြရအောင်.. ကိုယ်က အေးမြအောင်နေမယ့်သူလား၊ အပူတောထဲ လူးလိမ့်နေမယ့်သူလား ဆိုတာမျိုးပေါ့..

Related Article >>> ရုပ်မလှပေမယ့် စိတ်လှရင်တော့ ဂုဏ်ယူလိုက်ပါ

စိတ်ကောင်းရှိတာ စိတ်ယုတ်မာတယ်ဆိုတာကို အမျိုးမျိုးသတ်မှတ်ကြပါတယ် ။ ကိုယ်ကြုံလာရ ဆုံလာရတာတွေက သင်ပြသွားကြတာပါပဲ။ ကိုယ့်အတွေ့အကြုံတွေကပဲ ဘာကကောင်းတယ် ဘာကဆိုးတယ်ဆိုတာကို သင်ပြပေးသွားတာပါ။ ကိုယ်က ယူတတ်ဖို့နဲ့ မယူတတ်ဖို့ဆိုတာပဲ ရှိတာရယ်လေ နော်… ကိုယ့်အပေါ်မကောင်းကြံလိုက်ပေမယ့် ဒါကြောင့်သူအောင်မြင်သွားတယ်ဆိုရင်ရော.. ဒါက ပြီးပြည့်စုံ၊ အပြစ်ကင်းတဲ့ အောင်မြင်မှုတစ်ခုဖြစ်နိုင်ပါ့မလား.. ဒီလိုမျိုးပေါ့။

ဘာတွေပဲ ဖြစ်လာဖြစ်လာ ငါသည် ဘယ်တော့မှ သူတစ်ပါးအကျိုး ပျက်ဆီးရာပျက်ဆီးကြောင်း မလုပ်ခဲ့ဘူးဆိုတာနဲ့တင် ညဘက်ကောင်းကောင်းအိပ်ပျော်သူဆိုရင်တော့ ယောင်းဟာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုသင့်နေပါပြီ။ အက်ဒ်မင်လည်း ဒီလိုလူမျိုးဖြစ်ဖို့ ကြိုးစားနေဆဲပါလို့… ပုထုဇဉ်ပဲလေ နော်.. အချိန်တိုင်းတော့ ဘယ် စိတ်စေတနာကောင်းကြီးပဲ ရှိနိုင်ပါ့မလဲ.. ဒေါသထွက်တာမျိုး၊ သူတောင်ညစ်သေးတာ ငါလည်း ပတ်လိုက်မယ်ဆိုတဲ့ စိတ်မျိုးလေးတွေ တစ်ခါတလေတော့လည်း ပိစိလေးထွက်လာတတ်သေးတာပဲ။ ဟုတ်တယ်ဟုတ်.. ဒါကြောင့် အက်ဒ်မင်လည်း အမြဲတမ်း စိတ်ကောင်းထားနိုင်ဖို့ ကြိုးစားနေပါတယ်လို့.. ယောင်းတို့လည်း စိတ်ကောင်းလေးတွေမွေးပြီး လောကအလှဆင်တဲ့သူတွေ ဖြစ်နိုင်ကြပါစေ ယောင်းတို့ရေ…

ဖိုးသူတော် (www.phothutaw.com)
Credit: Wai Zin (  For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top