Golden City Promotion
×

 သင့္အေတြး၊ သင့္အျမင္ေတြကို share (ရွဲရ္) ေပးျခင္းျဖင့္သာ စတင္ပါ။
လူတိုင္း ေခါင္းေဆာင္မႈေတာ့ ျပဳႏိုင္ပါတယ္။ ဒါေပမဲ့ လူတိုင္ေတာ့ ေခါင္းေဆာင္မျဖစ္ႏိုင္ပါဘူး။ အဲဒီလိုပဲ ေခါင္းေဆာင္ျဖစ္ေနသူ တိုင္းလည္း ေခါင္းေဆာင္ေကာင္း တစ္ေယာက္ ျဖစ္ခ်င္မွ ျဖစ္ေနပါလိမ့္မယ္။ ကုမၸဏီကို အက်ိဳးအျမတ္မ်ားေအာင္ လုပ္ေပးႏိုင္႐ံု နဲ႔လည္း ေခါင္းေဆာင္ေကာင္းလို႔ မဆိုႏိုင္ပါဘူး။ ေခါင္းေဆာင္ေကာင္း တစ္ေယာက္ ျဖစ္လာဖို႔ဆိုရင္ ကုမၸဏီအတြက္ေရာ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေအာက္လက္ငယ္သားေတြ အတြက္ပါ happy ျဖစ္ေအာင္ လုပ္ေပးႏိုင္ဖို႔ လိုပါတယ္။

ဒါ့ေၾကာင့္ တကယ့္ ေခါင္းေဆာင္ေကာင္းေတြ ဘယ္လိုနည္းလမ္းေတြ က်င့္သံုးၿပီး ဘယ္လိုအေလ့အထေတြနဲ႔ ေခါင္းေဆာင္မႈ ျပဳက်လဲဆိုတာကို ေလ့လာၾကည့္သင့္ပါတယ္။ အခုေဖာ္ျပေပးထားတာေတြကေတာ့ ေခါင္းေဆာင္ေကာင္းေတြမွာ ေတြ႔ရေလ့ရွိတဲ့ ေခါင္းေဆာင္မႈပံုစံအေလ့အထေလး တခ်ိဳ႕ပဲ ျဖစ္ပါတယ္။ ေလ့လာၾကည့္ပါ။
(၁) သင့္အေတြးအျမင္ေတြကို မွ်ေဝပါ
ဘယ္လိုလုပ္ငန္းမ်ိဳးမွာမဆို တာဝန္ယူလုပ္ကိုင္ေပးႏိုင္မယ့္သူ ရရွိဖို႔က အေတာ္ေလးကို အေရးႀကီးပါတယ္။ ဒါ့ေၾကာင့္ ပထမအဆင့္ အေနနဲ႔ မွန္ကန္တဲ့လူကို ရွာေဖြရပါမယ္။ ေတြ႔လာခဲ့ၿပီဆိုရင္လည္း သင္အေနနဲ႔ တစ္ခုခုကို ဘယ္လိုလုပ္ေန တယ္ဆိုတာထက္ ဘာ့ေၾကာင့္ လုပ္ေနတယ္ဆိုတာမ်ိဳးကိုပဲ သူတို႔ဆီကို communicate လုပ္ေပးရပါလိမ့္မယ္။ ဒီအခ်က္က သိပ္ကို အေရးပါလွပါ တယ္။ ဘာ့ေၾကာင့္လဲဆိုရင္ သင့္ရဲ႕ အစီအစဥ္ေတြ၊ ဒါမွမဟုတ္ သင့္ရည္မွန္းခ်က္ပန္းတိုင္ေတြဟာ တစ္ႏွစ္ေလာက္ေက်ာ္လာရင္ ေျပာင္းခ်င္လည္း ေျပာင္းလဲသြားႏိုင္ေပမဲ့ သင့္ရဲ႕ core values လို႔ေခၚတဲ့ အေျခခံယံုၾကည္ခ်က္ေတြကေတာ့ အဲဒီလို ေျပာင္းလဲ သြားမွာမဟုတ္ပါဘူး။

သင့္ရဲ႕ core values ေတြက ရွင္းလင္းျပတ္သားမႈရွိလာေလ တျခားလူေတြအတြက္လည္း သင့္ကို ဘယ္လို support ေပးဖို႔ ပိုလြယ္ကူလာေလ ျဖစ္ပါတယ္။ သင့္ရဲ႕ သတ္မွတ္ထားတဲ့ plan ေတြ ေျပာင္းလဲသြားမယ္ဆိုရင္ေတာင္မွပဲ သူတို႔အတြက္ သင့္ကို support ေပးဖို႔ အလြယ္တကူပဲ လုပ္ေဆာင္ႏိုင္ၾကပါလိမ့္မယ္။
(၂) သင့္ရဲ႕ ေျမႇာ္မွန္းခ်က္ေတြကို မွ်ေဝပါ
သင့္မွာ သင္ေျမႇာ္မွန္းထားတဲ့ ေနရာကို ေရာက္ေအာင္ဘယ္လိုသြားမလဲဆိုတဲ့ စီစဥ္မႈ (plan) ရွိမထားဘူးဆိုရင္ ေတာင္မွပဲ သင္ ဘယ္ေနရာအထိ၊ တစ္နည္းအားျဖင့္ ဘယ္အတိုင္းအတာအထိ ေရာက္ခ်င္တယ္ဆိုတာကိုေတာ့ share လုပ္ေပးရပါလိမ့္မယ္။ ဒါကို သင့္ရဲ႕အသက္ေမြးဝမ္းေက်ာင္းမႈတစ္ေလွ်ာက္မွာ career habit ေလး တစ္ခုအျဖစ္ ဖန္တီးထားဖို႔ လိုပါတယ္။ ဘာ့ေၾကာင့္လဲ ဆိုရင္ ဒီနည္းလမ္းက သင့္ရဲ႕ dream job ေတြကို ကိုင္တြယ္ႏိုင္မယ့္ အမွန္ကန္ဆံုးနဲ႔ အေကာင္းဆံုး နည္းလမ္းေလးတစ္ခု ျဖစ္ပါတယ္။
ဒီနည္းလမ္းကို သံုးလိုက္တဲ့အခါမွာလည္း သင့္ကို ေအာင္ျမင္ေအာင္လုပ္ေဆာင္ႏိုင္ဖို႔ အကူအညီေပးခ်င္တဲ့သူေတြကို အံ့မခန္း သင္ကိုတိုင္ လက္ေတြ႔ ေတြ႔ျမင္လာပါလိမ့္မယ္။ ဒါေပမဲ့ သင့္အေနနဲ႔ သင္ေျမႇာ္မွန္းခ်က္ေတြကို share လုပ္တာေတာ့ မွန္ပါရဲ႕၊ သင္ကက်ေတာ့ သင့္နည္းလမ္းေတြေပၚမွာပဲ ဆက္လက္ဆုပ္ကိုင္ထားေန ဦးမယ္ဆိုရင္ေတာ့ ဒီနည္းလမ္းက အကူအညီေပးႏိုင္႐ံု သက္သက္ပဲ ျဖစ္ပါလိမ့္မယ္။
(၃) ေရြးခ်ယ္ နားေထာင္ေပးပါ
ေခါင္းေဆာင္တစ္ေယာကအေနနဲ႔ တျခားလူေတြရဲ႕ စကားသံေတြ၊ အႀကံျပဳခ်က္ေတြကို နားေထာင္ေပးဖို႔ လိုပါတယ္။ ဒါေပမဲ့ သင့္ကို အၿမဲတေစလာေပးေနတဲ့ အႀကံဉာဏ္ေတြတိုင္းကို လိုက္လုပ္ေနမယ္ဆိုရင္ေတာ့ သင္သာ အ႐ႈးျဖစ္သြားပါလိမ့္မယ္။ ဘယ္အရာကေတာ့ျဖင့္ ထိေရာက္မႈရွိႏိုင္ၿပီး၊ ဘယ္သူ႔အိုင္ဒီယာကို ထည့္သြင္းစဥ္းစားရမယ္စသျဖင့္ ေရြးခ်ယ္ၿပီး ေခါင္းေဆာင္မႈ ေပးဖို႔လိုပါတယ္။ ၿပီးေတာ့ တျခားလူေတြကိုလည္း အႏုနည္းေလးနဲ႔၊ တစ္နည္းအားျဖင့္ေျပာရရင္ေတာ့ အယဥ္သံုးေလးသံုးၿပီး ေရွာင္ရွားခဲ့ႏိုင္ဖို႔လည္း လိုပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Duwun
#UnicodeVersion#
သင့်အတွေး၊ သင့်အမြင်တွေကို share (ရှဲရ်) ပေးခြင်းဖြင့်သာ စတင်ပါ။
လူတိုင်း ခေါင်းဆောင်မှုတော့ ပြုနိုင်ပါတယ်။ ဒါပေမဲ့ လူတိုင်တော့ ခေါင်းဆောင်မဖြစ်နိုင်ပါဘူး။ အဲဒီလိုပဲ ခေါင်းဆောင်ဖြစ်နေသူ တိုင်းလည်း ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ချင်မှ ဖြစ်နေပါလိမ့်မယ်။ ကုမ္ပဏီကို အကျိုးအမြတ်များအောင် လုပ်ပေးနိုင်ရုံ နဲ့လည်း ခေါင်းဆောင်ကောင်းလို့ မဆိုနိုင်ပါဘူး။ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာဖို့ဆိုရင် ကုမ္ပဏီအတွက်ရော လုပ်ဖော်ကိုင်ဖက်တွေနဲ့ အောက်လက်ငယ်သားတွေ အတွက်ပါ happy ဖြစ်အောင် လုပ်ပေးနိုင်ဖို့ လိုပါတယ်။

ဒါ့ကြောင့် တကယ့် ခေါင်းဆောင်ကောင်းတွေ ဘယ်လိုနည်းလမ်းတွေ ကျင့်သုံးပြီး ဘယ်လိုအလေ့အထတွေနဲ့ ခေါင်းဆောင်မှု ပြုကျလဲဆိုတာကို လေ့လာကြည့်သင့်ပါတယ်။ အခုဖော်ပြပေးထားတာတွေကတော့ ခေါင်းဆောင်ကောင်းတွေမှာ တွေ့ရလေ့ရှိတဲ့ ခေါင်းဆောင်မှုပုံစံအလေ့အထလေး တချို့ပဲ ဖြစ်ပါတယ်။ လေ့လာကြည့်ပါ။
(၁) သင့်အတွေးအမြင်တွေကို မျှဝေပါ
ဘယ်လိုလုပ်ငန်းမျိုးမှာမဆို တာဝန်ယူလုပ်ကိုင်ပေးနိုင်မယ့်သူ ရရှိဖို့က အတော်လေးကို အရေးကြီးပါတယ်။ ဒါ့ကြောင့် ပထမအဆင့် အနေနဲ့ မှန်ကန်တဲ့လူကို ရှာဖွေရပါမယ်။ တွေ့လာခဲ့ပြီဆိုရင်လည်း သင်အနေနဲ့ တစ်ခုခုကို ဘယ်လိုလုပ်နေ တယ်ဆိုတာထက် ဘာ့ကြောင့် လုပ်နေတယ်ဆိုတာမျိုးကိုပဲ သူတို့ဆီကို communicate လုပ်ပေးရပါလိမ့်မယ်။ ဒီအချက်က သိပ်ကို အရေးပါလှပါ တယ်။ ဘာ့ကြောင့်လဲဆိုရင် သင့်ရဲ့ အစီအစဉ်တွေ၊ ဒါမှမဟုတ် သင့်ရည်မှန်းချက်ပန်းတိုင်တွေဟာ တစ်နှစ်လောက်ကျော်လာရင် ပြောင်းချင်လည်း ပြောင်းလဲသွားနိုင်ပေမဲ့ သင့်ရဲ့ core values လို့ခေါ်တဲ့ အခြေခံယုံကြည်ချက်တွေကတော့ အဲဒီလို ပြောင်းလဲ သွားမှာမဟုတ်ပါဘူး။

သင့်ရဲ့ core values တွေက ရှင်းလင်းပြတ်သားမှုရှိလာလေ တခြားလူတွေအတွက်လည်း သင့်ကို ဘယ်လို support ပေးဖို့ ပိုလွယ်ကူလာလေ ဖြစ်ပါတယ်။ သင့်ရဲ့ သတ်မှတ်ထားတဲ့ plan တွေ ပြောင်းလဲသွားမယ်ဆိုရင်တောင်မှပဲ သူတို့အတွက် သင့်ကို support ပေးဖို့ အလွယ်တကူပဲ လုပ်ဆောင်နိုင်ကြပါလိမ့်မယ်။
(၂) သင့်ရဲ့ မြှော်မှန်းချက်တွေကို မျှဝေပါ
သင့်မှာ သင်မြှော်မှန်းထားတဲ့ နေရာကို ရောက်အောင်ဘယ်လိုသွားမလဲဆိုတဲ့ စီစဉ်မှု (plan) ရှိမထားဘူးဆိုရင် တောင်မှပဲ သင် ဘယ်နေရာအထိ၊ တစ်နည်းအားဖြင့် ဘယ်အတိုင်းအတာအထိ ရောက်ချင်တယ်ဆိုတာကိုတော့ share လုပ်ပေးရပါလိမ့်မယ်။ ဒါကို သင့်ရဲ့အသက်မွေးဝမ်းကျောင်းမှုတစ်လျှောက်မှာ career habit လေး တစ်ခုအဖြစ် ဖန်တီးထားဖို့ လိုပါတယ်။ ဘာ့ကြောင့်လဲ ဆိုရင် ဒီနည်းလမ်းက သင့်ရဲ့ dream job တွေကို ကိုင်တွယ်နိုင်မယ့် အမှန်ကန်ဆုံးနဲ့ အကောင်းဆုံး နည်းလမ်းလေးတစ်ခု ဖြစ်ပါတယ်။
ဒီနည်းလမ်းကို သုံးလိုက်တဲ့အခါမှာလည်း သင့်ကို အောင်မြင်အောင်လုပ်ဆောင်နိုင်ဖို့ အကူအညီပေးချင်တဲ့သူတွေကို အံ့မခန်း သင်ကိုတိုင် လက်တွေ့ တွေ့မြင်လာပါလိမ့်မယ်။ ဒါပေမဲ့ သင့်အနေနဲ့ သင်မြှော်မှန်းချက်တွေကို share လုပ်တာတော့ မှန်ပါရဲ့၊ သင်ကကျတော့ သင့်နည်းလမ်းတွေပေါ်မှာပဲ ဆက်လက်ဆုပ်ကိုင်ထားနေ ဦးမယ်ဆိုရင်တော့ ဒီနည်းလမ်းက အကူအညီပေးနိုင်ရုံ သက်သက်ပဲ ဖြစ်ပါလိမ့်မယ်။
(၃) ရွေးချယ် နားထောင်ပေးပါ
ခေါင်းဆောင်တစ်ယောကအနေနဲ့ တခြားလူတွေရဲ့ စကားသံတွေ၊ အကြံပြုချက်တွေကို နားထောင်ပေးဖို့ လိုပါတယ်။ ဒါပေမဲ့ သင့်ကို အမြဲတစေလာပေးနေတဲ့ အကြံဉာဏ်တွေတိုင်းကို လိုက်လုပ်နေမယ်ဆိုရင်တော့ သင်သာ အရှုးဖြစ်သွားပါလိမ့်မယ်။ ဘယ်အရာကတော့ဖြင့် ထိရောက်မှုရှိနိုင်ပြီး၊ ဘယ်သူ့အိုင်ဒီယာကို ထည့်သွင်းစဉ်းစားရမယ်စသဖြင့် ရွေးချယ်ပြီး ခေါင်းဆောင်မှု ပေးဖို့လိုပါတယ်။ ပြီးတော့ တခြားလူတွေကိုလည်း အနုနည်းလေးနဲ့၊ တစ်နည်းအားဖြင့်ပြောရရင်တော့ အယဉ်သုံးလေးသုံးပြီး ရှောင်ရှားခဲ့နိုင်ဖို့လည်း လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top