Golden City Promotion
×

"ေယာက်္ားေတြ  တစ္ေယာက္မွ မေကာင္းဘူး"

" ဟယ္ "

က်ေနာ့္ ေရွ႕တည့္တည့္
မ်က္ရည္ေလး စမ္းစမ္းနဲ႕ လာေျပာေနတဲ႕ အမ်ိဳးသမီးႀကီး တေယာက္

 " ေညွာ္ေစာ္ နံ သလိုပဲေနာ္ "

" နံမွာေပါ့....မီးပုံထဲ ခုန္ဆင္းျပီး
ျပန္ထြက္ လာတာေလ  "

" ခင္ဗ်ား က Iron  man လား "

" မယ္သီတာ ဟဲ႕ "

" ငိ "

ဒီအမ်ိဳးသမီး အေႀကာင္း တစြန္း တစေတာ့ ႀကားမိသား လူေတြက လကၡဏ တို့ ရာမတို့ ဒႆတို့ အေႀကာင္းပဲ တဖြဲ႕တႏြဲ႕ေျပာ ေနႀကေတာ့  ေမ့ေတ့ေတ့ရယ္ ႕႕႕

" ခင္ဗ်ား  ႕႕႕
 မီးမေလာင္ပဲ   ျပန္ထြက္လာတာဆို "

" ရႈဳး ႕႕႕႕ တိုးတိုး
  အဲ႕ဒါ  အေပၚယံ မေလာင္တာ ဟဲ႕
  အတြင္းမွာ  မီးျမိွဳက္ သြားတယ္ "

" အမငီး  ႕႕"

ဒါေႀကာင့္ေနမယ္
ငပိ  မီးရႈဳိ႕တဲ႕  အနံ႕ႀကီး ႕႕႕

" ေျပာစမ္းပါအုံး ေယာက်္ားေတြ  ဘာေႀကာင့္ မေကာင္းရတာလဲ "

" ဇူကာဘတ္ က  စျပီး
  မေကာင္းတာပဲ  "

" ဘာလို့တုန္းဗ် "

" ဟဲ႕  ႕႕႕သူသာ ငါတို့ ေခတ္ထဲ  လာေနႀကည့္ 'ေလး' တင္ပြဲ က်င္းပစရာ မလိုဘူးေလ "

" လင္းစမ္းပါအုံး "

" ေအာ္ ႕႕႕ ဒူလိုက္တာ ႕႕႕ FB  မွာ  ပုံေလး တင္လိုက္ ေယာက်္ား  တစ္ေယာက္ေတာ့ မ်က္စိေမွာက္  ေရာက္လာ မွာပဲေလ  "

ဒါေတာ့ က်ေနာ္ လက္မခံေပ မယ္သီတာ ဆိုတာ ခုႏွစ္ျပည္ေထာင္ မင္းေတြ သည္းသည္းလႈပ္ လုရတဲ့ ေရႊမင္းသမီး ခုေခတ္  အဆိုအရ  ဆယ္လီမ ပဲ

" ခင္ဗ်ားက ေယာက်္ားေတြ  ဝိုင္းဝိုင္း လည္ေနလို့ ေလးတင္ပြဲ က်င္းပျပီး အေရြးခံတာ မဟုတ္ဘူးလား"

" ဟယ္ ႕႕႕ အဲ့ဒါ ဂ်င္းဟဲ႕  "

" ဘယ္လို ႕႕႕႕ဘယ္လို "

" ဒီလိုေဟ့  ႕႕ ငါတို့ေခတ္က  ခုေခတ္လို လိုင္းေပၚမွာ လင္တ ရူးလို႔ မရေတာ့ နန္းေတာ္ထဲမွာ လင္တ ရူးတယ္ေလ  "

" အဲ႕ေတာ့ "

" ခမည္းေတာ္ သိသြားျပီး ငါလည္း သိကၡာ မက် နင္လည္း လင္ရ"
ဆိုျပီး ေလးတင္ ဂ်င္းပြဲႀကီး က်င္းပ လိုက္တာပဲ "

" ခင္ဗ်ားလည္း ကိုရာမ ကို ရလိုက္တယ္ မို႔လား "

" တိတ္စမ္း... အဲ႕ ငနဲေႀကာင့္  ငါ့ဘဝ တိုင္ ပတ္တာပဲ "

မ်က္ေထာင့္ႀကီးနီ ႏွာ တရႈဳးရႈဳး မႈတ္ျပီး  အံႀကိတ္ေနေလရဲ႕ ၿပီးေတာ့
တခုခုကို သတိ ရသလိုနဲ႔ မ်က္ႏွာ အမူအရာ ေျပာင္းသြားတယ္

"ငါ့ ရဲ႕ေမ်ာ္လင့္ခ်က္ ေတြကို ကိုဒႆက အရင္ဆုံး   အေရာင္ တင္ေပးတယ္ ဒါေပမဲ့ .. ဒါေပမဲ့ေလ ...အဟင့္ ဟစ္"

" လကၡဏ   လာ ျပိဳင္ေသးတယ္ မို႔လား "

" ဟယ္....
  အေျခာက္ကေလး ပါဟယ္ "

" ဟုတ္လို႔ လားဗ်ာ "

" အကို႔အတြက္ ဆိုျပီး မိန္းမ တေယာက္ကို ထားခဲ့တယ္ေလ သူက ေယာက်္ား ယူမလို႔ ရွိမွာေပါ့ ဟြန္႕ "

သူေျပာေတာ့လည္း  ဟုတ္သလိုလိုပဲ
ခုေခတ္ ဘယ္ေယာက်္ားမွ အေလ်ွာ့ မေပးဘူး ႀကာကူလီဖို့ပဲ ေခ်ာင္းေနႀကတာ  (ငိငိိ)

" ကိုရာမ ေလးတင္တာ နိဳင္ေတာ့ ခင္ဗ်ား ေပ်ာ္သြားတယ္ မို့လား "

" အဲ့ အေပ်ာ္က  ႀကာရွည္ မခံပါဘူး ဟယ္ သူလည္း ဇာတိ ျပလာ တာပဲေလ  "

" အယ္ "

" မိန္းမ ယူျပီးေတာ့  အရင္ဆုံး ဘာလုပ္တယ္ ထင္လဲ "

" ဘာလုပ္တုန္းဗ် "

" ေတာႀကီး မ်က္မည္းထဲကို ေခၚသြားတာေလ "

" သူ့တိုင္းျပည္ကို မဂၤလာေဆာင္ဖို့ ေခၚသြားတာ မို့လား "

" အိုကြယ္... တရက္ေလာက္ေတာ့ အတူ ေနသင့္တာ ေပါ့လို႕  "

ဟုတ္သား ကိုရာမ ဆိုတဲ့သူ   အေတာ္ တကိုယ္ေကာင္း ဆန္တာပဲ တဖက္က မိန္းမသား ဆႏၵကို အေလး မထားဘူး

" သူ ခင္ဗ်ားကိုေတာ့  ခ်စ္ရွာပါ တယ္ ေရႊသမင္ လိုခ်င္တယ္ ဆိုလို႔ လိုက္ရွာ ေပးတယ္ေလ "

"  ဘာာာ... ဒီက မယ္သီတာ က ခ်စ္လို႔ ခြၽွဲႀကည့္တာကို ဒင္းက   တေယာက္တည္း ျပစ္ထားခဲ့တယ္ ဟဲ႕ "

" စည္းသုံးစည္း တားခဲ့တယ္ ေလဗ်ာ ခင္ဗ်ား ဘာလို႔ ေက်ာ္လဲ "

" ကိုရာမကို  စိတ္ေကာက္ျပီး ဖန္ခုန္ ျပိဳက္တယ္ေလ အဟိ "

ကိုရာမကလည္း အ လြန္း ပါတယ္ေလ လင္တရူးမ်ား စည္းသြားတား သတဲ့ ဟိုက   ဖန္ခုန္ ျပစ္တာ နည္းေတာင္ နည္းေသး

" ကိုဒႆ ႀကီးနဲ႕ က် ဘာလို့ အဆင္ မေျပလဲ "

" သူလည္း အေျခာက္ႀကီး ပဲေလ "

" ဟာ... ေတာင့္ေတာင့္ ေျဖာင့္ေျဖာင့္ ႀကီးပါ "

" မိန္းမ တေယာက္ကို ခိုးေျပးျပီး သံကြန္ျခာ နဲ႔ အုပ္သတဲ့ ေတာ္ေရ႕ ... ႀကံႀကံဳဳဖူး ေပါင္ေတာ္     ႕႕႕႕"


"  ငမ့္  "

" အာ့ေႀကာင့္ ေျပာတာ ေယာက်္ားေတြ တေယာက္မွ မေကာင္းပါ ဘူးဆို "

ေအာ္.... မယ္သီတာေလး သနားစရာ
ေပါက္ကြဲမယ္ ဆိုလည္း ေပါက္ကြဲသင့္ ပါတယ္ေလ
သူခမ်ာ လင္ တေယာက္ ရဖို႔အေရး ေတာတတန္ ေတာင္တသြယ္ ပင္လယ္အဆုံး ေနာက္ဆုံး    မီးပုံထဲေတာင္ ခုန္ဆင္းရ ရွာတာ...

" ေအးဗ်ာ... ခင္ဗ်ား အျဖစ္ကလဲ အေတာ္ ဆိုးတာပဲ ကိုရာမ ကေတာ့  ေယာက်္ား အစစ္ မို့လား "

"  ျဗဲ ႕႕႕အဟစ္ဟစ္ "

မယ္သီတာႀကီး ခ်ဳံးပြဲခ် ငိုေလျပီ ႏွပ္ေတြလည္း တရႊမ္းရြမ္းနဲ႔ ညႇစ္​လို့

" ငါနဲ႔ ကိုရာမ ကေလးရတယ္လို့
 နင္ ႀကားဖူးလား "

" ဟင့္အင္း... ၾကားဖူးဘူး "

" စဥ္းစားသာ ႀကည့္ပါေတာ့ ငါ့ေမာင္ရယ္ အမမွာ မီးျမိဳက္ ခံရတာပဲ အဖတ္တင္တယ္​ အဟင့္ဟစ္္"

မယ္သီတာ အစား ရင္ေလးလိုက္တာ ဒါေတာင္ လူေတြက ေလးပြင့္ဆိုင့္ ဇာတ္လမ္းမွာ မယ္သီတာေလး ခံစားခ်က္ကို လ်စ္လ်ဴ ရႈျပီး လူႀကမ္းႀကီး  ဒႆ အေႀကာင္း
တဖြဲ႔တႏြဲ႔ စာေတြ ေရးႀက သီခ်င္းေတြ စပ္ႀကနဲ႕

" ဒါနဲ႕  ေမာင္ေလးေရာ ေယာက်္ား စစ္ရဲ႕လား   "

"  ဂါး....."

ဖလူးမ  မယ္သီတာ သူ႔ဘက္ကလည္း   ခံစား ေပးရေသး လူကိုမ်ား.....

"ဒီမွာ သြပ္ျပားက က်ားမွ က်ားအစစ္ ဇြတ္က်ား ဟဲ႕ "

ဝုတ္ဒယ္။ 😏

😁😁😁
ဖိုးသူေတာ္ (www.phothutaw.com)
Credit: ငဇင္တာရာ

# Unicode Version #
"ယောကျ်ားတွေ  တစ်ယောက်မှ မကောင်းဘူး"

" ဟယ် "

ကျနော့် ရှေ့တည့်တည့်
မျက်ရည်လေး စမ်းစမ်းနဲ့ လာပြောနေတဲ့ အမျိုးသမီးကြီး တယောက်

 " ညှော်စော် နံ သလိုပဲနော် "

" နံမှာပေါ့....မီးပုံထဲ ခုန်ဆင်းပြီး
ပြန်ထွက် လာတာလေ  "

" ခင်ဗျား က Iron  man လား "

" မယ်သီတာ ဟဲ့ "

" ငိ "

ဒီအမျိုးသမီး အကြောင်း တစွန်း တစတော့ ကြားမိသား လူတွေက လက္ခဏ တို့ ရာမတို့ ဒဿတို့ အကြောင်းပဲ တဖွဲ့တနွဲ့ပြော နေကြတော့  မေ့တေ့တေ့ရယ့်

" ခင်ဗျား့
 မီးမလောင်ပဲ   ပြန်ထွက်လာတာဆို "

" ရှုုး့ တိုးတိုး
  အဲ့ဒါ  အပေါ်ယံ မလောင်တာ ဟဲ့
  အတွင်းမှာ  မီးမြှိုက် သွားတယ် "

" အမငီး့"

ဒါကြောင့်နေမယ်
ငပိ  မီးရှိုု့တဲ့  အနံ့ကြီး့

" ပြောစမ်းပါအုံး ယောကျ်ားတွေ  ဘာကြောင့် မကောင်းရတာလဲ "

" ဇူကာဘတ် က  စပြီး
  မကောင်းတာပဲ  "

" ဘာလို့တုန်းဗျ "

" ဟဲ့သူသာ ငါတို့ ခေတ်ထဲ  လာနေကြည့် 'လေး' တင်ပွဲ ကျင်းပစရာ မလိုဘူးလေ "

" လင်းစမ်းပါအုံး "

" အော့် ဒူလိုက်တာ့ FB  မှာ  ပုံလေး တင်လိုက် ယောကျ်ား  တစ်ယောက်တော့ မျက်စိမှောက်  ရောက်လာ မှာပဲလေ  "

ဒါတော့ ကျနော် လက်မခံပေ မယ်သီတာ ဆိုတာ ခုနှစ်ပြည်ထောင် မင်းတွေ သည်းသည်းလှုပ် လုရတဲ့ ရွှေမင်းသမီး ခုခေတ်  အဆိုအရ  ဆယ်လီမ ပဲ

" ခင်ဗျားက ယောကျ်ားတွေ  ဝိုင်းဝိုင်း လည်နေလို့ လေးတင်ပွဲ ကျင်းပပြီး အရွေးခံတာ မဟုတ်ဘူးလား"

" ဟယ့် အဲ့ဒါ ဂျင်းဟဲ့  "

" ဘယ်လို့ဘယ်လို "

" ဒီလိုဟေ့ ငါတို့ခေတ်က  ခုခေတ်လို လိုင်းပေါ်မှာ လင်တ ရူးလို့ မရတော့ နန်းတော်ထဲမှာ လင်တ ရူးတယ်လေ  "

" အဲ့တော့ "

" ခမည်းတော် သိသွားပြီး ငါလည်း သိက္ခာ မကျ နင်လည်း လင်ရ"
ဆိုပြီး လေးတင် ဂျင်းပွဲကြီး ကျင်းပ လိုက်တာပဲ "

" ခင်ဗျားလည်း ကိုရာမ ကို ရလိုက်တယ် မို့လား "

" တိတ်စမ်း... အဲ့ ငနဲကြောင့်  ငါ့ဘဝ တိုင် ပတ်တာပဲ "

မျက်ထောင့်ကြီးနီ နှာ တရှုုးရှုုး မှုတ်ပြီး  အံကြိတ်နေလေရဲ့ ပြီးတော့
တခုခုကို သတိ ရသလိုနဲ့ မျက်နှာ အမူအရာ ပြောင်းသွားတယ်

"ငါ့ ရဲ့မျော်လင့်ချက် တွေကို ကိုဒဿက အရင်ဆုံး   အရောင် တင်ပေးတယ် ဒါပေမဲ့ .. ဒါပေမဲ့လေ ...အဟင့် ဟစ်"

" လက္ခဏ   လာ ပြိုင်သေးတယ် မို့လား "

" ဟယ်....
  အခြောက်ကလေး ပါဟယ် "

" ဟုတ်လို့ လားဗျာ "

" အကို့အတွက် ဆိုပြီး မိန်းမ တယောက်ကို ထားခဲ့တယ်လေ သူက ယောကျ်ား ယူမလို့ ရှိမှာပေါ့ ဟွန့် "

သူပြောတော့လည်း  ဟုတ်သလိုလိုပဲ
ခုခေတ် ဘယ်ယောကျ်ားမှ အလျှော့ မပေးဘူး ကြာကူလီဖို့ပဲ ချောင်းနေကြတာ  (ငိငိ)

" ကိုရာမ လေးတင်တာ နိုင်တော့ ခင်ဗျား ပျော်သွားတယ် မို့လား "

" အဲ့ အပျော်က  ကြာရှည် မခံပါဘူး ဟယ် သူလည်း ဇာတိ ပြလာ တာပဲလေ  "

" အယ် "

" မိန်းမ ယူပြီးတော့  အရင်ဆုံး ဘာလုပ်တယ် ထင်လဲ "

" ဘာလုပ်တုန်းဗျ "

" တောကြီး မျက်မည်းထဲကို ခေါ်သွားတာလေ "

" သူ့တိုင်းပြည်ကို မင်္ဂလာဆောင်ဖို့ ခေါ်သွားတာ မို့လား "

" အိုကွယ်... တရက်လောက်တော့ အတူ နေသင့်တာ ပေါ့လို့  "

ဟုတ်သား ကိုရာမ ဆိုတဲ့သူ   အတော် တကိုယ်ကောင်း ဆန်တာပဲ တဖက်က မိန်းမသား ဆန္ဒကို အလေး မထားဘူး

" သူ ခင်ဗျားကိုတော့  ချစ်ရှာပါ တယ် ရွှေသမင် လိုချင်တယ် ဆိုလို့ လိုက်ရှာ ပေးတယ်လေ "

"  ဘာာာ... ဒီက မယ်သီတာ က ချစ်လို့ ချွှဲကြည့်တာကို ဒင်းက   တယောက်တည်း ပြစ်ထားခဲ့တယ် ဟဲ့ "

" စည်းသုံးစည်း တားခဲ့တယ် လေဗျာ ခင်ဗျား ဘာလို့ ကျော်လဲ "

" ကိုရာမကို  စိတ်ကောက်ပြီး ဖန်ခုန် ပြိုက်တယ်လေ အဟိ "

ကိုရာမကလည်း အ လွန်း ပါတယ်လေ လင်တရူးများ စည်းသွားတား သတဲ့ ဟိုက   ဖန်ခုန် ပြစ်တာ နည်းတောင် နည်းသေး

" ကိုဒဿ ကြီးနဲ့ ကျ ဘာလို့ အဆင် မပြေလဲ "

" သူလည်း အခြောက်ကြီး ပဲလေ "

" ဟာ... တောင့်တောင့် ဖြောင့်ဖြောင့် ကြီးပါ "

" မိန်းမ တယောက်ကို ခိုးပြေးပြီး သံကွန်ခြာ နဲ့ အုပ်သတဲ့ တော်ရေ့ ... ကြံကြုံုဖူး ပေါင်တော်   ့"


"  ငမ့်  "

" အာ့ကြောင့် ပြောတာ ယောကျ်ားတွေ တယောက်မှ မကောင်းပါ ဘူးဆို "

အော်.... မယ်သီတာလေး သနားစရာ
ပေါက်ကွဲမယ် ဆိုလည်း ပေါက်ကွဲသင့် ပါတယ်လေ
သူခမျာ လင် တယောက် ရဖို့အရေး တောတတန် တောင်တသွယ် ပင်လယ်အဆုံး နောက်ဆုံး    မီးပုံထဲတောင် ခုန်ဆင်းရ ရှာတာ...

" အေးဗျာ... ခင်ဗျား အဖြစ်ကလဲ အတော် ဆိုးတာပဲ ကိုရာမ ကတော့  ယောကျ်ား အစစ် မို့လား "

"  ဗြဲ့အဟစ်ဟစ် "

မယ်သီတာကြီး ချုံးပွဲချ ငိုလေပြီ နှပ်တွေလည်း တရွှမ်းရွမ်းနဲ့ ညှစ်လို့

" ငါနဲ့ ကိုရာမ ကလေးရတယ်လို့
 နင် ကြားဖူးလား "

" ဟင့်အင်း... ကြားဖူးဘူး "

" စဉ်းစားသာ ကြည့်ပါတော့ ငါ့မောင်ရယ် အမမှာ မီးမြိုက် ခံရတာပဲ အဖတ်တင်တယ် အဟင့်ဟစ်"

မယ်သီတာ အစား ရင်လေးလိုက်တာ ဒါတောင် လူတွေက လေးပွင့်ဆိုင့် ဇာတ်လမ်းမှာ မယ်သီတာလေး ခံစားချက်ကို လျစ်လျူ ရှုပြီး လူကြမ်းကြီး  ဒဿ အကြောင်း
တဖွဲ့တနွဲ့ စာတွေ ရေးကြ သီချင်းတွေ စပ်ကြနဲ့

" ဒါနဲ့  မောင်လေးရော ယောကျ်ား စစ်ရဲ့လား   "

"  ဂါး....."

ဖလူးမ  မယ်သီတာ သူ့ဘက်ကလည်း   ခံစား ပေးရသေး လူကိုများ.....

"ဒီမှာ သွပ်ပြားက ကျားမှ ကျားအစစ် ဇွတ်ကျား ဟဲ့ "

ဝုတ်ဒယ်။ 😏

😁😁😁
ဖိုးသူတော် (www.phothutaw.com)
Credit: ငဇင်တာရာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top