Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သမၼတႀကီးဆီ စာေရာက္ဖို႕ ႀကိဳးပမ္းေနသူေတြကေတာ့ ဒါရိုက္တာ ဝိုင္းတို႕ အဖြဲ႕သားေတြပါ။ ဒါရိုက္တာဝိုင္း ရိုက္ကူးေနတဲ့ သမၼတႀကီးထံေပးစာဆိုတဲ့ ရုပ္ရွင္ဇာတ္ကားကို ဝိုင္းနဲ႕အတူ အလင္းေရာင္၊ ခ်မ္းမင္းရဲထြဋ္နဲ႕ ေဖြးေဖြးတို႕က အတူ ႀကိဳးပမ္းလို႕ ေနၾကပါတယ္။

သမၼတႀကီးဆီ စာေရာက္ဖို႕အတြက္ ဒါရိုက္တာဝိုင္းအေနနဲ႕ အပင္ပန္းဆံုးနဲ႕ ရက္အရွည္ဆံုးရိုက္ရတဲ့ ရုပ္ရွင္တကားျဖစ္ တယ္လို႕လည္း ဒါရိုက္ဝုိင္းက ေျပာထားပါတယ္။

ပရိသတ္ေတြကလည္း ဒီရုပ္ရွင္ဇာတ္ကားႀကီးအေပၚ ဒါရိုက္တာဝုိင္းနဲ႕အတူ သရုပ္ေဆာင္ေတြ ႀကိဳးစားေနတာကို ေတြ႕ရတဲ့အတြက္ အရမ္းေက်းဇူးတင္သလို ဝိုင္းရဲ႕ ဇာတ္ကားေတြကိုလည္း စဥ္ဆက္မျပတ္ အားေပးမွာဆိုၿပီးေတာ့လည္း ပရိသတ္ေတြက ေကာမန္႕ေတြ ေပးထားၾကပါတယ္။

ပရိသတ္ေတြရဲ႕ ေကာမန္႕နဲ႕ အားေပးစကားေတြကေတာ့ သရုပ္ေဆာင္ေတြ ဒါရိုက္တာေတြ အတြက္အားေဆးတစ္ခြက္ပါပဲ။

ယင္းဇာတ္ကားထဲမွာ ပါဝင္တဲ့ သရုပ္ေဆာင္ေဖြးေဖြးကလည္း သူမရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ယခုလို ေရးသားထားပါေသးတယ္။

"သမၼတႀကီးထံေပးစာ" ရိုက္ကြင္းမွ..

ေနပူပူမွာရိုက္ရတာကို ေနအပူခံၿပီးလာအားေပးတဲ့ ခ်စ္ပရိတ္သတ္မ်ား ...ဂရုစိုက္ၾကပါလို႔ ...

အျမဲရင္ထဲမွာရွိေနပါတယ္လို႔.. " ဆိုၿပီး ေျပာထားပါေသးတယ္။

ဒါရိုက္တာ ဝိုင္း ရိုက္ကူးတဲ့ သမၼတႀကီးထံေပးစာ ရုပ္ရွင္ဇာတ္ကားဟာ ရိုက္ကူးခြင့္ရဖို႕ အတြက္ သံုးႏွစ္တိတိေစာင့္ခဲ့ရတဲ့ ဇာတ္ကားႀကီးလည္း ျဖစ္ပါတယ္။

Photo : ဝိုင္း ေဖ့စ္ဘြတ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version #
သမ္မတကြီးဆီ စာရောက်ဖို့ ကြိုးပမ်းနေသူတွေကတော့ ဒါရိုက်တာ ဝိုင်းတို့ အဖွဲ့သားတွေပါ။ ဒါရိုက်တာဝိုင်း ရိုက်ကူးနေတဲ့ သမ္မတကြီးထံပေးစာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဝိုင်းနဲ့အတူ အလင်းရောင်၊ ချမ်းမင်းရဲထွဋ်နဲ့ ဖွေးဖွေးတို့က အတူ ကြိုးပမ်းလို့ နေကြပါတယ်။

သမ္မတကြီးဆီ စာရောက်ဖို့အတွက် ဒါရိုက်တာဝိုင်းအနေနဲ့ အပင်ပန်းဆုံးနဲ့ ရက်အရှည်ဆုံးရိုက်ရတဲ့ ရုပ်ရှင်တကားဖြစ် တယ်လို့လည်း ဒါရိုက်ဝိုင်းက ပြောထားပါတယ်။

ပရိသတ်တွေကလည်း ဒီရုပ်ရှင်ဇာတ်ကားကြီးအပေါ် ဒါရိုက်တာဝိုင်းနဲ့အတူ သရုပ်ဆောင်တွေ ကြိုးစားနေတာကို တွေ့ရတဲ့အတွက် အရမ်းကျေးဇူးတင်သလို ဝိုင်းရဲ့ ဇာတ်ကားတွေကိုလည်း စဉ်ဆက်မပြတ် အားပေးမှာဆိုပြီးတော့လည်း ပရိသတ်တွေက ကောမန့်တွေ ပေးထားကြပါတယ်။

ပရိသတ်တွေရဲ့ ကောမန့်နဲ့ အားပေးစကားတွေကတော့ သရုပ်ဆောင်တွေ ဒါရိုက်တာတွေ အတွက်အားဆေးတစ်ခွက်ပါပဲ။

ယင်းဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်ဖွေးဖွေးကလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ယခုလို ရေးသားထားပါသေးတယ်။

"သမ္မတကြီးထံပေးစာ" ရိုက်ကွင်းမှ..

နေပူပူမှာရိုက်ရတာကို နေအပူခံပြီးလာအားပေးတဲ့ ချစ်ပရိတ်သတ်များ ...ဂရုစိုက်ကြပါလို့ ...

အမြဲရင်ထဲမှာရှိနေပါတယ်လို့.. " ဆိုပြီး ပြောထားပါသေးတယ်။

ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ သမ္မတကြီးထံပေးစာ ရုပ်ရှင်ဇာတ်ကားဟာ ရိုက်ကူးခွင့်ရဖို့ အတွက် သုံးနှစ်တိတိစောင့်ခဲ့ရတဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။

Photo : ဝိုင်း ဖေ့စ်ဘွတ်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top