Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေနျပည္ေတာ္ေလဆိပ္ တြင္ ယမန္ေန႔ညေနက ဦးၿဖိဳးကိုကို တင့္ဆန္းႏွင့္ ခရီးသြားေဖာ္အမ်ိဴးသား ႏွစ္ဦးထံမွ ေသနတ္ႏွစ္လက္ ဖမ္းမိခဲ့ ေၾကာင္း ေနျပည္ေတာ္တိုင္းရဲတပ္ဖြဲ႕မွ အဆင့္ျမင့္ရဲအရာရွိႀကီးတစ္ဦးက အ တည္ျပဳ ေျပာၾကားသည္။

 ေအာက္တိုဘာ ၁၅ ရက္ညေန ၅ နာရီဝန္းက်င္တြင္ ေနျပည္ေတာ္ေလဆိပ္၌ ဦးၿဖိဳးကို ကိုတင့္ဆန္းႏွင့္ ျမားပစ္လက္ေရြး စင္ေဟာင္းႏွစ္ဦးထံမွ ဖမ္းမိခဲ့ျခင္း ျဖစ္ေၾကာင္း ၎က ေျပာသည္။

ျမားပစ္လက္ေရြးစင္ေဟာင္းႏွစ္ ဦးမွာ ဦးရဲမင္းေဆြႏွင့္ ဦးေဇာ္ဝင္း ထိုက္တို႔ျဖစ္သည္။ ၎တို႔သံုးဦး ထံမွ မူးယစ္ေဆးဝါး အနည္းငယ္ ဖမ္းဆီးရမိခဲ့ေၾကာင္းလည္း ၎ က ဆက္လက္ေျပာသည္။

ဦးၿဖိဳးကိုကိုတင့္ဆန္းသည္ ယခင္ အားကစားဝန္ႀကီးေဟာင္း ဦးတင့္ဆန္း၏ သားျဖစ္သည္။ ၎သည္ လက္ရွိ ျမန္မာႏိုင္ငံ ျမားပစ္အဖြဲ႕ခ်ဳပ္ ဥကၠ႒ျဖစ္ၿပီး မၾကာေသးမီက ဖ်က္သိမ္းခဲ့သည့္ ေနျပည္ေတာ္ေဘာလံုးအသင္း၏ ပိုင္ရွင္ျဖစ္သည္။ ဦးရဲမင္းေဆြႏွင့္ ဦး ေဇာ္ဝင္းထိုက္တို႔သည္ ျမားပစ္ လက္ေရြးစင္ေဟာင္းမ်ားျဖစ္သ လို က်န္းမာေရးႏွင့္အားကစားဝန္ ႀကီးဌာန၊ အားကစားႏွင့္ကာယ ပညာဦးစီးဌာနလက္ေအာက္တြင္ တာဝန္ထမ္းေဆာင္ခဲ့ရာမွ ႏုတ္ ထြက္ခြင့္ေလွ်ာက္ထားခဲ့ၿပီး စက္ တင္ဘာ ၁၄ ရက္တြင္မွ တရား ဝင္ႏုတ္ထြက္ခြင့္ ရရွိထားသူမ်ား ျဖစ္သည္။

ကနဦးတြင္ ယမန္ေန႔ညေန က ေလဆိပ္၌ ေသနတ္ငါးလက္ ဖမ္းမိခဲ့ေၾကာင္း သတင္းမ်ား ထြက္ေပၚသျဖင့္  ေနျပည္ေတာ္ တိုင္းရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီးေဇာ္ခင္ ေအာင္ထံ 7Day Daily သတင္း စာက ဆက္သြယ္ေမးျမန္းရာ ‘‘ျဖစ္စဥ္ကေတာ့ မွန္ပါတယ္။ ဒါေပမဲ့  အဖြဲ႕အစည္းေတြနဲ႔ ဘာမွ မပတ္သက္ဘူး။ သာမန္ခရီးသြား တစ္ေယာက္စီက ရွာေဖြၿပီးမိတာ။ အေရအတြက္ကေတာ့ မင္းေျပာ သေလာက္မမ်ားဘူး။ လက္နက္ ကိုင္အဖြဲ႕အစည္းနဲ႔လည္း မပတ္ သက္ဘူး။ အၾကမ္းဖက္အဖြဲ႕ အစည္းနဲ႔လည္း မပတ္သက္ဘူး’’ ဟု ရဲမွဴးႀကီးေဇာ္ခင္ေအာင္က အေစာပိုင္းတြင္ အတည္ျပဳေျဖ ၾကားခဲ့သည္။

ယမန္ေန႔ညတြင္ လက္ နက္ႏွစ္လက္ဖမ္းဆီးမိသူမ်ားမွာ ဦးၿဖိဳးကိုကိုတင့္ဆန္းႏွင့္ အေပါင္း အပါ ႏွစ္ဦးတို႔ထံမွျဖစ္ေၾကာင္း7Day Daily က အတည္ျပဳႏိုင္ခဲ့ ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily

# Unicode Version #
နေပြည်တော်လေဆိပ် တွင် ယမန်နေ့ညနေက ဦးဖြိုးကိုကို တင့်ဆန်းနှင့် ခရီးသွားဖော်အမျိူးသား နှစ်ဦးထံမှ သေနတ်နှစ်လက် ဖမ်းမိခဲ့ ကြောင်း နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက အ တည်ပြု ပြောကြားသည်။

 အောက်တိုဘာ ၁၅ ရက်ညနေ ၅ နာရီဝန်းကျင်တွင် နေပြည်တော်လေဆိပ်၌ ဦးဖြိုးကို ကိုတင့်ဆန်းနှင့် မြားပစ်လက်ရွေး စင်ဟောင်းနှစ်ဦးထံမှ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြားပစ်လက်ရွေးစင်ဟောင်းနှစ် ဦးမှာ ဦးရဲမင်းဆွေနှင့် ဦးဇော်ဝင်း ထိုက်တို့ဖြစ်သည်။ ၎င်းတို့သုံးဦး ထံမှ မူးယစ်ဆေးဝါး အနည်းငယ် ဖမ်းဆီးရမိခဲ့ကြောင်းလည်း ၎င်း က ဆက်လက်ပြောသည်။

ဦးဖြိုးကိုကိုတင့်ဆန်းသည် ယခင် အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်း၏ သားဖြစ်သည်။ ၎င်းသည် လက်ရှိ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်ပြီး မကြာသေးမီက ဖျက်သိမ်းခဲ့သည့် နေပြည်တော်ဘောလုံးအသင်း၏ ပိုင်ရှင်ဖြစ်သည်။ ဦးရဲမင်းဆွေနှင့် ဦး ဇော်ဝင်းထိုက်တို့သည် မြားပစ် လက်ရွေးစင်ဟောင်းများဖြစ်သ လို ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ရာမှ နုတ် ထွက်ခွင့်လျှောက်ထားခဲ့ပြီး စက် တင်ဘာ ၁၄ ရက်တွင်မှ တရား ဝင်နုတ်ထွက်ခွင့် ရရှိထားသူများ ဖြစ်သည်။

ကနဦးတွင် ယမန်နေ့ညနေ က လေဆိပ်၌ သေနတ်ငါးလက် ဖမ်းမိခဲ့ကြောင်း သတင်းများ ထွက်ပေါ်သဖြင့်  နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင် အောင်ထံ 7Day Daily သတင်း စာက ဆက်သွယ်မေးမြန်းရာ ‘‘ဖြစ်စဉ်ကတော့ မှန်ပါတယ်။ ဒါပေမဲ့  အဖွဲ့အစည်းတွေနဲ့ ဘာမှ မပတ်သက်ဘူး။ သာမန်ခရီးသွား တစ်ယောက်စီက ရှာဖွေပြီးမိတာ။ အရေအတွက်ကတော့ မင်းပြော သလောက်မများဘူး။ လက်နက် ကိုင်အဖွဲ့အစည်းနဲ့လည်း မပတ် သက်ဘူး။ အကြမ်းဖက်အဖွဲ့ အစည်းနဲ့လည်း မပတ်သက်ဘူး’’ ဟု ရဲမှူးကြီးဇော်ခင်အောင်က အစောပိုင်းတွင် အတည်ပြုဖြေ ကြားခဲ့သည်။

ယမန်နေ့ညတွင် လက် နက်နှစ်လက်ဖမ်းဆီးမိသူများမှာ ဦးဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်း အပါ နှစ်ဦးတို့ထံမှဖြစ်ကြောင်း7Day Daily က အတည်ပြုနိုင်ခဲ့ ခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top