Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သံုးရက္ဆက္တိုက္ မအိပ္မိလိုက္လို႔ ႏွလံုးရပ္ၿပီး ေသဆံုးခဲ့ရဖူးသူလည္း ရွိပါတယ္။
အိပ္စက္ျခင္းဟာ က်န္းမာေရးအတြက္၊ ခႏၶာကိုယ္အတြက္ အေရးပါလွတယ္ဆိုေပမဲ့လည္း ဘယ္သူပဲ ျဖစ္ျဖစ္ အိပ္ေရးပ်က္ရတဲ့ ညေတြကိုႀကံဳဖူးၾကမွာပါ။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တစ္ညလံုး မအိပ္ရတဲ့ ညေတြရွိသလို နာရီအနည္းငယ္ေလာက္ပဲ အိပ္လိုက္ရတာမ်ိဳးလည္း ရွိပါတယ္။
အိပ္ေရးပ်က္တာဟာ ဘယ္႐ႈေထာင့္ကၾကည့္ၾကည့္ မေကာင္းလွပါဘူး။ မအိပ္ဘဲ ေနရတဲ့အခါ ဘာေတြျဖစ္လာမယ္ ထင္ပါသလဲ။
၁။ တစ္ရက္မအိပ္ဘဲ ေနရင္ သင့္ရဲ႕လႈပ္ရွားမႈေတြ ယိုင္နဲ႔လာမွာ ျဖစ္ၿပီး အာ႐ံုစိုက္ႏုိင္မႈလည္း ေလ်ာ့လာမွာပါ။ ေသြးထဲမွာ အယ္လ္ကိုေဟာ ၁၀ ရာခိုင္ႏႈန္းပါဝင္တာနဲ႔ အတူတူပါပဲ။ ေရရွည္မွာ ဦးေႏွာက္မွတ္ဉာဏ္ ထိခိုက္ႏိုင္ပါတယ္။

၂။ ႏွစ္ရက္မအိပ္ဘဲ ေနလိုက္ရင္ေတာ့ သင့္ကိုယ္ခႏၶာထဲမွာ ေအာက္ဆီဂ်င္ သိိသိသာသာနည္းလာပါလိမ့္မယ္။ အားအင္ခ်ိနဲ႔လာမွာပါ။ စကားေတြထစ္လာႏုိင္ၿပီး ေျပာေနက် စကားလံုးေတြ ေမ့လာႏုိင္ပါတယ္။

၃။ သံုးရက္ၾကာတဲ့အခါ အရာရာကို အာ႐ံုစိုက္ဖို႔ အေတာ္ေလး ႀကိဳးစားလာရပါၿပီ။ အဆင္မေျပတာာ ႀကံဳတဲ့အခါ အလြယ္တကူ လက္ေလွ်ာ့ခ်င္လာတက္ပါတယ္။ ႏွလံုးခုန္ေတြ ျမန္လာပါမယ္။

၄။ ေလးရက္ဆက္ၿပီး မအိပ္လိုက္ရင္ေတာ့ သင့္ရဲ႕ဦးေႏွာက္က အိပ္ေမာက်လုနီးနီးျဖစ္လာပါၿပီ။ လူက မအိပ္ေပမဲ့ ဦးေႏွာက္က အလုပ္မလုပ္သေလာက္ ျဖစ္ေနပါၿပီ။ ဦးေႏွာက္က ခိုးခိုးအိပ္ေနတာ ၅ စကၠန္႔ကေန ၁၀ စကၠန္႔ေလာက္ ၾကာတက္ပါတယ္။ အရိပ္ေတြ ႏွစ္ထပ္ျဖစ္လာပါမယ္။

၅။ ငါးရက္ဆက္တိုက္ ဆိုရင္ေတာ့ ေတြးေခၚႏုိင္စြမ္းနဲ႔ ျပႆနာေျဖရွင္းႏုိင္စြမ္းဟာ လံုးလံုးေလ်ာ့က်လာပါၿပီ။

၆။ ေျခာက္ရက္ေျမာက္ဆိုရင္ေတာ့ အိပ္ေရးပ်က္ျခင္း စိတ္ေဝဒနာ စတင္ၿပီလို႔ ဆိုႏုိင္ပါတယ္။ ထင္ေယာင္ထင္မွားေတြ စျဖစ္လာပါၿပီ။
၂၀၁၅ တုန္းကဆိုရင္ သံုးရက္ဆက္တုိက္မအိပ္ဘဲ ေနလိုက္တဲ့ အမ်ိဳးသားတစ္ဦး ႏွလံုးရပ္ၿပီး ေသဆံုးခဲ့ဖူးပါတယ္။

Source : Life

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MadiHealth

# Unicode Version #
သုံးရက်ဆက်တိုက် မအိပ်မိလိုက်လို့ နှလုံးရပ်ပြီး သေဆုံးခဲ့ရဖူးသူလည်း ရှိပါတယ်။
အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက်၊ ခန္ဓာကိုယ်အတွက် အရေးပါလှတယ်ဆိုပေမဲ့လည်း ဘယ်သူပဲ ဖြစ်ဖြစ် အိပ်ရေးပျက်ရတဲ့ ညတွေကိုကြုံဖူးကြမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် တစ်ညလုံး မအိပ်ရတဲ့ ညတွေရှိသလို နာရီအနည်းငယ်လောက်ပဲ အိပ်လိုက်ရတာမျိုးလည်း ရှိပါတယ်။
အိပ်ရေးပျက်တာဟာ ဘယ်ရှုထောင့်ကကြည့်ကြည့် မကောင်းလှပါဘူး။ မအိပ်ဘဲ နေရတဲ့အခါ ဘာတွေဖြစ်လာမယ် ထင်ပါသလဲ။
၁။ တစ်ရက်မအိပ်ဘဲ နေရင် သင့်ရဲ့လှုပ်ရှားမှုတွေ ယိုင်နဲ့လာမှာ ဖြစ်ပြီး အာရုံစိုက်နိုင်မှုလည်း လျော့လာမှာပါ။ သွေးထဲမှာ အယ်လ်ကိုဟော ၁၀ ရာခိုင်နှုန်းပါဝင်တာနဲ့ အတူတူပါပဲ။ ရေရှည်မှာ ဦးနှောက်မှတ်ဉာဏ် ထိခိုက်နိုင်ပါတယ်။

၂။ နှစ်ရက်မအိပ်ဘဲ နေလိုက်ရင်တော့ သင့်ကိုယ်ခန္ဓာထဲမှာ အောက်ဆီဂျင် သိသိသာသာနည်းလာပါလိမ့်မယ်။ အားအင်ချိနဲ့လာမှာပါ။ စကားတွေထစ်လာနိုင်ပြီး ပြောနေကျ စကားလုံးတွေ မေ့လာနိုင်ပါတယ်။

၃။ သုံးရက်ကြာတဲ့အခါ အရာရာကို အာရုံစိုက်ဖို့ အတော်လေး ကြိုးစားလာရပါပြီ။ အဆင်မပြေတာာ ကြုံတဲ့အခါ အလွယ်တကူ လက်လျှော့ချင်လာတက်ပါတယ်။ နှလုံးခုန်တွေ မြန်လာပါမယ်။

၄။ လေးရက်ဆက်ပြီး မအိပ်လိုက်ရင်တော့ သင့်ရဲ့ဦးနှောက်က အိပ်မောကျလုနီးနီးဖြစ်လာပါပြီ။ လူက မအိပ်ပေမဲ့ ဦးနှောက်က အလုပ်မလုပ်သလောက် ဖြစ်နေပါပြီ။ ဦးနှောက်က ခိုးခိုးအိပ်နေတာ ၅ စက္ကန့်ကနေ ၁၀ စက္ကန့်လောက် ကြာတက်ပါတယ်။ အရိပ်တွေ နှစ်ထပ်ဖြစ်လာပါမယ်။

၅။ ငါးရက်ဆက်တိုက် ဆိုရင်တော့ တွေးခေါ်နိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းဟာ လုံးလုံးလျော့ကျလာပါပြီ။

၆။ ခြောက်ရက်မြောက်ဆိုရင်တော့ အိပ်ရေးပျက်ခြင်း စိတ်ဝေဒနာ စတင်ပြီလို့ ဆိုနိုင်ပါတယ်။ ထင်ယောင်ထင်မှားတွေ စဖြစ်လာပါပြီ။
၂၀၁၅ တုန်းကဆိုရင် သုံးရက်ဆက်တိုက်မအိပ်ဘဲ နေလိုက်တဲ့ အမျိုးသားတစ်ဦး နှလုံးရပ်ပြီး သေဆုံးခဲ့ဖူးပါတယ်။

Source : Life
Photos : magicbulletblog.com

ဖိုးသူတော် (www.phothutaw.com)
Credit: MadiHealth
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top