Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

(၁)တရားထိုင္တယ္

ကြၽန္ေတာ္ ေအာင္ျမင္ ရတဲ့ အဓိအေၾကာင္းရင္းကေတာ့ တရားထိုင္ လို႔ပါပဲ လို႔. Bridgewater Associates ကို ထူေထာင္သူ ေရးဒါလီယို က ေျပာပါတယ္။ သူ တစ္ေယာက္တည္း မထင္ပါနဲ႔။ အိုပရာ ၀င္းဖေရး၊ ႐ူးပတ္မားေဒါ့ စတဲ့ ေအာင္ျမင္ေက်ာ္ၾကားသူေတြဟာ တရား ထိုင္တတ္ၾကပါတယ္။
ခႏၶာကိုယ္ နဲ႔စိတ္ကို ေျဖေလွ်ာ့တာ၊ ေလ့က်င့္ခန္း လုပ္တာ၊ က်န္းမာေရး နဲ႔ ညီၫြတ္တာေတြ စားတာ၊ အိပ္ေရး၀၀အိပ္တာ အားလံုးဟာ ေအာင္ျမင္မႈ ရေစတဲ့ အေၾကာင္းတရားေတြထဲမွာ ပါပါတယ္။

(၂)အိပ္၇ာ ေစာေစာထတယ္

သမၼတ အိုဘားမား၊ တင္ကြတ္ စတဲ့သူေတြဟာ ေစာေစာထ တဲ့သူေတြ ျဖစ္ပါတယ္။ ေစာေစာထတာနဲ႔ ေအာင္ျမင္တာ ဘာဆိုင္လို႔လဲ ။ အေၾကာင္းကေတာ့ ေစာေစာထ တဲ့သူေတြဟာ သူမ်ားေတြထက္ တံု႔ျပန္တဲ့ေနရာမွာ ေစာတယ္၊ ေလ့က်င့္ခန္း လုပ္ဖို႔၊ ကိုယ့္တကိုယ္ရည္အတြက္ အခ်ိန္ေပးဖို႔ အခ်ိန္ရတယ္။ သည္ေတာ့ သူမ်ားထက္ ေခါင္းတစ္လံုး သာတာေပါ့။

(၃)ဆက္ဆံေရး ေကာင္းတယ္

ေအာင္ျမင္သူ ေတြဟာ ဆက္ဆံေရး ေကာင္းဖို႔ အေရးႀကီးေၾကာင္း သိတယ္။ ဆက္ဆံေရး ေကာင္းသူေတြဟာ အလုပ္မွာ ပိုၿပီး ေကာင္းမြန္ေအာင္ လုပ္ေဆာင္ႏိုင္တာကို သုေတသန ေတြအရလည္း သိရတယ္။ အျပန္အလွန္ဆက္ဆံေရး ေကာင္းတဲ့အတြက္ ေအာင္ျမင္သူေတြဟာ ပိုၿပီးတီထြင္ႏိုင္စြမ္း ျမင့္မားလာတယ္။ ေဒးကာနယ္ဂ်ီရဲ႕ မိတၱဗလဋီကာ မွာ ေအာင္ျမင္သူ ေတြဟာ ညည္းညူေ၀ဖန္ေလ့ မ႐ွိဘူးလို႔ ေရးထားတယ္။ ႐ိုးသားဖို႔၊ စာနာနားလည္ဖို႔ပဲ ႀကိဳးစားၾကပါတယ္တဲ့။

(၄)အလုပ္ တစ္ခုမဟုတ္ တစ္ခု လုပ္ေနတယ္

ေအာင္ျမင္တဲ့သူေတြဟာ ေတြေ၀ေငးငိုင္ေနေလ့မ႐ွိဘူး။ တစ္ပတ္ ကို နာရီ ၈၀ ကေန ၁၀၀ ေလာက္အထိ အလုပ္လုပ္တတ္တဲ့ Elon Musk က `စြန္႔ထြင္ လုပ္ငန္း႐ွင္ တစ္ေယာက္ ေအာင္ျမင္ဖို႔မ႐ွိမျဖစ္လိုအပ္တဲ့ လုပ္ငန္း က်င္႔့၀တ္ တစ္ခုက ဒါပဲ´လို႔ ေျပာပါတယ္။

(၅)ဘယ္အခ်ိန္ ျငင္းဆန္ရမယ္ ဆိုတာ သိတယ္

ေအာင္ျမင္သူ ေတြနဲ႔ ဒိတ္ဒိတ္ႀကဲ ေအာင္ျမင္သူ ေတြၾကား ကြာျခားခ်က္ကေတာ့ ဒိတ္ဒိတ္ႀကဲ ေအာင္ျမင္သူေတြဟာ အားလံုးနီးပါးကို ျငင္းဆန္တတ္ၾကတယ္ တဲ့။ ၀ါရင္းဘတ္ဖက္ ရဲ႕ စကားပါ။
အဖ်က္သေဘာေတြ၊ အလုပ္ပိုေတြ၊ အခ်ိန္ကုန္ေစတဲ့ လႈပ္႐ွားမႈ ေတြကို ျငင္းဆန္ျခင္းအားျဖင့္ အလုပ္အေပၚ အာရံု ပိုစိုက္ႏိုင္တာကို ေအာင္ျမင္သူ ေတြက ေကာင္းေကာင္းသေဘာေပါက္ၾကတယ္။ လူတိုင္းကို၊ အရာရာတိုင္းကို လက္ခံၿပီး လုပ္ေနမယ္ဆိုရင္ အာရံုေတြမ်ားၿပီး ကိုယ္တကယ္လုပ္ရမယ့္အလုပ္ ၿပီးေတာ့မွာ မဟုတ္ပါဘူး။

(၆)တီဗီမၾကည့္ဘူး၊ စာဖတ္တယ္

‘Rich Habits: The Daily Success Habits Of Wealthy Individuals” စာအုပ္ကို ေ၇းခဲ့တဲ့ ေသာမတ္ကာေလးက သူေဌး ၆၇ %ဟာ တစ္ေန႔ကို တီဗီ ၁ နာရီနဲ႔ ေအာက္ပဲ ၾကည့္တယ္လို႔ ေရးထားပါတယ္။ျဖစ္ရပ္မွန္ အစီအစဥ္ေ ေတြကို သာမာန္လူ ၇၈%က ၾကည့္ေနခ်ိန္မွာ သူေဌးထဲက ၆%ကပဲ ၾကည့္ၾကပါတယ္တဲ့။
ဒါ့အျပင္ တေန႔ကို စာ နာရီ၀က္ေက်ာ္ေက်ာ္ ဖတ္တယ္လို႔ ေျပာတဲ့ သူေဌး က ၈၈%႐ွိပါတယ္။

(၇)မေန႔ညကတည္းက လုပ္မယ့္ စာရင္း ကို ေရးထားတယ္

ေအာင္ျမင္သူ ေတြဟာ မေန႔ညကတည္းက လုပ္မယ့္စာရင္းကို ေရးထားတယ္။ ဒါမွ ေနာက္ေန႔မွာ ဦးစားေပးလုပ္ရမွာေတြကို သူတို႔ သိန္ိုင္မွာ ျဖစ္တယ္။

(၈)ပန္းတိုင္ ခ်မွတ္ၿပီး ပံုေဖာ္တယ္

ေအာင္ျမင္သူ ၉၅%ဟာ သူတို႔ ပန္းတိုင္ ေတြ၊ အစီအစဥ္ေတြ၊ ေအာင္ျမင္ေရးအတြက္ ယူဆခ်က္ေတြကို အျမဲပံုေဖာ္တဲ့ အက်င့္႐ွိတယ္လို႔ ေတြ႔ရပါတယ္။ ညကတည္းက ဒါမွမဟုတ္ မနက္ေစာေစာမွာ အဲဒီလို ႀကိဳတင္စဥ္းစားထားေတာ့ ၾကံဳလာတဲ့ အခက္အခဲ ေတြကို ေက်ာ္လႊားဖို႔လည္း အဆင္သင့္ျဖစ္ေနၾကပါတယ္တဲ့။

(၉)ပိုက္ဆံ ကို စီမံခန္ ့ခြဲတတ္တယ္

ေအာင္ျမင္ တဲ့လူေတြ ဒီေနရာကို ေရာက္ေနတာက သူတို႔ဟာ ေငြ ကို ေကာင္းေကာင္း စီမံခန္ ့ခြဲတတ္လို႔ပါပဲ။ ေငြကို ခ်င့္ခ်ိန္ ရင္းႏွီးျမႇဳပ္ႏွံ တယ္၊ အခြင့္အလမ္းသစ္ေတြ ႐ွာထားတယ္၊ အေရးေပၚ  အတြက္လည္း ဖယ္ထားေသးတယ္။ သူတို႔ဟာ လိုအပ္ေနသူေတြကို လႉဒါန္း ဖို႔လည္း လက္မတြန္႔တတ္ၾကတာ ေတြ႔ရပါတယ္။

ကံ၊ဥာဏ္၊၀ီရိယ ေပါင္းရင္ ေအာင္ျမင္ မယ္လို႔ ဆို႐ိုး႐ွိပါတယ္။ ဥာဏ္ နဲ႔ ၀ီရိယ ေကာင္းဖို့ ျပင္ဆင္ထားသူအတြက္ ေကာင္းတဲ့ကံက တခ်ိန္ေ၇ာက္လာမွာ အေသအခ်ာပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: OrginalWriter

# Unicode Version ျဖင့္ ဖတ္ပါ #

(၁)တရားထိုင်တယ်

ကျွန်တော် အောင်မြင် ရတဲ့ အဓိအကြောင်းရင်းကတော့ တရားထိုင် လို့ပါပဲ လို့. Bridgewater Associates ကို ထူထောင်သူ ရေးဒါလီယို က ပြောပါတယ်။ သူ တစ်ယောက်တည်း မထင်ပါနဲ့။ အိုပရာ ဝင်းဖရေး၊ ရူးပတ်မားဒေါ့ စတဲ့ အောင်မြင်ကျော်ကြားသူတွေဟာ တရား ထိုင်တတ်ကြပါတယ်။
ခန္ဓာကိုယ် နဲ့စိတ်ကို ဖြေလျှော့တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ကျန်းမာရေး နဲ့ ညီညွတ်တာတွေ စားတာ၊ အိပ်ရေး၀၀အိပ်တာ အားလုံးဟာ အောင်မြင်မှု ရစေတဲ့ အကြောင်းတရားတွေထဲမှာ ပါပါတယ်။

(၂)အိပ်ရာ စောစောထတယ်

သမ္မတ အိုဘားမား၊ တင်ကွတ် စတဲ့သူတွေဟာ စောစောထ တဲ့သူတွေ ဖြစ်ပါတယ်။ စောစောထတာနဲ့ အောင်မြင်တာ ဘာဆိုင်လို့လဲ ။ အကြောင်းကတော့ စောစောထ တဲ့သူတွေဟာ သူများတွေထက် တုံ့ပြန်တဲ့နေရာမှာ စောတယ်၊ လေ့ကျင့်ခန်း လုပ်ဖို့၊ ကိုယ့်တကိုယ်ရည်အတွက် အချိန်ပေးဖို့ အချိန်ရတယ်။ သည်တော့ သူများထက် ခေါင်းတစ်လုံး သာတာပေါ့။

(၃)ဆက်ဆံရေး ကောင်းတယ်

အောင်မြင်သူ တွေဟာ ဆက်ဆံရေး ကောင်းဖို့ အရေးကြီးကြောင်း သိတယ်။ ဆက်ဆံရေး ကောင်းသူတွေဟာ အလုပ်မှာ ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်နိုင်တာကို သုတေသန တွေအရလည်း သိရတယ်။ အပြန်အလှန်ဆက်ဆံရေး ကောင်းတဲ့အတွက် အောင်မြင်သူတွေဟာ ပိုပြီးတီထွင်နိုင်စွမ်း မြင့်မားလာတယ်။ ဒေးကာနယ်ဂျီရဲ့ မိတ္တဗလဋီကာ မှာ အောင်မြင်သူ တွေဟာ ညည်းညူဝေဖန်လေ့ မရှိဘူးလို့ ရေးထားတယ်။ ရိုးသားဖို့၊ စာနာနားလည်ဖို့ပဲ ကြိုးစားကြပါတယ်တဲ့။

(၄)အလုပ် တစ်ခုမဟုတ် တစ်ခု လုပ်နေတယ်

အောင်မြင်တဲ့သူတွေဟာ တွေဝေငေးငိုင်နေလေ့မရှိဘူး။ တစ်ပတ် ကို နာရီ ၈၀ ကနေ ၁၀၀ လောက်အထိ အလုပ်လုပ်တတ်တဲ့ Elon Musk က `စွန့်ထွင် လုပ်ငန်းရှင် တစ်ယောက် အောင်မြင်ဖို့မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်း ကျင့့်ဝတ် တစ်ခုက ဒါပဲ´လို့ ပြောပါတယ်။

(၅)ဘယ်အချိန် ငြင်းဆန်ရမယ် ဆိုတာ သိတယ်

အောင်မြင်သူ တွေနဲ့ ဒိတ်ဒိတ်ကြဲ အောင်မြင်သူ တွေကြား ကွာခြားချက်ကတော့ ဒိတ်ဒိတ်ကြဲ အောင်မြင်သူတွေဟာ အားလုံးနီးပါးကို ငြင်းဆန်တတ်ကြတယ် တဲ့။ ဝါရင်းဘတ်ဖက် ရဲ့ စကားပါ။
အဖျက်သဘောတွေ၊ အလုပ်ပိုတွေ၊ အချိန်ကုန်စေတဲ့ လှုပ်ရှားမှု တွေကို ငြင်းဆန်ခြင်းအားဖြင့် အလုပ်အပေါ် အာရုံ ပိုစိုက်နိုင်တာကို အောင်မြင်သူ တွေက ကောင်းကောင်းသဘောပေါက်ကြတယ်။ လူတိုင်းကို၊ အရာရာတိုင်းကို လက်ခံပြီး လုပ်နေမယ်ဆိုရင် အာရုံတွေများပြီး ကိုယ်တကယ်လုပ်ရမယ့်အလုပ် ပြီးတော့မှာ မဟုတ်ပါဘူး။

(၆)တီဗီမကြည့်ဘူး၊ စာဖတ်တယ်

‘Rich Habits: The Daily Success Habits Of Wealthy Individuals” စာအုပ်ကို ရေးခဲ့တဲ့ သောမတ်ကာလေးက သူဌေး ၆၇ %ဟာ တစ်နေ့ကို တီဗီ ၁ နာရီနဲ့ အောက်ပဲ ကြည့်တယ်လို့ ရေးထားပါတယ်။ဖြစ်ရပ်မှန် အစီအစဉ်ေ တွေကို သာမာန်လူ ၇၈%က ကြည့်နေချိန်မှာ သူဌေးထဲက ၆%ကပဲ ကြည့်ကြပါတယ်တဲ့။
ဒါ့အပြင် တနေ့ကို စာ နာရီဝက်ကျော်ကျော် ဖတ်တယ်လို့ ပြောတဲ့ သူဌေး က ၈၈%ရှိပါတယ်။

(၇)မနေ့ညကတည်းက လုပ်မယ့် စာရင်း ကို ရေးထားတယ်

အောင်မြင်သူ တွေဟာ မနေ့ညကတည်းက လုပ်မယ့်စာရင်းကို ရေးထားတယ်။ ဒါမှ နောက်နေ့မှာ ဦးစားပေးလုပ်ရမှာတွေကို သူတို့ သိနိုင်မှာ ဖြစ်တယ်။

(၈)ပန်းတိုင် ချမှတ်ပြီး ပုံဖော်တယ်

အောင်မြင်သူ ၉၅%ဟာ သူတို့ ပန်းတိုင် တွေ၊ အစီအစဉ်တွေ၊ အောင်မြင်ရေးအတွက် ယူဆချက်တွေကို အမြဲပုံဖော်တဲ့ အကျင့်ရှိတယ်လို့ တွေ့ရပါတယ်။ ညကတည်းက ဒါမှမဟုတ် မနက်စောစောမှာ အဲဒီလို ကြိုတင်စဉ်းစားထားတော့ ကြုံလာတဲ့ အခက်အခဲ တွေကို ကျော်လွှားဖို့လည်း အဆင်သင့်ဖြစ်နေကြပါတယ်တဲ့။

(၉)ပိုက်ဆံ ကို စီမံခန့်ခွဲတတ်တယ်

အောင်မြင် တဲ့လူတွေ ဒီနေရာကို ရောက်နေတာက သူတို့ဟာ ငွေ ကို ကောင်းကောင်း စီမံခန့်ခွဲတတ်လို့ပါပဲ။ ငွေကို ချင့်ချိန် ရင်းနှီးမြှုပ်နှံ တယ်၊ အခွင့်အလမ်းသစ်တွေ ရှာထားတယ်၊ အရေးပေါ်  အတွက်လည်း ဖယ်ထားသေးတယ်။ သူတို့ဟာ လိုအပ်နေသူတွေကို လှူဒါန်း ဖို့လည်း လက်မတွန့်တတ်ကြတာ တွေ့ရပါတယ်။

ကံ၊ဉာဏ်၊ဝီရိယ ပေါင်းရင် အောင်မြင် မယ်လို့ ဆိုရိုးရှိပါတယ်။ ဉာဏ် နဲ့ ဝီရိယ ကောင်းဖို့ ပြင်ဆင်ထားသူအတွက် ကောင်းတဲ့ကံက တချိန်ရောက်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: OrginalWriter
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top