ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ပဲခူးတိုင္းေဒသႀကီး ေတာင္ငူၿမိဳ႕နယ္ ဇီးပင္သာအျမန္လမ္းရဲစခန္းအပိုင္ မိုင္တိုင္ (၁၅၅/၇ ႏွင့္ ၁၅၆/ဝ ) အၾကားတြင္ ေအာက္တိုဘာ ၉ ရက္ နံနက္ ၃ နာရီခြဲက မန္းေရႊၿမိဳ႕ေတာ္ ခရီးသည္တင္ယာဥ္ အရွိန္လြန္တိမ္းေမွာက္ခဲ့ရာ ယာဥ္ေပၚ လုိက္ပါလာသူ ယာဥ္ေမာင္းအပါအဝင္ ၄၃ ဦး အနက္ အမ်ဳိးသား ၁၄ ဦး၊ အမ်ဳိးသမီး ၁၅ ဦး ဒဏ္ရာမ်ားရရွိခဲ့ၿပီး အမ်ဳိးသမီးတစ္ဦး (ေနရပ္လိပ္စာ)စံုစမ္းဆဲ ေသဆံုးသြား ခဲ့သည္။

ယင္းျဖစ္ပြားရာသို႔ အျမန္လမ္းတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး ေဇာ္ထြန္းေအာင္ ႀကီးၾကပ္၍ ဇီးပင္သာ၊ ေဗာဓိကုန္း၊ ျဖဴး၊ သာဂရ အျမန္လမ္းရဲစခန္းမ်ားမွ စခန္းမွဴး ဦးစီးတပ္ဖြဲ႕ဝင္ မ်ား၊ အျမန္လမ္းအေရးေပၚ က်န္းမားေရးေစာင့္ေရွာက္ေရးအဖြဲ႕၊ မီးသတ္တပ္ဖြဲ႕၊ ေတာင္ငူၿမိဳ႕နယ္၊ ေရတာရွည္ၿမိဳ႕နယ္မ်ားမွ လူမႈေရးေစာင့္ေရွာက္ေရးအဖြဲ႕မ်ားက ဝိုင္းဝန္းကူညီေဆာင္ရြက္ခဲ့ၾကေၾကာင္း၊ ေသဆံုးသူႏွင့္ ဒဏ္ရာရရွိသူမ်ားကို ေနျပည္ေတာ္၊ ေတာင္ငူ၊ ေရတာရွည္ေဆး႐ံုမ်ားသို႔ ကူညီပို႔ေပးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရန္ကုန္မွ ေနျပည္ေတာ္သို႔ ေဝလင္းသူ(၃၂ႏွစ္) ေရနံသာေက်းရြာ ေရႊျပည္သာရပ္ မတၱရာၿမိဳ႕ မၲေလးတိုင္းေဒသႀကီးေနသူ ေမာင္းႏွင္သည့္ မန္းေရႊၿမိဳ႕ေတာ္ ခရီးသည္တင္ယာဥ္ 5M/-သည္ အခင္းျဖစ္ေနရာအေရာက္ အရွိန္မထိန္းႏိုင္ဘဲ လမ္းလယ္ကြၽန္းေပၚသို႔ျဖတ္တက္ကာ တစ္ဖက္ ယာဥ္ေၾကာအေရာက္ တိမ္းေမွာက္သြားခဲ့ျဖစ္ေၾကာင္း သိရွိရၿပီး ဇီးပင္သာအျမန္လမ္းရဲစခန္းက အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

ကိုလြင္(ဆြာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဖိုးသူေတာ္ (www.phothutaw.com)
Credit: thithtoolwin

#Unicode Version#
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဇီးပင်သာအမြန်လမ်းရဲစခန်းအပိုင် မိုင်တိုင် (၁၅၅/၇ နှင့် ၁၅၆/ဝ ) အကြားတွင် အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီခွဲက မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ် အရှိန်လွန်တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ် လိုက်ပါလာသူ ယာဉ်မောင်းအပါအဝင် ၄၃ ဦး အနက် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၅ ဦး ဒဏ်ရာများရရှိခဲ့ပြီး အမျိုးသမီးတစ်ဦး (နေရပ်လိပ်စာ)စုံစမ်းဆဲ သေဆုံးသွား ခဲ့သည်။

ယင်းဖြစ်ပွားရာသို့ အမြန်လမ်းတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ထွန်းအောင် ကြီးကြပ်၍ ဇီးပင်သာ၊ ဗောဓိကုန်း၊ ဖြူး၊ သာဂရ အမြန်လမ်းရဲစခန်းများမှ စခန်းမှူး ဦးစီးတပ်ဖွဲ့ဝင် များ၊ အမြန်လမ်းအရေးပေါ် ကျန်းမားရေးစောင့်ရှောက်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်များမှ လူမှုရေးစောင့်ရှောက်ရေးအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို နေပြည်တော်၊ တောင်ငူ၊ ရေတာရှည်ဆေးရုံများသို့ ကူညီပို့ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မှ နေပြည်တော်သို့ ဝေလင်းသူ(၃၂နှစ်) ရေနံသာကျေးရွာ ရွှေပြည်သာရပ် မတ္တရာမြို့ မ္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်သည့် မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ် 5M/-သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ဖြတ်တက်ကာ တစ်ဖက် ယာဉ်ကြောအရောက် တိမ်းမှောက်သွားခဲ့ဖြစ်ကြောင်း သိရှိရပြီး ဇီးပင်သာအမြန်လမ်းရဲစခန်းက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top