Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

"ဘယ္အခ်ိန္မွာ ဘာစားသင့္လဲ"

အစားအေသာက္ေတြကုိ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစဖုိ႔ ဘယ္အခ်ိန္မွာ ဘာေတြ စားေသာက္သင့္တယ္ဆုိတာ ေဖာ္ျပထားပါတယ္။

အသား- ေန႔လယ္ပုိင္းမွာ စားသင့္

အသားက အစာေၾကညက္ရန္ ခက္ခဲတဲ့ အစားအစာ ျဖစ္ပါတယ္။ ပ႐ုိတိန္းဓာတ္ ျမင့္မားစြာပါဝင္တဲ့ အသားကုိ ေန႔လယ္ပုိင္းအခ်ိန္မွာ စားျခင္းက ခႏၶာကိုယ္ သန္စြမ္းက်န္းမာေစၿပီး အာ႐ုံစူးစုိက္မႈ ေကာင္းမြန္ေစပါတယ္။ အသားကုိ ညပုိင္းမွာ စားပါက အစာေျခစနစ္ကုိ ဆုိးက်ဳိးျဖစ္ေစၿပီး သက္ေသာင့္သက္သာမ႐ွိ ျဖစ္တတ္ပါတယ္။

ပန္းသီး- မနက္ပုိင္းမွာ စားသင့္

အမွ်င္ဓာတ္ပါတဲ့ ပန္းသီးက ဝမ္းခ်ဳပ္ျခင္း မျဖစ္ေအာင္ ကူညီေပးပါတယ္။ ကင္ဆာျဖစ္ေစတဲ့ အဆိပ္အေတာက္ေတြကိုလည္း ဖယ္႐ွားေပးပါတယ္။ ပန္းသီးကုိ ေန႔လယ္ပုိင္းမွာ စားျခင္းက အေကာင္းဆုံး ျဖစ္ပါတယ္။ ညပုိင္း စားပါက ပန္းသီးမွာပါဝင္တဲ အက္စစ္ဓာတ္က အစာအိမ္တြင္း အက္စစ္ဓာတ္ပမာဏကုိ ျမင့္တက္ေစပါတယ္။ ပန္းသီးမွာပါတဲ့ဓာတ္က အစာေျခစနစ္ကုိ ဝန္ထုပ္ဝန္ပုိး ျဖစ္ေစပါတယ္။

ငွက္ေပ်ာသီး- ေန႕လယ္ပုိင္းမွာ စားသင့္

အမွ်င္ဓာတ္ၾကြယ္ဝတဲ့ ငွက္ေပ်ာသီးကုိ ေန႔လယ္ပုိင္းမွာ စားျခင္းက က်န္းမာေရးအတြက္ ေကာင္းပါတယ္။ ငွက္ေပ်ာသီးကုိ ညပုိင္းမွာ စားျခင္းက ခၽြဲသလိပ္ ျဖစ္ေစပါတယ္။ မဂၢနီစီယမ္ မ်ားျပားစြာ ပါဝင္တာေၾကာင့္ အစာမ႐ွိတဲ့အခ်ိန္မွာ ငွက္ေပ်ာသီးစားပါက ဗုိက္နာ ဗုိက္ေအာင့္ ျဖစ္တတ္ပါတယ္။

ထမင္း- ေန႔လယ္ပုိင္းမွာ စားသင့္

ကစီဓာတ္ပါဝင္တဲ့ ထမင္းကုိ ေန႔လယ္ပုိင္းမွာ စားသင့္ပါတယ္။ ခႏၶာကိုယ္တြင္း ဇီဝျဖစ္စဥ္ ျမင့္တက္ေနတဲ့ ေန႔လယ္ပိုင္းမွာ ကစီဓာတ္ပါဝင္တဲ့ ထမင္းစားျခင္းက က်န္းမာေရးအတြက္ ေကာင္းပါတယ္။ ထမင္းကုိ ညပိုင္းစားပါက ခႏၶာကိုယ္မွာ အဆီဓာတ္ ျမင့္တက္ေစပါတယ္။

ဒိန္ခ်ဥ္- ေန႔အခ်ိန္ေတြမွာ ေသာက္သင့္

အစာေျခစနစ္ကုိ အေထာက္အကူျပဳတဲ့ ဒိန္ခ်ဥ္ကုိ ေန႔အခ်ိန္ေတြမွာ ေသာက္သင့္ပါတယ္။ ဒိန္ခ်ဥ္ကုိ ညအခ်ိန္ေသာက္ပါက ခၽြဲသလိပ္ ျဖစ္ေစပါတယ္။

ႏုိ႔- ညပုိင္းမွာ ေသာက္သင့္

ႏုိ႔ပူပူကုိ ညပုိင္းမွာ ေသာက္ျခင္းက ခႏၶာကိုယ္ က်န္းမာေရးအတြက္ ေကာင္းမြန္ေစၿပီး ႏွစ္ၿခဳိက္စြာ အိပ္ေပ်ာ္ေစပါတယ္။ ကုိယ္လက္လႈပ္႐ွားမႈ အမ်ားအျပား ျပဳလုပ္ထားျခင္း မ႐ွိေသးတဲ့ မနက္ပုိင္းမွာ ႏုိ႔ေသာက္ျခင္းက အစာေၾကညက္ဖုိ႔ ခက္ခဲေစၿပီး စားေသာက္ခ်ိန္ေတြကုိ ကေမာက္ကမ ျဖစ္ေစပါတယ္။

သစ္ၾကားသီး- ညေနပုိင္းမွာ စားသင့္

သစ္ၾကားသီးမွာ ဓာတ္တုိးဆန္႔က်င္ပစၥည္း ၾကြယ္ဝစြာ ပါဝင္ပါတယ္။ သစ္ၾကားသီးက ဦးေႏွာက္က်န္းမာေရး ေကာင္းမြန္ေစပါတယ္။ အထူးသျဖင့္ သစ္ၾကားသီးကုိ ညေနပုိင္းေတြမွာ စာျခင္းက အေကာင္းဆုံး ျဖစ္ပါတယ္။ သစ္ၾကားသီးကုိ မနက္ပုိင္း၊ ေန႔လယ္ပုိင္းနဲ႔ ညပုိင္းေတြမွာ စားပါက အာနိသင္ အက်ဳိးသက္ေရာက္မႈ ေလ်ာ့နည္းတယ္လို႔ ဆိုပါတယ္။

ပဲအမ်ဳိးမ်ဳိး- ေန႔လယ္ပုိင္းမွာ စားသင့္

အမွ်င္ဓာတ္ ၾကြယ္ဝစြာပါဝင္တဲ့ ပဲနီေလးနဲ႔ ပဲအမ်ဳိးမ်ဳိးက အစာေျခစနစ္ကုိ အေထာက္အကူျပဳၿပီး ကုိလက္စထေရာ ေလ်ာ့က်ေစပါတယ္။ ႏွစ္ၿခဳိက္စြာ အိပ္ေပ်ာ္ေစရန္ အေထာက္အကူ ျပဳပါတယ္။ အမွ်င္ဓာတ္ ပါဝင္တဲ့ ပဲနီေလးနဲ႔ ပဲအမ်ဳိးမ်ဳိးကုိ မနက္ပုိင္းမွာ စားျခင္းက အစာစားခ်င္စိတ္ကုိ ပုိျဖစ္ေစၿပီး အလြန္အကၽြံ စားမိတာမ်ဳိး ျဖစ္တတ္ပါတယ္။

ဒိန္ခဲ- မနက္ေစာေစာ စားသင့္

အသီးအ႐ြက္သာ စားသူေတြအတြက္ ဒိန္ခဲက အသားအစားထုိး စားစရာျဖစ္ပါတယ္။ ဒိန္ခဲကုိ မနက္ေစာေစာမွာ သင့္တင္တဲ့ ပမာဏစားျခင္းက ဝိတ္မတက္ေစသလုိ ေလထုိးေလေအာင့္ ျဖစ္ျခင္းမွလည္း ကာကြယ္ေပးပါတယ္။ ဒိန္ခဲကုိ ညပုိင္းမွာ စားပါက အစာမေၾကျခင္းနဲ႔ အဝလြန္မႈ ျဖစ္ေစပါတယ္။

အခ်ဳိဓာတ္ပါတဲ့ စားေသာက္ဖြယ္ရာ- မနက္ပုိင္းမွာ စားေသာက္သင့္

ခႏၶာကိုယ္မွ အင္ဆူလင္က သၾကားဓာတ္ကုိ မနက္ပုိင္းမွာ ပုိမုိ ထိေရာက္စြာ တုိုက္ဖ်က္ေပးပါတယ္။ ဒါေၾကာင့္ အခ်ဳိဓာတ္ ပါဝင္တဲ့ အစားအေသာက္ေတြကုိ မနက္ပုိင္းမွာ စားေသာက္သင့္ပါတယ္။ ညပုိင္းမွာ အခ်ဳိဓာတ္ပါတဲ့ အစားအေသာက္ေတြ စားေသာက္ျခင္းက ဝိတ္တက္ေစတဲ့အျပင္ အိပ္မေပ်ာ္ႏုိင္လည္း ျဖစ္တတ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Duwun
#Unicode Version#
"ဘယ်အချိန်မှာ ဘာစားသင့်လဲ"

အစားအသောက်တွေကို ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေဖို့ ဘယ်အချိန်မှာ ဘာတွေ စားသောက်သင့်တယ်ဆိုတာ ဖော်ပြထားပါတယ်။

အသား- နေ့လယ်ပိုင်းမှာ စားသင့်

အသားက အစာကြေညက်ရန် ခက်ခဲတဲ့ အစားအစာ ဖြစ်ပါတယ်။ ပရိုတိန်းဓာတ် မြင့်မားစွာပါဝင်တဲ့ အသားကို နေ့လယ်ပိုင်းအချိန်မှာ စားခြင်းက ခန္ဓာကိုယ် သန်စွမ်းကျန်းမာစေပြီး အာရုံစူးစိုက်မှု ကောင်းမွန်စေပါတယ်။ အသားကို ညပိုင်းမှာ စားပါက အစာခြေစနစ်ကို ဆိုးကျိုးဖြစ်စေပြီး သက်သောင့်သက်သာမရှိ ဖြစ်တတ်ပါတယ်။

ပန်းသီး- မနက်ပိုင်းမှာ စားသင့်

အမျှင်ဓာတ်ပါတဲ့ ပန်းသီးက ဝမ်းချုပ်ခြင်း မဖြစ်အောင် ကူညီပေးပါတယ်။ ကင်ဆာဖြစ်စေတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ပန်းသီးကို နေ့လယ်ပိုင်းမှာ စားခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ ညပိုင်း စားပါက ပန်းသီးမှာပါဝင်တဲ အက်စစ်ဓာတ်က အစာအိမ်တွင်း အက်စစ်ဓာတ်ပမာဏကို မြင့်တက်စေပါတယ်။ ပန်းသီးမှာပါတဲ့ဓာတ်က အစာခြေစနစ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။

ငှက်ပျောသီး- နေ့လယ်ပိုင်းမှာ စားသင့်

အမျှင်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးကို နေ့လယ်ပိုင်းမှာ စားခြင်းက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ငှက်ပျောသီးကို ညပိုင်းမှာ စားခြင်းက ချွဲသလိပ် ဖြစ်စေပါတယ်။ မဂ္ဂနီစီယမ် များပြားစွာ ပါဝင်တာကြောင့် အစာမရှိတဲ့အချိန်မှာ ငှက်ပျောသီးစားပါက ဗိုက်နာ ဗိုက်အောင့် ဖြစ်တတ်ပါတယ်။

ထမင်း- နေ့လယ်ပိုင်းမှာ စားသင့်

ကစီဓာတ်ပါဝင်တဲ့ ထမင်းကို နေ့လယ်ပိုင်းမှာ စားသင့်ပါတယ်။ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ် မြင့်တက်နေတဲ့ နေ့လယ်ပိုင်းမှာ ကစီဓာတ်ပါဝင်တဲ့ ထမင်းစားခြင်းက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ထမင်းကို ညပိုင်းစားပါက ခန္ဓာကိုယ်မှာ အဆီဓာတ် မြင့်တက်စေပါတယ်။

ဒိန်ချဉ်- နေ့အချိန်တွေမှာ သောက်သင့်

အစာခြေစနစ်ကို အထောက်အကူပြုတဲ့ ဒိန်ချဉ်ကို နေ့အချိန်တွေမှာ သောက်သင့်ပါတယ်။ ဒိန်ချဉ်ကို ညအချိန်သောက်ပါက ချွဲသလိပ် ဖြစ်စေပါတယ်။

နို့- ညပိုင်းမှာ သောက်သင့်

နို့ပူပူကို ညပိုင်းမှာ သောက်ခြင်းက ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု အများအပြား ပြုလုပ်ထားခြင်း မရှိသေးတဲ့ မနက်ပိုင်းမှာ နို့သောက်ခြင်းက အစာကြေညက်ဖို့ ခက်ခဲစေပြီး စားသောက်ချိန်တွေကို ကမောက်ကမ ဖြစ်စေပါတယ်။

သစ်ကြားသီး- ညနေပိုင်းမှာ စားသင့်

သစ်ကြားသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ သစ်ကြားသီးက ဦးနှောက်ကျန်းမာရေး ကောင်းမွန်စေပါတယ်။ အထူးသဖြင့် သစ်ကြားသီးကို ညနေပိုင်းတွေမှာ စာခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ သစ်ကြားသီးကို မနက်ပိုင်း၊ နေ့လယ်ပိုင်းနဲ့ ညပိုင်းတွေမှာ စားပါက အာနိသင် အကျိုးသက်ရောက်မှု လျော့နည်းတယ်လို့ ဆိုပါတယ်။

ပဲအမျိုးမျိုး- နေ့လယ်ပိုင်းမှာ စားသင့်

အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ပဲနီလေးနဲ့ ပဲအမျိုးမျိုးက အစာခြေစနစ်ကို အထောက်အကူပြုပြီး ကိုလက်စထရော လျော့ကျစေပါတယ်။ နှစ်ခြိုက်စွာ အိပ်ပျော်စေရန် အထောက်အကူ ပြုပါတယ်။ အမျှင်ဓာတ် ပါဝင်တဲ့ ပဲနီလေးနဲ့ ပဲအမျိုးမျိုးကို မနက်ပိုင်းမှာ စားခြင်းက အစာစားချင်စိတ်ကို ပိုဖြစ်စေပြီး အလွန်အကျွံ စားမိတာမျိုး ဖြစ်တတ်ပါတယ်။

ဒိန်ခဲ- မနက်စောစော စားသင့်

အသီးအရွက်သာ စားသူတွေအတွက် ဒိန်ခဲက အသားအစားထိုး စားစရာဖြစ်ပါတယ်။ ဒိန်ခဲကို မနက်စောစောမှာ သင့်တင်တဲ့ ပမာဏစားခြင်းက ဝိတ်မတက်စေသလို လေထိုးလေအောင့် ဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒိန်ခဲကို ညပိုင်းမှာ စားပါက အစာမကြေခြင်းနဲ့ အဝလွန်မှု ဖြစ်စေပါတယ်။

အချိုဓာတ်ပါတဲ့ စားသောက်ဖွယ်ရာ- မနက်ပိုင်းမှာ စားသောက်သင့်

ခန္ဓာကိုယ်မှ အင်ဆူလင်က သကြားဓာတ်ကို မနက်ပိုင်းမှာ ပိုမို ထိရောက်စွာ တိုက်ဖျက်ပေးပါတယ်။ ဒါကြောင့် အချိုဓာတ် ပါဝင်တဲ့ အစားအသောက်တွေကို မနက်ပိုင်းမှာ စားသောက်သင့်ပါတယ်။ ညပိုင်းမှာ အချိုဓာတ်ပါတဲ့ အစားအသောက်တွေ စားသောက်ခြင်းက ဝိတ်တက်စေတဲ့အပြင် အိပ်မပျော်နိုင်လည်း ဖြစ်တတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top