ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အသက္ ၃၀ ႏွစ္အရြယ္ မိခင္ျဖစ္သူဟာ အေႂကြးဆပ္ဖို႔အတြက္ သူမရဲ့ ၁၄ ႏွစ္အရြယ္သမီးအရင္းကို ကာရာအိုေကဆိုင္တစ္ခုတြင္ ျပည့္တန္ဆာအျဖစ္ေရာင္းခ်ခဲ့မွုနဲ႔ ဖမ္းဆီးခံခဲ့ရပါတယ္။

ထိုအမွုအတြက္ မိခင္ျဖစ္သူနဲ႔ ကာရာအိုေကဆိုင္ပိုင္ရွင္တို႔ကို ရဲအဖြဲ႕က ေအာက္တိုဘာ ၈ ရက္ေန႔က ဖမ္းဆီးထိမ္းသိမ္းလိုက္တယ္လို႔ မေလးရွားနိုင္ငံ ဆာရာဝခ္ျပည္နယ္ရဲ့ စီအိုင္ဒီ ဒုအရာရွိခ်ဳပ္ ဒါတြတ္ ေဒဗ္ကူးမားက မေလးသတင္းစာ သည္စတားကို ေျပာၾကားခဲ့ပါတယ္။

ဒုအရာရွိခ်ဳပ္ရဲ့ ေျပာၾကားခ်က္အရ ကေလးမေလးကို ရြာလူႀကီးက ေအာက္တိုဘာ ၈ ရက္ေန႔နံနက္ ၁၀ နာရီ ၅၅ မိနစ္ခန႔္က ရဲစခန္းကို ေခၚလာခဲ့ၿပီး အမွုဖြင့္ခဲ့တယ္လို႔ဆိုပါတယ္။
ေရာင္းစားခံရသူ ကေလးမေလးက သူမဟာ ဟိုတယ္အခန္းထဲမွာ အဓၶမျပဳက်င့္ခံရတယ္လို႔ တိုင္ၾကားခဲ့ပါတယ္။ ကာရာအိုေကဆိုင္ပိုင္ရွင္က လိင္ေဖ်ာ္ေျဖဖို႔အတြက္ မေလးရွားရင္းဂစ္ ၁,၀၀၀ (က်ပ္ ၃ သိန္းေက်ာ္)နဲ႔ လူတစ္ေယာက္ကို အခေၾကးေငြယူခဲ့ပုံရတယ္လို႔ ဆိုပါတယ္။

ဒါဟာ မုဒိန္းမွုျဖစ္တဲ့အတြက္ ရဲအဖြဲ႕က ထိုလူကိုပါ ဆက္လက္ရွာေဖြလၽွက္ရွိပါတယ္။ ဖမ္းဆီးထားသူ ႏွစ္ဦးလုံးကို စစ္ဆးဖို႔အတြက္ ခ်ဳပ္ရက္ရမန္ ထပ္တိုးထားေၾကာင္း သတင္းရရွိသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
အသက် ၃၀ နှစ်အရွယ် မိခင်ဖြစ်သူဟာ အကြွေးဆပ်ဖို့အတွက် သူမရဲ့ ၁၄ နှစ်အရွယ်သမီးအရင်းကို ကာရာအိုကေဆိုင်တစ်ခုတွင် ပြည့်တန်ဆာအဖြစ်ရောင်းချခဲ့မှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

ထိုအမှုအတွက် မိခင်ဖြစ်သူနဲ့ ကာရာအိုကေဆိုင်ပိုင်ရှင်တို့ကို ရဲအဖွဲ့က အောက်တိုဘာ ၈ ရက်နေ့က ဖမ်းဆီးထိမ်းသိမ်းလိုက်တယ်လို့ မလေးရှားနိုင်ငံ ဆာရာဝခ်ပြည်နယ်ရဲ့ စီအိုင်ဒီ ဒုအရာရှိချုပ် ဒါတွတ် ဒေဗ်ကူးမားက မလေးသတင်းစာ သည်စတားကို ပြောကြားခဲ့ပါတယ်။

ဒုအရာရှိချုပ်ရဲ့ ပြောကြားချက်အရ ကလေးမလေးကို ရွာလူကြီးက အောက်တိုဘာ ၈ ရက်နေ့နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်က ရဲစခန်းကို ခေါ်လာခဲ့ပြီး အမှုဖွင့်ခဲ့တယ်လို့ဆိုပါတယ်။
ရောင်းစားခံရသူ ကလေးမလေးက သူမဟာ ဟိုတယ်အခန်းထဲမှာ အဓ္ဓမပြုကျင့်ခံရတယ်လို့ တိုင်ကြားခဲ့ပါတယ်။ ကာရာအိုကေဆိုင်ပိုင်ရှင်က လိင်ဖျော်ဖြေဖို့အတွက် မလေးရှားရင်းဂစ် ၁,၀၀၀ (ကျပ် ၃ သိန်းကျော်)နဲ့ လူတစ်ယောက်ကို အခကြေးငွေယူခဲ့ပုံရတယ်လို့ ဆိုပါတယ်။

ဒါဟာ မုဒိန်းမှုဖြစ်တဲ့အတွက် ရဲအဖွဲ့က ထိုလူကိုပါ ဆက်လက်ရှာဖွေလျှက်ရှိပါတယ်။ ဖမ်းဆီးထားသူ နှစ်ဦးလုံးကို စစ်ဆးဖို့အတွက် ချုပ်ရက်ရမန် ထပ်တိုးထားကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top