ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေရာဂါေဝဒနာမ်ား သက္သာေပ်ာက္ ကင္းသည္ဟုဆိုကာ ေပါင္းတည္ၿမိဳ႕နယ္၊ ႏြယ္ခ်ိဳ ၁ ရပ္ကြက္၊ ေရႊတည္ ၂ ကြက္သစ္ရွိ ငါးႏွစ္ေက်ာ္အ႐ြယ္ ကေလးငယ္ထံတြင္ အနယ္နယ္ အရပ္ရပ္မွ လာေရာက္ေဆးကုသသူမ်ား ယခုအခါ မ်ားျပားလ်က္ရွိေၾကာင္း ကေလးငယ္၏ဦးေလးေတာ္စပ္သူ ဦးဝင္းထြဋ္က ေျပာၾကားသည္။

လြန္ခဲ့ေသာ ႏွစ္လခန္႔မွစတင္ကာ လက္ျဖင့္ သပ္ေပးပါက ေရာဂါေဝဒနာမ်ား သက္သာသည္ဟုဆိုကာ ေပ်ာက္ကင္းသူ မ်ားျပားလာၿပီး လာေရာက္ ကုသသူမ်ား ျပားလာသည့္အတြက္ အဆိုပါ ကေလးငယ္ အနားရေစရန္ မူလေနထိုင္ရာ ၾကာနီကန္ေက်း႐ြာအုပ္စု၊ ရွားေပါင္းေက်း႐ြာမွ ေပါင္းတည္ၿမိဳ႕နယ္ ေရႊတည္ကြက္သစ္သို႔ လာေရာက္ေနျခင္း ျဖစ္ေသာ္လည္း ရပ္ေဝး ရပ္နီးမွ ေရာဂါေဝဒနာရွင္မ်ားမွာ လာေရာက္ေနသည့္အတြက္ ကုသေပးေနရျခင္းျဖစ္ေၾကာင္း ၎၏ မိသားစုဝင္မ်ားထံမွ စံုစမ္းသိရွိရသည္။

“အဆုပ္နည္းနည္း အေအးပတ္သလို ျဖစ္ေနလို႔ ေဆးခန္းျပထားတယ္။ ဒီမွာက လာေရွာင္တယ္။ ကုရတဲ့လူ မ်ားလြန္းေတာ့ ကေလးပင္ပန္းမွာစိုးလို႔ သူ႔ အတိတ္ကံေၾကာင့္ ကေလးက ကုေပးႏိုင္တာ ေပ်ာက္တဲ့သူလည္း ခ်က္ခ်င္း ေပ်ာက္တယ္။ တခ်ိဳ႕လည္း သံုးေလးရက္ေလာက္မွ ေပ်ာက္တယ္”ဟု ဦးဝင္းထြဋ္က ေျပာဆိုသည္။

ငါးႏွစ္သားေလာက္မွ စတင္ကာ ေက်း႐ြာအတြင္းရွိ လူမ်ားကို အမွတ္မထင္ ကုသေပးရာမွ ေက်း႐ြာ အ.ထ.က ေက်ာင္းမွ ေက်ာင္းအုပ္ ဆရာမႀကီးကို ကုသေပ်ာက္ကင္းၿပီးေနာက္ လူမႈကြန္ရက္မွတစ္ဆင့္ ၎အေၾကာင္းမွာ ပ်ံ႕ႏွံ႔လာခဲ့ျခင္းျဖစ္ေၾကာင္း ၎က ရွင္းျပသည္။

“ကၽြန္မအစ္ကိုဝမ္းကြဲ မ်က္ႏွာ အမ္းတယ္။ အသက္႐ွဴက်ပ္ အေမာေဖာက္တာလာကုတာ ႏွစ္ရက္ပဲ ၾကာတယ္။ ေပ်ာက္သြားတယ္ေပါ့။ အဲဒါေၾကာင့္လည္း အခုလို ကုဖို႔လာတာပါ။ ေပ်ာက္မယ္လို႔လည္း ယံုၾကည္တယ္”ဟု ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ ေတာင္႐ိုးကြင္းေက်း႐ြာမွ လာေရာက္ ေဆးကုသသူ ေဒၚသန္းသန္းေမာ္က ေျပာၾကားသည္။

အဆိုပါ ငါးႏွစ္ေက်ာ္ ကေလးထံသို႔ ေန႔စဥ္ လူႏွစ္ေက်ာ္ လာေရာက္ ကုသမႈခံယူေနၿပီး အဖိတ္ေန႔ ဥပုသ္ေန႔မ်ားတြင္ လူငါးရာေက်ာ္ရွိေၾကာင္း၊ ေငြေၾကး သတ္မွတ္ေကာက္ခံျခင္း မရွိဘဲ အလွဴခံထားရွိထားၿပီး အလွဴေငြ ထည့္သြင္းေပးရေၾကာင္း၊ အဆိုပါကေလးငယ္ ေမာင္ထြန္းေတဇေအာင္ ေတာင္းဆိုသည့္အတိုင္း လမ္းမ်ား၊ ဘုန္းႀကီးေက်ာင္းႏွင့္ ဘိုးဘြားရိပ္သာမ်ားသို႔ ရသည့္အလွဴေငြထဲမွ ထည့္ဝင္လွဴဒါန္းေပးရေၾကာင္း ၎၏မိသားစုဝင္မ်ားထံမွ စံုစမ္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice

#Unicode Version#
ရောဂါဝေဒနာများ သက်သာပျောက် ကင်းသည်ဟုဆိုကာ ပေါင်းတည်မြို့နယ်၊ နွယ်ချို ၁ ရပ်ကွက်၊ ရွှေတည် ၂ ကွက်သစ်ရှိ ငါးနှစ်ကျော်အရွယ် ကလေးငယ်ထံတွင် အနယ်နယ် အရပ်ရပ်မှ လာရောက်ဆေးကုသသူများ ယခုအခါ များပြားလျက်ရှိကြောင်း ကလေးငယ်၏ဦးလေးတော်စပ်သူ ဦးဝင်းထွဋ်က ပြောကြားသည်။

လွန်ခဲ့သော နှစ်လခန့်မှစတင်ကာ လက်ဖြင့် သပ်ပေးပါက ရောဂါဝေဒနာများ သက်သာသည်ဟုဆိုကာ ပျောက်ကင်းသူ များပြားလာပြီး လာရောက် ကုသသူများ ပြားလာသည့်အတွက် အဆိုပါ ကလေးငယ် အနားရစေရန် မူလနေထိုင်ရာ ကြာနီကန်ကျေးရွာအုပ်စု၊ ရှားပေါင်းကျေးရွာမှ ပေါင်းတည်မြို့နယ် ရွှေတည်ကွက်သစ်သို့ လာရောက်နေခြင်း ဖြစ်သော်လည်း ရပ်ဝေး ရပ်နီးမှ ရောဂါဝေဒနာရှင်များမှာ လာရောက်နေသည့်အတွက် ကုသပေးနေရခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

“အဆုပ်နည်းနည်း အအေးပတ်သလို ဖြစ်နေလို့ ဆေးခန်းပြထားတယ်။ ဒီမှာက လာရှောင်တယ်။ ကုရတဲ့လူ များလွန်းတော့ ကလေးပင်ပန်းမှာစိုးလို့ သူ့ အတိတ်ကံကြောင့် ကလေးက ကုပေးနိုင်တာ ပျောက်တဲ့သူလည်း ချက်ချင်း ပျောက်တယ်။ တချို့လည်း သုံးလေးရက်လောက်မှ ပျောက်တယ်”ဟု ဦးဝင်းထွဋ်က ပြောဆိုသည်။

ငါးနှစ်သားလောက်မှ စတင်ကာ ကျေးရွာအတွင်းရှိ လူများကို အမှတ်မထင် ကုသပေးရာမှ ကျေးရွာ အ.ထ.က ကျောင်းမှ ကျောင်းအုပ် ဆရာမကြီးကို ကုသပျောက်ကင်းပြီးနောက် လူမှုကွန်ရက်မှတစ်ဆင့် ၎င်းအကြောင်းမှာ ပျံ့နှံ့လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်မအစ်ကိုဝမ်းကွဲ မျက်နှာ အမ်းတယ်။ အသက်ရှူကျပ် အမောဖောက်တာလာကုတာ နှစ်ရက်ပဲ ကြာတယ်။ ပျောက်သွားတယ်ပေါ့။ အဲဒါကြောင့်လည်း အခုလို ကုဖို့လာတာပါ။ ပျောက်မယ်လို့လည်း ယုံကြည်တယ်”ဟု ကြို့ပင်ကောက်မြို့နယ် တောင်ရိုးကွင်းကျေးရွာမှ လာရောက် ဆေးကုသသူ ဒေါ်သန်းသန်းမော်က ပြောကြားသည်။

အဆိုပါ ငါးနှစ်ကျော် ကလေးထံသို့ နေ့စဉ် လူနှစ်ကျော် လာရောက် ကုသမှုခံယူနေပြီး အဖိတ်နေ့ ဥပုသ်နေ့များတွင် လူငါးရာကျော်ရှိကြောင်း၊ ငွေကြေး သတ်မှတ်ကောက်ခံခြင်း မရှိဘဲ အလှူခံထားရှိထားပြီး အလှူငွေ ထည့်သွင်းပေးရကြောင်း၊ အဆိုပါကလေးငယ် မောင်ထွန်းတေဇအောင် တောင်းဆိုသည့်အတိုင်း လမ်းများ၊ ဘုန်းကြီးကျောင်းနှင့် ဘိုးဘွားရိပ်သာများသို့ ရသည့်အလှူငွေထဲမှ ထည့်ဝင်လှူဒါန်းပေးရကြောင်း ၎င်း၏မိသားစုဝင်များထံမှ စုံစမ်း သိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Voice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top