Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ေလခ်ဥ္တက္ျခင္းဟာ လူေတြ ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ ပံုမွန္အရာတစ္ခုပါပဲ။ ေလခံေနရင္ ရင္ထဲေနလို႔မေကာင္းဘူး။ ေလခ်ဥ္ေလးတက္လိုက္ရင္ ေပါ့သြားေရာ။ ေလခ်ဥ္တက္တယ္ဆုိတာဟာ တကယ္ေတာ့ အစာအိမ္ သို႔မဟုတ္ အစာျပြန္ထဲကေလေတြဟာ အေပၚကိုတက္လာၿပီး ပါးစပ္ကေန ထြက္လာတာသာ ျဖစ္ပါတယ္။ ေလခ်ဥ္တက္ျခင္းနဲ႔အတူ ေနာက္ဆက္တြဲလကၡဏာေတြပါ ဆက္ျဖစ္လာတယ္ဆုိရင္ေတာ့ ဆရာဝန္ဆီ ျမန္ျမန္သြားဖုိ႔ လိုပါၿပီ။

၁။ ေအာ့အန္ျခင္း

အန္တယ္ဆုိတာက သူ႕ခ်ည္းသက္သက္ ထျဖစ္တယ္ဆိုရင္ေတာင္ စိုးရိမ္ရတဲ့လကၡဏာတစ္ခုပါ။ ဒါ့အျပင္ မရပ္မနား ေလခ်ဥ္တက္တာနဲ႔ပါ ေပါင္းျဖစ္တယ္ဆိုရင္ေတာ့ စိုးရိမ္စရာပိုေကာင္းသြားတယ္။ အစာအိမ္မွာအက္ဆစ္မ်ားေနတာ ျဖစ္ႏိုင္ပါတယ္။

၂။ အစာစားခ်င္စိတ္နည္းၿပီး ဝိတ္က်သြားတယ္

ဘာမွမလုပ္ပါဘဲနဲ႔ အစာလည္းမစားခ်င္၊ ဝိတ္ကလည္း အခ်ိန္တိုတြင္းမွာ ၁၀ ေပါင္နဲ႔အထက္ က်သြားတယ္ဆိုရင္ သတိထားရမယ့္ လကၡဏာတစ္ခုပါပဲ။ ကင္ဆာေရာဂါတစ္ခုခု အစပ်ိဳးၿပီဆုိရင္ ဒီလိုျဖစ္ေလ့ရွိပါတယ္။ အၿမဲတမ္း ေလခ်ဥ္တက္ၿပီး အစာမစားႏိုင္ ဝိတ္က်တယ္ဆုိတာဟာ ကင္ဆာ၊ အစာအိမ္ေရာင္ရမ္းျခင္း၊ ပိုးဝင္ျခင္းနဲ႔ အစာအိမ္အနာျဖစ္ေနမ်ိဳးတို႔နဲ႔ ဆက္စပ္ေနေလ့႐ွိပါတယ္။

၃။ ဝမ္းဗိုက္ေရာင္ရမ္းျခင္း/ဗိုက္ပူျခင္း

ေလခ်ဥ္တက္ျခင္းက ေတာက္ေလွ်ာက္ျဖစ္ေနေပမဲ့ ဝမ္းပံုမွန္မသြားဘူး။ ဝမ္းခ်ဳပ္တဲ့အတြက္ ဝမ္းဗိုက္ကလည္း ပူလာတယ္။ အစာအိမ္ထဲမွာ အစာေဟာင္းေတြပိတ္ဆို႔လာတာေၾကာင့္ လူက ေနလို႔ထိုင္လို႔ မေကာင္းေတာ့ပါဘူး။ ဗိုက္ေအာင့္တာလည္း ၾကံဳရႏိုင္ပါတယ္။

Source : Prevention

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #
လေချဉ်တက်ခြင်းဟာ လူတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံမှန်အရာတစ်ခုပါပဲ။ လေခံနေရင် ရင်ထဲနေလို့မကောင်းဘူး။ လေချဉ်လေးတက်လိုက်ရင် ပေါ့သွားရော။ လေချဉ်တက်တယ်ဆိုတာဟာ တကယ်တော့ အစာအိမ် သို့မဟုတ် အစာပြွန်ထဲကလေတွေဟာ အပေါ်ကိုတက်လာပြီး ပါးစပ်ကနေ ထွက်လာတာသာ ဖြစ်ပါတယ်။ လေချဉ်တက်ခြင်းနဲ့အတူ နောက်ဆက်တွဲလက္ခဏာတွေပါ ဆက်ဖြစ်လာတယ်ဆိုရင်တော့ ဆရာဝန်ဆီ မြန်မြန်သွားဖို့ လိုပါပြီ။

၁။ အော့အန်ခြင်း

အန်တယ်ဆိုတာက သူ့ချည်းသက်သက် ထဖြစ်တယ်ဆိုရင်တောင် စိုးရိမ်ရတဲ့လက္ခဏာတစ်ခုပါ။ ဒါ့အပြင် မရပ်မနား လေချဉ်တက်တာနဲ့ပါ ပေါင်းဖြစ်တယ်ဆိုရင်တော့ စိုးရိမ်စရာပိုကောင်းသွားတယ်။ အစာအိမ်မှာအက်ဆစ်များနေတာ ဖြစ်နိုင်ပါတယ်။

၂။ အစာစားချင်စိတ်နည်းပြီး ဝိတ်ကျသွားတယ်

ဘာမှမလုပ်ပါဘဲနဲ့ အစာလည်းမစားချင်၊ ဝိတ်ကလည်း အချိန်တိုတွင်းမှာ ၁၀ ပေါင်နဲ့အထက် ကျသွားတယ်ဆိုရင် သတိထားရမယ့် လက္ခဏာတစ်ခုပါပဲ။ ကင်ဆာရောဂါတစ်ခုခု အစပျိုးပြီဆိုရင် ဒီလိုဖြစ်လေ့ရှိပါတယ်။ အမြဲတမ်း လေချဉ်တက်ပြီး အစာမစားနိုင် ဝိတ်ကျတယ်ဆိုတာဟာ ကင်ဆာ၊ အစာအိမ်ရောင်ရမ်းခြင်း၊ ပိုးဝင်ခြင်းနဲ့ အစာအိမ်အနာဖြစ်နေမျိုးတို့နဲ့ ဆက်စပ်နေလေ့ရှိပါတယ်။

၃။ ဝမ်းဗိုက်ရောင်ရမ်းခြင်း/ဗိုက်ပူခြင်း

လေချဉ်တက်ခြင်းက တောက်လျှောက်ဖြစ်နေပေမဲ့ ဝမ်းပုံမှန်မသွားဘူး။ ဝမ်းချုပ်တဲ့အတွက် ဝမ်းဗိုက်ကလည်း ပူလာတယ်။ အစာအိမ်ထဲမှာ အစာဟောင်းတွေပိတ်ဆို့လာတာကြောင့် လူက နေလို့ထိုင်လို့ မကောင်းတော့ပါဘူး။ ဗိုက်အောင့်တာလည်း ကြုံရနိုင်ပါတယ်။

Source : Prevention

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top