ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ထုိင္းႏုိင္ငံတြင္ မည္သူမည္၀ါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ CI ျပဳလုပ္ေနသည့္ ျမန္မာလုပ္သားမ်ားကို ေတြ႕ရစဥ္ (ဓာတ္ပံု − ရဲမင္း)

ထုိင္းႏိုင္ငံတြင္ မည္သူ မည္ဝါျဖစ္ေၾကာင္း သက္ေသခံ လက္မွတ္ (CI) မ်ားျပဳလုပ္ေန သည့္ ျမန္မာလုပ္သားမ်ားထံမွ ေငြေတာင္းခံေသာ ျမန္မာႏွင့္ထုိင္း ႏိုင္ငံသားပြဲစားအနည္းဆံုး ၁၀ ဦး ကိုထိုင္းရဲတပ္ဖြဲ႕က ဖမ္းဆီးထား သည္။

CI လက္မွတ္ျပဳလုပ္ေန ေသာ ျမန္မာလုပ္သားမ်ားကို ျမန္ မာႏွင့္ထုိင္းႏိုင္ငံသား ပြဲစားမ်ား က CI စခန္းအတြင္း ဝင္ခြင့္ႏွင့္ ျပဳ လုပ္ခမ်ား အဆမတန္ေတာင္းခံ ေနေၾကာင္း တိုင္ၾကားမႈမ်ားျဖစ္ ေပၚၿပီးေနာက္ ထုိင္းအထူးစံုစမ္း ေရး ရဲတပ္ဖြဲ႕ DSI အပါအဝင္ ထိုင္းစစ္တပ္ႏွင့္ လဝကတို႔က ဝင္ ေရာက္စစ္ေဆးကာ ေငြေတာင္းခံ ေသာ ပြဲစားမ်ားကိုဆက္တိုက္ဖမ္း ဆီးေနေၾကာင္း ထုိင္းေရာက္ ျမန္ မာ လုပ္သားအေရးကူညီေပးေန ေသာ အဖြဲ႕အစည္းမ်ားက ေျပာ ၾကားသည္။

‘‘ဟိုတစ္ရက္က DSI ရဲမွဴး ႀကီး အမ်ိဳးသမီးႀကီးက သူ႔အိမ္မွာ ရွိတဲ့ လူေတြအတြက္ CI လာလုပ္ ေပးတာမွာ ေငြေတာင္းခံေနတဲ့ ျဖစ္စဥ္ကို သိသြားတယ္။ အဲဒီမွာ စံုစမ္းေရးေတြ ဝင္ေတာ့တာပဲ။ ကြၽန္ေတာ္သိသေလာက္ ထုိင္းပြဲ စားေတြေရာ၊ ျမန္မာပြဲစားေတြ ေရာ အနည္းဆံုး ၁၀ ေယာက္ဖမ္း ထားတယ္’’ ဟု ထိုင္းေရာက္ျမန္ မာလုပ္သားမ်ားအေရး ကူညီေပး ေနေသာ ထုိင္းႏိုင္ငံေရာက္ ျမန္မာ ႏိုင္ငံသားမ်ားအဖြဲ႕ (MAT) ဒါ႐ိုက္ တာ ဦးေက်ာ္ေသာင္းက ေျပာ သည္။

လက္ရွိအခ်ိန္တြင္ အလုပ္ သမားဝန္ႀကီးဌာန ၫႊန္ၾကားေရး မွဴးခ်ဳပ္ ဦးဝင္းရွိန္လာေရာက္ၿပီး CI စခန္းမ်ားသုိ႔ လုိက္လံစစ္ေဆး ေနေၾကာင္း ထုိင္းႏိုင္ငံဆိုုင္ရာ ျမန္မာသံ႐ံုးမွ အလုပ္သမား သံအ ရာရွိ ဦးမိုးေအာင္ခိုင္က ေျပာ သည္။

‘‘ပြဲစားေတြ ဖမ္းထားတာရွိ တယ္။ ဖမ္းလည္းဖမ္းခိုင္းထား တယ္။ အခုၫႊန္ခ်ဳပ္လည္း ေရာက္ၿပီးေတာ့ CI စခန္းအကုန္လံုးကို လိုက္စစ္ေနပါတယ္’’ ဟု ဦးမိုးေအာင္ခိုင္က ေျပာသည္။

CI ျပဳလုပ္ေန သူမ်ားထံမွ ေငြ ေတာင္းခံေနေသာ ပြဲစားမ်ားကို ဖမ္းဆီးအေရးယူရန္ ထိုင္းဝန္ႀကီး ခ်ဳပ္ ပရာယြတ္က စက္တင္ဘာ ၂၆ ရက္တြင္ ၫႊန္ၾကားထားသည္။

ျမန္မာႏွင့္ ထုိင္းႏိုင္ငံသား ပြဲ စားမ်ားသည္ ျမန္မာလုပ္သား တစ္ဦးကို CI ျပဳလုပ္ခအျဖစ္ ဘတ္၄,၅၀၀ မွ ၆,၀၀၀ (က်ပ္ႏွစ္သိန္း ေလးသာင္း) ထိ ေတာင္းခံေန ေၾကာင္း ဦးမိုးေအာင္ခိုင္က ေျပာ သည္။ ျမန္မာလုပ္သားမ်ားအား အ သစ္ထုတ္ေပးေနသည့္ CI ကတ္ မ်ားျပဳလုပ္ရာတြင္ ထိုင္းႏိုင္ငံတစ္ ဝန္းရွိ 7 ELEVEN ဆိုင္မ်ား၌ ဘတ္ ၃၁၀ (၁၂,၀၀၀ က်ပ္ခန္႔) ေပးသြင္းရမည္ျဖစ္ေၾကာင္း ျမန္ မာသံ႐ံုးက ထုတ္ျပန္ထားသည္။

‘‘အခု CI စခန္းေတြကို အဖြဲ႕ စံုက ဝင္စစ္ေနတယ္’’ ဟု ထုိင္း ေရာက္ျမန္မာလုပ္သားမ်ားအ ေရး ကူညီေပးေနေသာ AAC မဟာမိတ္အဖြဲ႕မွ ကိုရဲမင္းက ေျပာ သည္။

ထိုင္းႏိုင္ငံတြင္ တရားမဝင္ အလုပ္လုပ္ကိုင္ေနေသာ ႏိုင္ငံ ျခားသားမ်ားႏွင့္ ပတ္သက္သည့္ ဥပေဒသစ္ ထုတ္ျပန္ၿပီးေနာက္ တ ရားဝင္လုပ္သားအျဖစ္ ေနထိုင္ခြင့္ ျပဳရန္ ထိုင္းအစိုးရက စိစစ္ထား သည့္ ျမန္မာလုပ္သားေလးသိန္း ခန္႔ကို CI မ်ား ျပဳလုပ္ရန္ နေခါစ ဝမ္၊ ေဆာင္ခလာႏွင့္ ခ်င္းမိုင္ၿမိဳ႕ တို႔၌ စက္တင္ဘာ ၁၅ ရက္ကစ၍ CI စခန္းသံုးခု ထပ္မံတိုးခ်ဲ႕ဖြင့္ လွစ္ထားသည္။

ထို႔အျပင္ CI လက္မွတ္ျပဳ လုပ္ၿပီးသူမ်ားသည္ ေနထိုင္ခြင့္ (ဗီဇာ) ႏွင့္ အလုပ္လုပ္ကိုင္ခြင့္ (အလုပ္ပါမစ္) လက္မွတ္မ်ား ရရွိ ရန္ ဆက္လက္ေလွ်ာက္ထားရ မည္ျဖစ္သည္။ ယင္း CI လက္ မွတ္သည္ ေလးႏွစ္သက္တမ္းရွိၿပီးဗီဇာ ၂ ႏွစ္ ပါဝင္သည္။

လက္ရွိတြင္ ထိုင္းႏိုင္ငံ၌ အေထာက္အထားရွိေသာ္လည္း ေနထိုင္ခြင့္သက္တမ္း ကုန္ဆံုး ျခင္းအပါအဝင္ တရားမဝင္ျဖစ္ ေနေသာ ျမန္မာလုပ္သားမ်ားကို CI လက္မွတ္ထုတ္ေပးရန္ မဲ ေဆာက္၊ မယ္ဆိုင္၊ ရေနာင္း၊ ဘန္ေကာက္ၿမိဳ႕တို႔၌ စခန္းတစ္ခုစီႏွင့္ မဟာခ်ိဳင္ၿမိဳ႕တြင္ စခန္းႏွစ္ခု၊ စုစု ေပါင္း ေျခာက္ခုဖြင့္လွစ္ထား သည္။

ယင္းစခန္းေျခာက္ခုသို႔ CI လက္မွတ္လာေရာက္ျပဳ လုပ္ သည့္ ျမန္မာလုပ္သားဦးေရ သံုးသိန္းေက်ာ္ရွိေၾကာင္း ဦးမိုးေအာင္ခိုင္က ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ပြုလုပ်နေသည့် မြန်မာလုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ − ရဲမင်း)

ထိုင်းနိုင်ငံတွင် မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI) များပြုလုပ်နေ သည့် မြန်မာလုပ်သားများထံမှ ငွေတောင်းခံသော မြန်မာနှင့်ထိုင်း နိုင်ငံသားပွဲစားအနည်းဆုံး ၁၀ ဦး ကိုထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထား သည်။

CI လက်မှတ်ပြုလုပ်နေ သော မြန်မာလုပ်သားများကို မြန် မာနှင့်ထိုင်းနိုင်ငံသား ပွဲစားများ က CI စခန်းအတွင်း ဝင်ခွင့်နှင့် ပြု လုပ်ခများ အဆမတန်တောင်းခံ နေကြောင်း တိုင်ကြားမှုများဖြစ် ပေါ်ပြီးနောက် ထိုင်းအထူးစုံစမ်း ရေး ရဲတပ်ဖွဲ့ DSI အပါအဝင် ထိုင်းစစ်တပ်နှင့် လဝကတို့က ဝင် ရောက်စစ်ဆေးကာ ငွေတောင်းခံ သော ပွဲစားများကိုဆက်တိုက်ဖမ်း ဆီးနေကြောင်း ထိုင်းရောက် မြန် မာ လုပ်သားအရေးကူညီပေးနေ သော အဖွဲ့အစည်းများက ပြော ကြားသည်။

‘‘ဟိုတစ်ရက်က DSI ရဲမှူး ကြီး အမျိုးသမီးကြီးက သူ့အိမ်မှာ ရှိတဲ့ လူတွေအတွက် CI လာလုပ် ပေးတာမှာ ငွေတောင်းခံနေတဲ့ ဖြစ်စဉ်ကို သိသွားတယ်။ အဲဒီမှာ စုံစမ်းရေးတွေ ဝင်တော့တာပဲ။ ကျွန်တော်သိသလောက် ထိုင်းပွဲ စားတွေရော၊ မြန်မာပွဲစားတွေ ရော အနည်းဆုံး ၁၀ ယောက်ဖမ်း ထားတယ်’’ ဟု ထိုင်းရောက်မြန် မာလုပ်သားများအရေး ကူညီပေး နေသော ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက် တာ ဦးကျော်သောင်းက ပြော သည်။

လက်ရှိအချိန်တွင် အလုပ် သမားဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းရှိန်လာရောက်ပြီး CI စခန်းများသို့ လိုက်လံစစ်ဆေး နေကြောင်း ထိုင်းနိုင်ငံဆိုုင်ရာ မြန်မာသံရုံးမှ အလုပ်သမား သံအ ရာရှိ ဦးမိုးအောင်ခိုင်က ပြော သည်။

‘‘ပွဲစားတွေ ဖမ်းထားတာရှိ တယ်။ ဖမ်းလည်းဖမ်းခိုင်းထား တယ်။ အခုညွှန်ချုပ်လည်း ရောက်ပြီးတော့ CI စခန်းအကုန်လုံးကို လိုက်စစ်နေပါတယ်’’ ဟု ဦးမိုးအောင်ခိုင်က ပြောသည်။

CI ပြုလုပ်နေ သူများထံမှ ငွေ တောင်းခံနေသော ပွဲစားများကို ဖမ်းဆီးအရေးယူရန် ထိုင်းဝန်ကြီး ချုပ် ပရာယွတ်က စက်တင်ဘာ ၂၆ ရက်တွင် ညွှန်ကြားထားသည်။

မြန်မာနှင့် ထိုင်းနိုင်ငံသား ပွဲ စားများသည် မြန်မာလုပ်သား တစ်ဦးကို CI ပြုလုပ်ခအဖြစ် ဘတ်၄,၅၀၀ မှ ၆,၀၀၀ (ကျပ်နှစ်သိန်း လေးသာင်း) ထိ တောင်းခံနေ ကြောင်း ဦးမိုးအောင်ခိုင်က ပြော သည်။ မြန်မာလုပ်သားများအား အ သစ်ထုတ်ပေးနေသည့် CI ကတ် များပြုလုပ်ရာတွင် ထိုင်းနိုင်ငံတစ် ဝန်းရှိ 7 ELEVEN ဆိုင်များ၌ ဘတ် ၃၁၀ (၁၂,၀၀၀ ကျပ်ခန့်) ပေးသွင်းရမည်ဖြစ်ကြောင်း မြန် မာသံရုံးက ထုတ်ပြန်ထားသည်။

‘‘အခု CI စခန်းတွေကို အဖွဲ့ စုံက ဝင်စစ်နေတယ်’’ ဟု ထိုင်း ရောက်မြန်မာလုပ်သားများအ ရေး ကူညီပေးနေသော AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြော သည်။

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံ ခြားသားများနှင့် ပတ်သက်သည့် ဥပဒေသစ် ထုတ်ပြန်ပြီးနောက် တ ရားဝင်လုပ်သားအဖြစ် နေထိုင်ခွင့် ပြုရန် ထိုင်းအစိုးရက စိစစ်ထား သည့် မြန်မာလုပ်သားလေးသိန်း ခန့်ကို CI များ ပြုလုပ်ရန် နခေါစ ဝမ်၊ ဆောင်ခလာနှင့် ချင်းမိုင်မြို့ တို့၌ စက်တင်ဘာ ၁၅ ရက်ကစ၍ CI စခန်းသုံးခု ထပ်မံတိုးချဲ့ဖွင့် လှစ်ထားသည်။

ထို့အပြင် CI လက်မှတ်ပြု လုပ်ပြီးသူများသည် နေထိုင်ခွင့် (ဗီဇာ) နှင့် အလုပ်လုပ်ကိုင်ခွင့် (အလုပ်ပါမစ်) လက်မှတ်များ ရရှိ ရန် ဆက်လက်လျှောက်ထားရ မည်ဖြစ်သည်။ ယင်း CI လက် မှတ်သည် လေးနှစ်သက်တမ်းရှိပြီးဗီဇာ ၂ နှစ် ပါဝင်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ အထောက်အထားရှိသော်လည်း နေထိုင်ခွင့်သက်တမ်း ကုန်ဆုံး ခြင်းအပါအဝင် တရားမဝင်ဖြစ် နေသော မြန်မာလုပ်သားများကို CI လက်မှတ်ထုတ်ပေးရန် မဲ ဆောက်၊ မယ်ဆိုင်၊ ရနောင်း၊ ဘန်ကောက်မြို့တို့၌ စခန်းတစ်ခုစီနှင့် မဟာချိုင်မြို့တွင် စခန်းနှစ်ခု၊ စုစု ပေါင်း ခြောက်ခုဖွင့်လှစ်ထား သည်။

ယင်းစခန်းခြောက်ခုသို့ CI လက်မှတ်လာရောက်ပြု လုပ် သည့် မြန်မာလုပ်သားဦးရေ သုံးသိန်းကျော်ရှိကြောင်း ဦးမိုးအောင်ခိုင်က ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top