# Zawgyi Version ဖြင့် ဖတ်ပါ #
အလှူခံမဏ္ဍပ်တွေမှာရော မင်္ဂလာဆောင်တွေ ကထိန်တွေ တော်တော်များများမှာ သူ့သီချင်းသံတွေနဲ့ နေရာယူနေတဲ့ အဆိုတော်မနော်ဟာဆိုရင် မနေ့က တောင်သမန်အင်း ရဲ့ကဗျာ ဆိုတဲ့ သီချင်းလေးကို တင်ပေးခဲ့ပါတယ် ပရိတ်သတ်ကြီးရေ........
ဒီသီချင်းလေးကို တင်ပြီး ၂၄ နာရီအတွင်းမှာပဲ သီချင်းချစ်သူ ပရိတ်သတ်တွေကြားမှာ တော်တော်လေး ပေါက်သွားခဲ့ပါတယ်
အမ်တီဗီအကြည်ဖြစ်ပြီး ရိုက်ချက်များမှာ ယခင်က သီချင်းများထက် အများကြီး ပိုမိုကောင်းမွန်နေတာကို တွေ့ရပါတယ်။သီချင်းကောင်းများစွာ ပေါက်ခဲ့တဲ့ မနောတစ်ယောက် ဒီသီချင်းလည်း ပေါက်မယ်ဆိုတာ ကြိုသိနေလောက်ပါတယ်။ သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာမှာ တင်တင်ချင်းပဲ မိနစ် ၃ဝ မပြည့်ခင် ကြည့်ရှူသူ ၁ဝဝဝဝ ကျော်၊ ပြန်လည်မျှဝေသူ ၃ထောင်ကျော်၊ Like လုပ်သူ ၅ဝဝဝ ကျော်ရှိနေတာကို တွေ့ရပါတယ်။
https://m.facebook.com/story.php?story_fbid=2026162894280437&id=1976683312561729 ပေးထားတဲ့ Link မှာ ဝင်ကြည့်လို့ ရပါတယ်နော်
တောင်သမန် အင်းသူလေးရဲ့ အလှနဲ့ မြန်မာ အမျိုးသမီးလေး တစ်ဦးလေးရဲ့ အလှ အပြင် တောင်သမန်အင်းရဲ့ အလှအပကို တင်ထားတဲ့ ဒီသီးချင်းလေးဟာ ဆိုရင် မနောရဲ့ နောက်ထပ် မှတ်တိုင် တစ်ခု ဖြစ်မလားဆိုတာကတော့ ..........
ဖိုးသူတော် (www.phothutaw.com)