Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရခိုင္ျပည္နယ္အတြင္း ေနရပ္စြန္႔ခြာထြက္ေျပးေနသူေတြအတြက္ အာဆီယံလူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာ ညွိႏႈိင္းေရး ဗဟိုဌာန AHA နဲ႔ ဂ်ပန္ႏုိင္ငံတုိ႔ ပူးေပါင္းလွဴဒါန္းတဲ့ အေမရိကန္ေဒၚလာ ၄သိန္းခဲြနီးပါးတန္ဖိုးရွိတဲ့ ေထာက္ပံ့ေရးပစၥည္းေတြကို လူမႈ၀န္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ၀န္ႀကီးဌာနထံ ဒီေန႔ ေပးအပ္လိုက္ပါတယ္။

လက္ခံရရွိတဲ့ ပစၥည္းေတြကို ရခိုင္ျပည္နယ္အစိုးရဆီ တိုက္ရိုက္ေပးပို႔ၿပီး လိုအပ္တဲ့ေနရာေတြကို ေပးပို႔သြားမွာ ျဖစ္တယ္လို႔ လူမႈ၀န္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဦးစီးဌာန ရန္ကုန္တိုင္း ဦးစီးမွဴး ဦး၀င္းေရႊ က ေျပာပါတယ္။

ေထာက္ပံ့ေရးပစၥည္းေတြကို ေလယာဥ္ ၂စင္းနဲ႔ သယ္ေဆာင္လာတာျဖစ္ၿပီး မိသားစုသံုး ရြက္ဖ်င္တဲ၊ မီးဖိုေခ်ာင္သံုး ပစၥည္းေတြ၊ မီးစက္ ၊ အလူမီနီယံစက္တပ္ေလွ၊ တစ္ကိုယ္ေရသန္႔ရွင္းေရးသံုး ပစၥည္းစံု နဲ႔ အျခားမိသားစုသံုး ပစၥည္းေတြ ပါ၀င္ပါတယ္။

အာဆီယံေဒသအတြင္းက ဒုကၡသည္ေတြကို အဓိကကူညီတဲ့ အာဆီယံလူသားခ်င္း စာနာေထာက္ထားမႈဆုိင္ရာ ညွိႏႈိင္းေရး ဗဟိုဌာန (AHA) ကို အာဆီယံ ၁၀ႏိုင္ငံနဲ႔ ဖြဲ႔စည္းထားၿပီး အင္ဒိုနီးရွားႏိုင္ငံမွာ အေျခစိုက္တာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္မွာ အၾကမ္းဖက္တုိက္ခိုက္မႈေတြေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးသူေတြအတြက္ လူတုိင္း ပါ၀င္ လွဴဒါန္းႏိုင္ဖို႔အတြက္ ျမန္မာ့စီးပြားေရးဘဏ္မွာ အစိုးရက ဘဏ္အေကာင့္တစ္ခု ဖြင့္ထားၿပီး ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၱေလး တို႔မွာ အလွဴေငြကို လက္ခံေနပါတယ္။ ရန္ကုန္ၿမိဳ႕မွာဆိုရင္ ဒီကေန႔အထိ ရရွိတဲ့ အလွဴေငြ သိန္းေပါင္း ၄ေထာင္ နီးပါးရရွိထားၿပီျဖစ္တယ္လို႔ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Thithtoolwin
#Unicode Version#
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေသူတွေအတွက် အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး ဗဟိုဌာန AHA နဲ့ ဂျပန်နိုင်ငံတို့ ပူးပေါင်းလှူဒါန်းတဲ့ အမေရိကန်ဒေါ်လာ ၄သိန်းခွဲနီးပါးတန်ဖိုးရှိတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံ ဒီနေ့ ပေးအပ်လိုက်ပါတယ်။

လက်ခံရရှိတဲ့ ပစ္စည်းတွေကို ရခိုင်ပြည်နယ်အစိုးရဆီ တိုက်ရိုက်ပေးပို့ပြီး လိုအပ်တဲ့နေရာတွေကို ပေးပို့သွားမှာ ဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ရန်ကုန်တိုင်း ဦးစီးမှူး ဦးဝင်းရွှေ က ပြောပါတယ်။

ထောက်ပံ့ရေးပစ္စည်းတွေကို လေယာဉ် ၂စင်းနဲ့ သယ်ဆောင်လာတာဖြစ်ပြီး မိသားစုသုံး ရွက်ဖျင်တဲ၊ မီးဖိုချောင်သုံး ပစ္စည်းတွေ၊ မီးစက် ၊ အလူမီနီယံစက်တပ်လှေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းစုံ နဲ့ အခြားမိသားစုသုံး ပစ္စည်းတွေ ပါဝင်ပါတယ်။

အာဆီယံဒေသအတွင်းက ဒုက္ခသည်တွေကို အဓိကကူညီတဲ့ အာဆီယံလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး ဗဟိုဌာန (AHA) ကို အာဆီယံ ၁၀နိုင်ငံနဲ့ ဖွဲ့စည်းထားပြီး အင်ဒိုနီးရှားနိုင်ငံမှာ အခြေစိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူတွေအတွက် လူတိုင်း ပါဝင် လှူဒါန်းနိုင်ဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်မှာ အစိုးရက ဘဏ်အကောင့်တစ်ခု ဖွင့်ထားပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေး တို့မှာ အလှူငွေကို လက်ခံနေပါတယ်။ ရန်ကုန်မြို့မှာဆိုရင် ဒီကနေ့အထိ ရရှိတဲ့ အလှူငွေ သိန်းပေါင်း ၄ထောင် နီးပါးရရှိထားပြီဖြစ်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top