Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕၊ မုတၱမေက်းရြာ၊ ျမင္းတပ္ရပ္ကြက္တြင္ ေအာင္တိုဘာလ ၃၀ ရက္ နံနက္ ၇ နာရီခန္႔က  အငွားတကၠစီေမာင္းႏွင္သူ အမ်ဳိးသားတစ္ဦး အသတ္ခံရမႈျဖစ္ပြားခဲ႔ေၾကာင္း မုတၱမနယ္ေျမရဲစခန္းမွဴး ရဲအုပ္ ေအာင္မင္းၾကည္က ေျပာသည္။

မုတၱမေက်းရြာ၊ ျမင္းတပ္ရပ္ကြက္ရွိ လမ္းၾကားတြင္ အမ်ဳိးသားတစ္ဦး ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ဟု  သတင္းရသျဖင့္ သြားေရာက္စစ္ေဆးခဲ့ရာ ေမာ္လၿမိဳင္ၿမိဳ႕၊ ဒိုင္ဝန္းကြင္းရပ္ေန ကိုသန္းေဇာ္မိုးျဖစ္ၿပီး သုံးဘီးယာဥ္အသင္းအဖဲြ႕ဝင္ အက်ၤ ီဝတ္ဆင္ထား၍ ၎၏ ညာဘက္ ရင္အံု၊ ဝမ္းဗိုက္၊ လည္ပင္းႏွင့္ လက္ဖ်ံတို႔၌ ထိုးသြင္းျပတ္ရွဒဏ္ရာတစ္ခ်က္စီျဖင့္ ေသဆံုးေနသည္ကို စစ္ေဆးေတြ႕ရိွခဲ႔ေၾကာင္း ရဲစခန္းမွဴးက ေျပာဆိုသည္။

ေသဆံုးသူ ကိုသန္းေဇာ္မိုး၏ အေလာင္းကို မုတၱမတိုက္နယ္ေဆးရံုသို႔ ပို႔ေဆာင္ထားရွိၿပီး ေသဆံုးသူ၌ က်န္ရွိေနသည့္ သဲလြန္စ သက္ေသပစၥည္းမ်ားကို သိမ္းဆည္း၍ လူသတ္သြားသူ ဖမ္းဆီးရမိေရးတြက္  စစ္ေဆးေဆာင္ရြက္ရွိေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

"ေသတဲ႔သူက ဒီရပ္ကြက္ကလည္းမဟုတ္ေတာ့ အရင္စံုစမ္းရတာေပါ့။ ခုက ေသတဲ႔သူကို သိရၿပီးဆိုေတာ့ သတ္သြားတရားခံ အျမန္ဆံုးဖမ္းမိဖို႕အတြက္ ကြ်န္ေတာ္နဲ႔ တပ္ဖဲြ႕ဝင္္ေတြ အကုန္လံုး လိုက္လံစံုစမ္း စစ္ေဆးမႈေတြ လုပ္ေနပါတယ္"ဟု ရဲအုပ္ေအာင္မင္းၾကည္က ထပ္ေလာင္ ေျပာသည္။

ေသဆံုးသူ ကိုသန္းေဇာ္မိုး အသတ္ခံရမႈႏွင့္ ပတ္သက္၍ မုတၱမနယ္ေျမရဲစခန္းမွ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ အရ အမႈဖြင့္ၿပီး လူသတ္သြားသူကို ဖမ္းဆီးအေရးယူႏိုင္ရန္ စစ္ေဆးစုံစမ္းေဆာင္ရြက္လ်က္ရွိေၾကာင္း ရဲစခန္းမွဴးက ဆိုသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
မွန်ပြည်နယ်၊ ပေါင်မြို့၊ မုတ္တမကျေးရွာ၊ မြင်းတပ်ရပ်ကွက်တွင် အောင်တိုဘာလ ၃၀ ရက် နံနက် ၇ နာရီခန့်က  အငှားတက္ကစီမောင်းနှင်သူ အမျိုးသားတစ်ဦး အသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း မုတ္တမနယ်မြေရဲစခန်းမှူး ရဲအုပ် အောင်မင်းကြည်က ပြောသည်။



မုတ္တမကျေးရွာ၊ မြင်းတပ်ရပ်ကွက်ရှိ လမ်းကြားတွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေသည်ဟု  သတင်းရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ မော်လမြိုင်မြို့၊ ဒိုင်ဝန်းကွင်းရပ်နေ ကိုသန်းဇော်မိုးဖြစ်ပြီး သုံးဘီးယာဉ်အသင်းအဖွဲ့ဝင် အင်္ကျ ီဝတ်ဆင်ထား၍ ၎င်း၏ ညာဘက် ရင်အုံ၊ ဝမ်းဗိုက်၊ လည်ပင်းနှင့် လက်ဖျံတို့၌ ထိုးသွင်းပြတ်ရှဒဏ်ရာတစ်ချက်စီဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲစခန်းမှူးက ပြောဆိုသည်။



သေဆုံးသူ ကိုသန်းဇော်မိုး၏ အလောင်းကို မုတ္တမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး သေဆုံးသူ၌ ကျန်ရှိနေသည့် သဲလွန်စ သက်သေပစ္စည်းများကို သိမ်းဆည်း၍ လူသတ်သွားသူ ဖမ်းဆီးရမိရေးတွက်  စစ်ဆေးဆောင်ရွက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။



"သေတဲ့သူက ဒီရပ်ကွက်ကလည်းမဟုတ်တော့ အရင်စုံစမ်းရတာပေါ့။ ခုက သေတဲ့သူကို သိရပြီးဆိုတော့ သတ်သွားတရားခံ အမြန်ဆုံးဖမ်းမိဖို့အတွက် ကျွန်တော်နဲ့ တပ်ဖွဲ့ဝင်တွေ အကုန်လုံး လိုက်လံစုံစမ်း စစ်ဆေးမှုတွေ လုပ်နေပါတယ်"ဟု ရဲအုပ်အောင်မင်းကြည်က ထပ်လောင် ပြောသည်။



သေဆုံးသူ ကိုသန်းဇော်မိုး အသတ်ခံရမှုနှင့် ပတ်သက်၍ မုတ္တမနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ပြီး လူသတ်သွားသူကို ဖမ်းဆီးအရေးယူနိုင်ရန် စစ်ဆေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲစခန်းမှူးက ဆိုသည်။



 ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top