Golden City Promotion
×

Oxford University နဲ႔ ံHigher School of Economics မွ သုေတသီေတြက မနက္ေစာေစာ ထေလ့႐ွိသူေတြနဲ႔ ညဖက္ ေနာက္က် မွ အိပ္ေလ့႐ွိတဲ့သူေတြရဲ႕ ညဖက္ စြမ္းေဆာင္ရည္ေတြကို သုေတသန လုပ္ခဲ့ၾကပါတယ္။ ယင္းသုေတသန ကို အေျချပဳၿပီး ပညာေရးစနစ္နဲ႔ စီးပြားေရးလုပ္ငန္းအခ်ိဳ႕ရဲ႕ လူသား အရင္းအျမစ္ အသံုးခ်ဌာနေတြမွာ အသံုးခ်ႏိုင္ဖို႔ ရည္႐ြယ္ထားပါတယ္။

 ဥပမာအားျဖင့္ ေလယာဥ္ေမာင္းပိုင္း ေလာ့ေတြ၊ ေလေၾကာင္းထိန္းသိမ္း ေမွ်ာ္စင္မွ တာ၀န္႐ွိသူေတြ၊ ကား ေမာင္းဆရာေတြကို အခ်က္အလက္ ေတြအမ်ားႀကီးနဲ႔ လုပ္ကိုင္ေနရၿပီး အေရးႀကီးတဲ့ ဆံုးျဖတ္ခ်က္ေတြ ခ်ႏိုင္ဖို႔က အေရးပါတဲ့ အခန္းက႑မွာ ပါ၀င္ပါတယ္။ အိပ္ေရးပ်က္ျခင္း ေတြက ႏိုးေနတဲ့ကာလေတြမွာ ဦးေႏွာက္ရဲ႕ အာ႐ံုစူးစိုက္မႈစနစ္ကို ဆိုးက်ိဳးသက္ေရာက္မႈ ႐ွိေစပါတယ္။ ယခုသုေတသနမွာ အိပ္ေရးပ်က္ျခင္း က မနက္ေစာထေလ့႐ွိသူနဲ႔ ေနာက္ က်မွ အိပ္သူမ်ားအေပၚ သက္ေရာက္ မႈကို သုေတသနလုပ္တဲ့ ပထမဆံုး သုေတသနျဖစ္ပါတယ္။ သုေတသန မွာ ပ်မ္းမွ်အသက္ ၂၅ ႏွစ္႐ွိတဲ့ ပါ၀င္သူ အမ်ိဳးသား ၁၃ ဦးနဲ႔ အမ်ိဳးသမီး ၁၃ ဦးပါ၀င္ခဲ့ပါတယ္။ ပါ၀င္သူေတြကို မနက္ ၈ နာရီမွ ည ၂ နာရီအထိ မအိပ္ေစပဲ ၎င္းတို႔ လုပ္ေဆာင္စရာမ်ားကို လုပ္ခိုင္းထား ပါတယ္။ သုေတသန မစတင္မီမွာ ပါ၀င္သူေတြကို မနက္ေစာထေလ့႐ွိ သူလား၊ ညေနာက္က်မွ အိပ္တတ္သူ လာ ခြဲျခားဖို႔ ေမးခြန္းေတြေမးျမန္းခဲ့ ပါတယ္။ အဲဒီေနာက္မွာေတာ့ Attention Network Test (ANT) လို႔ေခၚတဲ့ အာ႐ံုစူးစိုက္မႈ စစ္ေဆးတဲ့ စမ္းသပ္မႈေတြ လုပ္ေဆာင္ခဲ့ပါ တယ္။

ရလဒ္ေတြက မနက္ပိုင္းမွာ ထူးျခားတဲ့ ကြဲျပားမႈေတြ မေတြ႕ရေပ မဲ့ ညေနပိုင္းမွာေတာ့ သိသာတဲ့ ကြဲျပားမႈေတြ စတင္ေတြ႕လာရပါ တယ္။ မနက္ေစာေစာထေလ့႐ွိတဲ့ သူေတြက ညအိပ္ေနာက္က်တဲ့သူ ေတြထက္ ညေနပိုင္းစစ္ေဆးမႈေတြကို ပိုၿပီးျမန္ျမန္ေျဖႏိုင္တာကို ေတြ႕ရပါ တယ္။ ဒါက တကယ္ကို ထင္မွတ္မ ထားတဲ့ ရလဒ္တစ္ခုပါ။ ဒါေပမဲ့ ေနာက္ဆက္တြဲရလဒ္ကေတာ့ မနက္ ေစာေစာထေလ့႐ွိတဲ့ သူေတြက အေျဖ ျမန္ျမန္ရေပမဲ့ ရလဒ္ကေတာ့ ေနာက္က်မွ အိပ္သူေတြေလာက္ တိက်မႈမ႐ွိတာကို ေတြ႕ရပါတယ္။ ေနာက္က်မွ အိပ္ေလ့႐ွိသူေတြက အခ်ိန္ေနာက္က်လာေလ ၎င္းတို႔ စိတ္ႀကိဳက္ အခ်ိန္မ်ားျဖစ္လာေလ ျဖစ္တဲ့အတြက္ ျပႆနာေတြကို ပိုၿပီး အာ႐ံုစိုက္လာၾကကာ အဓိက ျပႆနာကို အာ႐ံုစိုက္လာႏိုင္သလို ေဘးထြက္အေျခအေနေတြကိုလည္း လ်စ္လ်ဴ႐ႈလာႏုိင္ကာ ျပႆနာကို ပိုၿပီး ေကာင္းေကာင္းေျဖ႐ွင္းလာႏိုင္ တာကို ေတြ႕ရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Thithtoolwin
#Unicode Version#
Oxford University နဲ့ ံHigher School of Economics မှ သုတေသီတွေက မနက်စောစော ထလေ့ရှိသူတွေနဲ့ ညဖက် နောက်ကျ မှ အိပ်လေ့ရှိတဲ့သူတွေရဲ့ ညဖက် စွမ်းဆောင်ရည်တွေကို သုတေသန လုပ်ခဲ့ကြပါတယ်။ ယင်းသုတေသန ကို အခြေပြုပြီး ပညာရေးစနစ်နဲ့ စီးပွားရေးလုပ်ငန်းအချို့ရဲ့ လူသား အရင်းအမြစ် အသုံးချဌာနတွေမှာ အသုံးချနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

 ဥပမာအားဖြင့် လေယာဉ်မောင်းပိုင်း လော့တွေ၊ လေကြောင်းထိန်းသိမ်း မျှော်စင်မှ တာဝန်ရှိသူတွေ၊ ကား မောင်းဆရာတွေကို အချက်အလက် တွေအများကြီးနဲ့ လုပ်ကိုင်နေရပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့က အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အိပ်ရေးပျက်ခြင်း တွေက နိုးနေတဲ့ကာလတွေမှာ ဦးနှောက်ရဲ့ အာရုံစူးစိုက်မှုစနစ်ကို ဆိုးကျိုးသက်ရောက်မှု ရှိစေပါတယ်။ ယခုသုတေသနမှာ အိပ်ရေးပျက်ခြင်း က မနက်စောထလေ့ရှိသူနဲ့ နောက် ကျမှ အိပ်သူများအပေါ် သက်ရောက် မှုကို သုတေသနလုပ်တဲ့ ပထမဆုံး သုတေသနဖြစ်ပါတယ်။ သုတေသန မှာ ပျမ်းမျှအသက် ၂၅ နှစ်ရှိတဲ့ ပါဝင်သူ အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ၁၃ ဦးပါဝင်ခဲ့ပါတယ်။ ပါဝင်သူတွေကို မနက် ၈ နာရီမှ ည ၂ နာရီအထိ မအိပ်စေပဲ ၎င်းင်းတို့ လုပ်ဆောင်စရာများကို လုပ်ခိုင်းထား ပါတယ်။ သုတေသန မစတင်မီမှာ ပါဝင်သူတွေကို မနက်စောထလေ့ရှိ သူလား၊ ညနောက်ကျမှ အိပ်တတ်သူ လာ ခွဲခြားဖို့ မေးခွန်းတွေမေးမြန်းခဲ့ ပါတယ်။ အဲဒီနောက်မှာတော့ Attention Network Test (ANT) လို့ခေါ်တဲ့ အာရုံစူးစိုက်မှု စစ်ဆေးတဲ့ စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပါ တယ်။

ရလဒ်တွေက မနက်ပိုင်းမှာ ထူးခြားတဲ့ ကွဲပြားမှုတွေ မတွေ့ရပေ မဲ့ ညနေပိုင်းမှာတော့ သိသာတဲ့ ကွဲပြားမှုတွေ စတင်တွေ့လာရပါ တယ်။ မနက်စောစောထလေ့ရှိတဲ့ သူတွေက ညအိပ်နောက်ကျတဲ့သူ တွေထက် ညနေပိုင်းစစ်ဆေးမှုတွေကို ပိုပြီးမြန်မြန်ဖြေနိုင်တာကို တွေ့ရပါ တယ်။ ဒါက တကယ်ကို ထင်မှတ်မ ထားတဲ့ ရလဒ်တစ်ခုပါ။ ဒါပေမဲ့ နောက်ဆက်တွဲရလဒ်ကတော့ မနက် စောစောထလေ့ရှိတဲ့ သူတွေက အဖြေ မြန်မြန်ရပေမဲ့ ရလဒ်ကတော့ နောက်ကျမှ အိပ်သူတွေလောက် တိကျမှုမရှိတာကို တွေ့ရပါတယ်။ နောက်ကျမှ အိပ်လေ့ရှိသူတွေက အချိန်နောက်ကျလာလေ ၎င်းင်းတို့ စိတ်ကြိုက် အချိန်များဖြစ်လာလေ ဖြစ်တဲ့အတွက် ပြဿနာတွေကို ပိုပြီး အာရုံစိုက်လာကြကာ အဓိက ပြဿနာကို အာရုံစိုက်လာနိုင်သလို ဘေးထွက်အခြေအနေတွေကိုလည်း လျစ်လျူရှုလာနိုင်ကာ ပြဿနာကို ပိုပြီး ကောင်းကောင်းဖြေရှင်းလာနိုင် တာကို တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Thithtoolwin

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top