Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

စစ္ေတြ၊ ေအာက္တုိဘာ ၃၀ ရက္။ ။ ရခုိင္အမ်ဳိးသားပုိင္ဘဏ္တစ္ခု ဖြင့္လွစ္ႏုိင္ေရး စီစဥ္ေနသည္ဟု အမ်ဳိးသားဒီမုိကေရစီ အဖြဲ႔ခ်ဴပ္ ဗဟုိ စီးပြားေရးေကာ္မတီ အတြင္းေရးမွဴး ဦးမင္းခင္က ေျပာသည္။

“ ဒီဘဏ္ဟာ ကၽြန္ေတာ္တုိ႔ ရခုိင္ျပည္နယ္ ျပည္နယ္သားေတြအားလံုးရဲ႕ ႏိုင္ငံအႏွံ႔အျပားမွာ႐ွိတဲ႔ တုိင္းရင္းသူ တိုင္းရင္းသားမ်ား အပါအ၀င္ ကမၻာ့အဖြဲ႔အစည္းေတြႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္ဖို႔ ရည္႐ြယ္ပါတယ္။ ဘဏ္လုပ္ငန္းနွင့္ လုိက္ေလ်ာ ညီေထြစြာ လြတ္လြတ္လပ္လပ္ ရပ္တည္ၿပီးေတာ့ ဘဏ္လုပ္ငန္းကြ်မ္းက်င္တဲ့ ပညာ႐ွင္ေတြက ဆံုးျဖတ္ခ်က္ ခ်မွတ္ၿပီး ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။” ဟု အမ်ဳိးသားဒီမုိကေရစီ အဖြဲ႔ခ်ဴပ္ ဗဟုိ စီးပြားေရးေကာ္မတီ အတြင္းေရးမွဴး ဦးမင္းခင္က ေျပာသည္။

ေအာက္တိုဘာလ ၂၉ ရက္ေန႔က ရခုိင္ျပည္နယ္၏ အုပ္ခ်ဴပ္ေရးၿမဳိ႕ေတာ္ စစ္ေတြတြင္ ျပဳလုပ္ခဲ့သည့္ ျပည္တြင္း ျပည္ပ စီးပြားေရး လုပ္ငန္း႐ွင္ႀကီးမ်ားပါဝင္ေသာ ရခုိင္ျပည္နယ္အတြင္း ရင္းႏွီးျမွပ္ႏွံမႈဆိုင္ရာ အခြင့္အလမ္းမ်ား ႐ွင္းလင္းပြဲတြင္ ဦးမင္းခင္က ယင္းသုိ႔ ထည့္သြင္း ေျပာၾကားခဲ့ျခင္းလည္း ျဖစ္သည္။

ဘဏ္အမည္ကုိ “ရဲေက်ာ္သူ” ဟု ေပးထားၿပီး ကုိလုိနီေခတ္က ယင္းအမည္ႏွင့္ပင္ ျမန္မာႏုိင္ငံ၏ ပထမဦးဆုံး တုိင္းရင္းသားဘဏ္တစ္ခုအျဖစ္ ရခုိင္အမ်ဳိးသားတစ္ဦးက ပုိင္ဆုိင္ခဲ့ဖူးသည္။

ယခု ဖြင့္လွစ္မည့္ ဘဏ္ကုိ အဆုိပါ ဦးရဲေက်ာ္သူ၏ မိသားစုဝင္မ်ား ပူးေပါင္းပါဝင္မည္ျဖစ္ၿပီး အစုိးရအဖြဲ႔က ျပန္လည္ တည္ေထာင္ႏုိင္ရန္ ႀကဳိးပမ္းေနၾကျခင္းလည္း ျဖစ္သည္။

“ ရခိုင္ျပည္နယ္အတြင္းက ဘိုးေဘးေတြရဲ႕ အေမြကိုဆက္ခံဖို႔အတြက္ ဦးရဲေက်ာ္သူ မိသားစု၀င္ေတြနဲ႔ ျပည္နယ္အစိုးရတို႔ ပူးေပါင္းၿပီး ပထမဆံုးတိုင္းရင္းသားဘဏ္ကို ထူေထာင္ခဲ့တဲ႔ ဦးရဲေက်ာ္သူဘဏ္ကို ျပန္လည္ထူေထာင္ဖို႔ စီစဥ္ထားၿပီ းျဖစ္ပါတယ္။” ဟု အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဴပ္ ဗဟုိ စီးပြားေရးေကာ္မတီ အတြင္းေရးမွဴး ဦးမင္းခင္က ေျပာသည္။

အဆုိပါ ရခုိင္အမ်ဳိးသားတစ္ရပ္လုံးကုိယ္စားျပဳ ဘဏ္၏ ပထမဦးဆုံး ဘဏ္႐ုံးကုိ စစ္ေတြၿမဳိ႕တြင္ ဖြင့္လွစ္သြားမည္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #

စစ်တွေ၊ အောက်တိုဘာ ၃၀ ရက်။ ။ ရခိုင်အမျိုးသားပိုင်ဘဏ်တစ်ခု ဖွင့်လှစ်နိုင်ရေး စီစဉ်နေသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဗဟို စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးမင်းခင်က ပြောသည်။

“ ဒီဘဏ်ဟာ ကျွန်တော်တို့ ရခိုင်ပြည်နယ် ပြည်နယ်သားတွေအားလုံးရဲ့ နိုင်ငံအနှံ့အပြားမှာရှိတဲ့ တိုင်းရင်းသူ တိုင်းရင်းသားများ အပါအဝင် ကမ္ဘာ့အဖွဲ့အစည်းတွေနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဘဏ်လုပ်ငန်းနှင့် လိုက်လျော ညီထွေစွာ လွတ်လွတ်လပ်လပ် ရပ်တည်ပြီးတော့ ဘဏ်လုပ်ငန်းကျွမ်းကျင်တဲ့ ပညာရှင်တွေက ဆုံးဖြတ်ချက် ချမှတ်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဗဟို စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးမင်းခင်က ပြောသည်။

အောက်တိုဘာလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်၏ အုပ်ချူပ်ရေးမြို့တော် စစ်တွေတွင် ပြုလုပ်ခဲ့သည့် ပြည်တွင်း ပြည်ပ စီးပွားရေး လုပ်ငန်းရှင်ကြီးများပါဝင်သော ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ရှင်းလင်းပွဲတွင် ဦးမင်းခင်က ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ဘဏ်အမည်ကို “ရဲကျော်သူ” ဟု ပေးထားပြီး ကိုလိုနီခေတ်က ယင်းအမည်နှင့်ပင် မြန်မာနိုင်ငံ၏ ပထမဦးဆုံး တိုင်းရင်းသားဘဏ်တစ်ခုအဖြစ် ရခိုင်အမျိုးသားတစ်ဦးက ပိုင်ဆိုင်ခဲ့ဖူးသည်။

ယခု ဖွင့်လှစ်မည့် ဘဏ်ကို အဆိုပါ ဦးရဲကျော်သူ၏ မိသားစုဝင်များ ပူးပေါင်းပါဝင်မည်ဖြစ်ပြီး အစိုးရအဖွဲ့က ပြန်လည် တည်ထောင်နိုင်ရန် ကြိုးပမ်းနေကြခြင်းလည်း ဖြစ်သည်။

“ ရခိုင်ပြည်နယ်အတွင်းက ဘိုးဘေးတွေရဲ့ အမွေကိုဆက်ခံဖို့အတွက် ဦးရဲကျော်သူ မိသားစုဝင်တွေနဲ့ ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး ပထမဆုံးတိုင်းရင်းသားဘဏ်ကို ထူထောင်ခဲ့တဲ့ ဦးရဲကျော်သူဘဏ်ကို ပြန်လည်ထူထောင်ဖို့ စီစဉ်ထားပြီ းဖြစ်ပါတယ်။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဗဟို စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးမင်းခင်က ပြောသည်။

အဆိုပါ ရခိုင်အမျိုးသားတစ်ရပ်လုံးကိုယ်စားပြု ဘဏ်၏ ပထမဦးဆုံး ဘဏ်ရုံးကို စစ်တွေမြို့တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top