# Zawgyi Version ျဖင့္ ဖတ္ရန္ #

ပိန္ေျခာက္ေနေသာ ခႏၶာကိုယ္တြင္ ဒဏ္ရာမ်ဳိးစုံျဖင့္ မ်က္တြင္းေဟာက္ပက္ျဖစ္ေနသည့္ အမ်ဳိးသားတစ္ဦး ဖ်ာပုံျပည္သူ႔ေဆး႐ုံ ခုတင္ေပၚတြင္ အင္အားေဖ်ာ့ေတာ့စြာ လဲေလ်ာင္းေနသည္။
အသက္ (၅၂)ႏွစ္အရြယ္ရွိ သူ႔အမည္က ဦးေက်ာ္ေဇယ်ျဖစ္ ၿပီး ခႏၶာကိုယ္တြင္ရရွိထားေသာ ဒဏ္ရာမ်ားမွာ မီးေလာင္ဒဏ္ရာ မ်ားပါသလို ႐ုိက္ႏွက္ခံရေသာ ေၾကာင့္ ရေသာဒဏ္ရာမ်ားလည္း ပါသည္။

ဦးေက်ာ္ေဇယ်မွာ မေကြးတုိင္း ေရနံေခ်ာင္းၿမိဳ႕နယ္ လြန္မင္ေက်းရြာဇာတိျဖစ္သည္။ ေမြးရပ္ ဇာတိတြင္ ထန္းတက္၊ ေတာင္ယာလုပ္ခဲ့ေသာ္လည္း အလုပ္အကိုင္မေကာင္းသျဖင့္ ရန္ကုန္ၿမိဳ႕သို႔ တက္လာကာ အလုပ္အကိုင္ ေကာင္းရရန္ ဇူလုိင္လကုန္ပိုင္းတြင္ စြန္႔စားခရီးထြက္ခဲ့ျခင္းျဖစ္သည္။ ရန္ကုန္ရွိ နတ္စဥ္လမ္း ဘုန္းႀကီးေက်ာင္းတစ္ခုတြင္ တည္းခိုကာ အလုပ္တစ္ခုရွာေနရင္းမွ ဦးေက်ာ္ေဇယ်တစ္ေယာက္ လူကုန္ကူးသူမ်ား၏ သားေကာင္ ျဖစ္ခဲ့ကာ အျဖစ္ဆုိးႀကံဳရျခင္းျဖစ္၏။

‘‘ၾသဂုတ္လဆန္းပိုင္းက ကမာရြတ္ဘူတာ႐ုံမွထုိင္ေနတုန္း အမ်ဳိးသမီးတစ္ဦးနဲ႔ အမ်ဳိးသားတစ္ဦး ေရာက္လာတယ္။ ဘယ္ကလဲ၊ ဘာလုပ္လဲေမးေတာ့ ရန္ကုန္မွာ အလုပ္လာရွာေၾကာင္း ေျပာျပတယ္။ ဒါနဲ႔တင္ သူတို႔က ေရာ္ဘာၿခံမွာ အလုပ္လုပ္ရမယ္။ တဲလည္းေဆာက္ေပးမယ္။ စရိတ္ၿငိမ္း တစ္လတစ္သိန္းႏွစ္ေသာင္းရမယ္။ အခုလုိက္ခဲ့လို႔ေျပာတယ္။ ဘုန္းႀကီးေက်ာင္းမွာအ၀တ္ေတြ က်န္ေသးတယ္။ သြားယူဦးမယ္ဆိုေတာ့ အ၀တ္အစားက ေပါပါတယ္။ အိမ္မွာလည္း အလုပ္လုပ္မယ့္သူေတြ ေစာင့္ေနတာရွိတယ္။ လုိက္သာလုိက္ခဲ့ပါဆိုၿပီး အငွားကားတစ္စီးနဲ႔ သူတုိ႔ေခၚရာကို လုိက္ခဲ့တယ္’’ဟု ဦးေက်ာ္ေဇယ်က သူအလုပ္ရခဲ့ပုံကိုေျပာသည္။

အလုပ္ေခၚသူ ဇနီးေမာင္ႏွံႏွစ္ဦးေခၚေဆာင္ရာ လႈိင္သာယာၿမိဳ႕ရွိ အိမ္တစ္အိမ္သို႔ ေရာက္သြားသည္။ ထုိအိမ္တြင္ သူ႔ကဲ့သို႔ပင္ အလုပ္လုပ္ရန္ေရာက္ေနသူ ငါးဦးကို ေတြ႕ရသည္။ အလုပ္ရွင္အသစ္က ညစာထမင္းအျပင္ သူတုိ႔ကို အရက္ပါတုိက္သည္။ မေသာက္လုိဟု ျငင္းေသာ္လည္း အလုပ္ရသည့္အေနျဖင့္ ဂုဏ္ျပဳျခင္းျဖစ္ေၾကာင္း ေျပာေတာ့ ေသာက္လုိက္ၾကသည္။ ေက်းဇူးရွင္ ဇနီးေမာင္ႏွံအမည္မသိေသး၍ ေမးၾကည့္မိသည္။ နာမည္ေမးေတာ့ သိပ္ႀကိဳက္ပုံမေပၚေသာ္လည္း ဦး၀င္းဗုိလ္ႏွင့္ မသီတာဟု သိခဲ့သည္။

ထိုညက ခ်က္ခ်င္းအိပ္မေပ်ာ္ခဲ့။ ရြာတြင္က်န္ခဲ့ေသာ အသက္ႀကီးေနၿပီျဖစ္သည့္ အစ္မျဖစ္သူ မုဆုိးမ၏ စား၀တ္ေနေရး၊ က်န္းမာေရးအတြက္ ရမည့္လစာေငြျဖင့္ ေထာက္ပံ့ေပးႏုိင္မည္ကို ေတြး၍ က်ိတ္ၾကည္ႏူးေနသည္။ စရိတ္ၿငိမ္း လစာတစ္သိန္းေက်ာ္ရမည့္ေငြမွာ သူ႔အတြက္ေတာ့ မနည္း။ ရြာတြင္ ေနပူထဲ ပင္ပင္ပန္းပန္းလုပ္လွ်င္ပင္ ယခုေလာက္ ေငြရရန္ခက္ခဲသည္။ လာရင္းရည္ရြယ္ခ်က္က ပန္းရန္ျဖစ္ျဖစ္၊ လက္သမားအလုပ္ျဖစ္ျဖစ္ တစ္ခုခုလုပ္ရန္ ျဖစ္ေသာ္လည္း ယခုကဲ့သို႔ သစ္ပင္ပန္းမန္မ်ားကို ျပဳစုလုပ္ကိုင္ရမည္ဆုိ၍ ပို၀မ္းသာေနမိသည္။ ေတြးရင္းေတြးရင္း သူအိပ္ေပ်ာ္သြားခဲ့သည္။

စကားေျပာသံမ်ားေၾကာင့္ အိပ္ရာမွ လူးလဲထျဖစ္သည္။ အ႐ုဏ္ဦး၏ အလင္းေရာင္ကား မေတြ႕ရေသးဘဲ ေမွာင္မုိက္ေနဆဲ။ သို႔ေသာ္ သူႏွင့္အတူ အလုပ္သြားလုပ္ၾကမည့္သူအားလုံးႏွင့္ အိမ္ရွင္ဇနီးေမာင္ႏွံပါ ခရီးသြားရန္ျပင္ဆင္ေနၾက၍ သူပါ အျမန္ျပင္ဆင္သည္။ မၾကာမီ အိမ္ေရွ႕သို႔ အငွားကားတစ္စီးေရာက္လာသည္။

အလုပ္လုပ္ရမည့္ေရာ္ဘာၿခံရွိရာသို႔ သြားရမည္ျဖစ္၍ စိတ္က လြတ္လပ္ေပါ့ပါးေနသည္။ အလုပ္ရွင္ဇနီးေမာင္ႏွံႏွင့္ အလုပ္လုပ္ရမည့္ ေျခာက္ဦး ေပါင္းရွစ္ဦးက အငွားကားေရွ႕ခန္း၊ ေနာက္ခန္းႏွင့္ ေနာက္ဖံုးပါဖြင့္၍ ခြဲထိုင္ၾကသည္။ ေရာ္ဘာၿခံဟုသာ သိထားၿပီး ဘယ္ၿမိဳ႕ ဘယ္ေဒသဆိုသည္ကိုေတာ့ သူမသိဘဲ ခရီးတစ္ခု အစျပဳခဲ့သည္။

လႈိင္သာယာမွ ႏွစ္နာရီခန္႔ ေမာင္းၿပီးေနာက္ ၿမိဳ႕ေလးတစ္ၿမိဳ႕ရွိ ကားဂိတ္တစ္ခုအတြင္းေရာက္လာခဲ့သည္။ အလင္းေရာင္ေကာင္းစြာမျမင္ရေသးဘဲ ေမးၾကည့္မွသာ ဖ်ာပံုၿမိဳ႕ ၁၈ ဂိတ္ဟုသိရသည္။

ဖ်ာပံုေရာက္ၿပီးေနာက္ ေနာက္ထပ္အငွားကားတစ္စီးကို က်ပ္ေလးေသာင္းျဖင့္ သူတို႔ဇနီးေမာင္ႏွံက ထပ္မံငွားသည္။ ဆက္သြားေသာ ခရီးလမ္းက ေတာ္ေတာ္ဆိုးသည္။ နာရီေတာ္ေတာ္ ၾကာၾကာေမာင္းၿပီးမွ ဖ်ာပံုၿမိဳ႕နယ္ ကဗ်က္ဆိုေသာရြာမွ ကိုရခိုင္ႀကီးဟုေခၚသူ၏ အိမ္သို႔ေရာက္သည္။ ကိုရခိုင္ႀကီးအိမ္က အလုပ္လုပ္ရမည့္ သူေဌးအိမ္ႏွင့္လည္း မေ၀းဟု လိုက္ပို႔သူဇနီးေမာင္ႏွံကေျပာသည္။

ပင္လယ္ျပင္ငရဲခန္းသို႔အေရာက္

‘‘အဲဒီေရာက္ေတာ့မွ ပင္လယ္ထြက္ရမယ္လို႔ ေျပာတယ္။ ပင္လယ္ဆိုရင္ေတာ့ မလိုက္ခ်င္ဘူးလုိ႔ အားလံုးကေျပာၾကတယ္။ အဲဒီေတာ့ မသီတာက မလိုက္လို႔ မျဖစ္ဘူး။ လိုက္ရမယ္ ကြၽန္မတုိ႔မွာ ကုန္က်စရိတ္ေတြမ်ားေနၿပီဆိုၿပီးေအာ္တယ္။ ကြၽန္ေတာ့္ပါးကို တစ္ခ်က္႐ိုက္တယ္။ ကို၀င္းဗိုလ္က ကြၽန္ေတာ့္မ်က္ႏွာကိုလက္သီးနဲ႔ထိုးတယ္။ ေျခေထာက္နဲ႔ ျဖတ္ကန္တာေတြလုပ္ေတာ့ အေပၚသြားတစ္ေခ်ာင္း က်ိဳးသြားတယ္။ က်န္တဲ့သူေတြကိုလည္း အဲဒီလိုပဲ ထိုးတာကန္တာေတြ လုပ္တယ္။ အဲဒီေတာ့မွ သူတို႔ရဲ႕မသမာစိတ္ကိုေတြ႕ၿပီး အားလံုးက ေၾကာက္သြားတယ္။ အကုန္လံုး ဒဏ္ရာေတြရၾကတယ္။ ကြၽန္ေတာ္တို႔လည္း ေၾကာက္ေတာ့ဘာမွဆက္မေျပာရဲဘူး’’ဟု ေလသံတုိးတုိးျဖင့္ ဦးေက်ာ္ေဇယ်ကေျပာသည္။

ထိုေန႔က ကိုရခိုင္ႀကီးအိမ္တြင္ ညအိပ္ခဲ့ရသည္။ ထမင္းေကြၽးၿပီးေနာက္ အျဖဴမႈန္႔မ်ားကို အရက္ထဲသို႔ ထည့္ကာတိုက္သည္။ အျဖဴမႈန္မ်ား အရက္တြင္အကုန္မေပ်ာ္သျဖင့္ ခြက္ေအာက္၌ ကပ္ေနသည့္ အစအနမ်ားကို ေတြ႕ရသည္။

‘‘တိုက္တဲ့အရက္က ေတာ္ေတာ္ဆိုးတယ္။ ေသာက္ၿပီး ဘာမွကိုမသိေတာ့တာ။ အန္ေတာ့လည္း ဗိုက္ထဲက အ၀ါေရာင္အရည္ေတြက်တဲ့အထိ အန္တယ္။ အဲဒီေတာ့မွ ကိုယ့္ကိုယ္ကိုယ္ ဒုကၡေရာက္ၿပီဆိုေတာ့ သိေတာ့တယ္’’ ဟု ဆက္၍ေျပာသည္။

ရန္ကုန္က ေခၚလာေသာ ေျခာက္ဦးထဲမွ ေလးဦးကို ပင္လယ္ထဲမွ ဦးသန္းဦးဆိုသူ၏ ျပည္ေက်ာ္ႀကီး၀ါးေဖာင္သို႔ အလုပ္ရွင္၏စက္ေလွျဖင့္ ပို႔ေပးသည္။ က်န္ႏွစ္ဦးမွာ ဒဏ္ရာမ်ားစြာရရွိထားေသာေၾကာင့္ က်န္ခဲ့ၿပီး အျခားေဖာင္သို႔ ပို႔မည္ဆိုသည္။

ဖ်ာပံုၿမိဳ႕နယ္ ေနာက္မီးေက်းရြာရွိ သုသာန္သို႔ ေရလုပ္သားတစ္ဦး၏႐ုပ္အေလာင္းကုိ လာေရာက္သၿဂႋဳဟ္စဥ္။ (ဓာတ္ပံု-ဆန္းေမာင္ဦး)

ဦးသန္းဦး၏ ျပည္ေက်ာ္ႀကီး ေရစင္သို႔ ကိုရခိုင္ႀကီးကဦးေဆာင္ကာ ပို႔ေပးခဲ့သည္။ လုပ္ခ တစ္ေယာက္ ေျခာက္သိန္းႏႈန္း ေလးဦးစာအတြက္ ႏွစ္ဆယ့္ေလးသိန္းကို မည္သူထုတ္မည္လဲဟုေမးသည္။ ေဒၚသီတာက‘‘ကြၽန္မပဲယူရမွာပါ။ သူတို႔ကို ကြၽန္မပဲ ေကြၽးေမြးၿပီး စရိတ္ အကုန္အက်ခံထားရတာ။ ၿပီးေတာ့ သူတို႔ေနာက္က မိသားစုေတြ ကြၽန္မပဲ ဆက္ၿပီးေပးရဦးမယ္’’ဟုဆိုကာ ရရွိသည့္ေငြအားလံုးကို ထုတ္ယူသြားခဲ့ေတာ့သည္။ လိုက္ပါလာသူ ေလးဦးစလံုး စကားပင္မေျပာႏိုင္ေတာ့ဟု သူကဆိုသည္။

ဦးေက်ာ္ေဇယ်တို႔မွာ ေဖာင္ဦးစီး မင္းမင္းလတ္ဦးေဆာင္သည့္ ေဖာင္ေပၚတြင္ သူတို႔အလုပ္လုပ္ၾကရသည္။ ေဖာင္ဦးစီးအပါအ၀င္ လူငါးဦးသာရွိၿပီး က်ားပိုက္ေလးခု ရွိသည္။ ပိုက္မ်ားကို အခ်င္းတစ္လက္မခြဲခန္႔ရွိသည့္ ႀကိဳးမ်ားႏွင့္ဆြဲထားၿပီး သူ႔အခ်ိန္ႏွင့္သူ ေဖာ္ရကာ ငါး၊ ပုစြန္မ်ိဳးစံုကို ဖမ္းဆီးရသည္။ မုိးသည္းသည္း ရာသီဥတုၾကမ္းၾကမ္းတြင္ ႏွစ္ဆယ့္ေလးနာရီနီးပါး မအိပ္မေနအလုပ္လုပ္ရသည္။ ရလာသည့္ ပုစြန္မ်ားကို ၾကာရွည္ခံရန္ ေရေႏြးေျဖာရသည္။ ငါးမ်ားကိုေတာ့ ေရြးခ်ယ္ကာ အႀကီးအငယ္ အမ်ိဳးအစားလိုက္ခြဲၿပီး ေရခဲ ႐ိုက္သင့္တာ႐ိုက္လုပ္ရသည္။

‘‘ေဖာင္ေတြက အမ်ားႀကီးဆိုေတာ့ လုပ္သားအင္အားကလည္း အမ်ားႀကီးပဲ။ ပို႔တဲ့ထမင္းနဲ႔ လုပ္သားအင္အားက မမွ်ေတာ့ ထမင္းမစားရတဲ့ ရက္ေတြကမ်ားလာတယ္။ ရာသီဥတုကဆိုး၊ အလုပ္ကပင္ပန္း၊ စားစရာက မလံုေလာက္ေတာ့ လူေတြက အာဟာရျပတ္ၿပီး က်န္းမာေရးေတြ ဆိုးရြားလာၾကတယ္။ အလုပ္မလုပ္ႏိုင္ေတာ့ ေဖာင္ဦးစီးက႐ိုက္တယ္။ ထိုးတယ္။ အဲဒီေဖာင္ေတြေပၚမွာ အေပါဆံုးကေတာ့ ေစာေစာက ေျပာတဲ့ ေဆးခတ္ထားတဲ့ အရက္ေတြပဲ။ အရက္ကေတာ့ ႀကိဳက္သေလာက္ေသာက္လို႔ရတယ္’’ဟု ဦးေက်ာ္ေဇယ်က သူ၏အေတြ႕အႀကံဳကိုေျပာသည္။

လူသားစားေသာပင္လယ္

ဦးေက်ာ္ေဇယ်သည္ ယခင္က ထန္းတက္သမားမို႔ ထန္းေရေသာက္ႏိုင္ေသာ္လည္း ေဖာင္ေပၚတြင္ ေသာက္ရသည့္အရက္ကိုကား သူ မေသာက္ႏိုင္။ လုပ္ေဖာ္ကိုင္ဖက္ ေဖာင္လုပ္သားမ်ားတြင္ စိုးထြန္းဆိုေသာ အရက္ခ်ိဳးတစ္ဦးပါသည္။ အရက္ေသာက္႐ံုမွလြဲ၍ က်န္မည္သည့္အလုပ္ကိုမွ မလုပ္ႏိုင္။ စက္တင္ဘာ ၁၈ ရက္က ေန႔လယ္ပိုင္းခန္႔ဟုခန္႔မွန္းသည္။ ထိုေန႔က အလုပ္မလုပ္ႏိုင္သည့္ စိုးထြန္းကို ေဖာင္ဦးစီး မင္းမင္းလတ္က အလုပ္မလုပ္ႏိုင္ရေကာင္းလားဟုဆိုကာ ေဖာင္ေပၚ၌ပင္ နားအံုကိုထိုးသည္။ ရင္ ၀ကိုေဆာင့္ကန္သည္။ မင္း ေသသြားေတာ့ေကာ ဘာဆန္းလဲ၊ ေရထဲက်ေသသြားၿပီ ေျပာ႐ံုပဲဆိုကာ ျပင္းထန္စြာ႐ိုက္ေတာ့သည္။ စိုးထြန္းတစ္ေယာက္ ဆန္႔ငင္ဆန္႔ငင္ ျဖစ္ေနသည္။

ညေန ၄ နာရီခန္႔တြင္ စိုးထြန္းတစ္ေယာက္ ေသသြားပါသည္။ ဘယ္သူမွ် ဘာမွ်မလုပ္ရဲ။ ေဖာင္ဦးစီးအမိန္႔ေပးသျဖင့္ စိုးထြန္းအေလာင္းကို ပလတ္စတစ္အျပာစျဖင့္ပတ္ကာ ႀကိဳးျဖင့္သံုးခ်က္တုပ္ေပးခဲ့ရသည္။ ညေနေစာင္း ငါးသယ္ရန္ စက္ေလွလာမွ စက္ေလွေဘးတြင္ စိုးထြန္းအေလာင္းကို ကပ္ခ်ည္ေပးခဲ့သည္။ စိုးထြန္းအေလာင္းကို မည္သည့္ေနရာသို႔ သယ္ေဆာင္သြားမည္ကို မည္သူမွ်မသိဟု ဦးေက်ာ္ေဇယ်က မ်က္ရည္၀ဲ၀ဲျဖင့္ေျပာရွာသည္။

‘‘သူ႔ကို ဘယ္လိုသၿဂဳႋဟ္ေပးမလဲဆိုတာ သိခ်င္တယ္။ ဒါနဲ႔ ေဖာင္မွာထမင္းခ်က္တဲ့ အသက္ (၆၀)ေလာက္ရွိတဲ့ ဦးေလးကိုေမးၾကည့္တယ္။ စိုးထြန္းကို ဘယ္လိုသၿဂႋဳဟ္မလဲဆိုေတာ့ ဟေကာင္ရ ဘယ္မွသြားမသၿဂဳႋဟ္ဘူး။ ေရထဲ ၀ဲပစ္တာ၊ က်ားထိပ္မွာခ်လိုက္ရင္ ငါး၊ ပုစြန္ေတြ အမ်ားႀကီးလာတယ္။ ဒီမွာေသရင္ ဒီလိုပဲလုပ္တာလို႔ ကြၽန္ေတာ့္ကိုေျပာျပတယ္’’ ဟု အျဖစ္ဆိုးကိုေျပာျပသည္။

စိုးထြန္းမေသမီက ၎သည္ တစ္ဦးတည္းေသာ သားျဖစ္ေၾကာင္း၊ အေဖနာမည္မွာ ဦးဘထြန္းျဖစ္ေၾကာင္း သူ႔အားေျပာျပခဲ့သည္။ သို႔ေသာ္လည္း စိုးထြန္း၏ ေနရပ္လိပ္စာကို မေမးမိခဲ့သျဖင့္ ေနာင္တရမိသလိုရွိေသာ္လည္း သူကိုယ္တိုင္ပင္ ဒီပင္လယ္မွ ျပန္ရပါ့မလားဟု အေတြးျဖင့္ ထိတ္လန္႔ေနခဲ့သည္။ သို႔ေသာ္လည္း က်န္လူငယ္ႏွစ္ဦးကို ေမးျမန္းၾကည့္မွ စိုးထြန္းမွာ လယ္ေ၀းကမွန္းသိလိုက္ရသည္။

ကယ္တင္ရွင္ေပၚလာျခင္း

စက္တင္ဘာ ၂၂၊ ၂၃ ရက္တစ္ရက္ရက္ျဖစ္မည္ထင္သည္။ ပင္လယ္ထဲတြင္ ေနခဲ့ရေသာ ေန႔ရက္မ်ားျဖစ္၍ ရက္စြဲမ်ား ေကာင္းေကာင္းမသိေတာ့။ ပင္္လယ္ထဲ၌ မိုးကသဲသဲမဲမဲရြာေနသည္။ လိႈင္းကလည္း ထန္ေနသည္။ ဆယ့္ငါးေပအက်ယ္ေလာက္ရွိမည့္ ဝါးေဖာင္ေပၚတြင္ ေဆာက္ထားေသာ တဲအတြင္း ေရမ်ားစိုရႊဲေနသည္။ မိုးၿဗဲဒယ္ျဖင့္ ပုစြန္ျပဳတ္အေျခာက္လွမ္းရန္ ေရစိုေနသည့္ ထင္းစိုစုိမ်ားကို တဲအတြင္းရွိ မီးဖိုတြင္ ဦးေက်ာ္ေဇယ် မီးထိုးရသည္။ ဘယ္လိုပင္ ႀကိဳးစားႀကိဳးစား မီးက မေတာက္ႏုိင္ျဖစ္ေနသည္။ ျပဳတ္ရမည့္ ပုစြန္မ်ားစြာရွိသလို ေရထဲခ်ထားသည့္ ပိုက္ကိုလည္း ဆြဲရမည့္အခ်ိန္ေရာက္လာသည္။

‘‘ေဖာင္ဦးစီး မင္းမင္းလတ္ေရာက္လာၿပီး ဒီအဘိုးႀကီးက ၿပီးကိုမၿပီးႏုိင္ဘူးဆုိၿပီး ထမင္းစားတဲ့ ပလတ္စတစ္ဇလံုနဲ႔ ေရေႏြးပူေတြခပ္ၿပီး လွမ္းပက္တယ္။ ေျခေထာက္နဲ႔ျဖတ္ကန္တယ္။ ထင္းေခ်ာင္းနဲ႔ ႐ိုက္တယ္။ လက္သီးနဲ႔ထိုးတယ္။ ခင္ဗ်ားတို႔ ေသသြားလည္း က်ဳပ္က ဘာမွမျဖစ္ဘူး။ သူ႔ဟာသူ ေရထဲခုန္ခ်ၿပီး ေသသြားတယ္လို႔ က်ဳပ္ကေျပာ႐ံုပဲ’’ဟု ေျပာဆိုႏွိပ္စက္ေၾကာင္း ဦးေက်ာ္ေဇယ်ကဆုိသည္။

ေရေႏြးပူႏွင့္ အပက္ခံရသျဖင့္ ဦးေက်ာ္ေဇယ်ေပါင္တြင္ အပူေလာင္ခဲ့သည္။ ႐ိုက္ႏွက္ခံရမႈေၾကာင့္ ခႏၶာကိုယ္အႏွံ႔တြင္ ဒဏ္ရာမ်ားစြာ ရရွိခဲ့သည္။ ေဖာင္တုိင္းတြင္ ေဖာင္သူႀကီး၏ ႏွိပ္စက္မႈမ်ားေၾကာင့္ လူႏွစ္ဆယ္ခန္႔မွာ လူသူမသိဘဲ ေသဆံုးသူမ်ားရွိသကဲ့သို႔ ေၾကာက္လန္႔ကာ ေရထဲခုန္ခ်၍ ထြက္ေျပးသူမ်ားလည္းရွိေၾကာင္း ဦးေက်ာ္ေဇယ်ကေျပာသည္။

ဒဏ္ရာမ်ားေၾကာင့္ ရက္အနည္းငယ္အတြင္း ဦးေက်ာ္ေဇယ် က်န္းမာေရးထိခုိက္ကာ ဖ်ားနာေတာ့သည္။ သို႔ေသာ္လည္း အလုပ္နားေန၍ မရပါ။ ေနမေကာင္းသည့္ၾကားမွ အလုပ္လုပ္ရင္း ေနာက္ဆံုးတြင္ မထႏုိင္ေတာ့။

သူလည္း အလုပ္မလုပ္ႏုိင္ဘဲလဲေန၍ အျခားသူမ်ားကဲ့သို႔ တစ္နည္းနည္းျဖင့္ ေသရေတာ့မည္ဟု စိတ္ေလွ်ာ့မိသည္။ အျပင္းဖ်ားနာေနေသာေၾကာင့္ သူထိန္းခ်ဳပ္မရဘဲ ညည္းတြားေနမိသည္။ သူ႔ ညည္းတြားသံက သူ႔ဘဝအေျပာင္းအလဲျဖစ္မည္ကို သူမသိခဲ့။

‘‘တဲထဲက ညည္းေနတာ ဘယ္သူလဲ။ ဟိုတစ္ေလာက ေသသြားတာလည္း မင္းတို႔ေဖာင္ကပဲ မဟုတ္လား။ ၾကည့္လုပ္ၾကပါဦး’’ ဆုိၿပီး လာစစ္ေဆးေသာ စစ္ေရယာဥ္ေပၚမွ ဟင္းစားလာေတာင္းသည့္ ေရတပ္စစ္သားတစ္ဦးက ေဖာင္ဦးစီးကို ေမးသံၾကားရသည္။ ေဖာင္ဦးစီးက ‘‘အညာသားဖ်ားေနတာ။ ေအကိုက္ေနတာ။ ဒီေကာင့္တစ္ကိုယ္လံုး အနာေတြခ်ည္းပဲ’’ဟုေျပာသည္။

‘‘ဘယ္က အညာသားလဲလုိ႔ ေရတပ္ဗိုလ္ကေမးတယ္။ မေကြးေရနံေခ်ာင္းကလုိ႔ေတာ့ ေျပာတာပဲ’’လို႔ ေဖာင္ဦးစီးက ဆက္ေျပာတယ္။ ‘‘ေဟ့ေကာင္ ငါလည္း မေကြးသား ဒီေကာင့္ကို ၾကည့္ခ်င္တယ္’’ဟုဆိုကာ ဦးေက်ာ္ေဇယ်ကို ျပခုိင္းေလသည္။ ေဖာင္ဦးစီးက ျငင္းမရေတာ့၍ ျပလုိက္ေသာအခါ သူ႔ကိုျမင္ၿပီး အျဖစ္မွန္ရိပ္မိကာ ေဒါသျဖင့္သတိေပးသည္။ ေအကိုက္ေနေသာ လူငယ္ဆုိၿပီး အသက္ႀကီးပိုင္း အမ်ိဳးသားႀကီးတစ္ဦး ဒဏ္ရာမ်ားျဖင့္ လဲေလ်ာင္းေနသည္ကို ေတြ႕ၿပီးေနာက္ ‘‘သူေသရင္ေတာ့ မင္းတုိ႔ေဖာင္ေတြအားလံုးဖ်က္ၿပီး သိမ္းရမယ္လို႔ မင္းတို႔သူေဌး သန္းဦးကို ေျပာလုိက္’’ဟု ေဖာင္ဦးစီးကို ေျပာသည္။

‘‘ကြၽန္ေတာ့္မွာ ေရတပ္က စစ္ဗိုလ္ကယ္ခဲ့တဲ့ အသက္ပဲရွိေတာ့တယ္။ မဟုတ္ရင္ ဒီေန႔ေလာက္ဆုိ ကြၽန္ေတာ္ ေသေနၿပီ’’ဟု ဆိုေလသည္။ တေအာင့္အၾကာတြင္ ေရတပ္ဗိုလ္လာၿပီး ေဖာင္သူႀကီးက အလံေထာင္လိုက္ေသာအခါ စက္ေလွတစ္စီး ခ်က္ခ်င္းလာကပ္ၿပီးသူ႔ကို အလုပ္ရွင္ဦးသန္းဦးဆီ ျပန္ပို႔ေလေတာ့သည္။

ဦးေက်ာ္ေဇယ် ေရာက္ရွိေနသည့္ ပင္လယ္ျပင္တြင္ ဝါးေဖာင္ ေပါင္း ၆၈ ေဖာင္ရွိသည္။ ယင္းေဖာင္မ်ားကို စက္ေလွသံုးစီးျဖင့္ လွည့္လည္ကင္းေစာင့္သည္။ ေဖာင္ေပၚတြင္ လူေသ၍ျဖစ္ေစ၊ ေဖာင္ကြဲ၍ျဖစ္ေစ၊ ႀကိဳးျပတ္၍ျဖစ္ေစ၊ ေဖာင္ေမွာက္၍ျဖစ္ေစ ျပႆနာႀကီးႀကီးမားမားတစ္ခုျဖစ္ပါက အဝတ္တစ္ခုခုကိုလႊင့္၍ အလံထူရသည္။ ထိုအခါ ကင္းလွည့္ေနသည့္ စက္ေလွမ်ား ခ်က္ခ်င္းလာ၍ ေဖာင္တြင္ျဖစ္ေပၚေနေသာ ျပႆနာကို ေျဖရွင္းရသည္။

အျပန္ သူေဌးဦးသန္းဦးက သူ႔အား လိုက္ပို႔သည့္ ရခုိင္ႀကီး လာေခၚမည္ဆုိသျဖင့္ စက္ေလွေပၚတြင္ ညအိပ္ေစာင့္ခဲ့သည္။ စက္တင္ဘာ ၂၈ ရက္ နံနက္တြင္ ရခိုင္ႀကီး သူ႔ကို လာေခၚသည္။ ဖ်ာပံုႏွင့္ ကဗ်က္ရြာသို႔ ေျပးဆြဲသည့္ အငွားကားဂိတ္သို႔ သူ၏ ဆုိင္ကယ္ျဖင့္ လိုက္ပို႔သည္။

‘‘ဖ်ာပံု ၁၈ ဂိတ္မွာ မင္းကိုပို႔ေပးတဲ့ မသီတာတုိ႔လင္မယား ေစာင့္ေနတယ္။ သူတို႔ မင္းအတြက္ ကားခေပးလိမ့္မယ္’’လို႔ ေျပာေပမယ့္ ဖ်ာပံုေရာက္ေတာ့ ဘယ္သူ႔ကိုမွ ရွာမေတြ႕ဘူး။ ကိုရခုိင္ႀကီးဆီ ဖုန္းဆက္ေတာ့ ဖုန္းကစက္ပိတ္ထားတယ္။ ကားေမာင္းသူကို ျဖစ္ေၾကာင္းကုန္စင္ ေျပာျပလိုက္ေတာ့ ကားဆရာက လက္ဖက္ရည္တစ္ခြက္တိုက္ၿပီး ေငြတစ္ေထာင္ ေထာက္ပံ့ေပးတယ္’’ ဟု ဖ်ာပံုသို႔ ျပန္ေရာက္လာပံုကို ဦးေက်ာ္ေဇယ်ကေျပာသည္။

သူ႔အေျခအေနကို ေျပာျပ၍ စာနာစိတ္ရွိသည့္ ဆုိင္ကယ္ကယ္ရီသမားတစ္ဦးက ဖ်ာပံုၿမိဳ႕အလုပ္သမား႐ံုးသုိ႔ တုိင္ၾကားရန္ လိုက္ပို႔ေပးသည္။ သို႔ေသာ္ အလုပ္သမား႐ံုးက ရဲစခန္းသို႔သြား၍ အမႈဖြင့္ရန္သာ အႀကံေပးေလသည္။ ထိုသို႔ျဖင့္ ဖ်ာပံုတြင္ ေယာင္လည္လည္ ျဖစ္ေနစဥ္ ကူညီသူတစ္ဦး ထပ္မံေတြ႕သည္။

ကူညီသူမ်ားျဖင့္ ေတြ႕ဆံုျခင္း

‘‘အလုပ္သမား႐ံုးေရွ႕မွာ လြယ္အိတ္တစ္လံုးလက္ကဆြဲၿပီး ေျခေထာက္ေထာ့နဲ႔ေထာနဲ႔နဲ႔ လူတစ္ေယာက္ကို ေတြ႕တယ္။ ေပါင္မွာလည္း ဒဏ္ရာႀကီးနဲ႔ဆိုေတာ့ ပုဆိုးကိုတစ္ဖက္ကမၿပီးေတာ့ေပါ့။ သူက ရဲစခန္းေရွ႕က ထမင္းဆိုင္မွာ သူ႔မွာပါလာတဲ့ ေငြတစ္ေထာင္နဲ႔ ထမင္းစားဖို႔လုပ္ေနတယ္။ ဒါနဲ႔ ခင္ဗ်ား ဘာျဖစ္လာတာလဲလို႔ေမးေတာ့ ဒုကၡေရာက္လာတာေျပာတယ္။ ဘယ္လိုဒုကၡေရာက္လာတာလဲ ေမးေတာ့မွ သူကျဖစ္ေၾကာင္းကုန္စင္ေျပာျပတယ္။ ဒါနဲ႔တင္ ထမင္းေကြၽးၿပီးေတာ့ သူ႔ကို ခ႐ိုင္ရဲတပ္ဖြဲ႕မွဴးဆီ ေခၚသြားတယ္။ ေဆး႐ံုတင္ေပးတယ္။ ခ႐ိုင္ရဲတပ္ဖြဲ႕မွဴးစီစဥ္ေပးေတာ့ သူအလုပ္လုပ္ခဲ့တဲ့ အမာၿမိဳ႕စခန္းမွဴးက ေဆး႐ံုလာၿပီး စစ္ခ်က္ယူ၊ အမႈဖြင့္ေပးတယ္’’ဟု ဦးေက်ာ္ေဇယ်အား ကူညီေပးေသာ လူ႔အခြင့္အေရးကာကြယ္ျမႇင့္တင္ေရးအဖြဲ႕(HRDP) (ဖ်ာပံု)မွ ဦးႏိုင္ဝင္းေအာင္ကေျပာသည္။

ဦးေက်ာ္ေဇယ်ကို လူကုန္ကူးသူ ၀င္းဗိုလ္ႏွင့္ မမိုးသီတာ (ခ) သီတာတို႔ကိုလည္း စက္တင္ဘာ ၃၀ ရက္တြင္ ဖ်ာပံုၿမိဳ႕နယ္ အမွတ္(၁၈)ရပ္ကြက္ရွိ ၎တို႔၏ အေဒၚဆိုသူေနအိမ္၌ ဖမ္းဆီးခဲ့သည္။ ၎တို႔ကို အမာနယ္ေျမရဲစခန္းတြင္ လူကုန္ကူးဥပေဒပုဒ္မ ၁၃၉ ျဖင့္ အမႈဖြင့္အေရးယူထားသည္။ ၎တို႔မွာ ရန္ကုန္တိုင္း လႈိင္သာယာၿမိဳ႕နယ္ ေ၀ပုလႅ(၄) လမ္း၊ ၈၆ ကားဂိတ္ေဟာင္းအနီးတြင္ အိမ္ငွားေနထိုင္သူမ်ား ျဖစ္သည္။ ထို႔အျပင္ ဦးေက်ာ္ေဇယ်ကို ေရေႏြးႏွင့္ပက္၊ တုတ္ျဖင့္႐ိုက္၍ ႏွိပ္စက္သူ မင္းမင္းလတ္ကိုလည္း ေအာက္တိုဘာ ၄ ရက္က ဖမ္းဆီးၿပီး အမာရဲစခန္းတြင္ ပုဒ္မ ၃၂၄၊ ၃၂၅၊ ၂၉၄ တို႔ျဖင့္ အမႈဖြင့္ထားသည္။ သို႔ေသာ္ ၎ကုိ အာမခံေပးထားေၾကာင္း သတင္းရရွိသည္။

ေဆး႐ံုမွဆင္းၿပီးေနာက္ ဦးေက်ာ္ေဇယ်အား ဦးႏိုင္၀င္းေအာင္တို႔အဖြဲ႕ စီမံေပးမႈျဖင့္ ဖ်ာပံုၿမိဳ႕ရွိ ဘုန္းႀကီးေက်ာင္းတစ္ခုတြင္ တစ္ညတာတည္းခို၍ အိပ္စက္ခဲ့သည္။ ေနာက္ေန႔တြင္ ေမြးရပ္ဇာတိသို႔ ျပန္လိုစိတ္က အားႀကီးေနသည္။ လမ္းေကာင္းစြာ မေလွ်ာက္ႏိုင္ေသာ္လည္း ျပန္ရန္စိတ္ဆံုးျဖတ္ထားသည္။ သို႔ေသာ္လည္း ျပန္ရန္ စရိတ္စကမရွိ၊ တရား႐ံုးတြင္လည္း ထြက္ခ်က္ေပးရဦးမည္ဟုဆိုသျဖင့္ ေနာက္ေန႔အတြက္ စိတ္ေမာရျပန္သည္။ လိုက္ပါကူညီသူေတြက အစစအရာရာ အဆင္ေျပေအာင္ကူညီေပးေသာ္လည္း အျပန္စရိိတ္ေတာင္းရန္မူ ႏႈတ္ကမထြက္။

ေနာက္ေန႔တြင္ အမာစခန္းမွဴးကတရား႐ံုးတြင္ ထြက္ခ်က္ေပးရန္ေခၚသျဖင့္ သြားခဲ့သည္။ ကိုယ့္အလွည့္မေရာက္ေသး၍ ေစာင့္ေနစဥ္ လူတစ္စုအနားေရာက္လာသည္။ သူတို႔ကို အစကမသိ။ ေနာက္မွ ဦး၀င္းဗိုလ္၏ မိသားစုမ်ားဟုေျပာသည္။ သူတို႔က ဦးေက်ာ္ေဇယ်ကို ၎တို႔ႏွင့္လိုက္ခဲ့ရန္ အတင္းဆြဲေခၚသည္။ ေဆးကုေပးမည္၊ အလုပ္အကိုင္ေပးမည္ စသည္ျဖင့္လည္း ေျပာသည္။ မလိုက္လိုေၾကာင္း ေျပာေသာ္လည္း မရ၊ အနီးပတ္၀န္းက်င္မွ လူမ်ားေရာက္လာေတာ့မွ ရွဲသြားေတာ့သည္။

‘‘ဖ်ာပံုကေန ညကားစီးၿပီးေတာ့မွ ျပန္လာခဲ့တယ္။ ကားေပၚမွာ ကြၽန္ေတာ့္လံုၿခံဳေရး စိတ္ခ်ရေအာင္ ကူညီေပးတဲ့အဖြဲ႕က ကားဆရာကို ေစာင့္ေရွာက္ေပးဖို႔ အပ္လိုက္တယ္။ ဒါနဲ႔တင္ ရထားတစ္တန္၊ ကားတစ္တန္နဲ႔ ကိုယ့္ၿမိဳ႕ကို ျပန္လာခဲ့တယ္။ အခုေတာ့ ေရနံေခ်ာင္း ေရာက္ေနၿပီ။ အနာက သိပ္ၿပီး အကင္းမေသေသးေတာ့ အလုပ္မလုပ္္ႏိုင္ေသးဘူး။ အစ္မေတြအိမ္မွာပဲ ေနေနတယ္’’ဟု ဦးေက်ာ္ေဇယ်က ေအာက္တိုဘာ ၁၀ ရက္တြင္ ဇာတိရြာမွ 7Day News ဂ်ာနယ္သို႔ ဖုန္းဆက္ေျပာသည္။

‘‘ဒီလိုမ်ိဳး လူကုန္ကူးခံရတဲ့သူေတြ အမ်ားႀကီးရွိတယ္။ တခ်ိဳ႕ကလည္း ကြၽန္ေတာ္တုိ႔နဲ႔ ခ်ိိတ္မိတာေတြရွိတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ကူညီေပးခဲ့တာေတာ့ အမ်ားႀကီးရွိတယ္။ ဒီအထဲမွာ ကိုေက်ာ္ေဇယ်လည္း အပါအ၀င္ေပါ့’’ဟု ဦးႏိုင္၀င္းေအာင္က ဆက္လက္ေျပာၾကားသည္။

ဦးေက်ာ္ေဇယ်ကို လူကုန္ကူးသူ ၀င္းဗုိလ္ႏွင့္သီတာ။ (ဓာတ္ပံု-သက္ေဆြ)

လူကုန္ကူးခံရေသာ ေရလုပ္သားမ်ားစြာရွိေန

ထိုကဲ့သို႔ ပြဲစားမ်ားက လိမ္လည္ေခၚေဆာင္ၿပီး ပင္လယ္ျပင္ငရဲခန္းသို႔ အပို႔ခံရသည္မွာ ဦးေက်ာ္ေဇယ် တစ္ေယာက္တည္းမဟုတ္ပါ။ ဖ်ာပံုၿမိဳ႕နယ္ သမိန္ေထာရြာမွ အသက္(၂၈)ႏွစ္အရြယ္ ေအာင္ပိုင္ဦးမွာလည္း လူကုန္ကူးသူမ်ား၏ သားေကာင္ျဖစ္ခဲ့ရသူတစ္ဦးျဖစ္သည္။ ‘‘ကြၽန္ေတာ့္အိမ္က ဖ်ာပံုနဲ႔ ခုနစ္မိုင္ေလာက္ေဝးတဲ့ သမိန္ေထာဆိုတဲ့ ရြာမွာပါ။ အိမ္ျပန္မလို႔ လမ္းေလွ်ာက္ေနတုန္း ဆုိင္ကယ္တစ္စီးနဲ႔ လူႏွစ္ေယာက္ေရာက္လာၿပီး ဘယ္သြားမွာလဲလို႔ ေမးတယ္။ သမိန္ေထာျပန္မလို႔ဆုိၿပီး ေျပာေတာ့လာတက္ဆုိၿပီး ဆုိင္ကယ္ေပၚတက္ခုိင္းတယ္။ လမ္းေရာက္ေတာ့ ဆုိင္ကယ္ရပ္ၿပီး မိတ္ျဖစ္ေဆြျဖစ္ ေသာက္ပါဆုိၿပီးေတာ့ သူတုိ႔ဆီမွာပါလာတဲ့ အရက္ကိုတုိက္တယ္။ အဲဒီအခ်ိန္ကစၿပီး ဘာမွမသိေတာ့ဘူး။ ေနာက္ဆံုးေတာ့ လူကုန္ကူးခံရတဲ့အဆင့္အထိ ျဖစ္သြားေတာ့တယ္’’ ဟု ေအာင္ပိုင္ဦးက စက္တင္ဘာလဆန္းတြင္ ႀကံဳေတြ႕ခဲ့ရေသာ သူ၏အေတြ႕အႀကံဳကိုေျပာသည္။

ေအာင္ပိုင္ဦးကိုလည္း ဦးေက်ာ္ေဇယ်ကဲ့သို႔ပင္ အရက္တိုက္ၿပီးမူးေသာအခါ လူကုန္ကူးသူမ်ားက ေဖာင္ေပၚသို႔ တင္ေပးလိုက္ျခင္းျဖစ္သည္။ သို႔ေသာ္ သူကံေကာင္းသည္မွာ မိသားစုက သူေပ်ာက္သြားသည္ကို သိရွိသည့္အတြက္ ဖ်ာပံုၿမိဳ႕ေပၚတြင္ လိုက္လံရွာေဖြၿပီး ရဲစခန္းတြင္ လူ ေပ်ာက္တိုင္ၾကားရာမွ ဆိုင္ကယ္ျဖင့္ေခၚ သြားသူႏွစ္ဦးကို ေျခရာခံမိသည္။ ထို႔ေနာက္ ၎တို႔ႏွစ္ဦးကို စံုစမ္းရာမွ ေအာင္ပိုင္ဦး ေရာက္ရွိေနေသာေဖာင္ကို စံုစမ္းႏိုင္ၿပီး ျပန္လည္ကယ္ထုတ္ႏိုင္ခဲ့ျခင္းျဖစ္သည္။ ေအာင္ပိုင္ဦးကို ဆိုင္ကယ္ျဖင့္ လိမ္လည္ေခၚေဆာင္သြားသည့္ ျမတ္မင္းႏွင့္ ရဲလင္းေအာင္ ဆိုသူႏွစ္ဦးကိုလည္း ရဲတပ္ဖြဲ႕က ဖမ္းဆီးတရားစြဲဆိုထားၿပီးျဖစ္သည္။

ဧရာ၀တီတိုင္းရွိ ဖ်ာပံုခ႐ိုင္သည္ ပင္လယ္ငါးဖမ္းလုပ္ငန္းအဖြံ႕ၿဖိဳးဆံုးေဒသတစ္ခုျဖစ္သည္။ ဖ်ာပံုၿမိဳ႕နယ္ရွိ ေနာက္မီး၊ ဘ႑ာပင္ကဗ်က္ႏွင့္ ဘုန္းႀကီးေတာင္၊ ကုလားထိပ္ စသည့္ ရြာမ်ားသည္ ပင္လယ္ငါးဖမ္းလုပ္ငန္း အဖြံ႕ၿဖိဳးဆံုးေက်းရြာမ်ားျဖစ္သည္။ အဆိုပါ ေက်းရြာမ်ားတြင္ ေရလုပ္ငန္းပိုင္ရွင္မ်ားစြာရွိၿပီး ႏွစ္စဥ္ ေရလုပ္သားတစ္ေသာင္းေက်ာ္ လုပ္ငန္းလိုအပ္ခ်က္ရွိသည္။ ေရလုပ္သားလိုအပ္ခ်က္ ပိုမိုမ်ားလာသည္ႏွင့္အမွ် ပြဲစားမွတစ္ဆင့္ရွာေဖြခိုင္းရာမွ အခ်ိဳ႕ပြဲစားမ်ားက က်င့္၀တ္ခ်ိဳးေဖာက္၊ လိမ္လည္က်ရာမွလူကုန္ ကူးမ်ားျဖစ္ပြားေနျခင္းျဖစ္သည္။

ယခင္က ျမန္မာေရလုပ္သားမ်ား ဒုကၡေရာက္ေနသည့္ ဇာတ္လမ္းမ်ားကို ထိုင္း၊ အင္ဒိုနီးရွား၊ မေလးရွား စသည့္ႏိုင္ငံမ်ားသို႔ ေရာက္ရွိေနေသာ ျမန္မာလုပ္သားမ်ားထံမွသာ အမ်ားဆံုးၾကားရေလ့ရွိသည္။ အင္ဒိုနီးရွားတြင္ လူကုန္ကူးခံရၿပီး ပင္လယ္ျပင္တြင္ ဒုကၡေရာက္ေနေသာ ျမန္မာေရလုပ္သားမ်ားကို AP သတင္းဌာန၏ ေဖာ္ထုတ္မႈေၾကာင့္ ျမန္မာသာမက ကမၻာကပင္ က်ယ္က်ယ္ျပန္႔ျပန္႔သိရွိခဲ့သည္။ သို႔ေသာ္ ျပည္တြင္း၌ပင္ ပင္လယ္ငါးဖမ္းလုပ္ငန္းမ်ားတြင္ ဦးေက်ာ္ေဇယ်၊ ေအာင္ပိိုင္ဦးတို႔ကဲ့သို႔ လူကုန္ကူးခံေနရၿပီး ဒုကၡေရာက္ေနသူ မ်ားစြာရွိေနသည္ကို သိရွိသူနည္းပါးလွပါသည္။ ထိုသို႔ လူကုန္ကူးခံရၿပီး ပင္လယ္ထဲတြင္ ေသဆံုးသူမွာလည္း မနည္းမေနာ ရွိေနၿပီျဖစ္သည္။

ဖ်ာပံုၿမိဳ႕နယ္ ေနာက္မီး ေက်းရြာမွေဒသခံ ဦးဇင္ေမာင္ေမာင္က ပင္လယ္ျပင္တြင္ေသဆံုး၍ ရြာတြင္ လာေရာက္အေလာင္းျမႇဳပ္ႏွံသူမွာ တစ္ႏွစ္လွ်င္ ဆယ္ႏွင့္ခ်ီ၍ရွိေနေၾကာင္း 7Day News သို႔ေျပာသည္။

‘‘မႏွစ္ကဆို ေနာက္မီးရြာက သခ်ဳႋင္းမွာ ျမႇဳပ္ႏွံသူ ၄၄ ဦးရွိတယ္။ ဒီႏွစ္ လုပ္ငန္းရာသီခ်ိန္စတာ တစ္လမျပည့္ေသးဘူး လာၿပီးျမႇဳပ္တဲ့သူ ခုနစ္ဦးေလာက္ရွိၿပီ။ လူေတြ ေထာင္ေသာင္းခ်ီ၊လုပ္ငန္းႀကီးလုပ္ေနတဲ့ေဒသက အုပ္ခ်ဳပ္ေရးအာဏာပိုင္ေတြ ဒါကို မ်က္ကြယ္ျပဳၾကတယ္။ ဒီေနရာမွာ လူတစ္ေယာက္ရဲ႕ ဘ၀အာမခံခ်က္မရွိတာ ဘာေၾကာင့္လဲဆိုတာ စဥ္းစားလို႔မရဘူး’’ဟု ေဒသခံတစ္ဦးျဖစ္သူ ဦးဇင္ေမာင္ေမာင္ကေျပာသည္။ ပင္လယ္ျပင္တြင္ ေသဆံုးသူအမ်ားစုမွာ ေဒသခံမ်ားထက္ နယ္ေ၀းေဒသမွပိုမ်ားသည္။ ေရလုပ္သားမ်ား ေသဆံုးေနသည္မွာ ယခုမွသာမဟုတ္၊ ယခင္ႏွစ္မ်ားကတည္းက ႀကံဳေနရျခင္းျဖစ္သည္။

ယင္းေဒသတြင္ လက္ရွိ၌ လူကုန္ကူးမႈမ်ားလာရျခင္း၊ လူပြဲစားမ်ားလာရျခင္း၊ အဆင့္ဆင့္ ေခါင္းပံုျဖတ္မႈ မ်ားလာရျခင္းတုိ႔သည္ လုပ္ငန္းရွင္မ်ား၏ မသမာမႈမ်ားေၾကာင့္ ျဖစ္ေပၚေနရျခင္းျဖစ္သည္။ လုပ္သားလိုအပ္ခ်က္အတြက္ အေျခခံ၍ မရွိဆင္းရဲသားမ်ား၊ အလုပ္လက္မဲ့မ်ား၊ လမ္းေဘးေနသူမ်ားအား မက္လံုးေပးကာ ေခၚယူၾကရာမွ ျပႆနာျဖစ္ပြားရျခင္းျဖစ္ေၾကာင္း ဦးႏိုင္ဝင္းေအာင္က သူ႔အေတြ႕အႀကံဳကို ဆက္လက္ေျပာၾကားသည္။

လူကုန္ကူးသူမ်ားသည္ အရက္ထဲတြင္ မူးယစ္ေစေသာ ေဆးဝါးမ်ားထည့္၍ အလုပ္လုပ္လိုသူမ်ားအား တိုက္သည္။ အရက္မူး၍ မထႏုိင္သည့္အခါ အခန္းတစ္ခုထဲ ပိတ္ေလွာင္ထားသည္။ ထိုသူမ်ား အမူးမေျပေသးခ်ိန္တြင္ ထပ္ကာထပ္ကာ ေဆးထည့္ထားသည့္ အရက္မ်ားကို တုိက္သည္။ ပြဲစားမ်ား တြက္ေျခကိုက္သည္အထိ အဆုိပါစနစ္ျဖင့္ လူစုေဆာင္းသည္။ အမူးမေျပေသးသူမ်ားအား လိုအပ္သည့္ေနရာသို႔ ေခၚယူသည့္နည္းျဖင့္ လူကုန္ကူးၾကသည္။

လုပ္သားတစ္ဦးသည္ တစ္လလွ်င္ လစာေငြ က်ပ္တစ္သိန္းေက်ာ္သာရၿပီး ေန႔ေရာညပါ အလုပ္လုပ္ၾကရသည္။ လုပ္ငန္းရွင္သည္ အလုပ္စဝင္သည့္ အလုပ္သမားတစ္ဦးအား စရန္ေငြအေနျဖင့္ က်ပ္ေျခာက္သိန္းေပးေလ့ရွိသည္။ လူပြဲစားမ်ားသည္ အမူးမေျပေသးသည့္ အလုပ္သမားမ်ားအား ေငြေျခာက္သိန္းရေၾကာင္း ေငြေပးေငြယူစာအုပ္တြင္ လက္မွတ္ထိုးခုိင္းသည္။ ရရွိသည့္ေငြမ်ားထဲမွ ကုန္က်စရိတ္ဟုဆုိကာ ထုတ္ယူ၍ က်န္ေငြမ်ားကိုလည္း အလုပ္သမားမ်ား၏ မိသားစုမ်ား အားေပးရန္ဟုဆိုကာ လိမ္လည္ေခၚယူၾကသည္။ ပင္လယ္ျပင္တြင္ ေဖာင္စီး၍ ငါးဖမ္းရသည့္အလုပ္ကို ဩဂုတ္မွ ေမလအထိ ဆယ္လၾကာလုပ္ကိုင္ရေၾကာင္း HRDP အဖြဲ႕၏ မွတ္တမ္းမ်ားအရ သိရပါသည္။

ဝါးေဖာင္မ်ားေပၚတြင္ အလုပ္လုပ္ကိုင္သည့္ ေရလုပ္သားမ်ားအား စနစ္က်သည့္ မွတ္တမ္းတင္မႈမ်ားထားရွိရန္လိုအပ္ၿပီး လုပ္ငန္းလိုအပ္ခ်က္အတြက္ လုပ္သားေခၚယူရာတြင္ ပြင့္လင္းျမင္သာစြာ ေခၚယူရန္ လိုအပ္သည္။ လုပ္ငန္းရွင္မ်ားအေနျဖင့္လည္း လူသားခ်င္းစာနာစိတ္ျဖင့္ ကိုယ္က်ိဳးတစ္ခုကိုသာၾကည့္၍ လုပ္ေဆာင္ျခင္းမ်ိဳး မျပဳလုပ္သင့္ေၾကာင္း HRDP အဖြဲ႕၏ ဒါ႐ိုက္တာ ဦးျမင့္ေအးကအႀကံျပဳသည္။

‘‘ေရထဲက်ၿပီး ေသတဲ့သူေတြ ရွိမယ္။ သတ္လို႔ေသတဲ့သူေတြလည္း ရွိခ်င္ရွိမယ္။ ထြက္ေျပးတဲ့သူေတြလည္း ရွိရင္ရွိမယ္။ ဒါကို အျမန္ဆံုး တားဆီးႏွိမ္နင္းဖို႔လိုမယ္။ အစိုးရမွာ တာဝန္ရွိသလုိ ေရလုပ္ငန္းရွင္ေတြ၊ ကြၽန္ေတာ္တုိ႔လုိ လူမႈအဖြဲ႕အစည္းေတြမွာလည္း တာဝန္ရွိတယ္။ ေပးခဲ့ရတဲ့အသက္ေတြ၊ မလံုၿခံဳတဲ့ဘဝေတြ ကာကြယ္ဖို႔အတြက္ ကြၽန္ေတာ္တုိ႔မွာ တာဝန္ရွိတယ္’’ဟု ဦးျမင့္ေအးက အႀကံျပဳသည္။

အစုိးရတြင္ တာဝန္ရွိ

ေရလုပ္သားမ်ားကို လူကုန္ကူးျခင္းႏွင့္ အဓမၼေစခိုင္းမႈမ်ား ပိုမိုျဖစ္ပြားေနျခင္းမွာ ေဒသအာဏာပိုင္အဖြဲ႕အစည္းအခ်ိဳ႕က သိရွိေသာ္လည္း ထိထိေရာက္ေရာက္အေရးမယူ၍ျဖစ္ေၾကာင္း ေဒသခံအခ်ိဳ႕ကေျပာသည္။ လူကုန္ကူးမႈမ်ား ေလ်ာ့နည္းသြားေအာင္ ေရလုပ္သားမ်ားအား သက္ဆိုင္ရာမွ လုိင္စင္ထုတ္ေပးျခင္း၊ ေရလုပ္သားမ်ားကို အကာအကြယ္ေပးေသာဥပေဒတစ္ရပ္ ျပင္ဆင္ျပ႒ာန္းျခင္း၊ အလုပ္ရွင္မ်ားကို စနစ္တက် စိစစ္ျခင္းမ်ား ျပဳလုပ္သင့္ေၾကာင္း ဦးဇင္ေမာင္ေမာင္က အႀကံျပဳသည္။

ဇာတိရြာသို႔ ျပန္ေရာက္ရွိသြားေသာ ဦးေက်ာ္ေဇယ် တစ္ေယာက္ကေတာ့ အစ္မအိမ္မွာပင္ကပ္ေနၿပီး ေနအျမန္ေကာင္းေအာင္ ႀကိဳးစားေနသည္။ က်န္းမာလာပါက အစ္မျဖစ္သူကို ကူညီႏိုင္ရန္ အလုပ္တစ္ခုရွာမည္ျဖစ္သည္။ သို႔ေသာ္ ရန္ကုန္သို႔ လာရမည္ကို၊ အရင္တစ္ေခါက္ကဲ့သို႔ လူကုန္ကူးခံရမည္ကို သူေၾကာက္လွပါၿပီ။

ထို႔အျပင္ ဦးေက်ာ္ေဇယ်တြင္ စိုးရိိမ္မႈတစ္ခုရွိေနသည္။ လူကုန္ကူးခံရၿပီး ပင္လယ္ျပင္ငါးဖမ္းလုပ္ငန္း၌ အဓမၼေစခိုင္းႏွိပ္စက္ခံေနရေသာ ဘ၀တူမ်ား ျပန္လြတ္မလာမည့္အေရးျဖစ္သည္။ ထို႔ေၾကာင့္ သူ႔ရင္တြင္ ျပင္္းျပစြာျဖစ္ေနေသာ ဆႏၵမွာ သူကဲ့သို႔ ငရဲခန္းက် ေရာက္ေနသူမ်ား အျမန္လြတ္ေျမာက္လာေရးျဖစ္ပါသည္။

ဖ်ာပုံေဆး႐ုံေပၚမွ ဦးေက်ာ္ေဇယ်။ (ဓာတ္ပံု-သက္ေဆြ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day News Journal

 # Unicode Version ျဖင့္ ဖတ္ရန္ #

ပိန်ခြောက်နေသော ခန္ဓာကိုယ်တွင် ဒဏ်ရာမျိုးစုံဖြင့် မျက်တွင်းဟောက်ပက်ဖြစ်နေသည့် အမျိုးသားတစ်ဦး ဖျာပုံပြည်သူ့ဆေးရုံ ခုတင်ပေါ်တွင် အင်အားဖျော့တော့စွာ လဲလျောင်းနေသည်။
အသက် (၅၂)နှစ်အရွယ်ရှိ သူ့အမည်က ဦးကျော်ဇေယျဖြစ် ပြီး ခန္ဓာကိုယ်တွင်ရရှိထားသော ဒဏ်ရာများမှာ မီးလောင်ဒဏ်ရာ များပါသလို ရိုက်နှက်ခံရသော ကြောင့် ရသောဒဏ်ရာများလည်း ပါသည်။

ဦးကျော်ဇေယျမှာ မကွေးတိုင်း ရေနံချောင်းမြို့နယ် လွန်မင်ကျေးရွာဇာတိဖြစ်သည်။ မွေးရပ် ဇာတိတွင် ထန်းတက်၊ တောင်ယာလုပ်ခဲ့သော်လည်း အလုပ်အကိုင်မကောင်းသဖြင့် ရန်ကုန်မြို့သို့ တက်လာကာ အလုပ်အကိုင် ကောင်းရရန် ဇူလိုင်လကုန်ပိုင်းတွင် စွန့်စားခရီးထွက်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ရှိ နတ်စဉ်လမ်း ဘုန်းကြီးကျောင်းတစ်ခုတွင် တည်းခိုကာ အလုပ်တစ်ခုရှာနေရင်းမှ ဦးကျော်ဇေယျတစ်ယောက် လူကုန်ကူးသူများ၏ သားကောင် ဖြစ်ခဲ့ကာ အဖြစ်ဆိုးကြုံရခြင်းဖြစ်၏။

‘‘သြဂုတ်လဆန်းပိုင်းက ကမာရွတ်ဘူတာရုံမှထိုင်နေတုန်း အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ရောက်လာတယ်။ ဘယ်ကလဲ၊ ဘာလုပ်လဲမေးတော့ ရန်ကုန်မှာ အလုပ်လာရှာကြောင်း ပြောပြတယ်။ ဒါနဲ့တင် သူတို့က ရော်ဘာခြံမှာ အလုပ်လုပ်ရမယ်။ တဲလည်းဆောက်ပေးမယ်။ စရိတ်ငြိမ်း တစ်လတစ်သိန်းနှစ်သောင်းရမယ်။ အခုလိုက်ခဲ့လို့ပြောတယ်။ ဘုန်းကြီးကျောင်းမှာအဝတ်တွေ ကျန်သေးတယ်။ သွားယူဦးမယ်ဆိုတော့ အဝတ်အစားက ပေါပါတယ်။ အိမ်မှာလည်း အလုပ်လုပ်မယ့်သူတွေ စောင့်နေတာရှိတယ်။ လိုက်သာလိုက်ခဲ့ပါဆိုပြီး အငှားကားတစ်စီးနဲ့ သူတို့ခေါ်ရာကို လိုက်ခဲ့တယ်’’ဟု ဦးကျော်ဇေယျက သူအလုပ်ရခဲ့ပုံကိုပြောသည်။

အလုပ်ခေါ်သူ ဇနီးမောင်နှံနှစ်ဦးခေါ်ဆောင်ရာ လှိုင်သာယာမြို့ရှိ အိမ်တစ်အိမ်သို့ ရောက်သွားသည်။ ထိုအိမ်တွင် သူ့ကဲ့သို့ပင် အလုပ်လုပ်ရန်ရောက်နေသူ ငါးဦးကို တွေ့ရသည်။ အလုပ်ရှင်အသစ်က ညစာထမင်းအပြင် သူတို့ကို အရက်ပါတိုက်သည်။ မသောက်လိုဟု ငြင်းသော်လည်း အလုပ်ရသည့်အနေဖြင့် ဂုဏ်ပြုခြင်းဖြစ်ကြောင်း ပြောတော့ သောက်လိုက်ကြသည်။ ကျေးဇူးရှင် ဇနီးမောင်နှံအမည်မသိသေး၍ မေးကြည့်မိသည်။ နာမည်မေးတော့ သိပ်ကြိုက်ပုံမပေါ်သော်လည်း ဦးဝင်းဗိုလ်နှင့် မသီတာဟု သိခဲ့သည်။

ထိုညက ချက်ချင်းအိပ်မပျော်ခဲ့။ ရွာတွင်ကျန်ခဲ့သော အသက်ကြီးနေပြီဖြစ်သည့် အစ်မဖြစ်သူ မုဆိုးမ၏ စားဝတ်နေရေး၊ ကျန်းမာရေးအတွက် ရမည့်လစာငွေဖြင့် ထောက်ပံ့ပေးနိုင်မည်ကို တွေး၍ ကျိတ်ကြည်နူးနေသည်။ စရိတ်ငြိမ်း လစာတစ်သိန်းကျော်ရမည့်ငွေမှာ သူ့အတွက်တော့ မနည်း။ ရွာတွင် နေပူထဲ ပင်ပင်ပန်းပန်းလုပ်လျှင်ပင် ယခုလောက် ငွေရရန်ခက်ခဲသည်။ လာရင်းရည်ရွယ်ချက်က ပန်းရန်ဖြစ်ဖြစ်၊ လက်သမားအလုပ်ဖြစ်ဖြစ် တစ်ခုခုလုပ်ရန် ဖြစ်သော်လည်း ယခုကဲ့သို့ သစ်ပင်ပန်းမန်များကို ပြုစုလုပ်ကိုင်ရမည်ဆို၍ ပိုဝမ်းသာနေမိသည်။ တွေးရင်းတွေးရင်း သူအိပ်ပျော်သွားခဲ့သည်။

စကားပြောသံများကြောင့် အိပ်ရာမှ လူးလဲထဖြစ်သည်။ အရုဏ်ဦး၏ အလင်းရောင်ကား မတွေ့ရသေးဘဲ မှောင်မိုက်နေဆဲ။ သို့သော် သူနှင့်အတူ အလုပ်သွားလုပ်ကြမည့်သူအားလုံးနှင့် အိမ်ရှင်ဇနီးမောင်နှံပါ ခရီးသွားရန်ပြင်ဆင်နေကြ၍ သူပါ အမြန်ပြင်ဆင်သည်။ မကြာမီ အိမ်ရှေ့သို့ အငှားကားတစ်စီးရောက်လာသည်။

အလုပ်လုပ်ရမည့်ရော်ဘာခြံရှိရာသို့ သွားရမည်ဖြစ်၍ စိတ်က လွတ်လပ်ပေါ့ပါးနေသည်။ အလုပ်ရှင်ဇနီးမောင်နှံနှင့် အလုပ်လုပ်ရမည့် ခြောက်ဦး ပေါင်းရှစ်ဦးက အငှားကားရှေ့ခန်း၊ နောက်ခန်းနှင့် နောက်ဖုံးပါဖွင့်၍ ခွဲထိုင်ကြသည်။ ရော်ဘာခြံဟုသာ သိထားပြီး ဘယ်မြို့ ဘယ်ဒေသဆိုသည်ကိုတော့ သူမသိဘဲ ခရီးတစ်ခု အစပြုခဲ့သည်။

လှိုင်သာယာမှ နှစ်နာရီခန့် မောင်းပြီးနောက် မြို့လေးတစ်မြို့ရှိ ကားဂိတ်တစ်ခုအတွင်းရောက်လာခဲ့သည်။ အလင်းရောင်ကောင်းစွာမမြင်ရသေးဘဲ မေးကြည့်မှသာ ဖျာပုံမြို့ ၁၈ ဂိတ်ဟုသိရသည်။

ဖျာပုံရောက်ပြီးနောက် နောက်ထပ်အငှားကားတစ်စီးကို ကျပ်လေးသောင်းဖြင့် သူတို့ဇနီးမောင်နှံက ထပ်မံငှားသည်။ ဆက်သွားသော ခရီးလမ်းက တော်တော်ဆိုးသည်။ နာရီတော်တော် ကြာကြာမောင်းပြီးမှ ဖျာပုံမြို့နယ် ကဗျက်ဆိုသောရွာမှ ကိုရခိုင်ကြီးဟုခေါ်သူ၏ အိမ်သို့ရောက်သည်။ ကိုရခိုင်ကြီးအိမ်က အလုပ်လုပ်ရမည့် သူဌေးအိမ်နှင့်လည်း မဝေးဟု လိုက်ပို့သူဇနီးမောင်နှံကပြောသည်။

ပင်လယ်ပြင်ငရဲခန်းသို့အရောက်

‘‘အဲဒီရောက်တော့မှ ပင်လယ်ထွက်ရမယ်လို့ ပြောတယ်။ ပင်လယ်ဆိုရင်တော့ မလိုက်ချင်ဘူးလို့ အားလုံးကပြောကြတယ်။ အဲဒီတော့ မသီတာက မလိုက်လို့ မဖြစ်ဘူး။ လိုက်ရမယ် ကျွန်မတို့မှာ ကုန်ကျစရိတ်တွေများနေပြီဆိုပြီးအော်တယ်။ ကျွန်တော့်ပါးကို တစ်ချက်ရိုက်တယ်။ ကိုဝင်းဗိုလ်က ကျွန်တော့်မျက်နှာကိုလက်သီးနဲ့ထိုးတယ်။ ခြေထောက်နဲ့ ဖြတ်ကန်တာတွေလုပ်တော့ အပေါ်သွားတစ်ချောင်း ကျိုးသွားတယ်။ ကျန်တဲ့သူတွေကိုလည်း အဲဒီလိုပဲ ထိုးတာကန်တာတွေ လုပ်တယ်။ အဲဒီတော့မှ သူတို့ရဲ့မသမာစိတ်ကိုတွေ့ပြီး အားလုံးက ကြောက်သွားတယ်။ အကုန်လုံး ဒဏ်ရာတွေရကြတယ်။ ကျွန်တော်တို့လည်း ကြောက်တော့ဘာမှဆက်မပြောရဲဘူး’’ဟု လေသံတိုးတိုးဖြင့် ဦးကျော်ဇေယျကပြောသည်။

ထိုနေ့က ကိုရခိုင်ကြီးအိမ်တွင် ညအိပ်ခဲ့ရသည်။ ထမင်းကျွေးပြီးနောက် အဖြူမှုန့်များကို အရက်ထဲသို့ ထည့်ကာတိုက်သည်။ အဖြူမှုန်များ အရက်တွင်အကုန်မပျော်သဖြင့် ခွက်အောက်၌ ကပ်နေသည့် အစအနများကို တွေ့ရသည်။

‘‘တိုက်တဲ့အရက်က တော်တော်ဆိုးတယ်။ သောက်ပြီး ဘာမှကိုမသိတော့တာ။ အန်တော့လည်း ဗိုက်ထဲက အဝါရောင်အရည်တွေကျတဲ့အထိ အန်တယ်။ အဲဒီတော့မှ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်ပြီဆိုတော့ သိတော့တယ်’’ ဟု ဆက်၍ပြောသည်။

ရန်ကုန်က ခေါ်လာသော ခြောက်ဦးထဲမှ လေးဦးကို ပင်လယ်ထဲမှ ဦးသန်းဦးဆိုသူ၏ ပြည်ကျော်ကြီးဝါးဖောင်သို့ အလုပ်ရှင်၏စက်လှေဖြင့် ပို့ပေးသည်။ ကျန်နှစ်ဦးမှာ ဒဏ်ရာများစွာရရှိထားသောကြောင့် ကျန်ခဲ့ပြီး အခြားဖောင်သို့ ပို့မည်ဆိုသည်။

ဖျာပုံမြို့နယ် နောက်မီးကျေးရွာရှိ သုသာန်သို့ ရေလုပ်သားတစ်ဦး၏ရုပ်အလောင်းကို လာရောက်သင်္ဂြိုဟ်စဉ်။ (ဓာတ်ပုံ-ဆန်းမောင်ဦး)

ဦးသန်းဦး၏ ပြည်ကျော်ကြီး ရေစင်သို့ ကိုရခိုင်ကြီးကဦးဆောင်ကာ ပို့ပေးခဲ့သည်။ လုပ်ခ တစ်ယောက် ခြောက်သိန်းနှုန်း လေးဦးစာအတွက် နှစ်ဆယ့်လေးသိန်းကို မည်သူထုတ်မည်လဲဟုမေးသည်။ ဒေါ်သီတာက‘‘ကျွန်မပဲယူရမှာပါ။ သူတို့ကို ကျွန်မပဲ ကျွေးမွေးပြီး စရိတ် အကုန်အကျခံထားရတာ။ ပြီးတော့ သူတို့နောက်က မိသားစုတွေ ကျွန်မပဲ ဆက်ပြီးပေးရဦးမယ်’’ဟုဆိုကာ ရရှိသည့်ငွေအားလုံးကို ထုတ်ယူသွားခဲ့တော့သည်။ လိုက်ပါလာသူ လေးဦးစလုံး စကားပင်မပြောနိုင်တော့ဟု သူကဆိုသည်။

ဦးကျော်ဇေယျတို့မှာ ဖောင်ဦးစီး မင်းမင်းလတ်ဦးဆောင်သည့် ဖောင်ပေါ်တွင် သူတို့အလုပ်လုပ်ကြရသည်။ ဖောင်ဦးစီးအပါအဝင် လူငါးဦးသာရှိပြီး ကျားပိုက်လေးခု ရှိသည်။ ပိုက်များကို အချင်းတစ်လက်မခွဲခန့်ရှိသည့် ကြိုးများနှင့်ဆွဲထားပြီး သူ့အချိန်နှင့်သူ ဖော်ရကာ ငါး၊ ပုစွန်မျိုးစုံကို ဖမ်းဆီးရသည်။ မိုးသည်းသည်း ရာသီဥတုကြမ်းကြမ်းတွင် နှစ်ဆယ့်လေးနာရီနီးပါး မအိပ်မနေအလုပ်လုပ်ရသည်။ ရလာသည့် ပုစွန်များကို ကြာရှည်ခံရန် ရေနွေးဖြောရသည်။ ငါးများကိုတော့ ရွေးချယ်ကာ အကြီးအငယ် အမျိုးအစားလိုက်ခွဲပြီး ရေခဲ ရိုက်သင့်တာရိုက်လုပ်ရသည်။

‘‘ဖောင်တွေက အများကြီးဆိုတော့ လုပ်သားအင်အားကလည်း အများကြီးပဲ။ ပို့တဲ့ထမင်းနဲ့ လုပ်သားအင်အားက မမျှတော့ ထမင်းမစားရတဲ့ ရက်တွေကများလာတယ်။ ရာသီဥတုကဆိုး၊ အလုပ်ကပင်ပန်း၊ စားစရာက မလုံလောက်တော့ လူတွေက အာဟာရပြတ်ပြီး ကျန်းမာရေးတွေ ဆိုးရွားလာကြတယ်။ အလုပ်မလုပ်နိုင်တော့ ဖောင်ဦးစီးကရိုက်တယ်။ ထိုးတယ်။ အဲဒီဖောင်တွေပေါ်မှာ အပေါဆုံးကတော့ စောစောက ပြောတဲ့ ဆေးခတ်ထားတဲ့ အရက်တွေပဲ။ အရက်ကတော့ ကြိုက်သလောက်သောက်လို့ရတယ်’’ဟု ဦးကျော်ဇေယျက သူ၏အတွေ့အကြုံကိုပြောသည်။

လူသားစားသောပင်လယ်

ဦးကျော်ဇေယျသည် ယခင်က ထန်းတက်သမားမို့ ထန်းရေသောက်နိုင်သော်လည်း ဖောင်ပေါ်တွင် သောက်ရသည့်အရက်ကိုကား သူ မသောက်နိုင်။ လုပ်ဖော်ကိုင်ဖက် ဖောင်လုပ်သားများတွင် စိုးထွန်းဆိုသော အရက်ချိုးတစ်ဦးပါသည်။ အရက်သောက်ရုံမှလွဲ၍ ကျန်မည်သည့်အလုပ်ကိုမှ မလုပ်နိုင်။ စက်တင်ဘာ ၁၈ ရက်က နေ့လယ်ပိုင်းခန့်ဟုခန့်မှန်းသည်။ ထိုနေ့က အလုပ်မလုပ်နိုင်သည့် စိုးထွန်းကို ဖောင်ဦးစီး မင်းမင်းလတ်က အလုပ်မလုပ်နိုင်ရကောင်းလားဟုဆိုကာ ဖောင်ပေါ်၌ပင် နားအုံကိုထိုးသည်။ ရင် ဝကိုဆောင့်ကန်သည်။ မင်း သေသွားတော့ကော ဘာဆန်းလဲ၊ ရေထဲကျသေသွားပြီ ပြောရုံပဲဆိုကာ ပြင်းထန်စွာရိုက်တော့သည်။ စိုးထွန်းတစ်ယောက် ဆန့်ငင်ဆန့်ငင် ဖြစ်နေသည်။

ညနေ ၄ နာရီခန့်တွင် စိုးထွန်းတစ်ယောက် သေသွားပါသည်။ ဘယ်သူမျှ ဘာမျှမလုပ်ရဲ။ ဖောင်ဦးစီးအမိန့်ပေးသဖြင့် စိုးထွန်းအလောင်းကို ပလတ်စတစ်အပြာစဖြင့်ပတ်ကာ ကြိုးဖြင့်သုံးချက်တုပ်ပေးခဲ့ရသည်။ ညနေစောင်း ငါးသယ်ရန် စက်လှေလာမှ စက်လှေဘေးတွင် စိုးထွန်းအလောင်းကို ကပ်ချည်ပေးခဲ့သည်။ စိုးထွန်းအလောင်းကို မည်သည့်နေရာသို့ သယ်ဆောင်သွားမည်ကို မည်သူမျှမသိဟု ဦးကျော်ဇေယျက မျက်ရည်ဝဲ၀ဲဖြင့်ပြောရှာသည်။

‘‘သူ့ကို ဘယ်လိုသဂြုႋဟ်ပေးမလဲဆိုတာ သိချင်တယ်။ ဒါနဲ့ ဖောင်မှာထမင်းချက်တဲ့ အသက် (၆၀)လောက်ရှိတဲ့ ဦးလေးကိုမေးကြည့်တယ်။ စိုးထွန်းကို ဘယ်လိုသင်္ဂြိုဟ်မလဲဆိုတော့ ဟကောင်ရ ဘယ်မှသွားမသဂြုႋဟ်ဘူး။ ရေထဲ ဝဲပစ်တာ၊ ကျားထိပ်မှာချလိုက်ရင် ငါး၊ ပုစွန်တွေ အများကြီးလာတယ်။ ဒီမှာသေရင် ဒီလိုပဲလုပ်တာလို့ ကျွန်တော့်ကိုပြောပြတယ်’’ ဟု အဖြစ်ဆိုးကိုပြောပြသည်။

စိုးထွန်းမသေမီက ၎င်းသည် တစ်ဦးတည်းသော သားဖြစ်ကြောင်း၊ အဖေနာမည်မှာ ဦးဘထွန်းဖြစ်ကြောင်း သူ့အားပြောပြခဲ့သည်။ သို့သော်လည်း စိုးထွန်း၏ နေရပ်လိပ်စာကို မမေးမိခဲ့သဖြင့် နောင်တရမိသလိုရှိသော်လည်း သူကိုယ်တိုင်ပင် ဒီပင်လယ်မှ ပြန်ရပါ့မလားဟု အတွေးဖြင့် ထိတ်လန့်နေခဲ့သည်။ သို့သော်လည်း ကျန်လူငယ်နှစ်ဦးကို မေးမြန်းကြည့်မှ စိုးထွန်းမှာ လယ်ဝေးကမှန်းသိလိုက်ရသည်။

ကယ်တင်ရှင်ပေါ်လာခြင်း

စက်တင်ဘာ ၂၂၊ ၂၃ ရက်တစ်ရက်ရက်ဖြစ်မည်ထင်သည်။ ပင်လယ်ထဲတွင် နေခဲ့ရသော နေ့ရက်များဖြစ်၍ ရက်စွဲများ ကောင်းကောင်းမသိတော့။ ပင်လယ်ထဲ၌ မိုးကသဲသဲမဲမဲရွာနေသည်။ လှိုင်းကလည်း ထန်နေသည်။ ဆယ့်ငါးပေအကျယ်လောက်ရှိမည့် ဝါးဖောင်ပေါ်တွင် ဆောက်ထားသော တဲအတွင်း ရေများစိုရွှဲနေသည်။ မိုးဗြဲဒယ်ဖြင့် ပုစွန်ပြုတ်အခြောက်လှမ်းရန် ရေစိုနေသည့် ထင်းစိုစိုများကို တဲအတွင်းရှိ မီးဖိုတွင် ဦးကျော်ဇေယျ မီးထိုးရသည်။ ဘယ်လိုပင် ကြိုးစားကြိုးစား မီးက မတောက်နိုင်ဖြစ်နေသည်။ ပြုတ်ရမည့် ပုစွန်များစွာရှိသလို ရေထဲချထားသည့် ပိုက်ကိုလည်း ဆွဲရမည့်အချိန်ရောက်လာသည်။

‘‘ဖောင်ဦးစီး မင်းမင်းလတ်ရောက်လာပြီး ဒီအဘိုးကြီးက ပြီးကိုမပြီးနိုင်ဘူးဆိုပြီး ထမင်းစားတဲ့ ပလတ်စတစ်ဇလုံနဲ့ ရေနွေးပူတွေခပ်ပြီး လှမ်းပက်တယ်။ ခြေထောက်နဲ့ဖြတ်ကန်တယ်။ ထင်းချောင်းနဲ့ ရိုက်တယ်။ လက်သီးနဲ့ထိုးတယ်။ ခင်ဗျားတို့ သေသွားလည်း ကျုပ်က ဘာမှမဖြစ်ဘူး။ သူ့ဟာသူ ရေထဲခုန်ချပြီး သေသွားတယ်လို့ ကျုပ်ကပြောရုံပဲ’’ဟု ပြောဆိုနှိပ်စက်ကြောင်း ဦးကျော်ဇေယျကဆိုသည်။

ရေနွေးပူနှင့် အပက်ခံရသဖြင့် ဦးကျော်ဇေယျပေါင်တွင် အပူလောင်ခဲ့သည်။ ရိုက်နှက်ခံရမှုကြောင့် ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများစွာ ရရှိခဲ့သည်။ ဖောင်တိုင်းတွင် ဖောင်သူကြီး၏ နှိပ်စက်မှုများကြောင့် လူနှစ်ဆယ်ခန့်မှာ လူသူမသိဘဲ သေဆုံးသူများရှိသကဲ့သို့ ကြောက်လန့်ကာ ရေထဲခုန်ချ၍ ထွက်ပြေးသူများလည်းရှိကြောင်း ဦးကျော်ဇေယျကပြောသည်။

ဒဏ်ရာများကြောင့် ရက်အနည်းငယ်အတွင်း ဦးကျော်ဇေယျ ကျန်းမာရေးထိခိုက်ကာ ဖျားနာတော့သည်။ သို့သော်လည်း အလုပ်နားနေ၍ မရပါ။ နေမကောင်းသည့်ကြားမှ အလုပ်လုပ်ရင်း နောက်ဆုံးတွင် မထနိုင်တော့။

သူလည်း အလုပ်မလုပ်နိုင်ဘဲလဲနေ၍ အခြားသူများကဲ့သို့ တစ်နည်းနည်းဖြင့် သေရတော့မည်ဟု စိတ်လျှော့မိသည်။ အပြင်းဖျားနာနေသောကြောင့် သူထိန်းချုပ်မရဘဲ ညည်းတွားနေမိသည်။ သူ့ ညည်းတွားသံက သူ့ဘဝအပြောင်းအလဲဖြစ်မည်ကို သူမသိခဲ့။

‘‘တဲထဲက ညည်းနေတာ ဘယ်သူလဲ။ ဟိုတစ်လောက သေသွားတာလည်း မင်းတို့ဖောင်ကပဲ မဟုတ်လား။ ကြည့်လုပ်ကြပါဦး’’ ဆိုပြီး လာစစ်ဆေးသော စစ်ရေယာဉ်ပေါ်မှ ဟင်းစားလာတောင်းသည့် ရေတပ်စစ်သားတစ်ဦးက ဖောင်ဦးစီးကို မေးသံကြားရသည်။ ဖောင်ဦးစီးက ‘‘အညာသားဖျားနေတာ။ အေကိုက်နေတာ။ ဒီကောင့်တစ်ကိုယ်လုံး အနာတွေချည်းပဲ’’ဟုပြောသည်။

‘‘ဘယ်က အညာသားလဲလို့ ရေတပ်ဗိုလ်ကမေးတယ်။ မကွေးရေနံချောင်းကလို့တော့ ပြောတာပဲ’’လို့ ဖောင်ဦးစီးက ဆက်ပြောတယ်။ ‘‘ဟေ့ကောင် ငါလည်း မကွေးသား ဒီကောင့်ကို ကြည့်ချင်တယ်’’ဟုဆိုကာ ဦးကျော်ဇေယျကို ပြခိုင်းလေသည်။ ဖောင်ဦးစီးက ငြင်းမရတော့၍ ပြလိုက်သောအခါ သူ့ကိုမြင်ပြီး အဖြစ်မှန်ရိပ်မိကာ ဒေါသဖြင့်သတိပေးသည်။ အေကိုက်နေသော လူငယ်ဆိုပြီး အသက်ကြီးပိုင်း အမျိုးသားကြီးတစ်ဦး ဒဏ်ရာများဖြင့် လဲလျောင်းနေသည်ကို တွေ့ပြီးနောက် ‘‘သူသေရင်တော့ မင်းတို့ဖောင်တွေအားလုံးဖျက်ပြီး သိမ်းရမယ်လို့ မင်းတို့သူဌေး သန်းဦးကို ပြောလိုက်’’ဟု ဖောင်ဦးစီးကို ပြောသည်။

‘‘ကျွန်တော့်မှာ ရေတပ်က စစ်ဗိုလ်ကယ်ခဲ့တဲ့ အသက်ပဲရှိတော့တယ်။ မဟုတ်ရင် ဒီနေ့လောက်ဆို ကျွန်တော် သေနေပြီ’’ဟု ဆိုလေသည်။ တအောင့်အကြာတွင် ရေတပ်ဗိုလ်လာပြီး ဖောင်သူကြီးက အလံထောင်လိုက်သောအခါ စက်လှေတစ်စီး ချက်ချင်းလာကပ်ပြီးသူ့ကို အလုပ်ရှင်ဦးသန်းဦးဆီ ပြန်ပို့လေတော့သည်။

ဦးကျော်ဇေယျ ရောက်ရှိနေသည့် ပင်လယ်ပြင်တွင် ဝါးဖောင် ပေါင်း ၆၈ ဖောင်ရှိသည်။ ယင်းဖောင်များကို စက်လှေသုံးစီးဖြင့် လှည့်လည်ကင်းစောင့်သည်။ ဖောင်ပေါ်တွင် လူသေ၍ဖြစ်စေ၊ ဖောင်ကွဲ၍ဖြစ်စေ၊ ကြိုးပြတ်၍ဖြစ်စေ၊ ဖောင်မှောက်၍ဖြစ်စေ ပြဿနာကြီးကြီးမားမားတစ်ခုဖြစ်ပါက အဝတ်တစ်ခုခုကိုလွှင့်၍ အလံထူရသည်။ ထိုအခါ ကင်းလှည့်နေသည့် စက်လှေများ ချက်ချင်းလာ၍ ဖောင်တွင်ဖြစ်ပေါ်နေသော ပြဿနာကို ဖြေရှင်းရသည်။

အပြန် သူဌေးဦးသန်းဦးက သူ့အား လိုက်ပို့သည့် ရခိုင်ကြီး လာခေါ်မည်ဆိုသဖြင့် စက်လှေပေါ်တွင် ညအိပ်စောင့်ခဲ့သည်။ စက်တင်ဘာ ၂၈ ရက် နံနက်တွင် ရခိုင်ကြီး သူ့ကို လာခေါ်သည်။ ဖျာပုံနှင့် ကဗျက်ရွာသို့ ပြေးဆွဲသည့် အငှားကားဂိတ်သို့ သူ၏ ဆိုင်ကယ်ဖြင့် လိုက်ပို့သည်။

‘‘ဖျာပုံ ၁၈ ဂိတ်မှာ မင်းကိုပို့ပေးတဲ့ မသီတာတို့လင်မယား စောင့်နေတယ်။ သူတို့ မင်းအတွက် ကားခပေးလိမ့်မယ်’’လို့ ပြောပေမယ့် ဖျာပုံရောက်တော့ ဘယ်သူ့ကိုမှ ရှာမတွေ့ဘူး။ ကိုရခိုင်ကြီးဆီ ဖုန်းဆက်တော့ ဖုန်းကစက်ပိတ်ထားတယ်။ ကားမောင်းသူကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တော့ ကားဆရာက လက်ဖက်ရည်တစ်ခွက်တိုက်ပြီး ငွေတစ်ထောင် ထောက်ပံ့ပေးတယ်’’ ဟု ဖျာပုံသို့ ပြန်ရောက်လာပုံကို ဦးကျော်ဇေယျကပြောသည်။

သူ့အခြေအနေကို ပြောပြ၍ စာနာစိတ်ရှိသည့် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက ဖျာပုံမြို့အလုပ်သမားရုံးသို့ တိုင်ကြားရန် လိုက်ပို့ပေးသည်။ သို့သော် အလုပ်သမားရုံးက ရဲစခန်းသို့သွား၍ အမှုဖွင့်ရန်သာ အကြံပေးလေသည်။ ထိုသို့ဖြင့် ဖျာပုံတွင် ယောင်လည်လည် ဖြစ်နေစဉ် ကူညီသူတစ်ဦး ထပ်မံတွေ့သည်။

ကူညီသူများဖြင့် တွေ့ဆုံခြင်း

‘‘အလုပ်သမားရုံးရှေ့မှာ လွယ်အိတ်တစ်လုံးလက်ကဆွဲပြီး ခြေထောက်ထော့နဲ့ထောနဲ့နဲ့ လူတစ်ယောက်ကို တွေ့တယ်။ ပေါင်မှာလည်း ဒဏ်ရာကြီးနဲ့ဆိုတော့ ပုဆိုးကိုတစ်ဖက်ကမပြီးတော့ပေါ့။ သူက ရဲစခန်းရှေ့က ထမင်းဆိုင်မှာ သူ့မှာပါလာတဲ့ ငွေတစ်ထောင်နဲ့ ထမင်းစားဖို့လုပ်နေတယ်။ ဒါနဲ့ ခင်ဗျား ဘာဖြစ်လာတာလဲလို့မေးတော့ ဒုက္ခရောက်လာတာပြောတယ်။ ဘယ်လိုဒုက္ခရောက်လာတာလဲ မေးတော့မှ သူကဖြစ်ကြောင်းကုန်စင်ပြောပြတယ်။ ဒါနဲ့တင် ထမင်းကျွေးပြီးတော့ သူ့ကို ခရိုင်ရဲတပ်ဖွဲ့မှူးဆီ ခေါ်သွားတယ်။ ဆေးရုံတင်ပေးတယ်။ ခရိုင်ရဲတပ်ဖွဲ့မှူးစီစဉ်ပေးတော့ သူအလုပ်လုပ်ခဲ့တဲ့ အမာမြို့စခန်းမှူးက ဆေးရုံလာပြီး စစ်ချက်ယူ၊ အမှုဖွင့်ပေးတယ်’’ဟု ဦးကျော်ဇေယျအား ကူညီပေးသော လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအဖွဲ့(HRDP) (ဖျာပုံ)မှ ဦးနိုင်ဝင်းအောင်ကပြောသည်။

ဦးကျော်ဇေယျကို လူကုန်ကူးသူ ဝင်းဗိုလ်နှင့် မမိုးသီတာ (ခ) သီတာတို့ကိုလည်း စက်တင်ဘာ ၃၀ ရက်တွင် ဖျာပုံမြို့နယ် အမှတ်(၁၈)ရပ်ကွက်ရှိ ၎င်းတို့၏ အဒေါ်ဆိုသူနေအိမ်၌ ဖမ်းဆီးခဲ့သည်။ ၎င်းတို့ကို အမာနယ်မြေရဲစခန်းတွင် လူကုန်ကူးဥပဒေပုဒ်မ ၁၃၉ ဖြင့် အမှုဖွင့်အရေးယူထားသည်။ ၎င်းတို့မှာ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ဝေပုလ္လ(၄) လမ်း၊ ၈၆ ကားဂိတ်ဟောင်းအနီးတွင် အိမ်ငှားနေထိုင်သူများ ဖြစ်သည်။ ထို့အပြင် ဦးကျော်ဇေယျကို ရေနွေးနှင့်ပက်၊ တုတ်ဖြင့်ရိုက်၍ နှိပ်စက်သူ မင်းမင်းလတ်ကိုလည်း အောက်တိုဘာ ၄ ရက်က ဖမ်းဆီးပြီး အမာရဲစခန်းတွင် ပုဒ်မ ၃၂၄၊ ၃၂၅၊ ၂၉၄ တို့ဖြင့် အမှုဖွင့်ထားသည်။ သို့သော် ၎င်းကို အာမခံပေးထားကြောင်း သတင်းရရှိသည်။

ဆေးရုံမှဆင်းပြီးနောက် ဦးကျော်ဇေယျအား ဦးနိုင်ဝင်းအောင်တို့အဖွဲ့ စီမံပေးမှုဖြင့် ဖျာပုံမြို့ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် တစ်ညတာတည်းခို၍ အိပ်စက်ခဲ့သည်။ နောက်နေ့တွင် မွေးရပ်ဇာတိသို့ ပြန်လိုစိတ်က အားကြီးနေသည်။ လမ်းကောင်းစွာ မလျှောက်နိုင်သော်လည်း ပြန်ရန်စိတ်ဆုံးဖြတ်ထားသည်။ သို့သော်လည်း ပြန်ရန် စရိတ်စကမရှိ၊ တရားရုံးတွင်လည်း ထွက်ချက်ပေးရဦးမည်ဟုဆိုသဖြင့် နောက်နေ့အတွက် စိတ်မောရပြန်သည်။ လိုက်ပါကူညီသူတွေက အစစအရာရာ အဆင်ပြေအောင်ကူညီပေးသော်လည်း အပြန်စရိတ်တောင်းရန်မူ နှုတ်ကမထွက်။

နောက်နေ့တွင် အမာစခန်းမှူးကတရားရုံးတွင် ထွက်ချက်ပေးရန်ခေါ်သဖြင့် သွားခဲ့သည်။ ကိုယ့်အလှည့်မရောက်သေး၍ စောင့်နေစဉ် လူတစ်စုအနားရောက်လာသည်။ သူတို့ကို အစကမသိ။ နောက်မှ ဦးဝင်းဗိုလ်၏ မိသားစုများဟုပြောသည်။ သူတို့က ဦးကျော်ဇေယျကို ၎င်းတို့နှင့်လိုက်ခဲ့ရန် အတင်းဆွဲခေါ်သည်။ ဆေးကုပေးမည်၊ အလုပ်အကိုင်ပေးမည် စသည်ဖြင့်လည်း ပြောသည်။ မလိုက်လိုကြောင်း ပြောသော်လည်း မရ၊ အနီးပတ်ဝန်းကျင်မှ လူများရောက်လာတော့မှ ရှဲသွားတော့သည်။

‘‘ဖျာပုံကနေ ညကားစီးပြီးတော့မှ ပြန်လာခဲ့တယ်။ ကားပေါ်မှာ ကျွန်တော့်လုံခြုံရေး စိတ်ချရအောင် ကူညီပေးတဲ့အဖွဲ့က ကားဆရာကို စောင့်ရှောက်ပေးဖို့ အပ်လိုက်တယ်။ ဒါနဲ့တင် ရထားတစ်တန်၊ ကားတစ်တန်နဲ့ ကိုယ့်မြို့ကို ပြန်လာခဲ့တယ်။ အခုတော့ ရေနံချောင်း ရောက်နေပြီ။ အနာက သိပ်ပြီး အကင်းမသေသေးတော့ အလုပ်မလုပ်နိုင်သေးဘူး။ အစ်မတွေအိမ်မှာပဲ နေနေတယ်’’ဟု ဦးကျော်ဇေယျက အောက်တိုဘာ ၁၀ ရက်တွင် ဇာတိရွာမှ 7Day News ဂျာနယ်သို့ ဖုန်းဆက်ပြောသည်။

‘‘ဒီလိုမျိုး လူကုန်ကူးခံရတဲ့သူတွေ အများကြီးရှိတယ်။ တချို့ကလည်း ကျွန်တော်တို့နဲ့ ချိတ်မိတာတွေရှိတယ်။ ကျွန်တော်တို့အနေနဲ့ ကူညီပေးခဲ့တာတော့ အများကြီးရှိတယ်။ ဒီအထဲမှာ ကိုကျော်ဇေယျလည်း အပါအဝင်ပေါ့’’ဟု ဦးနိုင်ဝင်းအောင်က ဆက်လက်ပြောကြားသည်။

ဦးကျော်ဇေယျကို လူကုန်ကူးသူ ဝင်းဗိုလ်နှင့်သီတာ။ (ဓာတ်ပုံ-သက်ဆွေ)

လူကုန်ကူးခံရသော ရေလုပ်သားများစွာရှိနေ

ထိုကဲ့သို့ ပွဲစားများက လိမ်လည်ခေါ်ဆောင်ပြီး ပင်လယ်ပြင်ငရဲခန်းသို့ အပို့ခံရသည်မှာ ဦးကျော်ဇေယျ တစ်ယောက်တည်းမဟုတ်ပါ။ ဖျာပုံမြို့နယ် သမိန်ထောရွာမှ အသက်(၂၈)နှစ်အရွယ် အောင်ပိုင်ဦးမှာလည်း လူကုန်ကူးသူများ၏ သားကောင်ဖြစ်ခဲ့ရသူတစ်ဦးဖြစ်သည်။ ‘‘ကျွန်တော့်အိမ်က ဖျာပုံနဲ့ ခုနစ်မိုင်လောက်ဝေးတဲ့ သမိန်ထောဆိုတဲ့ ရွာမှာပါ။ အိမ်ပြန်မလို့ လမ်းလျှောက်နေတုန်း ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်ရောက်လာပြီး ဘယ်သွားမှာလဲလို့ မေးတယ်။ သမိန်ထောပြန်မလို့ဆိုပြီး ပြောတော့လာတက်ဆိုပြီး ဆိုင်ကယ်ပေါ်တက်ခိုင်းတယ်။ လမ်းရောက်တော့ ဆိုင်ကယ်ရပ်ပြီး မိတ်ဖြစ်ဆွေဖြစ် သောက်ပါဆိုပြီးတော့ သူတို့ဆီမှာပါလာတဲ့ အရက်ကိုတိုက်တယ်။ အဲဒီအချိန်ကစပြီး ဘာမှမသိတော့ဘူး။ နောက်ဆုံးတော့ လူကုန်ကူးခံရတဲ့အဆင့်အထိ ဖြစ်သွားတော့တယ်’’ ဟု အောင်ပိုင်ဦးက စက်တင်ဘာလဆန်းတွင် ကြုံတွေ့ခဲ့ရသော သူ၏အတွေ့အကြုံကိုပြောသည်။

အောင်ပိုင်ဦးကိုလည်း ဦးကျော်ဇေယျကဲ့သို့ပင် အရက်တိုက်ပြီးမူးသောအခါ လူကုန်ကူးသူများက ဖောင်ပေါ်သို့ တင်ပေးလိုက်ခြင်းဖြစ်သည်။ သို့သော် သူကံကောင်းသည်မှာ မိသားစုက သူပျောက်သွားသည်ကို သိရှိသည့်အတွက် ဖျာပုံမြို့ပေါ်တွင် လိုက်လံရှာဖွေပြီး ရဲစခန်းတွင် လူ ပျောက်တိုင်ကြားရာမှ ဆိုင်ကယ်ဖြင့်ခေါ် သွားသူနှစ်ဦးကို ခြေရာခံမိသည်။ ထို့နောက် ၎င်းတို့နှစ်ဦးကို စုံစမ်းရာမှ အောင်ပိုင်ဦး ရောက်ရှိနေသောဖောင်ကို စုံစမ်းနိုင်ပြီး ပြန်လည်ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ အောင်ပိုင်ဦးကို ဆိုင်ကယ်ဖြင့် လိမ်လည်ခေါ်ဆောင်သွားသည့် မြတ်မင်းနှင့် ရဲလင်းအောင် ဆိုသူနှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားပြီးဖြစ်သည်။

ဧရာဝတီတိုင်းရှိ ဖျာပုံခရိုင်သည် ပင်လယ်ငါးဖမ်းလုပ်ငန်းအဖွံ့ဖြိုးဆုံးဒေသတစ်ခုဖြစ်သည်။ ဖျာပုံမြို့နယ်ရှိ နောက်မီး၊ ဘဏ္ဍာပင်ကဗျက်နှင့် ဘုန်းကြီးတောင်၊ ကုလားထိပ် စသည့် ရွာများသည် ပင်လယ်ငါးဖမ်းလုပ်ငန်း အဖွံ့ဖြိုးဆုံးကျေးရွာများဖြစ်သည်။ အဆိုပါ ကျေးရွာများတွင် ရေလုပ်ငန်းပိုင်ရှင်များစွာရှိပြီး နှစ်စဉ် ရေလုပ်သားတစ်သောင်းကျော် လုပ်ငန်းလိုအပ်ချက်ရှိသည်။ ရေလုပ်သားလိုအပ်ချက် ပိုမိုများလာသည်နှင့်အမျှ ပွဲစားမှတစ်ဆင့်ရှာဖွေခိုင်းရာမှ အချို့ပွဲစားများက ကျင့်ဝတ်ချိုးဖောက်၊ လိမ်လည်ကျရာမှလူကုန် ကူးများဖြစ်ပွားနေခြင်းဖြစ်သည်။

ယခင်က မြန်မာရေလုပ်သားများ ဒုက္ခရောက်နေသည့် ဇာတ်လမ်းများကို ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား စသည့်နိုင်ငံများသို့ ရောက်ရှိနေသော မြန်မာလုပ်သားများထံမှသာ အများဆုံးကြားရလေ့ရှိသည်။ အင်ဒိုနီးရှားတွင် လူကုန်ကူးခံရပြီး ပင်လယ်ပြင်တွင် ဒုက္ခရောက်နေသော မြန်မာရေလုပ်သားများကို AP သတင်းဌာန၏ ဖော်ထုတ်မှုကြောင့် မြန်မာသာမက ကမ္ဘာကပင် ကျယ်ကျယ်ပြန့်ပြန့်သိရှိခဲ့သည်။ သို့သော် ပြည်တွင်း၌ပင် ပင်လယ်ငါးဖမ်းလုပ်ငန်းများတွင် ဦးကျော်ဇေယျ၊ အောင်ပိုင်ဦးတို့ကဲ့သို့ လူကုန်ကူးခံနေရပြီး ဒုက္ခရောက်နေသူ များစွာရှိနေသည်ကို သိရှိသူနည်းပါးလှပါသည်။ ထိုသို့ လူကုန်ကူးခံရပြီး ပင်လယ်ထဲတွင် သေဆုံးသူမှာလည်း မနည်းမနော ရှိနေပြီဖြစ်သည်။

ဖျာပုံမြို့နယ် နောက်မီး ကျေးရွာမှဒေသခံ ဦးဇင်မောင်မောင်က ပင်လယ်ပြင်တွင်သေဆုံး၍ ရွာတွင် လာရောက်အလောင်းမြှုပ်နှံသူမှာ တစ်နှစ်လျှင် ဆယ်နှင့်ချီ၍ရှိနေကြောင်း 7Day News သို့ပြောသည်။

‘‘မနှစ်ကဆို နောက်မီးရွာက သချုႋင်းမှာ မြှုပ်နှံသူ ၄၄ ဦးရှိတယ်။ ဒီနှစ် လုပ်ငန်းရာသီချိန်စတာ တစ်လမပြည့်သေးဘူး လာပြီးမြှုပ်တဲ့သူ ခုနစ်ဦးလောက်ရှိပြီ။ လူတွေ ထောင်သောင်းချီ၊လုပ်ငန်းကြီးလုပ်နေတဲ့ဒေသက အုပ်ချုပ်ရေးအာဏာပိုင်တွေ ဒါကို မျက်ကွယ်ပြုကြတယ်။ ဒီနေရာမှာ လူတစ်ယောက်ရဲ့ ဘဝအာမခံချက်မရှိတာ ဘာကြောင့်လဲဆိုတာ စဉ်းစားလို့မရဘူး’’ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးဇင်မောင်မောင်ကပြောသည်။ ပင်လယ်ပြင်တွင် သေဆုံးသူအများစုမှာ ဒေသခံများထက် နယ်ဝေးဒေသမှပိုများသည်။ ရေလုပ်သားများ သေဆုံးနေသည်မှာ ယခုမှသာမဟုတ်၊ ယခင်နှစ်များကတည်းက ကြုံနေရခြင်းဖြစ်သည်။

ယင်းဒေသတွင် လက်ရှိ၌ လူကုန်ကူးမှုများလာရခြင်း၊ လူပွဲစားများလာရခြင်း၊ အဆင့်ဆင့် ခေါင်းပုံဖြတ်မှု များလာရခြင်းတို့သည် လုပ်ငန်းရှင်များ၏ မသမာမှုများကြောင့် ဖြစ်ပေါ်နေရခြင်းဖြစ်သည်။ လုပ်သားလိုအပ်ချက်အတွက် အခြေခံ၍ မရှိဆင်းရဲသားများ၊ အလုပ်လက်မဲ့များ၊ လမ်းဘေးနေသူများအား မက်လုံးပေးကာ ခေါ်ယူကြရာမှ ပြဿနာဖြစ်ပွားရခြင်းဖြစ်ကြောင်း ဦးနိုင်ဝင်းအောင်က သူ့အတွေ့အကြုံကို ဆက်လက်ပြောကြားသည်။

လူကုန်ကူးသူများသည် အရက်ထဲတွင် မူးယစ်စေသော ဆေးဝါးများထည့်၍ အလုပ်လုပ်လိုသူများအား တိုက်သည်။ အရက်မူး၍ မထနိုင်သည့်အခါ အခန်းတစ်ခုထဲ ပိတ်လှောင်ထားသည်။ ထိုသူများ အမူးမပြေသေးချိန်တွင် ထပ်ကာထပ်ကာ ဆေးထည့်ထားသည့် အရက်များကို တိုက်သည်။ ပွဲစားများ တွက်ခြေကိုက်သည်အထိ အဆိုပါစနစ်ဖြင့် လူစုဆောင်းသည်။ အမူးမပြေသေးသူများအား လိုအပ်သည့်နေရာသို့ ခေါ်ယူသည့်နည်းဖြင့် လူကုန်ကူးကြသည်။

လုပ်သားတစ်ဦးသည် တစ်လလျှင် လစာငွေ ကျပ်တစ်သိန်းကျော်သာရပြီး နေ့ရောညပါ အလုပ်လုပ်ကြရသည်။ လုပ်ငန်းရှင်သည် အလုပ်စဝင်သည့် အလုပ်သမားတစ်ဦးအား စရန်ငွေအနေဖြင့် ကျပ်ခြောက်သိန်းပေးလေ့ရှိသည်။ လူပွဲစားများသည် အမူးမပြေသေးသည့် အလုပ်သမားများအား ငွေခြောက်သိန်းရကြောင်း ငွေပေးငွေယူစာအုပ်တွင် လက်မှတ်ထိုးခိုင်းသည်။ ရရှိသည့်ငွေများထဲမှ ကုန်ကျစရိတ်ဟုဆိုကာ ထုတ်ယူ၍ ကျန်ငွေများကိုလည်း အလုပ်သမားများ၏ မိသားစုများ အားပေးရန်ဟုဆိုကာ လိမ်လည်ခေါ်ယူကြသည်။ ပင်လယ်ပြင်တွင် ဖောင်စီး၍ ငါးဖမ်းရသည့်အလုပ်ကို ဩဂုတ်မှ မေလအထိ ဆယ်လကြာလုပ်ကိုင်ရကြောင်း HRDP အဖွဲ့၏ မှတ်တမ်းများအရ သိရပါသည်။

ဝါးဖောင်များပေါ်တွင် အလုပ်လုပ်ကိုင်သည့် ရေလုပ်သားများအား စနစ်ကျသည့် မှတ်တမ်းတင်မှုများထားရှိရန်လိုအပ်ပြီး လုပ်ငန်းလိုအပ်ချက်အတွက် လုပ်သားခေါ်ယူရာတွင် ပွင့်လင်းမြင်သာစွာ ခေါ်ယူရန် လိုအပ်သည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း လူသားချင်းစာနာစိတ်ဖြင့် ကိုယ်ကျိုးတစ်ခုကိုသာကြည့်၍ လုပ်ဆောင်ခြင်းမျိုး မပြုလုပ်သင့်ကြောင်း HRDP အဖွဲ့၏ ဒါရိုက်တာ ဦးမြင့်အေးကအကြံပြုသည်။

‘‘ရေထဲကျပြီး သေတဲ့သူတွေ ရှိမယ်။ သတ်လို့သေတဲ့သူတွေလည်း ရှိချင်ရှိမယ်။ ထွက်ပြေးတဲ့သူတွေလည်း ရှိရင်ရှိမယ်။ ဒါကို အမြန်ဆုံး တားဆီးနှိမ်နင်းဖို့လိုမယ်။ အစိုးရမှာ တာဝန်ရှိသလို ရေလုပ်ငန်းရှင်တွေ၊ ကျွန်တော်တို့လို လူမှုအဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိတယ်။ ပေးခဲ့ရတဲ့အသက်တွေ၊ မလုံခြုံတဲ့ဘဝတွေ ကာကွယ်ဖို့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်’’ဟု ဦးမြင့်အေးက အကြံပြုသည်။

အစိုးရတွင် တာဝန်ရှိ

ရေလုပ်သားများကို လူကုန်ကူးခြင်းနှင့် အဓမ္မစေခိုင်းမှုများ ပိုမိုဖြစ်ပွားနေခြင်းမှာ ဒေသအာဏာပိုင်အဖွဲ့အစည်းအချို့က သိရှိသော်လည်း ထိထိရောက်ရောက်အရေးမယူ၍ဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ လူကုန်ကူးမှုများ လျော့နည်းသွားအောင် ရေလုပ်သားများအား သက်ဆိုင်ရာမှ လိုင်စင်ထုတ်ပေးခြင်း၊ ရေလုပ်သားများကို အကာအကွယ်ပေးသောဥပဒေတစ်ရပ် ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ အလုပ်ရှင်များကို စနစ်တကျ စိစစ်ခြင်းများ ပြုလုပ်သင့်ကြောင်း ဦးဇင်မောင်မောင်က အကြံပြုသည်။

ဇာတိရွာသို့ ပြန်ရောက်ရှိသွားသော ဦးကျော်ဇေယျ တစ်ယောက်ကတော့ အစ်မအိမ်မှာပင်ကပ်နေပြီး နေအမြန်ကောင်းအောင် ကြိုးစားနေသည်။ ကျန်းမာလာပါက အစ်မဖြစ်သူကို ကူညီနိုင်ရန် အလုပ်တစ်ခုရှာမည်ဖြစ်သည်။ သို့သော် ရန်ကုန်သို့ လာရမည်ကို၊ အရင်တစ်ခေါက်ကဲ့သို့ လူကုန်ကူးခံရမည်ကို သူကြောက်လှပါပြီ။

ထို့အပြင် ဦးကျော်ဇေယျတွင် စိုးရိမ်မှုတစ်ခုရှိနေသည်။ လူကုန်ကူးခံရပြီး ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း၌ အဓမ္မစေခိုင်းနှိပ်စက်ခံနေရသော ဘဝတူများ ပြန်လွတ်မလာမည့်အရေးဖြစ်သည်။ ထို့ကြောင့် သူ့ရင်တွင် ပြင်းပြစွာဖြစ်နေသော ဆန္ဒမှာ သူကဲ့သို့ ငရဲခန်းကျ ရောက်နေသူများ အမြန်လွတ်မြောက်လာရေးဖြစ်ပါသည်။

ဖျာပုံဆေးရုံပေါ်မှ ဦးကျော်ဇေယျ။ (ဓာတ်ပုံ-သက်ဆွေ)

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top