Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အေလးသြားျခင္းနဲ႕ ပတ္သက္ျပီး လူေတြက မသိခ်င္၊ မၾကားခ်င္ၾကပါဘူး။ ဒါဟာ ရြံစရာ မသတီစရာေကာင္းတယ္လို႕ သတ္မွတ္ေနတတ္ၾကပါတယ္။ တကယ္ေတာ့ အေလးသြားျခင္းဟာ က်န္းမာေရးနဲ႕ပတ္သက္ျပီးအေရးၾကီးတဲ့ အရာတစ္ခုျဖစ္သလို အေလးသြားျခင္းနဲ႕ ပတ္သက္ျပီး သိထားသင့္တဲ့အရာေတြ ရွိေနပါတယ္။


မနက္ခင္း အေလးသြားလွ်င္ ေလမ်ားစြာ ထြက္ရွိျခင္း
ညအခ်ိန္တြင္ အူမၾကီးသည္ မလႈပ္ရွားဘဲ ျငိမ္ေနျပီး သင္ႏုိးထလာခ်ိန္တြင္ စတင္လည္ပတ္သည္။ ထုိ႔ေနာက္ တစ္ညလုံး အူလမ္းေၾကာင္းအတြင္း ပိတ္မိေနေသာ ေလမ်ားမွာ  အူကုိ က်ဳံ႕လိုက္ျခင္းအားျဖင့္ တျပိဳင္တည္း ထြက္လာျခင္းျဖစ္သည္။ တစ္ေန႔တာတြင္ အမ်ားဆုံးႏွင့္ အရွည္ၾကာဆုံး ေလမ်ားထုတ္လႊတ္မႈမွာ အူမၾကီး စတင္အလုပ္လုပ္ခ်ိန္ နံနက္ခင္းပုိင္းတြင္ ျဖစ္သည္ဟု What’s Your Poo Telling You ? စာအုပ္ေရးသားသူ အစာအိမ္ႏွင့္အူလမ္းေၾကာင္းဆုိင္ရာ ကၽြမ္းက်င္ပညာရွင္ Anish Sheth က တင္ျပခဲ့သည္။
ေကာ္ဖီေသာက္ျခင္းသည္ အေလးသြားလုိစိတ္ကို ျဖစ္ေစသည္

 ေကာ္ဖီသည္ အညစ္အေၾကး စြန္႔ထုတ္ေသာ အူမၾကီးကို လႈံ႔ေဆာ္ေပးႏုိင္သည္ ။ေကာ္ဖီတြင္ပါ၀င္ေသာ chlorogenic အက္ဆစ္သည္ အစာအိမ္မွ အစာေခ်ရည္ကို ပုိမို ထြက္ရွိေစျခင္းေၾကာင့္ အစာအိမ္သည္ ၄င္းအတြင္းရွိ စြန္႔ပစ္ပစၥည္းမ်ားအား ပုံမွန္ထက္ ပုိမို လ်င္ျမန္စြာ ဖယ္ရွားပစ္ေစသည္။

တခါတရံ၌ အေလးသြားစဥ္ ခ်မ္းတုန္တတ္ျခင္း
အူလႈပ္ရွားမႈသည္ ဦးေႏွာက္ႏွင့္ အူမၾကီးကုိ ဆက္ထားေသာ vagus အာရုံေၾကာအားလႈံ႕ေဆာ္ျပီး ယင္းလႈံ႕ေဆာ္မႈေၾကာင့္ ေခၽြးထြက္ျခင္း ၊ခ်မ္းတုန္ျခင္း ၊ေသြးေပါင္က်ျခင္း ႏွင့္ ႏွလုံးခုန္ျမန္ျခင္းတုိ႔ကို ျဖစ္ေစႏုိင္သည္ဟု Outside magazine ၌  Dr.Sheth က ဆုိထားသည္။

အပူအစပ္မ်ားစားျခင္းေၾကာင့္ အေလးသြားလွ်င္ နာက်င္က်ိန္းစပ္မႈကုိ ခံစားရျခင္း
အပူအစပ္မ်ားပါ၀င္ေသာ အစာျဒပ္ေပါင္းမ်ားကုိ အစာေခ်ရည္ျဖင့္ ေက်ညက္ေအာင္ ေခ်ဖ်က္ႏုိင္ျခင္း မရွိသည့္အတြက္ အေလးသြားလွ်င္ ၄င္းတုိ႔မွာ မူလအတိုင္း ထြက္ရွိလာတတ္သည္ ။ထုိ႔အျပင္ အစာေဟာင္းအိမ္ ႏွင့္ စအုိတြင္ရွိေသာ  ဆဲလ္မ်ားမွာ ပါးစပ္တြင္ရွိေသာ ဆဲလ္မ်ာႏွင့္ အတူတူပင္ျဖစ္သည့္အတြက္ အစာစားစဥ္ အခါကကဲ့သို႔ပင္ ပူစပ္ျခင္းကုိ ခံစားရျခင္း ျဖစ္သည္။

ခရီးထြက္လွ်င္ ရက္ပုိင္းေလာက္ အေလး မသြားဘဲေနျခင္း
၄၀% ေသာ လူမ်ားသည္ ခရီးသြားစဥ္တြင္ ၀မ္းခ်ဳပ္တတ္ၾကသည္ ။ အေၾကာင္းမွာ အစာစားခ်ိန္  ႏွင့္ အိပ္ခ်ိန္ ေျပာင္းလဲျခင္း ၊ေလယာဥ္စီးျခင္းတုိ႔ေၾကာင့္ အစာေခ်လုပ္ငန္းစဥ္ကို ထိခုိက္ေစျပီး ခႏၶာကိုယ္၏ ဟန္ခ်က္ကို ေျပာင္းလဲေစေသာေၾကာင့္ ျဖစ္သည္။

ရာသီေသြး လာခ်ိန္တြင္ ပုိ၍ အေလးသြားလုိျခင္း
ရာသီေသြးလာစဥ္တြင္ ခႏၶာကုိယ္မွ prostaglandin ဟုေခၚေသာ ေဟာ္မုန္းတစ္မ်ဳိး ထြက္ရွိျပီး ၄င္းသည္ သားအိမ္ကို က်ဳံ႕ေစသကဲ့သုိ႔ အူလႈပ္ရွားမႈကိုလည္း သက္ေရာက္ေစသည္ ။ prostaglandin ေဟာ္မုန္းသည္ ေခ်ာေမြ႔ေသာ ၾကြက္သားကို အက်ဳိး သက္ေရာက္ေစႏုိင္ရာ အူမွာ ေခ်ာေမြ႔ေသာ ၾကြက္သားျဖစ္၍ အူကုိပုိမုိ လႈပ္ရွားေစေသာေၾကာင့္ မၾကာခဏ အေလးသြားခ်င္စိတ္ ျဖစ္ေပၚေစျခင္းျဖစ္သည္။

အေလးသြားရာတြင္ ေရထဲသုိ႔ျမဳပ္မသြားဘဲ ေပါေလာေပၚေနတတ္ျခင္း
ထုိသုိ႔ျဖစ္ေနလွ်င္ အေလးသြားရာ၌ အဆီမ်ားပါ၀င္ေနျပီး သင္၏ ခႏၶာကုိယ္သည္ အာဟာရကို စုပ္ယူရာ၌ ျပႆနာရွိေနျခင္းကုိ ျပသည္။ အစာစုပ္ယူမႈ ျပႆနာသည္ နာတာရွည္ ပန္ကရိယ ေရာဂါကဲ့သုိ႔ အေျခအေနမ်ားႏွင့္ ဆက္စပ္ေနတတ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Today Bago


# Unicode Version#
အလေးသွားခြင်းနဲ့ ပတ်သက်ပြီး လူတွေက မသိချင်၊ မကြားချင်ကြပါဘူး။ ဒါဟာ ရွံစရာ မသတီစရာကောင်းတယ်လို့ သတ်မှတ်နေတတ်ကြပါတယ်။ တကယ်တော့ အလေးသွားခြင်းဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီးအရေးကြီးတဲ့ အရာတစ်ခုဖြစ်သလို အလေးသွားခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အရာတွေ ရှိနေပါတယ်။


မနက်ခင်း အလေးသွားလျှင် လေများစွာ ထွက်ရှိခြင်း
ညအချိန်တွင် အူမကြီးသည် မလှုပ်ရှားဘဲ ငြိမ်နေပြီး သင်နိုးထလာချိန်တွင် စတင်လည်ပတ်သည်။ ထို့နောက် တစ်ညလုံး အူလမ်းကြောင်းအတွင်း ပိတ်မိနေသော လေများမှာ  အူကို ကျုံ့လိုက်ခြင်းအားဖြင့် တပြိုင်တည်း ထွက်လာခြင်းဖြစ်သည်။ တစ်နေ့တာတွင် အများဆုံးနှင့် အရှည်ကြာဆုံး လေများထုတ်လွှတ်မှုမှာ အူမကြီး စတင်အလုပ်လုပ်ချိန် နံနက်ခင်းပိုင်းတွင် ဖြစ်သည်ဟု What’s Your Poo Telling You ? စာအုပ်ရေးသားသူ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် Anish Sheth က တင်ပြခဲ့သည်။
ကော်ဖီသောက်ခြင်းသည် အလေးသွားလိုစိတ်ကို ဖြစ်စေသည်

 ကော်ဖီသည် အညစ်အကြေး စွန့်ထုတ်သော အူမကြီးကို လှုံ့ဆော်ပေးနိုင်သည် ။ကော်ဖီတွင်ပါဝင်သော chlorogenic အက်ဆစ်သည် အစာအိမ်မှ အစာချေရည်ကို ပိုမို ထွက်ရှိစေခြင်းကြောင့် အစာအိမ်သည် ၎င်းအတွင်းရှိ စွန့်ပစ်ပစ္စည်းများအား ပုံမှန်ထက် ပိုမို လျင်မြန်စွာ ဖယ်ရှားပစ်စေသည်။

တခါတရံ၌ အလေးသွားစဉ် ချမ်းတုန်တတ်ခြင်း
အူလှုပ်ရှားမှုသည် ဦးနှောက်နှင့် အူမကြီးကို ဆက်ထားသော vagus အာရုံကြောအားလှုံ့ဆော်ပြီး ယင်းလှုံ့ဆော်မှုကြောင့် ချွေးထွက်ခြင်း ၊ချမ်းတုန်ခြင်း ၊သွေးပေါင်ကျခြင်း နှင့် နှလုံးခုန်မြန်ခြင်းတို့ကို ဖြစ်စေနိုင်သည်ဟု Outside magazine ၌  Dr.Sheth က ဆိုထားသည်။

အပူအစပ်များစားခြင်းကြောင့် အလေးသွားလျှင် နာကျင်ကျိန်းစပ်မှုကို ခံစားရခြင်း
အပူအစပ်များပါဝင်သော အစာဒြပ်ပေါင်းများကို အစာချေရည်ဖြင့် ကျေညက်အောင် ချေဖျက်နိုင်ခြင်း မရှိသည့်အတွက် အလေးသွားလျှင် ၎င်းတို့မှာ မူလအတိုင်း ထွက်ရှိလာတတ်သည် ။ထို့အပြင် အစာဟောင်းအိမ် နှင့် စအိုတွင်ရှိသော  ဆဲလ်များမှာ ပါးစပ်တွင်ရှိသော ဆဲလ်မျာနှင့် အတူတူပင်ဖြစ်သည့်အတွက် အစာစားစဉ် အခါကကဲ့သို့ပင် ပူစပ်ခြင်းကို ခံစားရခြင်း ဖြစ်သည်။

ခရီးထွက်လျှင် ရက်ပိုင်းလောက် အလေး မသွားဘဲနေခြင်း
၄၀% သော လူများသည် ခရီးသွားစဉ်တွင် ဝမ်းချုပ်တတ်ကြသည် ။ အကြောင်းမှာ အစာစားချိန်  နှင့် အိပ်ချိန် ပြောင်းလဲခြင်း ၊လေယာဉ်စီးခြင်းတို့ကြောင့် အစာချေလုပ်ငန်းစဉ်ကို ထိခိုက်စေပြီး ခန္ဓာကိုယ်၏ ဟန်ချက်ကို ပြောင်းလဲစေသောကြောင့် ဖြစ်သည်။

ရာသီသွေး လာချိန်တွင် ပို၍ အလေးသွားလိုခြင်း
ရာသီသွေးလာစဉ်တွင် ခန္ဓာကိုယ်မှ prostaglandin ဟုခေါ်သော ဟော်မုန်းတစ်မျိုး ထွက်ရှိပြီး ၎င်းသည် သားအိမ်ကို ကျုံ့စေသကဲ့သို့ အူလှုပ်ရှားမှုကိုလည်း သက်ရောက်စေသည် ။ prostaglandin ဟော်မုန်းသည် ချောမွေ့သော ကြွက်သားကို အကျိုး သက်ရောက်စေနိုင်ရာ အူမှာ ချောမွေ့သော ကြွက်သားဖြစ်၍ အူကိုပိုမို လှုပ်ရှားစေသောကြောင့် မကြာခဏ အလေးသွားချင်စိတ် ဖြစ်ပေါ်စေခြင်းဖြစ်သည်။

အလေးသွားရာတွင် ရေထဲသို့မြုပ်မသွားဘဲ ပေါလောပေါ်နေတတ်ခြင်း
ထိုသို့ဖြစ်နေလျှင် အလေးသွားရာ၌ အဆီများပါဝင်နေပြီး သင်၏ ခန္ဓာကိုယ်သည် အာဟာရကို စုပ်ယူရာ၌ ပြဿနာရှိနေခြင်းကို ပြသည်။ အစာစုပ်ယူမှု ပြဿနာသည် နာတာရှည် ပန်ကရိယ ရောဂါကဲ့သို့ အခြေအနေများနှင့် ဆက်စပ်နေတတ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Today Bago
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top