Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×


အခုခ်ိန္ထိ ေကာလာဟလေတြ ေျဖရွင္းေနရတုန္းပဲ။
အခ်စ္ေရးနဲ႔ပတ္သက္လာရင္ မၾကာခဏဆုိသလုိ အြန္လုိင္းေပၚမွာ ေကာလာဟလေတြ ထြက္လာတတ္တဲ့ သရုပ္ေဆာင္ပြင့္ ကေတာ့ ဒီ ေကာလာဟလေတြေၾကာင့္ ဒီေန႔ အခ်ိန္ထိ နယ္ကပရိသတ္ေတြကုိ ေျဖရွင္းေပးေနရတုန္းပဲလုိေျပာျပခဲ့ပါ တယ္။  
'' ပြင့္မွာ ႏုိင္ရမယ့္သူလည္း မရွိေသးပါဘူး။ အိမ္ေထာင္မွ မက်ေသးတာေလ အိမ္ေထာင္လည္း မျပဳပါဘူး အပ်ဳိႀကီးလုပ္မွာပါ။ အိမ္ေထာင္က်တယ္ဆုိတဲ့ ေကာလာဟလေတြက ခဏခဏထြက္ထားေတာ့ ေယာက္်ားႏုိင္လားဆုိေတာ့ ေယာက်္ားမႏုိင္ပါဘူး။ ကုိယ္က ေယာက္်ားမွ မရွိတာ ကုိယ္က ကေလးေလ ေနာ္၊ အဲ့ဒါေၾကာင့္ရွင္းရွင္းျပရတယ္ ရုပ္ရွင္ထဲမွာပဲ ႏုိင္တာပါအျပင္မွာ လည္း ႏုိင္ျဖစ္မယ္မထင္ပါဘူး၊ ေတာ္ၾကာကုိယ့္ကုိေၾကာက္သြားမွာစုိးတယ္ေလ ေနာ္၊ စတာပါ'' လုိ႔သေဘာက်ရင္း ေျပာျပခဲ့ပါတယ္။ 
အိမ္ေထာင္က်တယ္ဆုိတဲ့ ေကာလာဟလေတြေၾကာင့္ နယ္ခရီးေတြ သြားျဖစ္တဲ့အခါမွာလည္း ပရိသတ္ေတြကုိ ျပန္လည္ေျဖ ရွင္းျဖစ္ ခဲ့ ပုံကုိလည္း ေျပာျပခဲ့ပါေသးတယ္။  
'' အဲ့ဒါကေတာ့ တစ္ခ်ိန္လုံးေျဖရွင္းေနရပါတယ္။ မီဒီယာေတြမွာပဲ ျဖစ္ျဖစ္၊ ကုိယ့္ရဲ႕ ေဖ့စ္ဘြတ္ Page မွာပဲျဖစ္ျဖစ္ အျမဲတမ္း မဟုတ္ ဘူး၊ အိမ္ေထာင္က်တယ္ဆုိတာ ေကာလာဟလ ေပါ့ေနာ္။ Page တစ္ခုကေန ေနာက္ေျပာင္ က်ီစယ္လုိက္တာပါ။ အဲ့ဒီတုန္းကလည္း ကုိယ္ေတြ Wedding show ေလွ်ာက္တုန္းက ဝတ္စုံေလးေတြနဲ႔ ေနာက္ေတာ့ ကားရုိက္မွာ မင္းသားနဲ႔ကုိယ္နဲ႔ ေပြ႕ခ်ီတဲ့အခန္းေတြ ဆုိရင္ ဟမ္းနီးမြန္းပဲ ထြက္ေနသလုိလုိ ေကာလာဟလေလးေတြက ႀကီးထြားလာတယ္။ လူတစ္ေယာက္ခ်င္းစီကုိ လုိက္ရွင္းျပလုိ႔ မရဘူး ကိုယ္နဲ႔ထိေတြ႔တဲ့ နယ္ရႈိးပြဲေတြမွာဆုိရင္ အျမဲတမ္းေျပာတယ္။ အထူးသျဖင့္ နယ္ေတြသြားရင္ အစ္မ အမ်ဳိးသားမပါဘူးလား ၊ ဘုန္းဘုန္းႀကီးေတြဆုိရင္ ဒကာမႀကီး ဒကာႀကီးေရာဟင္ ဆုိတာေတြ ရွင္းေနရတာ အခုခ်ိန္ထိပါပဲ'' လုိ႔ သရုပ္ေဆာင္ ပြင့္က ေျပာပါတယ္။ 
သရုပ္ေဆာင္ပြင့္ အေနနဲ႔ အခုလက္ရွိမွာ ဂီတဘက္ကုိ အဓိကထားေဆာင္ရြက္ေနတာျဖစ္ၿပီး ပြင့္လင္းရာသီေရာက္လာတဲ့အတြက္ နယ္ရႈိးပြဲေလးေတြ သီဆုိျဖစ္လာတာမ်ားတယ္လုိ႔ သူကဆုိပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Duwun
#Unicode Version#
 အခုချိန်ထိ ကောလာဟလတွေ ဖြေရှင်းနေရတုန်းပဲ။

အချစ်ရေးနဲ့ပတ်သက်လာရင် မကြာခဏဆိုသလို အွန်လိုင်းပေါ်မှာ ကောလာဟလတွေ ထွက်လာတတ်တဲ့ သရုပ်ဆောင်ပွင့် ကတော့ ဒီ ကောလာဟလတွေကြောင့် ဒီနေ့ အချိန်ထိ နယ်ကပရိသတ်တွေကို ဖြေရှင်းပေးနေရတုန်းပဲလိုပြောပြခဲ့ပါ တယ်။ 

'' ပွင့်မှာ နိုင်ရမယ့်သူလည်း မရှိသေးပါဘူး။ အိမ်ထောင်မှ မကျသေးတာလေ အိမ်ထောင်လည်း မပြုပါဘူး အပျိုကြီးလုပ်မှာပါ။ အိမ်ထောင်ကျတယ်ဆိုတဲ့ ကောလာဟလတွေက ခဏခဏထွက်ထားတော့ ယောက်ျားနိုင်လားဆိုတော့ ယောကျ်ားမနိုင်ပါဘူး။ ကိုယ်က ယောက်ျားမှ မရှိတာ ကိုယ်က ကလေးလေ နော်၊ အဲ့ဒါကြောင့်ရှင်းရှင်းပြရတယ် ရုပ်ရှင်ထဲမှာပဲ နိုင်တာပါအပြင်မှာ လည်း နိုင်ဖြစ်မယ်မထင်ပါဘူး၊ တော်ကြာကိုယ့်ကိုကြောက်သွားမှာစိုးတယ်လေ နော်၊ စတာပါ'' လို့သဘောကျရင်း ပြောပြခဲ့ပါတယ်။

အိမ်ထောင်ကျတယ်ဆိုတဲ့ ကောလာဟလတွေကြောင့် နယ်ခရီးတွေ သွားဖြစ်တဲ့အခါမှာလည်း ပရိသတ်တွေကို ပြန်လည်ဖြေ ရှင်းဖြစ် ခဲ့ ပုံကိုလည်း ပြောပြခဲ့ပါသေးတယ်။ 

'' အဲ့ဒါကတော့ တစ်ချိန်လုံးဖြေရှင်းနေရပါတယ်။ မီဒီယာတွေမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ဖေ့စ်ဘွတ် Page မှာပဲဖြစ်ဖြစ် အမြဲတမ်း မဟုတ် ဘူး၊ အိမ်ထောင်ကျတယ်ဆိုတာ ကောလာဟလ ပေါ့နော်။ Page တစ်ခုကနေ နောက်ပြောင် ကျီစယ်လိုက်တာပါ။ အဲ့ဒီတုန်းကလည်း ကိုယ်တွေ Wedding show လျှောက်တုန်းက ဝတ်စုံလေးတွေနဲ့ နောက်တော့ ကားရိုက်မှာ မင်းသားနဲ့ကိုယ်နဲ့ ပွေ့ချီတဲ့အခန်းတွေ ဆိုရင် ဟမ်းနီးမွန်းပဲ ထွက်နေသလိုလို ကောလာဟလလေးတွေက ကြီးထွားလာတယ်။ လူတစ်ယောက်ချင်းစီကို လိုက်ရှင်းပြလို့ မရဘူး ကိုယ်နဲ့ထိတွေ့တဲ့ နယ်ရှိုးပွဲတွေမှာဆိုရင် အမြဲတမ်းပြောတယ်။ အထူးသဖြင့် နယ်တွေသွားရင် အစ်မ အမျိုးသားမပါဘူးလား ၊ ဘုန်းဘုန်းကြီးတွေဆိုရင် ဒကာမကြီး ဒကာကြီးရောဟင် ဆိုတာတွေ ရှင်းနေရတာ အခုချိန်ထိပါပဲ'' လို့ သရုပ်ဆောင် ပွင့်က ပြောပါတယ်။

သရုပ်ဆောင်ပွင့် အနေနဲ့ အခုလက်ရှိမှာ ဂီတဘက်ကို အဓိကထားဆောင်ရွက်နေတာဖြစ်ပြီး ပွင့်လင်းရာသီရောက်လာတဲ့အတွက် နယ်ရှိုးပွဲလေးတွေ သီဆိုဖြစ်လာတာများတယ်လို့ သူကဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top