Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လူလတ္ပိုင္း အရြယ္ ေရာက္သည္ႏွင့္ အမ်ဳိးသား၊ အမ်ဳိးသမီး မေရြးဘဲ ျဖစ္ပြားေလ့ရွိသည့္ ေလးဖက္နာ အဆစ္အမ်က္ေရာင္ ေရာဂါကုိ အစားအေသာက္ စနစ္တက် ဆင္ျခင္ ေပးျခင္းျဖင့္ ထိေရာက္စြာ ကာကြယ္ႏိုင္မည္ ျဖစ္သည့္ အတြက္ ဆင္ျခင္ စားေသာက္ရမည့္ အစားအစာမ်ား အမည္စာရင္းကို ထုတ္ျပန္ႏိုင္ရန္ ႀကိဳးပမ္းေနေၾကာင္း အေမရိကန္ ျပည္ေထာင္စု၊ ေဘာ္စတြန္ၿမိဳ႕ရွိ ဟားဗတ္ ေဆးတကၠသိုလ္မွ သုေတသီ ေဒါက္တာ ဘင္လု က ေျပာျပသည္။
'' အသက္ ၂၅ ႏွစ္ကေန ၄၂ ႏွစ္အရြယ္ အေမရိကန္ အမ်ဳိးသမီးေပါင္း ၉၄ဝဝဝ ထက္မနည္းကို ကြၽန္ေတာ္တို႔ စစ္တမ္း ေကာက္ယူ ေလ့လာဆန္းစစ္ ခဲ့ပါတယ္။ ၁၉၉၁ ခုႏွစ္ကေန ၂ဝ၁၁ ခုႏွစ္အတြင္း ေလးႏွစ္တာ ကာလမွာ သူတို႔ စားေသာက္ခဲ့တဲ့ ပံုစံနဲ႔ အဆစ္အမ်က္ ေရာင္နာ ျဖစ္ပြားခဲ့တဲ့ အႀကိမ္ေရကို တြက္ခ်က္ ေဖာ္ထုတ္ ခဲ့ပါတယ္။ အဲဒီ ေလးႏွစ္တာ ကာလမွာ လူေပါင္း ၉၄ဝဝဝ ေသာ အမ်ဳိးသမီး ေတြထဲက အေယာက္ ၃၅ဝ ခန္႔သာ အဆစ္အမ်က္ ေရာင္နာ ေဝဒနာ ခံစားခဲ့ရတာ ကို ေတြ႕ရပါတယ္ '' ဟု ၄င္းက ေျပာျပသည္။
''ေျမာက္အေမရိက အစားအစာ ေတြျဖစ္တဲ့ အမဲ၊ ဆိတ္၊ ျမင္းလို အသားနီေတြ၊ ဆင့္ကဲဆင့္ကဲ ျပင္ဆင္ထားတဲ့ အစားအစာေတြ၊ ျပန္လည္ သန္႔စင္ထားတဲ့ ဆန္၊ ဂ်ဳံ၊ ေျပာင္းေတြ၊ ဆီေၾကာ္ အစားအစာ ေတြ ၊ အဆီမ်ားတဲ့ ႏို႔ထြက္ပစၥည္း ေတြနဲ႔ အခ်ဳိကဲတဲ့ အစားအစာ ေတြဟာ အဆစ္အမ်က္ ေရာင္နာ ျဖစ္ပြားဖို႔ အားေပးတာကို ေတြ႕ရပါတယ္။ အသီး၊ အရြက္၊ ပဲသီး၊ ပဲေတာင့္၊ ၾကက္၊ ဘဲ၊ ငါး အစရွိတာ ေတြကို စားေသာက္ၾက သူေတြမွာ ၾကေတာ့ အဆစ္အမ်က္ ေရာင္နာဟာ သိသာစြာ ေလ်ာ့နည္း တာကို ေတြ႕ရပါတယ္ '' ဟု ဘင္လု က ဆက္လက္ ေျပာျပ၍ သိရသည္။
 ဖိုးသူေတာ္ (www.phothutaw.com)
#Unicode Version#
 လူလတ်ပိုင်း အရွယ် ရောက်သည်နှင့် အမျိုးသား၊ အမျိုးသမီး မရွေးဘဲ ဖြစ်ပွားလေ့ရှိသည့် လေးဖက်နာ အဆစ်အမျက်ရောင် ရောဂါကို အစားအသောက် စနစ်တကျ ဆင်ခြင် ပေးခြင်းဖြင့် ထိရောက်စွာ ကာကွယ်နိုင်မည် ဖြစ်သည့် အတွက် ဆင်ခြင် စားသောက်ရမည့် အစားအစာများ အမည်စာရင်းကို ထုတ်ပြန်နိုင်ရန် ကြိုးပမ်းနေကြောင်း အမေရိကန် ပြည်ထောင်စု၊ ဘော်စတွန်မြို့ရှိ ဟားဗတ် ဆေးတက္ကသိုလ်မှ သုတေသီ ဒေါက်တာ ဘင်လု က ပြောပြသည်။

'' အသက် ၂၅ နှစ်ကနေ ၄၂ နှစ်အရွယ် အမေရိကန် အမျိုးသမီးပေါင်း ၉၄ဝဝဝ ထက်မနည်းကို ကျွန်တော်တို့ စစ်တမ်း ကောက်ယူ လေ့လာဆန်းစစ် ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ်အတွင်း လေးနှစ်တာ ကာလမှာ သူတို့ စားသောက်ခဲ့တဲ့ ပုံစံနဲ့ အဆစ်အမျက် ရောင်နာ ဖြစ်ပွားခဲ့တဲ့ အကြိမ်ရေကို တွက်ချက် ဖော်ထုတ် ခဲ့ပါတယ်။ အဲဒီ လေးနှစ်တာ ကာလမှာ လူပေါင်း ၉၄ဝဝဝ သော အမျိုးသမီး တွေထဲက အယောက် ၃၅ဝ ခန့်သာ အဆစ်အမျက် ရောင်နာ ဝေဒနာ ခံစားခဲ့ရတာ ကို တွေ့ရပါတယ် '' ဟု ၎င်းက ပြောပြသည်။

''မြောက်အမေရိက အစားအစာ တွေဖြစ်တဲ့ အမဲ၊ ဆိတ်၊ မြင်းလို အသားနီတွေ၊ ဆင့်ကဲဆင့်ကဲ ပြင်ဆင်ထားတဲ့ အစားအစာတွေ၊ ပြန်လည် သန့်စင်ထားတဲ့ ဆန်၊ ဂျုံ၊ ပြောင်းတွေ၊ ဆီကြော် အစားအစာ တွေ ၊ အဆီများတဲ့ နို့ထွက်ပစ္စည်း တွေနဲ့ အချိုကဲတဲ့ အစားအစာ တွေဟာ အဆစ်အမျက် ရောင်နာ ဖြစ်ပွားဖို့ အားပေးတာကို တွေ့ရပါတယ်။ အသီး၊ အရွက်၊ ပဲသီး၊ ပဲတောင့်၊ ကြက်၊ ဘဲ၊ ငါး အစရှိတာ တွေကို စားသောက်ကြ သူတွေမှာ ကြတော့ အဆစ်အမျက် ရောင်နာဟာ သိသာစွာ လျော့နည်း တာကို တွေ့ရပါတယ် '' ဟု ဘင်လု က ဆက်လက် ပြောပြ၍ သိရသည်။
 ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top