Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ျမန္မာဓာတ္ပံုသတင္းသမား ကိုမင္းေဇယ်ာဦးသည္ ၂၀၁၇ အတြက္ မာတင္အက္ဒ လာဆု    ဆြတ္ခူးရရွိေၾကာင္း Rory Peck Trust ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပထားသည္။
ယင္းဆုကို ေအာက္တိုဘာ ၂၃ ရက္ ေဒသစံေတာ္ခ်ိန္ ည ၉ နာရီတြင္ ၿဗိတိန္ႏိုင္ငံ လန္ဒန္ ၿမိဳ႕၌ က်င္းပမည့္ Rory Peck ဆု ခ်ီးျမႇင့္ပြဲအခမ္းအနားတြင္ ခ်ီးျမႇင့္ မည္ဟု ေဖာ္ျပထားသည္။
ကိုမင္းေဇယ်ာဦးသည္ အသက္(၂၉)ႏွစ္သာ ရွိေသးေသာ ျမန္မာမ်ိဳးဆက္သစ္ ဓာတ္ပံုသ တင္းသမားျဖစ္ၿပီး ျမန္မာႏုိင္ငံ၏ ႏုိင္ငံေရး၊ လူမႈေရး၊ စီးပြားေရး သတင္းဓာတ္ပံုေကာင္းမ်ား တင္ျပႏိုင္ကာ ႏုိင္ငံတကာဓာတ္ပံုဆု မ်ား    ရရွိထားသူျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
၎၏ဓာတ္ပံုမ်ားတြင္ ႐ို ဟင္ဂ်ာမ်ား(မူရင္းေရးသားမႈအ တိုင္း)အေၾကာင္း ႐ိုက္ကူးထားၿပီး ႐ိုက္တာသတင္းဌာန၌ ေဖာ္ျပ ခံရသည့္ Reunions and Ran-soms ႏွင့္ The Price of Jade တို႔မွာ ထင္ရွားေၾကာင္း ေရးသား ထားသည္ ။
၎၏ဓာတ္ပံုမ်ားကို TIME မဂၢဇင္း၊ The New York Times, The Guardian သတင္းစာမ်ား စသည့္ကမၻာတစ္ဝန္းရွိ သတင္း စာမဂၢဇင္းမ်ားတြင္ ေဖာ္ျပေၾကာင္း ေရးသားထားသည္။
ကိုမင္းေဇယ်ာဦးရရွိေသာ ဆုသည္ ဆြီဒင္လူမ်ိဳးဓာတ္ပံုသ တင္းသမား မာတင္ဂြၽန္အက္ဒ လာအမည္ကို အစြဲျပဳေပးအပ္ ျခင္း ျဖစ္သည္။ မာတင္ဂြၽန္အက္ ဒလာသည္၂၀၀၆ တြင္ ဆိုမာလီ ႏိုင္ငံ၌ သတင္းယူစဥ္ ေသနတ္ပစ္ ခံရကာ ေသဆံုးခဲ့သည္။
ကိုမင္းေဇယ်ာဦးသည္ ျမန္ မာႏိုင္ငံမွ ဘဂၤလားေဒ့ရွ္ႏုိင္ငံသို႔ ေျပာင္းေရႊ႕ေနထုိင္ေသာ ဒုကၡ သည္မ်ားအေၾကာင္း သတင္း ဓာတ္ပံု႐ိုက္ကူးရန္ ယခုႏွစ္ စက္ တင္ဘာလဆန္းက ဘဂၤလားေဒ့ရွ္ ႏိုင္ငံသို႔ သြားေရာက္စဥ္ အဖမ္းခံ ရၿပီး စက္တင္ဘာ ၂၂ ရက္တြင္ အာမခံျဖင့္ ျပန္လည္လြတ္ေျမာက္ ကာ ေအာက္တုိဘာ ၁၇ ရက္၌ ဘဂၤလားေဒ့ရွ္ႏုိင္ငံမွ ျပန္လည္ ထြက္ခြာခြင့္ရရွိခဲ့သူလည္း ျဖစ္ သည္။
 
 ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 မြန်မာဓာတ်ပုံသတင်းသမား ကိုမင်းဇေယျာဦးသည် ၂၀၁၇ အတွက် မာတင်အက်ဒ လာဆု    ဆွတ်ခူးရရှိကြောင်း Rory Peck Trust ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းဆုကို အောက်တိုဘာ ၂၃ ရက် ဒေသစံတော်ချိန် ည ၉ နာရီတွင် ဗြိတိန်နိုင်ငံ လန်ဒန် မြို့၌ ကျင်းပမည့် Rory Peck ဆု ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့် မည်ဟု ဖော်ပြထားသည်။

ကိုမင်းဇေယျာဦးသည် အသက်(၂၉)နှစ်သာ ရှိသေးသော မြန်မာမျိုးဆက်သစ် ဓာတ်ပုံသ တင်းသမားဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး သတင်းဓာတ်ပုံကောင်းများ တင်ပြနိုင်ကာ နိုင်ငံတကာဓာတ်ပုံဆု များ    ရရှိထားသူဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်း၏ဓာတ်ပုံများတွင် ရို ဟင်ဂျာများ(မူရင်းရေးသားမှုအ တိုင်း)အကြောင်း ရိုက်ကူးထားပြီး ရိုက်တာသတင်းဌာန၌ ဖော်ပြ ခံရသည့် Reunions and Ran-soms နှင့် The Price of Jade တို့မှာ ထင်ရှားကြောင်း ရေးသား ထားသည် ။

၎င်း၏ဓာတ်ပုံများကို TIME မဂ္ဂဇင်း၊ The New York Times, The Guardian သတင်းစာများ စသည့်ကမ္ဘာတစ်ဝန်းရှိ သတင်း စာမဂ္ဂဇင်းများတွင် ဖော်ပြကြောင်း ရေးသားထားသည်။

ကိုမင်းဇေယျာဦးရရှိသော ဆုသည် ဆွီဒင်လူမျိုးဓာတ်ပုံသ တင်းသမား မာတင်ဂျွန်အက်ဒ လာအမည်ကို အစွဲပြုပေးအပ် ခြင်း ဖြစ်သည်။ မာတင်ဂျွန်အက် ဒလာသည်၂၀၀၆ တွင် ဆိုမာလီ နိုင်ငံ၌ သတင်းယူစဉ် သေနတ်ပစ် ခံရကာ သေဆုံးခဲ့သည်။

ကိုမင်းဇေယျာဦးသည် မြန် မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်သော ဒုက္ခ သည်များအကြောင်း သတင်း ဓာတ်ပုံရိုက်ကူးရန် ယခုနှစ် စက် တင်ဘာလဆန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်စဉ် အဖမ်းခံ ရပြီး စက်တင်ဘာ ၂၂ ရက်တွင် အာမခံဖြင့် ပြန်လည်လွတ်မြောက် ကာ အောက်တိုဘာ ၁၇ ရက်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည် ထွက်ခွာခွင့်ရရှိခဲ့သူလည်း ဖြစ် သည်။

 ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top