ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အျမန္လမ္းတြင္ အရွိန္လြန္တိမ္းေမွာက္ခဲ့ေသာ ဘုရားဖူးယာဥ္အား ကူညီကယ္ဆယ္ေရးလုပ္ေဆာင္မႈကိုေတြ႕ရစဥ္ (ဓာတ္ပံု − Myanmar Fire Services Department)

က်ိဳက္ထီး႐ိုးေစတီသို႔ သြားသည့္ ဘုရားဖူးယာဥ္တစ္စီး အျမန္လမ္း ၁၆ မိုင္တြင္ အရွိန္ လြန္ တိမ္းေမွာက္သျဖင့္ လူရွစ္ဦးဒဏ္ရာရခဲ့ေၾကာင္း အျမန္လမ္းရဲတပ္ဖဲြ႕မွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ရန္ကုန္-မႏၲေလး အျမန္ လမ္းအတိုင္း ရန္ကုန္ဘက္မွ ေနျပည္ေတာ္ဘက္သို႔ အသက္ (၃၆)ႏွစ္အရြယ္ ယာဥ္ေမာင္း ဦးသန္းႏုိင္ေမာင္းလာသည့္ မီနီဘတ္စ္ယာဥ္သည္ ေအာက္တုိဘာ ၅ ရက္ နံနက္ ၈ နာရီေက်ာ္က အရွိိန္လြန္ကာ လမ္းလယ္ကၽြန္းကို ကာရံထားသည့္ အလူမီနီယံတန္းကုိ စတင္တိုက္မိခဲ့ေၾကာင္း ၎က ရွင္းျပသည္။ ထုိသို႔ တိုက္မိၿပီးေနာက္ ယာဥ္သည္ လမ္းမေပၚတြင္ တိမ္းေမွာက္ခဲ့ၿပီး ယာဥ္ေပၚလိုက္ပါလာသည့္ ခရီးသည္ ၂၇ ဦးအနက္ အမ်ိဳးသားသံုးဦးႏွင့္ အမ်ိဳးသမီးငါးဦး ဒဏ္ရာရခ့ဲေၾကာင္း ရဲအရာရွိက ေျပာသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ က်ပ္ ၁၅ သိန္းဖိုးခန္႔ ပ်က္စီးဆံုး ႐ႈံးခဲ့ၿပီး ဒဏ္ရာရသူမ်ားကုိ လွည္း ကူးေဆး႐ံုသို႔ တင္ပုိ႔ကုသထား ကာ အမ်ိဳးသားႏွစ္ဦးသည္ ဒဏ္ ရာျပင္းထန္ေသာ္လည္း အသက္ အႏၲရာယ္စိုးရိမ္ရသည့္ အေျခအ ေနမရွိေၾကာင္း အမွတ္ (၃) လမ္း ဆံု အျမန္လမ္းရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။ ယာဥ္ေမာင္း ဦးသန္းႏိုင္ကို အမွတ္ (၃) လမ္းဆံုအျမန္လမ္းရဲစခန္းက နာက်င္ေစမႈႏွင့္ အျပင္းအထန္နာက်င္ေစမႈ ရာဇသတ္ႀကီးပုဒ္မ ၃၃၇/၃၃၈ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း အျမန္လမ္းရဲတပ္ဖဲြ႕မွ ရဲအရာရွိတစ္ဦးက ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
အမြန်လမ်းတွင် အရှိန်လွန်တိမ်းမှောက်ခဲ့သော ဘုရားဖူးယာဉ်အား ကူညီကယ်ဆယ်ရေးလုပ်ဆောင်မှုကိုတွေ့ရစဉ် (ဓာတ်ပုံ − Myanmar Fire Services Department)

ကျိုက်ထီးရိုးစေတီသို့ သွားသည့် ဘုရားဖူးယာဉ်တစ်စီး အမြန်လမ်း ၁၆ မိုင်တွင် အရှိန် လွန် တိမ်းမှောက်သဖြင့် လူရှစ်ဦးဒဏ်ရာရခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ရန်ကုန်-မန္တလေး အမြန် လမ်းအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ အသက် (၃၆)နှစ်အရွယ် ယာဉ်မောင်း ဦးသန်းနိုင်မောင်းလာသည့် မီနီဘတ်စ်ယာဉ်သည် အောက်တိုဘာ ၅ ရက် နံနက် ၈ နာရီကျော်က အရှိန်လွန်ကာ လမ်းလယ်ကျွန်းကို ကာရံထားသည့် အလူမီနီယံတန်းကို စတင်တိုက်မိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ ထိုသို့ တိုက်မိပြီးနောက် ယာဉ်သည် လမ်းမပေါ်တွင် တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည် ၂၇ ဦးအနက် အမျိုးသားသုံးဦးနှင့် အမျိုးသမီးငါးဦး ဒဏ်ရာရခဲ့ကြောင်း ရဲအရာရှိက ပြောသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကျပ် ၁၅ သိန်းဖိုးခန့် ပျက်စီးဆုံး ရှုံးခဲ့ပြီး ဒဏ်ရာရသူများကို လှည်း ကူးဆေးရုံသို့ တင်ပို့ကုသထား ကာ အမျိုးသားနှစ်ဦးသည် ဒဏ် ရာပြင်းထန်သော်လည်း အသက် အန္တရာယ်စိုးရိမ်ရသည့် အခြေအ နေမရှိကြောင်း အမှတ် (၃) လမ်း ဆုံ အမြန်လမ်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ ယာဉ်မောင်း ဦးသန်းနိုင်ကို အမှတ် (၃) လမ်းဆုံအမြန်လမ်းရဲစခန်းက နာကျင်စေမှုနှင့် အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top