Golden City Promotion
×

          ရြာေတာ္စံျပေက်းရြာ ရြာသူ၊ ရြာသားမ်ား၏ စည္းလံုးညီၫြတ္မႈလမ္းကုိ ေတြ႕ရစဥ္
ေရႊဘိုၿမိဳ႕မွ ေရဦးတန္႔ဆည္ဘက္သြားသည့္ ေရႊဘို-ေညာင္ပင္သာလမ္းေပၚ ေရာက္ခဲ့မည္ဆိုလွ်င္ လမ္း၏ ညာဘက္ျခမ္းရွိ ဆိုင္းဘုတ္တစ္ခုကို သတိထားမိႏုိင္ပါသည္။  အဂၤေတျဖင့္ အခိုင္အခံ့ ျပဳလုပ္ထားသည့္ ထိုဆိုင္းဘုတ္ေပၚတြင္ ရြာေတာ္စံျပေက်းရြာ စည္းလံုးညီၫြတ္မႈလမ္းဟု ေရးသားထားၿပီး ထိုဆိုင္းဘုတ္၏ နံေဘးတြင္ စိမ္းစိုေနေသာ စပါးခင္းမ်ားၾကား ေကြ႕၀ိုက္ကာ ျဖတ္ေဖာက္ထားေသာ လမ္းကေလးတစ္ခုကို ေတြ႕ရမည္။ ထိုလမ္းကေလးထိပ္ကေန လမ္းကေလးဦးတည္ရာဆီ လွမ္းၾကည့္မည္ဆိုလွ်င္ ခပ္ေ၀းေ၀းတြင္ ေက်းရြာကေလးတစ္ရြာကို မႈန္ပ်ပ်ေလး ေတြ႕ျမင္ရမည္ျဖစ္သည္။
လမ္းကေလးဟုသာ သံုးႏႈန္းရေသာ္လည္း အမွန္တကယ္ေတာ့ လမ္းကေလးအဆင့္ မဟုတ္ပါ။ ႏိုင္လြန္ကတၱရာျဖင့္ ခင္းက်င္းထားေသာ ထိုလမ္းကေလးက မသိလွ်င္ ၿမိဳ႕နယ္တစ္ခုသို႔သြားမည့္ လမ္းခြဲတစ္ခုလားဟု ထင္မွတ္ႏိုင္စရာရွိသည္။ လမ္းမႀကီးေပၚမွ ရြာတြင္းအထိ ေပ ၅,၄၀၀ေက်ာ္ေက်ာ္ ရွည္လ်ားေသာ ထိုကတၱရာလမ္းကေလးက ရြာေတာ္စံျပေက်းရြာဆီသြားသည့္ ေက်းလက္လမ္းကေလးသာ ျဖစ္သည္။  ဆိုင္းဘုတ္ေပၚတြင္ ေရးထိုးထားသည့္ ‘စည္းလံုးညီၫြတ္မႈလမ္း’ဟူသည့္ အမည္နာမသည္ ထိုလမ္းကေလးကို ရည္ၫႊန္းျခင္း ျဖစ္ေလသည္။

လြန္ခဲ့သည့္ ႏွစ္ေပါင္း ၃၀ေက်ာ္ ၁၉၈၈ အေရးေတာ္ပံုမတိုင္မီက ထိုလမ္းကေလး မရွိခဲ့ေသးပါ။ ေရႊဘို-ေညာင္ပင္သာလမ္း ႏွင့္ လယ္ကြင္းမ်ားျခားေနသည့္ ရြာေတာ္ေက်းရြာေလးမွာ လမ္းမရွိ၍ လယ္ကန္သင္း႐ိုးေပၚမွသာ ခက္ခက္ခဲခဲ သြားလာရသည္။ ေရႊဘိုၿမိဳ႕ႏွင့္ ေျခာက္မိုင္သာ ကြာေ၀းေသာ္လည္း ႏွစ္နာရီ၊ သုံးနာရီၾကာေအာင္ သြားၾကရသည္။ ကေလးေတြဆိုလည္း ရြာမွာမူလတန္းသာရွိ၍ အျခားရြာ ေက်ာင္းသြားတက္ရသည့္အခါ ကရိကထ မ်ားလွသည္။

မိုးအခါ ရႊံ႕ေတြ၊ ဗြက္ေတြၾကား ခက္ခက္ခဲခဲ ပညာသင္သြားၾကရသည္။ ရြာမွာရွိသည့္ ျမင္းလွည္းဆိုလွ်င္လည္း ျမင္းသာရြာကို ေခၚလာရသည္။ လွည္းကိုေတာ့ ေရႊဘို-ေညာင္ပင္သာလမ္းေပၚက အျခားရြာေတြမွာ ထားခဲ့ၾကရသည္။ လမ္းမရွိ၍ ရြာတြင္းယူလာဖို႔မလြယ္။ စက္ဘီးဆိုလွ်င္ေတာ့ ထမ္းသယ္သြားၾကသည္။  

ထိုအခ်ိန္တြင္ ရြာေတာ္ေက်းရြာရွိ အမ်ိဳးသမီးငယ္တစ္ဦး ကိုယ္ေလးလက္၀န္ရွိကာ ကေလးေမြးဖြားဖို႔ အေၾကာင္းဖန္လာသည္။

ဒုတိယကိုယ္၀န္ေဆာင္ျခင္းလည္း ျဖစ္၊ ေက်းလက္ေတာသူ ေတာင္သားမ်ားမို႔ ရြာမွာတင္ ေမြးေလ့ေမြးထရွိတာလည္း ျဖစ္ျခင္းတို႔ေၾကာင့္ ထိုကိုယ္၀န္ေဆာင္ အမ်ိဳးသမီးမွာ ခပ္ေအးေအးပင္။ သို႔ေသာ္ တကယ္တမ္းေမြးဖြားခ်ိန္တြင္ ယခင္သားဦးေမြးစဥ္တုန္းကလို အဆင္မေျပေတာ႔။ ေနာက္ဆံုး ေရႊဘိုေဆး႐ံုပို႔ဖို႔သာ ဆံုးျဖတ္္ၾကသည္။ ကိုယ္၀န္ေဆာင္ကိုပို႔ဖို႔ လွည္းအျမန္ဆင္ရသည္။

ေရႊဘုိေဆး႐ံုသြားဖို႔က ရြာေတာင္ဘက္ရွိ ေရႊဘို-ေညာင္ပင္သာလမ္းေပၚ သြား၍မရ။ လူသြား႐ံု လယ္ကန္သင္း႐ိုးလမ္းေသးသာရွိသည္မို႔ ရြာအေရွ႕ဘက္က ရြာတစ္ခုကေနျဖတ္ကာ ေခ်ာင္းေပါင္လမ္းအတိုင္း သြားရသည္။ ကံမ်ားဆိုးခ်င္ေတာ႔ တန္ေဆာင္ မုန္းလျဖစ္တာေတာင္ မိုးကမကုန္ေသးတာေၾကာင့္ ရႊံ႕ဗြက္ေတြထ ကာ ေျမသားလမ္းေတြ ပ်က္ေလသည္။ ေခ်ာင္းေပါင္လမ္းေပၚက လည္း မိုးရြာထား၍ သြားမရတာေၾကာင့္ ေခ်ာင္းထဲကေန ဆင္းေမာင္းရသည္။  ေျခာက္မိုင္သာကြာေ၀းေသာ္လည္း လမ္းေတြမေကာင္းေသာေၾကာင့္ ႏွစ္နာရီေက်ာ္၊ သုံးနာရီေလာက္ေနမွ  ေရႊဘိုေဆး႐ုံ ေရာက္သည္။ ေရႊဘိုေဆး႐ံုေရာက္ေတာ့ ထိုကိုယ္၀န္ေဆာင္ အမ်ိဳးသမီးငယ္ အသက္မမီေတာ့။ မိခင္တင္မက ကေလးအသက္ပါ မကယ္ႏိုင္ေတာ့။ မိခင္ေရာ ရင္ေသြးပါ ဆံုး႐ႈံးခဲ့ရသည္။ ရြာသူရြာသားေတြလည္း အျဖစ္ဆိုးႏွင္႔ ႀကံဳခဲ႔ရသည့္ ကိုယ့္ရြာသူအတြက္ စိတ္ထိခိုက္ၾကရသည္။ ၿမိဳ႕ႏွင့္ ေျပာပေလာက္ေအာင္ မေ၀းလွဘဲ သြားရလာရ ခက္ခဲလွသည့္ မိမိတို႔အေျခအေနကို မခ်ိတင္ကဲ ျဖစ္ၾကရသည္။ ေနာက္ဆံုး ရြာသူ၊ ရြာသားေတြ တိုင္ပင္ၾကသည္။ လမ္းေဖာက္ၾကမည္ဟု။

အနီးဆံုးျဖစ္သည့္ ေရႊဘို-ေညာင္ပင္သာလမ္းေပၚကို တက္ဖို႔ လမ္းတစ္ခုေဖာက္ဖို႔ စဥ္းစားၾကသည္။ အနီးဆံုးဟုသာ ဆိုေသာ္လည္း အကြာအေ၀းက တစ္မိုင္နီးပါး ရွိေနသည္။ ထိုလမ္းႀကီးႏွင့္ရြာၾကားမွာ စပါးခင္းေတြကအ ျပည့္။ လမ္းေဖာက္မည္ဆိုလွ်င္ ထိုလယ္ကြင္းေတြေပၚ မျဖစ္မေန ျဖတ္ေဖာက္ရေတာ့မည္။ ဘယ္လိုပဲျဖစ္ျဖစ္ လုပ္စားေျမေတြ အနည္းႏွင့္အမ်ား ဆံုး႐ႈံးဦးမည္။ ႏိုင္ငံေတာ္စီမံကိန္းမဟုတ္၍ ေလ်ာ္ေၾကးလည္း ရမည္မဟုတ္။ ထိုလယ္ပိုင္ရွင္ေတြက ရြာေတာ္ကလည္းပါသလို အျခားရြာေတြကလည္းပါသည္။ လမ္းေကာ္မတီကလည္း အားနာနာႏွင့္ပင္ ထိုလယ္ပိုင္ရွင္ေတြကို လမ္းကေလးေဖာက္မည့္အေၾကာင္း ခြင့္ေတာင္းရသည္။ လယ္ပိုင္ရွင္ေတြကလည္း အမ်ားေကာင္းက်ဳိးမို႔ ၾကည္ၾကည္သာသာပင္ ခြင့္ျပဳခဲ့ၾကသည္။

လယ္ပိုင္ရွင္ေတြခြင့္ျပဳေတာ့ လမ္းေဖာက္ဖို႔ျပင္ၾကသည္။ ရြာရွိအိမ္ေထာင္စုေတြ တစ္အိမ္ေထာင္ကို လူဦးေရအလိုက္ ေျမသုံးက်င္းမွ ငါးက်င္းအထိ လမ္းေဖာက္ဖို႔ ခင္းၾကရသည္။ တစ္က်င္းလွ်င္ ၁၀ ေပပတ္လည္ အနက္တစ္ေပရွိသည္မို႔ လြယ္သည့္အလုပ္ေတာ့မဟုတ္။ သို႔ေသာ္ ကိုယ့္ရြာကိုယ့္လမ္းေပါက္ဖို႔အေရး ကိုယ္စီကိုယ္စီ အလုပ္ေတြထားရစ္ခဲ့ကာ လမ္းလာခင္းၾကသည္။ ထိုသို႔ျဖင့္ မူလက လမ္းမေပါက္ခဲ့သည့္ ရြာေတာ္ရြာမွာ ေျမသားလမ္းကေလးေတာ့ ျဖစ္သြားခဲ့ၾကသည္။ သို႔ေသာ္…

သို႔ေသာ္ ႐ိုး႐ိုးေျမသားလမ္းသာ ျဖစ္သည့္အတြက္ ေႏြအခါ၊ေဆာင္းအခါ မေျပာသာေသာ္လည္း မိုးအခါေရာက္လာလွ်င္ေတာ့ ဒုကၡလွလွ ေတြ႕ၾကပါၿပီ။ ရႊံ႕ေတြ၊ ဗြက္ေတြျဖင့္ ထိုေျမသားလမ္းကေလး သြား၍လာ၍ မေကာင္းေတာ့။ မိုးမ်ားလွ်င္ ေရေတြျပည့္ကာ လမ္းပ်က္စီးရျပန္သည္။  ရြာက လက္လုပ္လက္စားေ တာသူေတာင္သားမ်ားသာမို႔ မိုးကုန္လွ်င္ ေျမျပန္ဖို႔႐ံုကလြဲလို႔ ဒီ ထက္ေကာင္းသည့္ လမ္းတစ္ခု မျဖစ္လာႏိုင္ခဲ့။ ထိုသို႔ ေျမသားလမ္းဘ၀ျဖင့္ ဆယ္စုႏွစ္တစ္ခုေက်ာ္ ၾကာျမင့္ခဲ့သည္။ ၂၀၀၄ ခုႏွစ္ခန္႔ ေရာက္လာခ်ိန္တြင္ေတာ့ ထိုေျမသားလမ္းအဆင့္တင္ ေက်နပ္မေနႏိုင္ၾကေတာ့။ လမ္းေကာ္မတီျပန္ဖြဲ႕ကာ ေျမသားလမ္းမွသည္ ေက်ာက္ေခ်ာလမ္းသို႔ လမ္းအဆင့္ တစ္ဆင့္ျမႇင့္ဖို႔ တိုင္ပင္ၾကေတာ့သည္။

ရြာထဲမွာ တစ္အိမ္ဘယ္ေလာက္ဆိုၿပီး ထည့္၀င္ခိုင္းရသည္။ ရြာသူ ရြာသားေတြကလည္း ေနာင္အေရးေျမာ္ေတြးၿပီး လမ္းကေလးေကာင္းဖို႔ ရႊင္ရႊင္ပ်ပ်ပင္ ထည့္၀င္ၾကသည္။ သို႔ေသာ္ ေက်ာက္ေခ်ာလမ္းအဆင့္မို႔ ကုန္

က်ေငြမ်ားတာေၾကာင့္ ခ်က္ခ်င္းလမ္းမေဖာက္ႏိုင္။ ေက်ာက္ကေလးေတြ တျဖည္းျဖည္း ၀ယ္စုကာ ပံုထားရသည္။ တစ္ႏွစ္ေလာက္ၾကာေတာ့ လမ္းေဖာက္ဖို႔ လိုအပ္တာေတြ ျပည့္စံုသြားသည္။ ၿမိဳ႕နယ္စည္ပင္ကေန ေက်ာက္သယ္ဖို႔ယာဥ္ႏွင့္ လမ္းႀကိတ္စက္အကူအညီေတာင္းရသည္။ ထိုယာဥ္ေတြအတြက္ လုပ္သားငွားရသည္။ လမ္းေဖာက္အေတြ႕အႀကံဳရွိ လုပ္သားအခ်ဳိ႕လည္း ငွားရသည္။ ေက်ာက္ခြဲစက္တစ္ခုလည္း ငွားကာ ရြာသူရြာသားေတြပင္ ေက်ာက္ခြဲၾကသည္။  အမ်ိဳးသမီးေတြက ရြာႏွင့္မနီးမေ၀းက ေခ်ာင္းမွာ ရြာရွိ ေထာ္လာဂ်ီေတြျဖင့္  သဲတိုက္ၾကသည္။  ေရသယ္ၾကသည္။ ရြာသူရြာသားေတြ စုစုစည္းစည္းျဖင့္ ေျမသားလမ္းလုပ္စဥ္ကအတိုင္း ၀ိုင္း၀န္းလုပ္အား ေပးၾကရင္း ေက်ာက္ေခ်ာလမ္းေလးအျဖစ္ အေကာင္အထည္ ေပၚလာခဲ့သည္။

 ေျမသားလမ္းမွသည္ ေက်ာက္ေခ်ာလမ္းအဆင့္ ျဖစ္လာခဲ့ေသာ္လည္း ရြာသူရြာသားေတြ မတင္းတိမ္ႏိုင္ေသး။ ယခင္ထက္စာလွ်င္ လမ္းေကာင္းလာသည္မွာ မွန္ေသာ္လည္း ရြာသူရြာသားေတြ သေဘာက ၿမိဳ႕ေပၚလမ္းအခ်ဳိ႕လို ကတၱရာလမ္းေခ်ာေခ်ာ ျဖစ္ခ်င္ၾကသည္။ သို႔ေသာ္ကတၱရာလမ္း အဆင့္ျမႇင့္မည္ဆိုလွ်င္ သူတို႔အားျဖင့္ ႏိုင္ဖို႔မလြယ္။ ဤသို႔ျဖင့္ ေက်ာက္ေခ်ာလမ္း အဆင့္တြင္လည္း ဆယ္ႏွစ္ခန္႔ ၾကာ ခဲ့ျပန္ေလသည္။

၂၀၁၃ ၀န္းက်င္တြင္ ရြာသူ ရြာသားေတြ ကတၱရာလမ္း အိပ္ မက္တစ္စခန္းထလာခဲ့သည္။ ရြာသူရြာသားေတြ စု႐ံုးတိုင္ပင္ရင္း ကတၱရာလမ္းအိပ္မက္ ထပ္ဆက္ ဖို႔ စီစဥ္ၾကသည္။
သာယာလွပေသာ ပတ္ဝန္းက်င္႐ႈခင္းႏွင့္အတူ ေတြ႕ရသည့္ ရြာေတာ္စံျပေက်းရြာ စည္းလံုးညီၫြတ္မႈလမ္း
    ထိုအိပ္မက္ အေကာင္အ ထည္ေပၚလာဖို႔ ၿမိဳ႕နယ္တာ၀န္ရွိသူေတြဆီ တင္ျပစဥ္ ကတၱရာ ၂၅ တန္ ခ်ေပးမည္ဟု သတင္းစကားရလာခ့ဲသည္။ ရြာသူရြာသားေတြ ေပ်ာ္ၾကသည္။ သို႔ေသာ္ ကတၱရာလမ္းဆိုေသာ္လည္း ကတၱရာရ႐ံု ျဖင့္ ၿပီးသည္မဟုတ္။ ေက်ာက္ ေပါင္းစံုလိုမည္။ ကတၱရာက်ဳိဖို႔ ထင္းလိုမည္။ သဲေတြ၊ ေရေတြလို မည္။ ကြၽမ္းက်င္လုပ္သား နည္းနည္းလည္း ငွားရမည္။ ထိုအရာေတြအတြက္ အဓိက ပိုက္ဆံလို ေတာ့မည္။

လိုအပ္ခ်က္ေတြ အမ်ားႀကီးရွိေနေသာ္လည္း ရြာေတာ္ရြာ၏ ကတၱရာလမ္းအိပ္မက္က ေရွ႕ေဆာင္လြန္းအားႀကီးေနသည္မို႔ အခက္အခဲေတြ ဘယ္လိုပဲရွိရွိ ေရွ႕ဆက္ဖို႔ ျပင္ၾကသည္။ တစ္အိမ္ေထာင္ႏႈန္းထား ဘယ္ေလာက္ဟုသတ္မွတ္ကာ လမ္းျပင္ဖို႔ ေငြထည့္၀င္ၾကရျပန္သည္။ ရြာရွိ အိမ္ေထာင္စုေတြတင္မက မေလးရွားေရာက္ေနသည့္ ရြာေတာ္သူ၊ ရြာေတာ္သားေတြကလည္း သူတို႔ေခြၽးႏွဲစာေလးေတြ စုစည္းကာ ေငြလႊဲပို႔လွဴဒါန္းၾကသည္။ ရြာေတာ္ရြာႏွင့္ ခင္မင္ေနသူအခ်ဳိ႕ကလည္း ထည့္၀င္ၾကသည္။ ေလာက္ငႏိုင္ မည့္ ေငြပမာဏခန္႔ ရရွိလာခ်ိန္တြင္ ကတၱရာလမ္းစီမံကိန္းႀကီး စတင္ပါေတာ့သည္။

နံနက္ေနေရာင္မွ ေကာင္းစြာမရေသး၊ ရြာထိပ္ဆီမွ ေလာ္စပီကာသံက ရြာထဲ၊ အိမ္ထဲ၊ ျခင္ေထာင္ထဲမွတစ္ဆင့္ အိပ္ေကာင္းေနသည့္ ရြာသူရြာသားေတြ နားထဲ အတံုးလိုက္အတစ္လိုက္ အတင္းတိုးကာ ၀င္ေရာက္လာခဲ့ သည္။ ‘‘ရြာေတာ္သူ ရြာေတာ္သားမ်ား ခင္ဗ်ား။ ဒီကေန႔မွာလည္း လမ္းျပဳျပင္ဖို႔ လုပ္အားဒါနေလး ေတြ လာေပးၾကဦးလို႔ ဖိတ္ၾကားအပ္ပါတယ္ခင္ဗ်ား’’ လမ္းျပင္သည့္ေနရာကို ေရာက္မလာမခ်င္း ေလာ္စပီကာကေန အသံၿပဲႀကီးျဖင့္ ဟစ္ေအာ္ေခၚေနသည့္ ဦးေမာင္ေလး အသံေၾကာင့္ ရြာသူရြာသားေတြ မထခ်င္ထခ်င္ျဖင့္ ထလာခ့ဲၾကသည္။ နံနက္ ၈ နာရီခန္႔တြင္ လမ္းေပၚမွာ ရြာသူရြာသားေတြ စံုလင္ပါေလၿပီ။ ရြာသူရြာသားေတြ စံုၿပီဆိုလွ်င္ ဦးေမာင္ေလးတစ္ေယာက္ ႏႈိးေဆာ္တာကို ရပ္ကာ ကက္ဆက္ဖြင့္ဖို႔ျပင္သည္။ ေလာ္စပီကာမွ ႐ုပ္ရွင္မင္းသား အဆိုေတာ္ စာေရးဆရာ စြယ္စံုရအႏုပညာရွင္သုေမာင္၏ အသံထြက္ေပၚလာသည္။ ဆရာေရႊတိုင္ၫြန္႔၏ နာမည္ေက်ာ္ နဂါးနီသီခ်င္း။

‘‘ဆင္းရဲျခင္း လြတ္ကင္းေအာင္ လမ္းျပေဆာင္ပါမည္၊ ရတနာခုနစ္သြယ္ တကယ္ပင္စံုညီ တို႔အမ်ိဳးသားတိုင္းျပည္၊  မြဲတဲ့လူ လွဴဒါန္းႏိုင္မည္၊ ေက်ာင္းေဆာက္ကာ ဘုရားပါတည္၊ ဘုိးဘိုးေအာင္နဲ႔ ရွင္အဇၨေဂါဏတို႔ ‘မ’တဲ့ ကိန္း ဆိုက္မည္’’

ေလာ္စပီကာကေန ဖြင့္ေပးေနသည့္ နဂါးနီသီခ်င္းေၾကာင့္ ရြာသူရြာသားေတြ တက္ႂကြလာခဲ့သည္။ သီခ်င္းကို သံၿပိဳင္လိုက္ဆိုရင္း တေပ်ာ္တပါးလမ္းခင္းၾက သည္။ ထိုအခ်ိန္က ေႏြလယ္ ေမလမို႔ သည္အတိုင္း ထိုင္ေနရင္ေတာင္ ပူလြန္းလွသည့္ အညာေႏြမွာ အရိပ္အကာမရွိ လယ္ကြင္းေတြထဲ လမ္းေဖာက္ၾကသည့္ ရြာေတာ္သူ၊ ရြာေတာ္သားေတြ ေခြၽးၿပိဳက္ၿပိဳက္က်ရသည္။ သို႔ေသာ္ လမ္းကေလး ေျဖာင့္ျဖဴးသြားလွ်င္ ဆိုသည့္ အေတြးေတြေၾကာင့္
ေမာတယ္ပန္းတယ္ သေဘာမထားႏုိင္ေတာ့...။
                ရြာေတာ္စံျပေက်းရြာအတြင္း ခင္းထားေသာ ကတၱရာလမ္းမကို ေတြ႕ရစဥ္
    ကြၽမ္းက်င္လုပ္သားအခ်ဳိ႕ကို ငွားထားတာေၾကာင့္ သူတို႔ဆီကသင္ယူၿပီး သူတို႔သင္ျပသည့္အတိုင္း ရြာသားေတြက လိုက္လုပ္ၾကသည္။ သို႔ေသာ္ လုပ္ေနမက်တာေၾကာင့္ ေက်ာက္ခြဲရင္း မ်က္စိမွန္တာမ်ိဳး ေျခေထာက္မွန္တာ မ်ိဳးေတာ့ရွိသည္။ ႀကီးႀကီးမားမားေတာ့ ဘာမွမျဖစ္။ တစ္ရက္မွာ ေတာ့ လမ္းႀကိတ္စက္ႀကီး ေက်ာက္ႀကိတ္ရင္း တအိအိျဖင့္ လမ္းထဲထိုးက်သြားသည္။ ရြာသူ ရြာသားေတြပင္ ႀကိဳးေတြျဖင့္ ဆြဲသူဆြဲ၊ တြန္းသူတြန္းျဖင္႔ လမ္းႀကိတ္စက္ကို လမ္းေပၚျပန္တင္ ၾကရသည္။ လမ္းႀကိတ္စက္က ထိုမွ်ႏွင့္ပင္ အားမရေသး။

လမ္းေဖာက္ေနသည္မွာ ၿပီးလုၿပီးခင္၊ ေရႊဘို-ေညာင္ပင္သာလမ္းမႏွင့္ ထိလုထိခင္မွာ လမ္းႀကိတ္စက္ႀကီး စက္ပ်က္ေလသည္။ ရြာသူရြာသားေတြခမ်ာ လမ္းၿပီးခါနီးမို႔ ႀကိတ္မႏိုင္ခဲမရ ျဖစ္ၾကသည္။ ေနာက္ဆံုး ရြာသူ၊ရြာသားေတြ ဘယ္လိုဆက္လုပ္မလဲ တိုင္ပင္ၾကသည္။ ျပင္တတ္သူ သြားေခၚေနသည့္ အခ်ိန္အတြင္း ထိုလမ္းႀကိတ္စက္ႀကီးကို လူအင္အားျဖင့္ ၀ိုင္းတြန္းကာ လမ္းႀကိတ္ခဲ့ပါေလေတာ့သည္။

ရြာသူရြာသားေတြ ေျခာက္လေလာက္ အားႀကိဳးမာန္တက္ လုပ္ခဲ့ၿပီးေနာက္ ထိုလမ္းကေလး သည္ ကတၱရာလမ္းမတစ္ခုအျဖစ္ အသြင္ေျပာင္းသြားခဲ့သည္။ လမ္းကေလးၿပီးသြားေတာ့ လမ္းအမည္ ေပးဖို႔ စဥ္းစားၾကသည္။ ရြာသူရြာသားေတြအားလံုး စည္းစည္းလံုး လံုး ညီညီၫြတ္ၫြတ္ျဖင့္ ေဆာင္ ရြက္ခဲ့သည္မို႔ ‘စည္းလံုးညီၫြတ္ မႈလမ္း’ဟု အမည္ေပးခဲ့ပါေလ သည္။ အိမ္ေျခ ၃၀၀ ခန္႔သာရွိ သည့္ ရြာေတာ္စံျပေက်းရြာေလး သည္ သိန္း ၂၀၀ ေက်ာ္ ကုန္က်ခဲ့ သည့္ ေပငါးေထာင္ေက်ာ္ ရွည္ လ်ားေသာ ကတၱရာလမ္းတစ္ခု ေဖာက္လုပ္ျခင္းသည္ အမ်ားအ တြက္ ထူးဆန္းခ်င္မွ ထူးဆန္းႏိုင္ မည္ ျဖစ္ေသာ္လည္း သူတို႔အတြက္  ထိုလမ္းကေလးသည္ ဂုဏ္ယူဖြယ္ရာပင္ျဖစ္သည္’ လမ္းႀကီး ၾကည့္ၿပီး ၾကည္ႏူးလိုက္တာ။ တို႔ လုပ္ခဲ့တဲ့ လမ္းကေလး ေအာင္ျမင္သြားၿပီ ဆိုၿပီးေတာ့’ဟု ရြာသားႀကီးတစ္ေယာက္က ေျပာျပ သည္။

 ကတၱရာလမ္းျဖဴးျဖဴးျဖင့္ စည္းလံုးညီၫြတ္မႈ လမ္းကေလးသည္ စိုက္ခင္းစိမ္းစိမ္းစိုိစိုေတြၾကား က်က္သေရရွိစြာ ေကြ႕ေကာက္သြားေနသည္။ ယခင္က ေရႊဘိုၿမိဳ႕ေပၚသို႔ နာရီပိုင္းအၾကာ သြားခဲ့ရသည့္ လမ္းခရီးသည္ ထို လမ္းကေလး ေပၚလာခ်ိန္တြင္ ဆယ္မိနစ္သာသာခန္႔ျဖင့္ ေရႊဘိုၿမိဳ႕ဆီ အေရာက္သြားႏိုင္ၿပီ ျဖစ္သည္။ ယခင္က လမ္းမေပါက္ လယ္ကန္သင္း႐ိုး လမ္းကေလးမွ သည္ ေျမသားလမ္း၊ ေက်ာက္ေခ်ာလမ္းမွတစ္ဆင့္ ကတၱရာလမ္းမအဆင့္သို႔ ေရာက္ရွိလာၿပီျဖစ္သည္။ ရြာေတာ္ရြာတင္မက နီးစပ္ရာရြာအခ်ဳိ႕ပါ ေရႊဘိုၿမိဳ႕ဆီ စီးပြားေရးကိစၥ၊ က်န္းမာေရး၊ ပညာေရးကိစၥ မည္သည့္ကိစၥျဖင့္ မဆို ေန႔ညမေရြး သြားေရာက္ႏုိင္ခဲ့ၿပီျဖစ္သည္။  လြန္ခဲ့ေသာ ႏွစ္ ၃၀ ေက်ာ္က ျဖစ္ပြားခဲ့သည့္ လမ္းပန္းဆက္သြယ္ေရးမေကာင္း၍ ကိုယ္၀န္ေဆာင္ အမ်ိဳးသမီးႏွင့္ ရင္ေသြးငယ္တို႔ ဆံုး႐ႈံးခဲ့ရသည့္ ျဖစ္ရပ္သည္ ရြာေတာ္စံျပေက်းရြာ ေလးမွာ ပံုျပင္ဒ႑ာရီတစ္ခုသဖြယ္ က်န္ရစ္ခဲ့ပါေလေတာ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ရွှေဘိုမြို့မှ ရေဦးတန့်ဆည်ဘက်သွားသည့် ရွှေဘို-ညောင်ပင်သာလမ်းပေါ် ရောက်ခဲ့မည်ဆိုလျှင် လမ်း၏ ညာဘက်ခြမ်းရှိ ဆိုင်းဘုတ်တစ်ခုကို သတိထားမိနိုင်ပါသည်။  အင်္ဂတေဖြင့် အခိုင်အခံ့ ပြုလုပ်ထားသည့် ထိုဆိုင်းဘုတ်ပေါ်တွင် ရွာတော်စံပြကျေးရွာ စည်းလုံးညီညွတ်မှုလမ်းဟု ရေးသားထားပြီး ထိုဆိုင်းဘုတ်၏ နံဘေးတွင် စိမ်းစိုနေသော စပါးခင်းများကြား ကွေ့ဝိုက်ကာ ဖြတ်ဖောက်ထားသော လမ်းကလေးတစ်ခုကို တွေ့ရမည်။ ထိုလမ်းကလေးထိပ်ကနေ လမ်းကလေးဦးတည်ရာဆီ လှမ်းကြည့်မည်ဆိုလျှင် ခပ်ဝေးဝေးတွင် ကျေးရွာကလေးတစ်ရွာကို မှုန်ပျပျလေး တွေ့မြင်ရမည်ဖြစ်သည်။
လမ်းကလေးဟုသာ သုံးနှုန်းရသော်လည်း အမှန်တကယ်တော့ လမ်းကလေးအဆင့် မဟုတ်ပါ။ နိုင်လွန်ကတ္တရာဖြင့် ခင်းကျင်းထားသော ထိုလမ်းကလေးက မသိလျှင် မြို့နယ်တစ်ခုသို့သွားမည့် လမ်းခွဲတစ်ခုလားဟု ထင်မှတ်နိုင်စရာရှိသည်။ လမ်းမကြီးပေါ်မှ ရွာတွင်းအထိ ပေ ၅,၄၀၀ကျော်ကျော် ရှည်လျားသော ထိုကတ္တရာလမ်းကလေးက ရွာတော်စံပြကျေးရွာဆီသွားသည့် ကျေးလက်လမ်းကလေးသာ ဖြစ်သည်။  ဆိုင်းဘုတ်ပေါ်တွင် ရေးထိုးထားသည့် ‘စည်းလုံးညီညွတ်မှုလမ်း’ဟူသည့် အမည်နာမသည် ထိုလမ်းကလေးကို ရည်ညွှန်းခြင်း ဖြစ်လေသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ကျော် ၁၉၈၈ အရေးတော်ပုံမတိုင်မီက ထိုလမ်းကလေး မရှိခဲ့သေးပါ။ ရွှေဘို-ညောင်ပင်သာလမ်း နှင့် လယ်ကွင်းများခြားနေသည့် ရွာတော်ကျေးရွာလေးမှာ လမ်းမရှိ၍ လယ်ကန်သင်းရိုးပေါ်မှသာ ခက်ခက်ခဲခဲ သွားလာရသည်။ ရွှေဘိုမြို့နှင့် ခြောက်မိုင်သာ ကွာဝေးသော်လည်း နှစ်နာရီ၊ သုံးနာရီကြာအောင် သွားကြရသည်။ ကလေးတွေဆိုလည်း ရွာမှာမူလတန်းသာရှိ၍ အခြားရွာ ကျောင်းသွားတက်ရသည့်အခါ ကရိကထ များလှသည်။

မိုးအခါ ရွှံ့တွေ၊ ဗွက်တွေကြား ခက်ခက်ခဲခဲ ပညာသင်သွားကြရသည်။ ရွာမှာရှိသည့် မြင်းလှည်းဆိုလျှင်လည်း မြင်းသာရွာကို ခေါ်လာရသည်။ လှည်းကိုတော့ ရွှေဘို-ညောင်ပင်သာလမ်းပေါ်က အခြားရွာတွေမှာ ထားခဲ့ကြရသည်။ လမ်းမရှိ၍ ရွာတွင်းယူလာဖို့မလွယ်။ စက်ဘီးဆိုလျှင်တော့ ထမ်းသယ်သွားကြသည်။ 

ထိုအချိန်တွင် ရွာတော်ကျေးရွာရှိ အမျိုးသမီးငယ်တစ်ဦး ကိုယ်လေးလက်ဝန်ရှိကာ ကလေးမွေးဖွားဖို့ အကြောင်းဖန်လာသည်။

ဒုတိယကိုယ်ဝန်ဆောင်ခြင်းလည်း ဖြစ်၊ ကျေးလက်တောသူ တောင်သားများမို့ ရွာမှာတင် မွေးလေ့မွေးထရှိတာလည်း ဖြစ်ခြင်းတို့ကြောင့် ထိုကိုယ်ဝန်ဆောင် အမျိုးသမီးမှာ ခပ်အေးအေးပင်။ သို့သော် တကယ်တမ်းမွေးဖွားချိန်တွင် ယခင်သားဦးမွေးစဉ်တုန်းကလို အဆင်မပြေတော့။ နောက်ဆုံး ရွှေဘိုဆေးရုံပို့ဖို့သာ ဆုံးဖြတ်ကြသည်။ ကိုယ်ဝန်ဆောင်ကိုပို့ဖို့ လှည်းအမြန်ဆင်ရသည်။

ရွှေဘိုဆေးရုံသွားဖို့က ရွာတောင်ဘက်ရှိ ရွှေဘို-ညောင်ပင်သာလမ်းပေါ် သွား၍မရ။ လူသွားရုံ လယ်ကန်သင်းရိုးလမ်းသေးသာရှိသည်မို့ ရွာအရှေ့ဘက်က ရွာတစ်ခုကနေဖြတ်ကာ ချောင်းပေါင်လမ်းအတိုင်း သွားရသည်။ ကံများဆိုးချင်တော့ တန်ဆောင် မုန်းလဖြစ်တာတောင် မိုးကမကုန်သေးတာကြောင့် ရွှံ့ဗွက်တွေထ ကာ မြေသားလမ်းတွေ ပျက်လေသည်။ ချောင်းပေါင်လမ်းပေါ်က လည်း မိုးရွာထား၍ သွားမရတာကြောင့် ချောင်းထဲကနေ ဆင်းမောင်းရသည်။  ခြောက်မိုင်သာကွာဝေးသော်လည်း လမ်းတွေမကောင်းသောကြောင့် နှစ်နာရီကျော်၊ သုံးနာရီလောက်နေမှ  ရွှေဘိုဆေးရုံ ရောက်သည်။ ရွှေဘိုဆေးရုံရောက်တော့ ထိုကိုယ်ဝန်ဆောင် အမျိုးသမီးငယ် အသက်မမီတော့။ မိခင်တင်မက ကလေးအသက်ပါ မကယ်နိုင်တော့။ မိခင်ရော ရင်သွေးပါ ဆုံးရှုံးခဲ့ရသည်။ ရွာသူရွာသားတွေလည်း အဖြစ်ဆိုးနှင့် ကြုံခဲ့ရသည့် ကိုယ့်ရွာသူအတွက် စိတ်ထိခိုက်ကြရသည်။ မြို့နှင့် ပြောပလောက်အောင် မဝေးလှဘဲ သွားရလာရ ခက်ခဲလှသည့် မိမိတို့အခြေအနေကို မချိတင်ကဲ ဖြစ်ကြရသည်။ နောက်ဆုံး ရွာသူ၊ ရွာသားတွေ တိုင်ပင်ကြသည်။ လမ်းဖောက်ကြမည်ဟု။

အနီးဆုံးဖြစ်သည့် ရွှေဘို-ညောင်ပင်သာလမ်းပေါ်ကို တက်ဖို့ လမ်းတစ်ခုဖောက်ဖို့ စဉ်းစားကြသည်။ အနီးဆုံးဟုသာ ဆိုသော်လည်း အကွာအဝေးက တစ်မိုင်နီးပါး ရှိနေသည်။ ထိုလမ်းကြီးနှင့်ရွာကြားမှာ စပါးခင်းတွေကအ ပြည့်။ လမ်းဖောက်မည်ဆိုလျှင် ထိုလယ်ကွင်းတွေပေါ် မဖြစ်မနေ ဖြတ်ဖောက်ရတော့မည်။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်စားမြေတွေ အနည်းနှင့်အများ ဆုံးရှုံးဦးမည်။ နိုင်ငံတော်စီမံကိန်းမဟုတ်၍ လျော်ကြေးလည်း ရမည်မဟုတ်။ ထိုလယ်ပိုင်ရှင်တွေက ရွာတော်ကလည်းပါသလို အခြားရွာတွေကလည်းပါသည်။ လမ်းကော်မတီကလည်း အားနာနာနှင့်ပင် ထိုလယ်ပိုင်ရှင်တွေကို လမ်းကလေးဖောက်မည့်အကြောင်း ခွင့်တောင်းရသည်။ လယ်ပိုင်ရှင်တွေကလည်း အများကောင်းကျိုးမို့ ကြည်ကြည်သာသာပင် ခွင့်ပြုခဲ့ကြသည်။

လယ်ပိုင်ရှင်တွေခွင့်ပြုတော့ လမ်းဖောက်ဖို့ပြင်ကြသည်။ ရွာရှိအိမ်ထောင်စုတွေ တစ်အိမ်ထောင်ကို လူဦးရေအလိုက် မြေသုံးကျင်းမှ ငါးကျင်းအထိ လမ်းဖောက်ဖို့ ခင်းကြရသည်။ တစ်ကျင်းလျှင် ၁၀ ပေပတ်လည် အနက်တစ်ပေရှိသည်မို့ လွယ်သည့်အလုပ်တော့မဟုတ်။ သို့သော် ကိုယ့်ရွာကိုယ့်လမ်းပေါက်ဖို့အရေး ကိုယ်စီကိုယ်စီ အလုပ်တွေထားရစ်ခဲ့ကာ လမ်းလာခင်းကြသည်။ ထိုသို့ဖြင့် မူလက လမ်းမပေါက်ခဲ့သည့် ရွာတော်ရွာမှာ မြေသားလမ်းကလေးတော့ ဖြစ်သွားခဲ့ကြသည်။ သို့သော်…

သို့သော် ရိုးရိုးမြေသားလမ်းသာ ဖြစ်သည့်အတွက် နွေအခါ၊ဆောင်းအခါ မပြောသာသော်လည်း မိုးအခါရောက်လာလျှင်တော့ ဒုက္ခလှလှ တွေ့ကြပါပြီ။ ရွှံ့တွေ၊ ဗွက်တွေဖြင့် ထိုမြေသားလမ်းကလေး သွား၍လာ၍ မကောင်းတော့။ မိုးများလျှင် ရေတွေပြည့်ကာ လမ်းပျက်စီးရပြန်သည်။  ရွာက လက်လုပ်လက်စားေ တာသူတောင်သားများသာမို့ မိုးကုန်လျှင် မြေပြန်ဖို့ရုံကလွဲလို့ ဒီ ထက်ကောင်းသည့် လမ်းတစ်ခု မဖြစ်လာနိုင်ခဲ့။ ထိုသို့ မြေသားလမ်းဘဝဖြင့် ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့သည်။ ၂၀၀၄ ခုနှစ်ခန့် ရောက်လာချိန်တွင်တော့ ထိုမြေသားလမ်းအဆင့်တင် ကျေနပ်မနေနိုင်ကြတော့။ လမ်းကော်မတီပြန်ဖွဲ့ကာ မြေသားလမ်းမှသည် ကျောက်ချောလမ်းသို့ လမ်းအဆင့် တစ်ဆင့်မြှင့်ဖို့ တိုင်ပင်ကြတော့သည်။

ရွာထဲမှာ တစ်အိမ်ဘယ်လောက်ဆိုပြီး ထည့်ဝင်ခိုင်းရသည်။ ရွာသူ ရွာသားတွေကလည်း နောင်အရေးမြော်တွေးပြီး လမ်းကလေးကောင်းဖို့ ရွှင်ရွှင်ပျပျပင် ထည့်ဝင်ကြသည်။ သို့သော် ကျောက်ချောလမ်းအဆင့်မို့ ကုန်

ကျငွေများတာကြောင့် ချက်ချင်းလမ်းမဖောက်နိုင်။ ကျောက်ကလေးတွေ တဖြည်းဖြည်း ဝယ်စုကာ ပုံထားရသည်။ တစ်နှစ်လောက်ကြာတော့ လမ်းဖောက်ဖို့ လိုအပ်တာတွေ ပြည့်စုံသွားသည်။ မြို့နယ်စည်ပင်ကနေ ကျောက်သယ်ဖို့ယာဉ်နှင့် လမ်းကြိတ်စက်အကူအညီတောင်းရသည်။ ထိုယာဉ်တွေအတွက် လုပ်သားငှားရသည်။ လမ်းဖောက်အတွေ့အကြုံရှိ လုပ်သားအချို့လည်း ငှားရသည်။ ကျောက်ခွဲစက်တစ်ခုလည်း ငှားကာ ရွာသူရွာသားတွေပင် ကျောက်ခွဲကြသည်။  အမျိုးသမီးတွေက ရွာနှင့်မနီးမဝေးက ချောင်းမှာ ရွာရှိ ထော်လာဂျီတွေဖြင့်  သဲတိုက်ကြသည်။  ရေသယ်ကြသည်။ ရွာသူရွာသားတွေ စုစုစည်းစည်းဖြင့် မြေသားလမ်းလုပ်စဉ်ကအတိုင်း ဝိုင်းဝန်းလုပ်အား ပေးကြရင်း ကျောက်ချောလမ်းလေးအဖြစ် အကောင်အထည် ပေါ်လာခဲ့သည်။

 မြေသားလမ်းမှသည် ကျောက်ချောလမ်းအဆင့် ဖြစ်လာခဲ့သော်လည်း ရွာသူရွာသားတွေ မတင်းတိမ်နိုင်သေး။ ယခင်ထက်စာလျှင် လမ်းကောင်းလာသည်မှာ မှန်သော်လည်း ရွာသူရွာသားတွေ သဘောက မြို့ပေါ်လမ်းအချို့လို ကတ္တရာလမ်းချောချော ဖြစ်ချင်ကြသည်။ သို့သော်ကတ္တရာလမ်း အဆင့်မြှင့်မည်ဆိုလျှင် သူတို့အားဖြင့် နိုင်ဖို့မလွယ်။ ဤသို့ဖြင့် ကျောက်ချောလမ်း အဆင့်တွင်လည်း ဆယ်နှစ်ခန့် ကြာ ခဲ့ပြန်လေသည်။

၂၀၁၃ ဝန်းကျင်တွင် ရွာသူ ရွာသားတွေ ကတ္တရာလမ်း အိပ် မက်တစ်စခန်းထလာခဲ့သည်။ ရွာသူရွာသားတွေ စုရုံးတိုင်ပင်ရင်း ကတ္တရာလမ်းအိပ်မက် ထပ်ဆက် ဖို့ စီစဉ်ကြသည်။
    ထိုအိပ်မက် အကောင်အ ထည်ပေါ်လာဖို့ မြို့နယ်တာဝန်ရှိသူတွေဆီ တင်ပြစဉ် ကတ္တရာ ၂၅ တန် ချပေးမည်ဟု သတင်းစကားရလာခဲ့သည်။ ရွာသူရွာသားတွေ ပျော်ကြသည်။ သို့သော် ကတ္တရာလမ်းဆိုသော်လည်း ကတ္တရာရရုံ ဖြင့် ပြီးသည်မဟုတ်။ ကျောက် ပေါင်းစုံလိုမည်။ ကတ္တရာကျိုဖို့ ထင်းလိုမည်။ သဲတွေ၊ ရေတွေလို မည်။ ကျွမ်းကျင်လုပ်သား နည်းနည်းလည်း ငှားရမည်။ ထိုအရာတွေအတွက် အဓိက ပိုက်ဆံလို တော့မည်။

လိုအပ်ချက်တွေ အများကြီးရှိနေသော်လည်း ရွာတော်ရွာ၏ ကတ္တရာလမ်းအိပ်မက်က ရှေ့ဆောင်လွန်းအားကြီးနေသည်မို့ အခက်အခဲတွေ ဘယ်လိုပဲရှိရှိ ရှေ့ဆက်ဖို့ ပြင်ကြသည်။ တစ်အိမ်ထောင်နှုန်းထား ဘယ်လောက်ဟုသတ်မှတ်ကာ လမ်းပြင်ဖို့ ငွေထည့်ဝင်ကြရပြန်သည်။ ရွာရှိ အိမ်ထောင်စုတွေတင်မက မလေးရှားရောက်နေသည့် ရွာတော်သူ၊ ရွာတော်သားတွေကလည်း သူတို့ချွေးနှဲစာလေးတွေ စုစည်းကာ ငွေလွှဲပို့လှူဒါန်းကြသည်။ ရွာတော်ရွာနှင့် ခင်မင်နေသူအချို့ကလည်း ထည့်ဝင်ကြသည်။ လောက်ငနိုင် မည့် ငွေပမာဏခန့် ရရှိလာချိန်တွင် ကတ္တရာလမ်းစီမံကိန်းကြီး စတင်ပါတော့သည်။

နံနက်နေရောင်မှ ကောင်းစွာမရသေး၊ ရွာထိပ်ဆီမှ လော်စပီကာသံက ရွာထဲ၊ အိမ်ထဲ၊ ခြင်ထောင်ထဲမှတစ်ဆင့် အိပ်ကောင်းနေသည့် ရွာသူရွာသားတွေ နားထဲ အတုံးလိုက်အတစ်လိုက် အတင်းတိုးကာ ဝင်ရောက်လာခဲ့ သည်။ ‘‘ရွာတော်သူ ရွာတော်သားများ ခင်ဗျား။ ဒီကနေ့မှာလည်း လမ်းပြုပြင်ဖို့ လုပ်အားဒါနလေး တွေ လာပေးကြဦးလို့ ဖိတ်ကြားအပ်ပါတယ်ခင်ဗျား’’ လမ်းပြင်သည့်နေရာကို ရောက်မလာမချင်း လော်စပီကာကနေ အသံပြဲကြီးဖြင့် ဟစ်အော်ခေါ်နေသည့် ဦးမောင်လေး အသံကြောင့် ရွာသူရွာသားတွေ မထချင်ထချင်ဖြင့် ထလာခဲ့ကြသည်။ နံနက် ၈ နာရီခန့်တွင် လမ်းပေါ်မှာ ရွာသူရွာသားတွေ စုံလင်ပါလေပြီ။ ရွာသူရွာသားတွေ စုံပြီဆိုလျှင် ဦးမောင်လေးတစ်ယောက် နှိုးဆော်တာကို ရပ်ကာ ကက်ဆက်ဖွင့်ဖို့ပြင်သည်။ လော်စပီကာမှ ရုပ်ရှင်မင်းသား အဆိုတော် စာရေးဆရာ စွယ်စုံရအနုပညာရှင်သုမောင်၏ အသံထွက်ပေါ်လာသည်။ ဆရာရွှေတိုင်ညွန့်၏ နာမည်ကျော် နဂါးနီသီချင်း။

‘‘ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည်၊ ရတနာခုနစ်သွယ် တကယ်ပင်စုံညီ တို့အမျိုးသားတိုင်းပြည်၊  မွဲတဲ့လူ လှူဒါန်းနိုင်မည်၊ ကျောင်းဆောက်ကာ ဘုရားပါတည်၊ ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါဏတို့ ‘မ’တဲ့ ကိန်း ဆိုက်မည်’’

လော်စပီကာကနေ ဖွင့်ပေးနေသည့် နဂါးနီသီချင်းကြောင့် ရွာသူရွာသားတွေ တက်ကြွလာခဲ့သည်။ သီချင်းကို သံပြိုင်လိုက်ဆိုရင်း တပျော်တပါးလမ်းခင်းကြ သည်။ ထိုအချိန်က နွေလယ် မေလမို့ သည်အတိုင်း ထိုင်နေရင်တောင် ပူလွန်းလှသည့် အညာနွေမှာ အရိပ်အကာမရှိ လယ်ကွင်းတွေထဲ လမ်းဖောက်ကြသည့် ရွာတော်သူ၊ ရွာတော်သားတွေ ချွေးပြိုက်ပြိုက်ကျရသည်။ သို့သော် လမ်းကလေး ဖြောင့်ဖြူးသွားလျှင် ဆိုသည့် အတွေးတွေကြောင့်
မောတယ်ပန်းတယ် သဘောမထားနိုင်တော့...။
    ကျွမ်းကျင်လုပ်သားအချို့ကို ငှားထားတာကြောင့် သူတို့ဆီကသင်ယူပြီး သူတို့သင်ပြသည့်အတိုင်း ရွာသားတွေက လိုက်လုပ်ကြသည်။ သို့သော် လုပ်နေမကျတာကြောင့် ကျောက်ခွဲရင်း မျက်စိမှန်တာမျိုး ခြေထောက်မှန်တာ မျိုးတော့ရှိသည်။ ကြီးကြီးမားမားတော့ ဘာမှမဖြစ်။ တစ်ရက်မှာ တော့ လမ်းကြိတ်စက်ကြီး ကျောက်ကြိတ်ရင်း တအိအိဖြင့် လမ်းထဲထိုးကျသွားသည်။ ရွာသူ ရွာသားတွေပင် ကြိုးတွေဖြင့် ဆွဲသူဆွဲ၊ တွန်းသူတွန်းဖြင့် လမ်းကြိတ်စက်ကို လမ်းပေါ်ပြန်တင် ကြရသည်။ လမ်းကြိတ်စက်က ထိုမျှနှင့်ပင် အားမရသေး။

လမ်းဖောက်နေသည်မှာ ပြီးလုပြီးခင်၊ ရွှေဘို-ညောင်ပင်သာလမ်းမနှင့် ထိလုထိခင်မှာ လမ်းကြိတ်စက်ကြီး စက်ပျက်လေသည်။ ရွာသူရွာသားတွေခမျာ လမ်းပြီးခါနီးမို့ ကြိတ်မနိုင်ခဲမရ ဖြစ်ကြသည်။ နောက်ဆုံး ရွာသူ၊ရွာသားတွေ ဘယ်လိုဆက်လုပ်မလဲ တိုင်ပင်ကြသည်။ ပြင်တတ်သူ သွားခေါ်နေသည့် အချိန်အတွင်း ထိုလမ်းကြိတ်စက်ကြီးကို လူအင်အားဖြင့် ဝိုင်းတွန်းကာ လမ်းကြိတ်ခဲ့ပါလေတော့သည်။

ရွာသူရွာသားတွေ ခြောက်လလောက် အားကြိုးမာန်တက် လုပ်ခဲ့ပြီးနောက် ထိုလမ်းကလေး သည် ကတ္တရာလမ်းမတစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ လမ်းကလေးပြီးသွားတော့ လမ်းအမည် ပေးဖို့ စဉ်းစားကြသည်။ ရွာသူရွာသားတွေအားလုံး စည်းစည်းလုံး လုံး ညီညီညွတ်ညွတ်ဖြင့် ဆောင် ရွက်ခဲ့သည်မို့ ‘စည်းလုံးညီညွတ် မှုလမ်း’ဟု အမည်ပေးခဲ့ပါလေ သည်။ အိမ်ခြေ ၃၀၀ ခန့်သာရှိ သည့် ရွာတော်စံပြကျေးရွာလေး သည် သိန်း ၂၀၀ ကျော် ကုန်ကျခဲ့ သည့် ပေငါးထောင်ကျော် ရှည် လျားသော ကတ္တရာလမ်းတစ်ခု ဖောက်လုပ်ခြင်းသည် အများအ တွက် ထူးဆန်းချင်မှ ထူးဆန်းနိုင် မည် ဖြစ်သော်လည်း သူတို့အတွက်  ထိုလမ်းကလေးသည် ဂုဏ်ယူဖွယ်ရာပင်ဖြစ်သည်’ လမ်းကြီး ကြည့်ပြီး ကြည်နူးလိုက်တာ။ တို့ လုပ်ခဲ့တဲ့ လမ်းကလေး အောင်မြင်သွားပြီ ဆိုပြီးတော့’ဟု ရွာသားကြီးတစ်ယောက်က ပြောပြ သည်။

 ကတ္တရာလမ်းဖြူးဖြူးဖြင့် စည်းလုံးညီညွတ်မှု လမ်းကလေးသည် စိုက်ခင်းစိမ်းစိမ်းစိုစိုတွေကြား ကျက်သရေရှိစွာ ကွေ့ကောက်သွားနေသည်။ ယခင်က ရွှေဘိုမြို့ပေါ်သို့ နာရီပိုင်းအကြာ သွားခဲ့ရသည့် လမ်းခရီးသည် ထို လမ်းကလေး ပေါ်လာချိန်တွင် ဆယ်မိနစ်သာသာခန့်ဖြင့် ရွှေဘိုမြို့ဆီ အရောက်သွားနိုင်ပြီ ဖြစ်သည်။ ယခင်က လမ်းမပေါက် လယ်ကန်သင်းရိုး လမ်းကလေးမှ သည် မြေသားလမ်း၊ ကျောက်ချောလမ်းမှတစ်ဆင့် ကတ္တရာလမ်းမအဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။ ရွာတော်ရွာတင်မက နီးစပ်ရာရွာအချို့ပါ ရွှေဘိုမြို့ဆီ စီးပွားရေးကိစ္စ၊ ကျန်းမာရေး၊ ပညာရေးကိစ္စ မည်သည့်ကိစ္စဖြင့် မဆို နေ့ညမရွေး သွားရောက်နိုင်ခဲ့ပြီဖြစ်သည်။  လွန်ခဲ့သော နှစ် ၃၀ ကျော်က ဖြစ်ပွားခဲ့သည့် လမ်းပန်းဆက်သွယ်ရေးမကောင်း၍ ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် ရင်သွေးငယ်တို့ ဆုံးရှုံးခဲ့ရသည့် ဖြစ်ရပ်သည် ရွာတော်စံပြကျေးရွာ လေးမှာ ပုံပြင်ဒဏ္ဍာရီတစ်ခုသဖွယ် ကျန်ရစ်ခဲ့ပါလေတော့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top