ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အေရျပားကို အစိုဓာတ္ ျပန္လည္ထိန္းသိမ္းေပးႏိုင္ၿပီး တိမ္ျမဳပ္ေနတဲ႔ ေတာက္ပမႈကိုပါ ျပန္လည္ေဖာ္ေဆာင္ေပးႏိုင္တဲ႔ အစားအစာေလးပါ။
ငယ္ငယ္က ေကြကာအုတ္ေဖ်ာ္ေသာက္ရင္ ေကြကာအုတ္ထဲမွာပါတဲ႔ အုတ္ဂ်ံဳမႈန္႔ဖတ္ေလးေတြကို ႏွစ္ၿခိဳက္စြာ စားသံုးဖူးၾကမွာပါ။ အသင္႔ေဖ်ာ္ ေကြကာအုတ္ထုပ္ထဲမွာပါတဲ႔ အုတ္ဂ်ံဳမႈန္႔ေလးေတြဟာ အာဟာရတန္ဖိုးေတြသာမက အလွအပေရးရာ တန္ဖိုးေတြလည္း မ်ားစြာပါဝင္ပါတယ္။ က်န္းမာေရးအရဆိုရင္ အုတ္ဂ်ံဳမႈန္႕ေတြဟာ ႏွလံုးကို က်န္းမာေစသလို ကိုလက္စထေရာကိုလည္း က်ေစႏိုင္ပါတယ္။
အာဟာရပညာရွင္ေတြကေတာ႔ အုတ္ဂ်ံဳမႈန္႔စားသံုးျခင္းကို အထူးေထာက္ခံမႈ ေပးၾကပါတယ္။ ဒါေပမယ္႔ အုတ္ဂ်ံဳမႈန္႔က သူ႔ခ်ည္းပဲစားမယ္ဆိုရင္ အရသာမရွိပါဘူး။ သစ္သီးေျခာက္ေလး၊ ႏွမ္းေစ႔ေလး၊ စေတာ္ဘယ္ရီသီးေလး၊ ငွက္ေပ်ာသီးေလး၊ ႏြားႏို႔ေလးတို႔နဲ႔ တြဲဖက္လိုက္မွ စားလို႔ေကာင္းသြားတာပါ။

ဒါ႔အျပင္ အုတ္ဂ်ံဳမႈန္႔စားျခင္းဟာ အသားအေရကို လွေစႏိုင္ပါေသးတယ္။ အေရျပားကို အစိုဓာတ္ ျပန္လည္ထိန္းသိမ္းေပးႏိုင္ၿပီး တိမ္ျမဳပ္ေနတဲ႔ ေတာက္ပမႈကိုပါ ျပန္လည္ေဖာ္ေဆာင္ေပးႏိုင္တဲ႔ အစားအစာေလးပါ။ အုတ္ဂ်ံဳမႈန္႔ရဲ႕ အလွအပေရးရာ အက်ိဳးေက်းဇူးေတြကေတာ႔...
၁။ မ်က္ႏွာသစ္ေဆး
အုတ္ဂ်ံဳမႈန္႔ကို သဘာဝမ်က္ႏွာသစ္ေဆးတစ္မ်ိဳးအျဖစ္လည္း အသံုးျပဳႏုိင္ပါတယ္။ အုတ္ဂ်ံဳမႈန္႔ကို ႏြားႏို႔ေလးနဲ႔ေရာၿပီး အႏွစ္ေလးျဖစ္ေအာင္လုပ္ၿပီးမွ မ်က္ႏွာေပၚမွာ လိမ္းေပးရမွာပါ။ အုတ္ဂ်ံဳမႈန္႕မွာ saponin ဆိုတဲ႔ ဓာတ္ပါဝင္တဲ႔အတြက္ေၾကာင္႔ အေရျပားေခြ်းေပါက္ငယ္ေတြထဲအထိ နက္ရႈိင္းစြာ သန္႕စင္ေပးႏိုင္မွာပါ။
၂။ ဆဲလ္ေသဖယ္ရွားေဆး
အေရျပားဆဲလ္ေသဖယ္ရွားေဆး (scrub) အျဖစ္လည္း အုတ္ဂ်ံဳမႈန္႔ကို အသံုးျပဳႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ႔ အုတ္ဂ်ံဳမႈန္႔ရဲ႕ ေျပျပစ္ေခ်ာေမြ႕တဲ႔ ခံစားမႈဟာ ထိလြယ္ခိုက္လြယ္ပါတယ္ဆိုတဲ႔ အေရျပားပိုင္ရွင္ေတြနဲ႔ေတာင္ သင္႔ေတာ္မႈရွိၿပီး အေရျပားဆဲလ္ေသေတြကိုလည္း ထိေရာက္မႈရွိရွိနဲ႕ အျမန္ဖယ္ရွားႏိုင္ပါတယ္။
၃။ ေနေရာင္ဒဏ္ကာကြယ္ေဆး

အုတ္ဂ်ံဳမႈန္႕ဟာ ေနေလာင္ဒဏ္ကို ကုသရာမွာလည္း အသံုးဝင္ပါတယ္။  သူ႕မွာပါဝင္တဲ႔ anti-oxidant ဟာ ေရာဂါေပ်ာက္ကင္းေစႏိုင္တဲ႔ ဂုဏ္သတၱိရွိတဲ႔အတြက္ ေနပူထဲထြက္မိရင္ အုတ္ဂ်ံဳမႈန္႔ေလးကို ရွားေစာင္းလက္ပတ္ဂ်ယ္လ္၊ ႏို႔ေအး၊ ႏွင္းဆီေရတို႔နဲ႔အတတူ ေရာၿပီး လိမ္းေပးႏိုင္ပါၿပီ။ မ်က္ႏွာေလး ေနေလာင္ၿပီး မဲညိဳေနရင္ facemask ေလးအျဖစ္ အသံုးျပဳႏိုင္ပါတယ္။ ခဏတာအခ်ိန္ပိုင္းအတြင္းမွာ ေနေလာင္ဒဏ္ လ်င္ျမန္စြာ သက္သာေပ်ာက္ကင္းသြားမွာပါ။
၄။ ေခါင္းေလွ်ာ္ရည္
အုတ္ဂ်ံဳမႈန္႔ကို ေခါင္းေလွ်ာ္ရည္အျဖစ္လည္း သံုးလု႔ိရတယ္ဆိုတာကို သိရင္ မဒီေလးတို႔ အံ႕ၾသသြားၾကမယ္ ထင္ပါတယ။ ဟုတ္ပါတယ္။ အုတ္ဂ်ံဳမႈန္႔ဟာ ဆံပင္သန္ေစၿပီး ဆံသား ပိုမိုမဲနက္ ခိုင္မာေစတဲ႔ သဘာဝအားေဆးတစ္မ်ိဳးပါပဲ။ ဒါေပမယ္႕ တစ္ခုရွိတာက dry shampoo အျဖစ္ပဲ သံုးလို႔ရတာပါ။ အုတ္ဂ်ံဳမႈန္႕မွာ ဆိုဒီယမ္ ဘိုင္ကာဘြန္နိတ္ပါဝင္ၿပီး ဦးေရျပားနဲ႔ ဆံသားေပၚက မလုိအပ္တဲ႔ အဆီပိုေတြကို စုပ္ယူေပးႏိုင္ပါတယ္။
၅။ အယားေပ်ာက္ေဆး
အလာ႔ဂ်စ္ထျခင္းေၾကာင္႔ျဖစ္တဲ႔ ယားယံမႈနဲ႔ မိႈေရာဂါေၾကာင္႔ျဖစ္တဲ႔ ယားယံမႈေတြကို ဖယ္ရွားရာမွာလည္း အုတ္ဂ်ံဳမႈန္႕က အသံုးဝင္ပါေသးတယ္။ ေရခ်ိဳးေနခ်ိန္မွာ အုတ္ဂ်ံဳမႈန္႔ေလးနဲ႔ ယားတဲ႔ေနရာကို ပြတ္ေပးလိုက္ရံုပါပဲ။ သိသာေျပာင္းလဲမႈကို ရက္အနည္းငယ္အတြင္းမွာ ေတြ႕ျမင္ရမွာပါ။

Source: youngisthan
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အရေပြားကို အစိုဓာတ် ပြန်လည်ထိန်းသိမ်းပေးနိုင်ပြီး တိမ်မြုပ်နေတဲ့ တောက်ပမှုကိုပါ ပြန်လည်ဖော်ဆောင်ပေးနိုင်တဲ့ အစားအစာလေးပါ။
ငယ်ငယ်က ကွေကာအုတ်ဖျော်သောက်ရင် ကွေကာအုတ်ထဲမှာပါတဲ့ အုတ်ဂျုံမှုန့်ဖတ်လေးတွေကို နှစ်ခြိုက်စွာ စားသုံးဖူးကြမှာပါ။ အသင့်ဖျော် ကွေကာအုတ်ထုပ်ထဲမှာပါတဲ့ အုတ်ဂျုံမှုန့်လေးတွေဟာ အာဟာရတန်ဖိုးတွေသာမက အလှအပရေးရာ တန်ဖိုးတွေလည်း များစွာပါဝင်ပါတယ်။ ကျန်းမာရေးအရဆိုရင် အုတ်ဂျုံမှုန့်တွေဟာ နှလုံးကို ကျန်းမာစေသလို ကိုလက်စထရောကိုလည်း ကျစေနိုင်ပါတယ်။
အာဟာရပညာရှင်တွေကတော့ အုတ်ဂျုံမှုန့်စားသုံးခြင်းကို အထူးထောက်ခံမှု ပေးကြပါတယ်။ ဒါပေမယ့် အုတ်ဂျုံမှုန့်က သူ့ချည်းပဲစားမယ်ဆိုရင် အရသာမရှိပါဘူး။ သစ်သီးခြောက်လေး၊ နှမ်းစေ့လေး၊ စတော်ဘယ်ရီသီးလေး၊ ငှက်ပျောသီးလေး၊ နွားနို့လေးတို့နဲ့ တွဲဖက်လိုက်မှ စားလို့ကောင်းသွားတာပါ။

ဒါ့အပြင် အုတ်ဂျုံမှုန့်စားခြင်းဟာ အသားအရေကို လှစေနိုင်ပါသေးတယ်။ အရေပြားကို အစိုဓာတ် ပြန်လည်ထိန်းသိမ်းပေးနိုင်ပြီး တိမ်မြုပ်နေတဲ့ တောက်ပမှုကိုပါ ပြန်လည်ဖော်ဆောင်ပေးနိုင်တဲ့ အစားအစာလေးပါ။ အုတ်ဂျုံမှုန့်ရဲ့ အလှအပရေးရာ အကျိုးကျေးဇူးတွေကတော့...
၁။ မျက်နှာသစ်ဆေး
အုတ်ဂျုံမှုန့်ကို သဘာဝမျက်နှာသစ်ဆေးတစ်မျိုးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ အုတ်ဂျုံမှုန့်ကို နွားနို့လေးနဲ့ရောပြီး အနှစ်လေးဖြစ်အောင်လုပ်ပြီးမှ မျက်နှာပေါ်မှာ လိမ်းပေးရမှာပါ။ အုတ်ဂျုံမှုန့်မှာ saponin ဆိုတဲ့ ဓာတ်ပါဝင်တဲ့အတွက်ကြောင့် အရေပြားချွေးပေါက်ငယ်တွေထဲအထိ နက်ရှိုင်းစွာ သန့်စင်ပေးနိုင်မှာပါ။
၂။ ဆဲလ်သေဖယ်ရှားဆေး
အရေပြားဆဲလ်သေဖယ်ရှားဆေး (scrub) အဖြစ်လည်း အုတ်ဂျုံမှုန့်ကို အသုံးပြုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အုတ်ဂျုံမှုန့်ရဲ့ ပြေပြစ်ချောမွေ့တဲ့ ခံစားမှုဟာ ထိလွယ်ခိုက်လွယ်ပါတယ်ဆိုတဲ့ အရေပြားပိုင်ရှင်တွေနဲ့တောင် သင့်တော်မှုရှိပြီး အရေပြားဆဲလ်သေတွေကိုလည်း ထိရောက်မှုရှိရှိနဲ့ အမြန်ဖယ်ရှားနိုင်ပါတယ်။
၃။ နေရောင်ဒဏ်ကာကွယ်ဆေး

အုတ်ဂျုံမှုန့်ဟာ နေလောင်ဒဏ်ကို ကုသရာမှာလည်း အသုံးဝင်ပါတယ်။  သူ့မှာပါဝင်တဲ့ anti-oxidant ဟာ ရောဂါပျောက်ကင်းစေနိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် နေပူထဲထွက်မိရင် အုတ်ဂျုံမှုန့်လေးကို ရှားစောင်းလက်ပတ်ဂျယ်လ်၊ နို့အေး၊ နှင်းဆီရေတို့နဲ့အတတူ ရောပြီး လိမ်းပေးနိုင်ပါပြီ။ မျက်နှာလေး နေလောင်ပြီး မဲညိုနေရင် facemask လေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ခဏတာအချိန်ပိုင်းအတွင်းမှာ နေလောင်ဒဏ် လျင်မြန်စွာ သက်သာပျောက်ကင်းသွားမှာပါ။
၄။ ခေါင်းလျှော်ရည်
အုတ်ဂျုံမှုန့်ကို ခေါင်းလျှော်ရည်အဖြစ်လည်း သုံးလု့ိရတယ်ဆိုတာကို သိရင် မဒီလေးတို့ အံ့သြသွားကြမယ် ထင်ပါတယ။ ဟုတ်ပါတယ်။ အုတ်ဂျုံမှုန့်ဟာ ဆံပင်သန်စေပြီး ဆံသား ပိုမိုမဲနက် ခိုင်မာစေတဲ့ သဘာဝအားဆေးတစ်မျိုးပါပဲ။ ဒါပေမယ့် တစ်ခုရှိတာက dry shampoo အဖြစ်ပဲ သုံးလို့ရတာပါ။ အုတ်ဂျုံမှုန့်မှာ ဆိုဒီယမ် ဘိုင်ကာဘွန်နိတ်ပါဝင်ပြီး ဦးရေပြားနဲ့ ဆံသားပေါ်က မလိုအပ်တဲ့ အဆီပိုတွေကို စုပ်ယူပေးနိုင်ပါတယ်။
၅။ အယားပျောက်ဆေး
အလာ့ဂျစ်ထခြင်းကြောင့်ဖြစ်တဲ့ ယားယံမှုနဲ့ မှိုရောဂါကြောင့်ဖြစ်တဲ့ ယားယံမှုတွေကို ဖယ်ရှားရာမှာလည်း အုတ်ဂျုံမှုန့်က အသုံးဝင်ပါသေးတယ်။ ရေချိုးနေချိန်မှာ အုတ်ဂျုံမှုန့်လေးနဲ့ ယားတဲ့နေရာကို ပွတ်ပေးလိုက်ရုံပါပဲ။ သိသာပြောင်းလဲမှုကို ရက်အနည်းငယ်အတွင်းမှာ တွေ့မြင်ရမှာပါ။

Source: youngisthan

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top