Golden City Promotion
×

မြန္ျပည္နယ္သံျဖဴဇရပ္ၿမိဳ႕နယ္ ပငေက်းရြာ ေကာ့ေထာ္ပိုင္းေန ——(ခ)—–(၁၃ႏွစ္)သည္ ေအာက္တုိဘာလ ၁၀ရက္ေန႔ ညေန ၄ နာရီက မိခင္ ျဖစ္သူမွာ သံျဖဴဇရပ္ၿမိဳ႕နယ္ အနင္း ေက်းရြာသို႔ ငါးပိေရာင္းရန္ေစ်း ေရာင္းထြက္သြားၿပီး ေနအိမ္၌ တစ္ ဦးတည္းရွိေနစဥ္ တစ္ရြာတည္းေန သိန္းေဇာ္ဝင္း(၂၆ႏွစ္)သည္ ေနအိမ္ သို႔ေရာက္ရွိလာၿပီး ”နင့္အေမ မရွိ ဘူးလား” ဟုေမးျမန္း၍ ေနအိမ္ ေပၚသို႔တက္လာကာ ေနအိမ္တံခါး ကိုပိတ္၍ အိပ္ရာေပၚသို႔ေပြ႕ခ်ီ သြားခဲ့ၿပီး သားမယားအျဖစ္ျပဳက်င့္ ရန္ၾကံစည္ခဲ့ေၾကာင္း သိရပါသည္။

အဆိုပါျဖစ္ စဥ္ကို အိမ္နီးခ်င္းျဖစ္သူ ေဒၚမီး (ခ)မီလာ(၅ဝႏွစ္)က ေနအိမ္သို႔ င႐ုတ္သီးယူရန္ေရာက္ရွိလာကာ သူမအားလွမ္းေခၚစဥ္ ျပန္ထူးသံ မၾကားသျဖင့္ ေနအိမ္ေပၚသို႔ဝင္ ေရာက္ၾကည့္႐ႈစဥ္ သိန္းေဇာ္ဝင္းက မ—(ခ)—အား သားမယား အျဖစ္ျပဳက်င့္ရန္ၾကံစည္ေနသည္ ကိုေတြ႕ျမင္ခဲ့ရေၾကာင္း၊ ေဒၚမီး(ခ) မီလာက မ—- (ခ)—-၏ မိခင္ျဖစ္သူေဒၚလွသိန္း (ခ)ဟလွပ္ အား ေနအိမ္သို႔ ျပန္လာခဲ့ရန္ ဖုန္း ဆက္အေၾကာင္းၾကားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ မိခင္ျဖစ္သူ က သမီးျဖစ္သူအား သားမယားအျဖစ္ ျပဳက်င့္ရန္ ၾကံစည္အားထုတ္ခဲ့သူ သိန္းေဇာ္ဝင္း (ဖမ္းဆီးရမိ)အား အေရးယူေပးပါရန္ သံျဖဴဇရပ္ၿမိဳ႕မ ရဲစခန္းသို႔ လာေရာက္တိုင္တန္း ခဲ့သျဖင့္ ရဲစခန္းမွ(ပ)၂၃၁/၂ဝ၁၇၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆/ ၅၁၁ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ ထားေၾကာင္း သိရသည္။

ႏိုင္ႏိုင္(မြန္)
ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Union Daily

#Unicode Version#
မွန်ပြည်နယ်သံဖြူဇရပ်မြို့နယ် ပငကျေးရွာ ကော့ထော်ပိုင်းနေ ——(ခ)—–(၁၃နှစ်)သည် အောက်တိုဘာလ ၁၀ရက်နေ့ ညနေ ၄ နာရီက မိခင် ဖြစ်သူမှာ သံဖြူဇရပ်မြို့နယ် အနင်း ကျေးရွာသို့ ငါးပိရောင်းရန်ဈေး ရောင်းထွက်သွားပြီး နေအိမ်၌ တစ် ဦးတည်းရှိနေစဉ် တစ်ရွာတည်းနေ သိန်းဇော်ဝင်း(၂၆နှစ်)သည် နေအိမ် သို့ရောက်ရှိလာပြီး ”နင့်အမေ မရှိ ဘူးလား” ဟုမေးမြန်း၍ နေအိမ် ပေါ်သို့တက်လာကာ နေအိမ်တံခါး ကိုပိတ်၍ အိပ်ရာပေါ်သို့ပွေ့ချီ သွားခဲ့ပြီး သားမယားအဖြစ်ပြုကျင့် ရန်ကြံစည်ခဲ့ကြောင်း သိရပါသည်။

အဆိုပါဖြစ် စဉ်ကို အိမ်နီးချင်းဖြစ်သူ ဒေါ်မီး (ခ)မီလာ(၅ဝနှစ်)က နေအိမ်သို့ ငရုတ်သီးယူရန်ရောက်ရှိလာကာ သူမအားလှမ်းခေါ်စဉ် ပြန်ထူးသံ မကြားသဖြင့် နေအိမ်ပေါ်သို့ဝင် ရောက်ကြည့်ရှုစဉ် သိန်းဇော်ဝင်းက မ—(ခ)—အား သားမယား အဖြစ်ပြုကျင့်ရန်ကြံစည်နေသည် ကိုတွေ့မြင်ခဲ့ရကြောင်း၊ ဒေါ်မီး(ခ) မီလာက မ—- (ခ)—-၏ မိခင်ဖြစ်သူဒေါ်လှသိန်း (ခ)ဟလှပ် အား နေအိမ်သို့ ပြန်လာခဲ့ရန် ဖုန်း ဆက်အကြောင်းကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိခင်ဖြစ်သူ က သမီးဖြစ်သူအား သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်အားထုတ်ခဲ့သူ သိန်းဇော်ဝင်း (ဖမ်းဆီးရမိ)အား အရေးယူပေးပါရန် သံဖြူဇရပ်မြို့မ ရဲစခန်းသို့ လာရောက်တိုင်တန်း ခဲ့သဖြင့် ရဲစခန်းမှ(ပ)၂၃၁/၂ဝ၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/ ၅၁၁ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

နိုင်နိုင်(မွန်)

ဖိုးသူတော် (www.phothutaw.com)
Credit: The Union Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top