Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

                          ၂၀၁၂ တုန္းက က်င္းပတဲ့ တရုတ္ကြန္ျမဴနစ္ ပါတီညီလာခံ
တ႐ုတ္ကြန္ျမဴနစ္ပါတီညီလာခံ မတိုင္ခင္မွာ ပါတီဖြဲ႔စည္းပံုအေျခခံဥပေဒကို ျပင္ဆင္ျဖည့္စြက္ဖုိ႔ သေဘာတူလိုက္တဲ့အေၾကာင္း တ႐ုတ္ကြန္ျမဴနစ္ပါတီက စေနေန႔မွာ ေၾကညာလိုက္ပါတယ္။

ဒီေၾကညာခ်က္နဲ႔အတူ ျပင္ဆင္ခ်က္ထဲမွာ သမၼတ ရွီက်င့္ပင္ရဲဲ႕ နာမည္ကို ထည့္သြင္းၿပီး သူ႔ရဲ႕ ဂုဏ္သမိုင္းကို အမြမ္းတင္ ေဖာ္ျပ လိမ့္မယ္ဆိုတဲ့ ခန္႔မွန္းခ်က္ေတြလဲ ထြက္လာပါတယ္။

ပါတီညီလာခံမတိုင္က်င္းပတဲ့ မ်က္ႏွာစံုညီအစည္းအေ၀း အဆံုးမွာ ပါတီအေျခခံဥပေဒကို ျပင္ဆင္ျဖည့္စြက္တခုကုိ အတည္ျပဳခဲ့ ၾကတယ္လုိ႔ ကြန္ျမဴနစ္ပါတီဗဟိုေကာ္မတီက ေျပာပါတယ္။ ငါးႏွစ္တႀကိမ္က်င္းပတဲ့ ပါတီညီလာခံက ဗုဒၶဟူးေန႔မွာ စတင္မွာ ျဖစ္ၿပီး သမၼတရွီရဲ႕ လုပ္ပိုင္ခြင့္အာဏာ ပိုၿပီး ခိုင္မာအားေကာင္းလာတာကို ျမင္ရမယ္လုိ႔ ခန္႔မွန္းထားၾကပါတယ္။

ပါတီညီလာခံအတြင္း သမၼတရွီကို ကြန္ျမဴနစ္ပါတီရဲ႕ အေထြေထြအတြင္းေရးမွဴးအျဖစ္ ဒုတိယ ငါးႏွစ္သက္တမ္းအတြက္ လုပ္႐ိုး လုပ္စဥ္အတိုင္း အတည္ျပဳခန္႔ထားမယ္လုိ႔ ခန္႔မွန္းထားၿပီး အဲဒါဟာ မစၥတာရွီအေနနဲ႔ ဒုတိယငါးႏွစ္ သမၼတသက္တမ္းအတြက္ပါ အတည္ျဖစ္မယ့္ သေဘာပါပဲ။

ပါတီညီလာခံမွာ ေခါင္းေဆာင္ပိုင္းအေျပာင္းအလဲ ျဖစ္လိမ့္မယ္လို႔လဲ က်ယ္က်ယ္ျပန္႔ျပန္႔ ခန္႔မွန္းထားၾကပါတယ္။ တ႐ုတ္ႏုိင္္ငံ အုပ္ခ်ဳပ္ေရးကို အဓိကႀကိဳးကိုင္ေနတဲ့ ေပၚလစ္ဗ်ဴ႐ို အျမဲတမ္းေကာ္မတီ၀င္ ခုနစ္ဦးထဲက ငါးဦးကို အစားထိုး ခန္႔ထားဖို႔ ရွိေနတာ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
တရုတ်ကွန်မြူနစ်ပါတီညီလာခံ မတိုင်ခင်မှာ ပါတီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ဖို့ သဘောတူလိုက်တဲ့အကြောင်း တရုတ်ကွန်မြူနစ်ပါတီက စနေနေ့မှာ ကြေညာလိုက်ပါတယ်။

ဒီကြေညာချက်နဲ့အတူ ပြင်ဆင်ချက်ထဲမှာ သမ္မတ ရှီကျင့်ပင်ရဲ့ နာမည်ကို ထည့်သွင်းပြီး သူ့ရဲ့ ဂုဏ်သမိုင်းကို အမွမ်းတင် ဖော်ပြ လိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေလဲ ထွက်လာပါတယ်။

ပါတီညီလာခံမတိုင်ကျင်းပတဲ့ မျက်နှာစုံညီအစည်းအဝေး အဆုံးမှာ ပါတီအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်တခုကို အတည်ပြုခဲ့ ကြတယ်လို့ ကွန်မြူနစ်ပါတီဗဟိုကော်မတီက ပြောပါတယ်။ ငါးနှစ်တကြိမ်ကျင်းပတဲ့ ပါတီညီလာခံက ဗုဒ္ဓဟူးနေ့မှာ စတင်မှာ ဖြစ်ပြီး သမ္မတရှီရဲ့ လုပ်ပိုင်ခွင့်အာဏာ ပိုပြီး ခိုင်မာအားကောင်းလာတာကို မြင်ရမယ်လို့ ခန့်မှန်းထားကြပါတယ်။

ပါတီညီလာခံအတွင်း သမ္မတရှီကို ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ဒုတိယ ငါးနှစ်သက်တမ်းအတွက် လုပ်ရိုး လုပ်စဉ်အတိုင်း အတည်ပြုခန့်ထားမယ်လို့ ခန့်မှန်းထားပြီး အဲဒါဟာ မစ္စတာရှီအနေနဲ့ ဒုတိယငါးနှစ် သမ္မတသက်တမ်းအတွက်ပါ အတည်ဖြစ်မယ့် သဘောပါပဲ။

ပါတီညီလာခံမှာ ခေါင်းဆောင်ပိုင်းအပြောင်းအလဲ ဖြစ်လိမ့်မယ်လို့လဲ ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းထားကြပါတယ်။ တရုတ်နိုင်ငံ အုပ်ချုပ်ရေးကို အဓိကကြိုးကိုင်နေတဲ့ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီဝင် ခုနစ်ဦးထဲက ငါးဦးကို အစားထိုး ခန့်ထားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top