Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

မြန္ျပည္နယ္၊ သထံုၿမိဳ႕နယ္၊ အလံတစ္ရာ နယ္ေျမ တြင္ ခြန္တန္(ခ) ဇာတ္လိုက္ဆိုသူအား ပုဒ္မ ၃ ခုျဖင့္ စြဲဆိုထားေသာ အမႈ တြင္ ကာယကံရွင္ မိန္းကေလး မ်ား ဘက္က နစ္နာမႈမရိွခဲ့ဟု ေျပာဆိုေနေသာ္လည္း အမႈ က္ျပယ္ႏိုင္မည့္ အေနအထား မရွိေသးေၾကာင္း သထံုၿမိဳ႕နယ္ ရဲစခန္းမွဴး ဒုရဲမွဴး ဦးေမာင္ေမာင္က မဇၥ်ိမသို႔ ေျပာသည္။

ခြန္တန္ (ခ) ခြန္ေအာင္ (ခ) ဇာတ္လိုက္ ဆိုသူႏွင့္ ၄င္း၏ အေပါင္းအပါ ၆ ဦးအား ေအာက္တိုဘာလ ၂၄ ရက္ ေန႔တြင္ ကာယကံရွင္ မိန္းကေလး ငယ္တစ္ဦး၏ ဖခင္ ျဖစ္သူက သထံုၿမိဳ႕နယ္ ရဲစခန္းတြ င္ မိန္းကေလးငယ္ကို အလိုမတူခိုးယူေပါင္းသင္းမႈျဖင့္ အမႈဖြင့္ တိုင္ၾကားခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ ခြန္တန္ က အလိုမတူဘဲ မိန္းေလးငယ္ မ်ားအား ခိုးယူ ေပါင္းသင္း ည္ဟု ေျပာဆိုသည့္အေပၚ ဟုတ္မွန္ျခင္းမရွိဘဲ မနာလို၍ စြပ္စြဲျခင္းမ်ားသာျဖစ္ေၾကာင္း ခြန္တန္ နင့္ လက္ခ်ည္ခဲ့သူ (လက္ထပ္ခဲ့သူ) မနန္းေအးခင္က ေျပာဆိုသည္။

“ သူတို႔ေျပာတာတစ္ခုမွ မမွန္ဘူး။ သူတို႔ ဆရာ ခြန္တန္ ရဲ႕အေပၚကို သူတို႔မနာလိုလို႔ သူတို႔ စြပ္စြဲတာပဲ။ အဲ့ဒါ ပါပဲ။ စြပ္စြဲတာကလည္း ရက္ရက္စက္စက္ကို စြပ္စြဲတာေပါ့ေနာ္။ အဲ့ဒါေၾကာင့္မို႔ သူတို႔က အဲ့ဒီလိုေတြလုပ္ၾက တာလဲဆိုတာေတြကို ကၽြန္မ တို႔လည္း သေဘာေပါက္ပါတယ္။ ဘုရားကိုတည္တာ ခြန္တန္တည္ရမွာပဲေလ။ ခြန္တန္ပဲ တည္ႏိုင္တယ္။ အဲ့ဒါေၾကာင့္မို႔ ခြန္တန္ ပဲတည္ႏိုင္တဲ့ ဘုရားကို သူတို႔ လုခ်င္ေနတာ။ သူတို႔ လုခ်င္ ေတာ့ မရလို႔ မိန္းမနဲ႔ ပတ္သက္တဲ့စြပ္စြဲခ်က္နဲ႔ မိန္းကေလး ေတြကို လိုက္အမႈပတ္တယ္” ဟု မနန္းခင္က ေျပာသည္။

“ကၽြန္မတို႔ မိန္းကေလး ေတြဆို ဘယ္ေလာက္ထိ နစ္နာခဲ့သလဲဆို ကၽြန္မတို႔ အသိဆံုးေပါ့ေနာ္။ ကၽြန္မတို႔ကို လိုက္စြပ္စြဲတဲ့ စကားေတြ ေပါ့ေနာ္။ ကၽြန္မ တို႔ ကာယကံရွင္ က ဘာမွလည္း မျဖစ္ခဲ့ဘူး။ ဘာမွမထိခိုက္ပဲနဲ႔ သူတို႔ေတြက ေတာ္ေတာ္ႀကီး စြပ္စြဲတယ္”ဟု မနန္းေအးခင္ က ဆက္ေျပာသည္။

ထိုသို႔ မိန္းေလးငယ္ မ်ားဘက္မွ ခြန္တန္ နွင့္ ပတ္သက္ၿပီး ေျပာဆိုမႈမ်ားရွိေနေသာ္လည္း ခြန္တန္(ခ) ဇာတ္လိုက္အပါ ၇ ဦးအား သထံုၿမိဳ႕နယ္ရဲစခန္းမွ ေထာင္ဒဏ္ ၁ဝ ႏွစ္ထိ ခ်မွတ္ႏိုင္သည့္ အတင္းအဓမၼ ေပါင္းသင္းရန္ ခိုးယူမႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ- ၃၆၆၊ ေထာင္ဒဏ္ ၇ ႏွစ္ထိခ်မွတ္ ႏိုင္သည့္ လူခိုးယူမႈ ဥပေဒပုဒ္မ- ၃၆၃ႏွင့္ ပူးေပါင္းပါဝင္သူမ်ားအား အေရးယူမႈ ဥပေဒပုဒ္မ- ၁၁၄ စသည့္ ပုဒ္မ ၃ ခုတို႔ျဖင့္ အမႈဖြင့္ကာ ဆက္လက္ စစ္ေဆးလ်က္ရွိသည္။

“ အမႈက ပ်က္ျပယ္ႏိုင္မယ့္အေနအထားေတာ့ မရွိဘူးဗ်။ အခုမွ စစ္ေဆးစံုးစမ္းတုန္းပဲရွိပါေသးတယ္။ အမႈအေျခအေနကေတာ့ အကုန္လံုးကို မစစ္ေဆး ရေသးဘူးခင္ဗ်ာ။ ကၽြန္ေတာ္တို႔ ေသခ်ာစစ္ေဆးၿပီးမွ ေျပာလို႔ရမယ္ဗ်။ အခု ေလာေလာဆယ္ ကၽြန္ေတာ္ တို႔ဆီလာတိုင္တာေတာ့ တစ္မႈပဲ ရွိပါေသးတယ္။ ခြန္တန္ေခၚ ဇာတ္ေကာင္နဲ႔ အတူ ပူးေပါင္းပါဝင္တဲ့သူေတြပါ ပါေတာ့ ပုဒ္မ ၁၁၄ နဲ႔ စြဲထားတာက ၆ ေယာက္ပါ။ အခုလက္ရွိေတာ့ သူတို႔ကို စစ္ေဆး တုန္းပဲ ရွိပါေသးတယ္ခင္ဗ်ာ”ဟု သထံုၿမိဳ႕နယ္ရဲစခန္းမွဴး ဒုရဲမွဴး ဦးေမာင္ေမာင္က ေျပာသည္။

ခြန္တန္ (ခ) ခြန္ေအာင္ (ခ) ဇာတ္လိုက္ ဆိုသူက အလံတစ္ရာဆရာေတာ္ႀကီး ဘဝကူးဝင္စားသူဟုဆိုကာ ၂ဝ၁၄ ခုႏွစ္မွ စတင္ကာ ၂ဝ၁၆ ခုႏွစ္အထိ မိန္းကေလးငယ္ ၆ ဦးကိုလက္ထပ္ခဲ့ၿပီး ၂ လခန္႔အထိေပါင္း သင္းေနထုိင္ခဲ့ကာ ကြာရွင္းျခင္းမျပဳဘဲ မိဘ မ်ားထံျပန္ေနေစၿပီး ေငြေၾကးေထာက္ပံ့မႈမ်ား ျပဳလုပ္ခဲ႔ေၾကာင္း တိုင္ၾကားထားသည္။

“ အခုတိုင္ၾကားခဲ့တဲ့ ဦးဝင္းညႊန္႔ ကိုေတာ့ သူ႔ လံုၿခံဳေရး အတြက္ ကၽြန္ေတာ္အိမ္မွာပဲေခၚထားပါတယ္။ သူက အမႈဖြင့္ ခဲ့ေပမယ့္ သူ႔ မိန္းမ နဲ႔ သမီး ကလည္း ယံုၾကည္မႈေပါ့ဗ်။ ဟုိလူအတြက္ဆိုရင္ အသက္ေတာင္ အေသ ခံမယ္လို႔ေျပာထားတာကိုး။ ကၽြန္ေတာ္တို႔ ေဖာ္ထုတ္မႈေတြမလုပ္ဘဲ ထားရင္ ပိုဆိုးသြားမယ္။ ေနာက္ထပ္ သတင္းရထားတာေတြ အမ်ားႀကီးက်န္ ေသးတယ္။ ကၽြန္ေတာ္ထပ္ၿပီး မေဖာ္ခ်င္ေတာ့ဘူး။ ဘာျဖစ္လို႔လဲဆို ေတာ့ ကာယကံရွင္ ကုိယ္တုိင္က ဟိုဘက္က ပါေနေတာ့ေလ။ ဒါေပမယ့္ အခု အမႈကိုစေဖာ္မယ္ဆိုရင္ တစ္စတစ္စနဲ႔ ေပၚလာမွာပဲ။ အခုအမႈမွာ သူတို႔ ျငင္းမယ္ဆိုရင္လည္း ေဆးစစ္ဘာညာလုပ္ၿပီး ေဖာ္ထုတ္လို႔ရတဲ့ နည္းလမ္းေတြအမ်ားႀကီးရွိတာပဲေလ။ ေပၚေအာင္လုပ္မွရမယ္။ မဟုတ္ရင္ ဘာသာလည္း သိကၡာ က်တယ္။ လူမ်ိဳးလည္း သိကၡာက်တယ္ အဲ့ဒီ လိုမ်ိဳးျဖစ္ေနၿပီ ”ဟု ပထမဦးဆံုး အစိုးရ ဌာနဆိုင္ရာ မ်ားကို တိုင္ၾကားစာ ေပးပို႔ခဲ့သည့္ အမွတ္ (၉) စစ္အေျခခံ ေလ့က်င့္ေရးတပ္မွ အၿငိမ္းစား တပ္မေတာ္ အရာရွိေဟာင္း ဦးခင္ေမာင္ၾကည္က မဇၥ်ိမသို႔ ေျပာသည္။

အဆိုပါ ျပႆနာ နွင့္ပတ္သက္ၿပီး ေအာက္တိုဘာလ ၁၉ ရက္တြင္လည္း သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီးသူရ ဦးေအာင္ကို က ခြန္တန္(ခ) ဇာတ္ေကာင္ဆိုသူအား အျမန္ဆံုးအေရးယူသြား မည္ဟု ေျပာၾကားခဲ့သည္။

မြန္ျပည္နယ္ အစိုးရအဖဲြ႕ႏွင့္ ျပည္နယ္ လႊတ္ေတာ္ ေရးရာ ေကာ္မတီ ဥကၠ႒ထံ ယင္းကိစၥႏွင့္ ပတ္သက္၍ တိုင္ၾကားစာ ႏွစ္ေစာင္ ေရာက္ရွိထားကာ အဆိုပါကိစၥအား လာမည့္ ႏိုဝင္ဘာလ ၆ ရက္ေန႔တြင္ ျပည္နယ္ လႊတ္ေတာ္ ၌ ၾကားနာမည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizimma

# Unicode Version ျဖင့္ ဖတ္ပါ #
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အလံတစ်ရာ နယ်မြေ တွင် ခွန်တန်(ခ) ဇာတ်လိုက်ဆိုသူအား ပုဒ်မ ၃ ခုဖြင့် စွဲဆိုထားသော အမှု တွင် ကာယကံရှင် မိန်းကလေး များ ဘက်က နစ်နာမှုမရှိခဲ့ဟု ပြောဆိုနေသော်လည်း အမှု က်ပြယ်နိုင်မည့် အနေအထား မရှိသေးကြောင်း သထုံမြို့နယ် ရဲစခန်းမှူး ဒုရဲမှူး ဦးမောင်မောင်က မဇ္ဈိမသို့ ပြောသည်။

ခွန်တန် (ခ) ခွန်အောင် (ခ) ဇာတ်လိုက် ဆိုသူနှင့် ၎င်း၏ အပေါင်းအပါ ၆ ဦးအား အောက်တိုဘာလ ၂၄ ရက် နေ့တွင် ကာယကံရှင် မိန်းကလေး ငယ်တစ်ဦး၏ ဖခင် ဖြစ်သူက သထုံမြို့နယ် ရဲစခန်းတွ င် မိန်းကလေးငယ်ကို အလိုမတူခိုးယူပေါင်းသင်းမှုဖြင့် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ခွန်တန် က အလိုမတူဘဲ မိန်းလေးငယ် များအား ခိုးယူ ပေါင်းသင်း ည်ဟု ပြောဆိုသည့်အပေါ် ဟုတ်မှန်ခြင်းမရှိဘဲ မနာလို၍ စွပ်စွဲခြင်းများသာဖြစ်ကြောင်း ခွန်တန် နင့် လက်ချည်ခဲ့သူ (လက်ထပ်ခဲ့သူ) မနန်းအေးခင်က ပြောဆိုသည်။

“ သူတို့ပြောတာတစ်ခုမှ မမှန်ဘူး။ သူတို့ ဆရာ ခွန်တန် ရဲ့အပေါ်ကို သူတို့မနာလိုလို့ သူတို့ စွပ်စွဲတာပဲ။ အဲ့ဒါ ပါပဲ။ စွပ်စွဲတာကလည်း ရက်ရက်စက်စက်ကို စွပ်စွဲတာပေါ့နော်။ အဲ့ဒါကြောင့်မို့ သူတို့က အဲ့ဒီလိုတွေလုပ်ကြ တာလဲဆိုတာတွေကို ကျွန်မ တို့လည်း သဘောပေါက်ပါတယ်။ ဘုရားကိုတည်တာ ခွန်တန်တည်ရမှာပဲလေ။ ခွန်တန်ပဲ တည်နိုင်တယ်။ အဲ့ဒါကြောင့်မို့ ခွန်တန် ပဲတည်နိုင်တဲ့ ဘုရားကို သူတို့ လုချင်နေတာ။ သူတို့ လုချင် တော့ မရလို့ မိန်းမနဲ့ ပတ်သက်တဲ့စွပ်စွဲချက်နဲ့ မိန်းကလေး တွေကို လိုက်အမှုပတ်တယ်” ဟု မနန်းခင်က ပြောသည်။

“ကျွန်မတို့ မိန်းကလေး တွေဆို ဘယ်လောက်ထိ နစ်နာခဲ့သလဲဆို ကျွန်မတို့ အသိဆုံးပေါ့နော်။ ကျွန်မတို့ကို လိုက်စွပ်စွဲတဲ့ စကားတွေ ပေါ့နော်။ ကျွန်မ တို့ ကာယကံရှင် က ဘာမှလည်း မဖြစ်ခဲ့ဘူး။ ဘာမှမထိခိုက်ပဲနဲ့ သူတို့တွေက တော်တော်ကြီး စွပ်စွဲတယ်”ဟု မနန်းအေးခင် က ဆက်ပြောသည်။

ထိုသို့ မိန်းလေးငယ် များဘက်မှ ခွန်တန် နှင့် ပတ်သက်ပြီး ပြောဆိုမှုများရှိနေသော်လည်း ခွန်တန်(ခ) ဇာတ်လိုက်အပါ ၇ ဦးအား သထုံမြို့နယ်ရဲစခန်းမှ ထောင်ဒဏ် ၁ဝ နှစ်ထိ ချမှတ်နိုင်သည့် အတင်းအဓမ္မ ပေါင်းသင်းရန် ခိုးယူမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၆၆၊ ထောင်ဒဏ် ၇ နှစ်ထိချမှတ် နိုင်သည့် လူခိုးယူမှု ဥပဒေပုဒ်မ- ၃၆၃နှင့် ပူးပေါင်းပါဝင်သူများအား အရေးယူမှု ဥပဒေပုဒ်မ- ၁၁၄ စသည့် ပုဒ်မ ၃ ခုတို့ဖြင့် အမှုဖွင့်ကာ ဆက်လက် စစ်ဆေးလျက်ရှိသည်။

“ အမှုက ပျက်ပြယ်နိုင်မယ့်အနေအထားတော့ မရှိဘူးဗျ။ အခုမှ စစ်ဆေးစုံးစမ်းတုန်းပဲရှိပါသေးတယ်။ အမှုအခြေအနေကတော့ အကုန်လုံးကို မစစ်ဆေး ရသေးဘူးခင်ဗျာ။ ကျွန်တော်တို့ သေချာစစ်ဆေးပြီးမှ ပြောလို့ရမယ်ဗျ။ အခု လောလောဆယ် ကျွန်တော် တို့ဆီလာတိုင်တာတော့ တစ်မှုပဲ ရှိပါသေးတယ်။ ခွန်တန်ခေါ် ဇာတ်ကောင်နဲ့ အတူ ပူးပေါင်းပါဝင်တဲ့သူတွေပါ ပါတော့ ပုဒ်မ ၁၁၄ နဲ့ စွဲထားတာက ၆ ယောက်ပါ။ အခုလက်ရှိတော့ သူတို့ကို စစ်ဆေး တုန်းပဲ ရှိပါသေးတယ်ခင်ဗျာ”ဟု သထုံမြို့နယ်ရဲစခန်းမှူး ဒုရဲမှူး ဦးမောင်မောင်က ပြောသည်။

ခွန်တန် (ခ) ခွန်အောင် (ခ) ဇာတ်လိုက် ဆိုသူက အလံတစ်ရာဆရာတော်ကြီး ဘဝကူးဝင်စားသူဟုဆိုကာ ၂ဝ၁၄ ခုနှစ်မှ စတင်ကာ ၂ဝ၁၆ ခုနှစ်အထိ မိန်းကလေးငယ် ၆ ဦးကိုလက်ထပ်ခဲ့ပြီး ၂ လခန့်အထိပေါင်း သင်းနေထိုင်ခဲ့ကာ ကွာရှင်းခြင်းမပြုဘဲ မိဘ များထံပြန်နေစေပြီး ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း တိုင်ကြားထားသည်။

“ အခုတိုင်ကြားခဲ့တဲ့ ဦးဝင်းညွှန့် ကိုတော့ သူ့ လုံခြုံရေး အတွက် ကျွန်တော်အိမ်မှာပဲခေါ်ထားပါတယ်။ သူက အမှုဖွင့် ခဲ့ပေမယ့် သူ့ မိန်းမ နဲ့ သမီး ကလည်း ယုံကြည်မှုပေါ့ဗျ။ ဟိုလူအတွက်ဆိုရင် အသက်တောင် အသေ ခံမယ်လို့ပြောထားတာကိုး။ ကျွန်တော်တို့ ဖော်ထုတ်မှုတွေမလုပ်ဘဲ ထားရင် ပိုဆိုးသွားမယ်။ နောက်ထပ် သတင်းရထားတာတွေ အများကြီးကျန် သေးတယ်။ ကျွန်တော်ထပ်ပြီး မဖော်ချင်တော့ဘူး။ ဘာဖြစ်လို့လဲဆို တော့ ကာယကံရှင် ကိုယ်တိုင်က ဟိုဘက်က ပါနေတော့လေ။ ဒါပေမယ့် အခု အမှုကိုစဖော်မယ်ဆိုရင် တစ်စတစ်စနဲ့ ပေါ်လာမှာပဲ။ အခုအမှုမှာ သူတို့ ငြင်းမယ်ဆိုရင်လည်း ဆေးစစ်ဘာညာလုပ်ပြီး ဖော်ထုတ်လို့ရတဲ့ နည်းလမ်းတွေအများကြီးရှိတာပဲလေ။ ပေါ်အောင်လုပ်မှရမယ်။ မဟုတ်ရင် ဘာသာလည်း သိက္ခာ ကျတယ်။ လူမျိုးလည်း သိက္ခာကျတယ် အဲ့ဒီ လိုမျိုးဖြစ်နေပြီ ”ဟု ပထမဦးဆုံး အစိုးရ ဌာနဆိုင်ရာ များကို တိုင်ကြားစာ ပေးပို့ခဲ့သည့် အမှတ် (၉) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ အငြိမ်းစား တပ်မတော် အရာရှိဟောင်း ဦးခင်မောင်ကြည်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ပြဿနာ နှင့်ပတ်သက်ပြီး အောက်တိုဘာလ ၁၉ ရက်တွင်လည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးသူရ ဦးအောင်ကို က ခွန်တန်(ခ) ဇာတ်ကောင်ဆိုသူအား အမြန်ဆုံးအရေးယူသွား မည်ဟု ပြောကြားခဲ့သည်။

မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ် လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဋ္ဌထံ ယင်းကိစ္စနှင့် ပတ်သက်၍ တိုင်ကြားစာ နှစ်စောင် ရောက်ရှိထားကာ အဆိုပါကိစ္စအား လာမည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြည်နယ် လွှတ်တော် ၌ ကြားနာမည်ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizimma
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top