Golden City Promotion
×

ဘဲငါးရာေတာင္ကို စာေပ က်မ္းဂန္မ်ားထဲတြင္ ေဒ၀ဂႏၶာရီေတာင္ဟု ေခၚဆိုုပါသည္။ ဟသၤာငါးရာတို႕ က်က္စားခဲ့ရ ေဒသျဖစ္ေသာေၾကာင္း ဘဲငါးရာေတာင္ဟု ေခၚသည္။ ေဒ၀ဂႏၶာရီေတာင္၏ အဓိပၸါယ္မွာ နတ္တို႕ ဂႏၶာရီပညာက်က္စားရာ အရပ္ဟု ဆိုသည္။ နတ္ပန္းမာလာမ်ား ဖူးပြင့္ေ၀ကာ၊ ေဆး၀ါးေကာင္းမ်ား ေပါက္ေရာက္ရာ အရပ္ျဖစ္ၿပီး ရခိုင္ျပည္နယ္ အလယ္ပိုင္းတြင္ ထင္ထင္ရွားရွား ထီးထီးမားမား ရပ္တည္ေနေသာေၾကာင့္ ပိုမိုထင္ရွားပါသည္။ ရခိုင္တို႕၏ ထင္ရွားခဲ့ေသာ ေျမာက္ဦးေခတ္တြင္ စာေဟာင္းေပေဟာင္းမ်ားတြင္ ေဆးဥယ်ာဥ္ တစ္ခုပ်ိဳးေထာင္ခဲ့ေၾကာင္းကို ေလ့လာဖူးသည္။

ဤေတာင္ကို ဂ်ပန္ႏိုင္ငံမွ ဖူဂ်ီယားမားေတာင္ျဖင့္ ခိုင္းႏႈိင္းၾကသည္။ ပံုစံအားျဖင့္ အလြန္တူပါသည္။ ပင္လယ္ေရမ်က္ႏွာျပင္ထက္ ၁၃၆၁ ေပျမင့္မားပါသည္။ ဂစၦနဒီျမစ္၏ အေနာက္ဖက္တြင္ရွိၿပီး အေ၀းက လွမ္းၾကည့္လွ်င္ပင္ လြမ္းေမာစရာျဖစ္ပါသည္။ မိုးတိမ္မိုးသားတို႕သည္ ေတာင္၏ အလယ္တြင္ သိုင္းၿခံဳထားေသာေၾကာင့္ ရခိုင္ျပည္နယ္၏ အလယ္ပိုင္းလြင္ျပင္ အလွကို ဖန္းတီေပးထားသည္။ တန္ေဆာင္မုန္းလျပည့္ေနတြင္ ရခုိင္ျပည္ အနယ္အျပားမွ လာေရာက္ၿပီး ဤေတာင္ေပၚသို႕ တေပ်ာ္တပါး တက္ေရာက္ၾကသည္။ အထူးသျဖင့္ လူပ်ိဳ၊ အပ်ိဳ လူလတ္ပိုင္းအရြယ္မ်ားက ထမင္းဂ်ိဳင့္မ်ား ၊ စားစရာမ်ားျဖင့္ လူငယ္တို႕ သဘာ၀ ေပ်ာ္ေပ်ာ္ပါးပါး တန္ေဆာင္မုန္းလျပည့္သည္ ရခုိင္ျပည္၏ ျပည္ရက္၊ ရခိုင္ျပည္ ဓည၀တီၿမိဳ႕ကို ပႏၷက္ရိုက္ခဲ့ေသာေန႔ျဖစ္ေသာေၾကာင့္ ေရွးေခတ္္ကတည္းက တန္ေဆာင္မုန္းလျပည့္ေန႕ လထြက္သည္ႏွင့္ ေတာင္ေပၚတက္ပဲြကို ဆင္ႏဲႊခဲ့ၾကသည္။ ဤေန႕တြင္ သစ္ဥ၊ သစ္ျမစ္တို ့ေဆး၀ါးေပါင္းစံုေသာေၾကာင့္ နတ္တို႕ ေပ်ာ္ရႊင္ၾကသလို လူမ်ားလည္း ပါ၀င္ဆင္ႏႊဲျခင္းျဖစ္သည္။ ယခုအခါေတာ့ တန္ေဆာင္မုန္းလျပည့္ေန႔ မနက္ပိုင္းကတည္းက ေတာင္တက္ပဲြကို ဆင္ႏႊဲၾကသည္။ အရင္အခါႏွင့္ေတာ့ ေခတ္အေျခအေနအရ ေျပာင္းျပန္ျဖစ္သြားသည္။

“ေဒ၀ဂႏၶာရီ
ေတာင္ေတာ္ဆီ
တက္ခီ ဆြတ္ခီ (တက္ၾက ဆြတ္ၾက)
ပန္းကတ္လီ (ပန္းကပ္ေလ)
သာစီ မာစိ
ဆုေတာင္းမိတၱာ၀ီ” (မိတၱာ = ေမတၱာ) ဟု စာဆိုရွိသည္။

ဤေတာင္ထိပ္တြင္ ရခိုင္ျပည္ ေျမာက္ဦးေခတ္၏ ထင္ရွားခဲ့သည္ ဘုရင္ မင္းရာဇာႀကီးသည္ မိဖုရား ပီဇလာေဒ၀ီႏွင့္အတူ သက္ေတာ္ (၄၆)ႏွစ္ အထိမ္းအမွတ္အျဖစ္ မဂၤလာယူလွ်က္ ဓာတ္ေတာ္ေစတီ (၄၇)ဆူကို တည္ထားကိုးကြယ္ခဲ့ေလသည္။ ထိုအထဲတြင္ ဗုဒၶဘုရားရွင္၏ ဘယ္လက္ေတာ္ဓာတ္ျမတ္အား ခရစ္သကၠရာဇ္ ၁၆၀၄ ခုႏွစ္တြင္ တည္ထား ကိုးကြယ္ခဲ့သည္။

၄င္းအျပင္ ဤေတာင္ႏွင့္ ပတ္သတ္ၿပီး ဂမၻီရဆန္ေသာ ျဖစ္ရပ္မ်ားစြာလည္း ရွိသည္။ စာေရးဆရာေပါင္းေျမာက္ျမားစြာ မွတ္တင္ထားေသာ ျဖစ္ရပ္ဆန္းမ်ား၊ တရားရွာ ေတာ္မွီ ပုဂၢိဳလ္မ်ား၊ သိုက္ဆရားမ်ားျဖင့္ ဒ႑ာရီပံုမ်ားစြာကို ေပးဆပ္ထားသည့္ ေတာင္ေတာ္လည္းျဖစ္သည္။ (အယွဥ္သင့္လွ်င္ ေနာင္တြင္ ဆက္လက္ေရးသားေပးပါမည္) ဆက္စပ္ၿပီး ဤေတာင္မွ ေတြ႕ရွိခဲ့သည့္ ထူးဆန္ဖြယ္ ေရႊလိပ္ တစ္ေကာင္သည္ ရန္ကုန္ၿမိဳ႕၊ ဗဟန္း၊ ကုကၠိဳင္မီးပိြဳင့္လမ္းဆံုအနီး ဦးေတဇိႏၲရာမ ေက်ာင္းတိုက္၊ စာခ်ဆရာေတာ္ ဦးစႏၵိမာထံတြင္ ၀င္ေရာက္ ေလ့လာႏိုင္သည္။ ဤေရႊလိပ္၏ ေက်ာကုန္တြင္ သိန္းငွက္ပံု၊ ကႏၷရာပံု၊ ေစတီပံု သ႑ာန္မ်ားကို ေတြ႕ရွိရသည္။ အလြန္႕ အံဖြယ္ရာ ျဖစ္သည္ ရန္ကုန္ၿမိဳ႕ကိုေရာက္ရွိသူမ်ား သြားေရာက္ ေလ့လာႏိုင္ဖို႕ လမ္းညႊန္ေပးပါသည္။

ဤဘဲငါးရာေတာင္သည္ အလြန္တရာမွာ အံ့ဖြယ္မ်ားႏွင့္ ထူးဆန္ဖြယ္မ်ား စိတ္၀င္စားစရာမ်ားျပည့္ႏွက္ေနေသာေၾကာင့္ တန္ေဆာင္မုန္းလျပည့္ေန႕တြင္ လမ္းႀကံဳလွ်င္ ရခုိင္ျပည္နယ္၊ ပုဏၰားကၽြန္းၿမိဳ႕နယ္၊ ယိုးတရုတ္ေက်းရြာမွေန တက္ေရာက္ ေလ့လာႏုိင္ေၾကာင့္ကို သတင္းေကာင္းပါးလိုက္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေ၀ဟင္ေအာင္

# Unicode Version #
ဘဲငါးရာတောင်ကို စာပေ ကျမ်းဂန်များထဲတွင် ဒေဝဂန္ဓာရီတောင်ဟု ခေါ်ဆိုုပါသည်။ ဟင်္သာငါးရာတို့ ကျက်စားခဲ့ရ ဒေသဖြစ်သောကြောင်း ဘဲငါးရာတောင်ဟု ခေါ်သည်။ ဒေဝဂန္ဓာရီတောင်၏ အဓိပ္ပါယ်မှာ နတ်တို့ ဂန္ဓာရီပညာကျက်စားရာ အရပ်ဟု ဆိုသည်။ နတ်ပန်းမာလာများ ဖူးပွင့်ဝေကာ၊ ဆေးဝါးကောင်းများ ပေါက်ရောက်ရာ အရပ်ဖြစ်ပြီး ရခိုင်ပြည်နယ် အလယ်ပိုင်းတွင် ထင်ထင်ရှားရှား ထီးထီးမားမား ရပ်တည်နေသောကြောင့် ပိုမိုထင်ရှားပါသည်။ ရခိုင်တို့၏ ထင်ရှားခဲ့သော မြောက်ဦးခေတ်တွင် စာဟောင်းပေဟောင်းများတွင် ဆေးဥယျာဉ် တစ်ခုပျိုးထောင်ခဲ့ကြောင်းကို လေ့လာဖူးသည်။

ဤတောင်ကို ဂျပန်နိုင်ငံမှ ဖူဂျီယားမားတောင်ဖြင့် ခိုင်းနှိုင်းကြသည်။ ပုံစံအားဖြင့် အလွန်တူပါသည်။ ပင်လယ်ရေမျက်နှာပြင်ထက် ၁၃၆၁ ပေမြင့်မားပါသည်။ ဂစ္ဆနဒီမြစ်၏ အနောက်ဖက်တွင်ရှိပြီး အဝေးက လှမ်းကြည့်လျှင်ပင် လွမ်းမောစရာဖြစ်ပါသည်။ မိုးတိမ်မိုးသားတို့သည် တောင်၏ အလယ်တွင် သိုင်းခြုံထားသောကြောင့် ရခိုင်ပြည်နယ်၏ အလယ်ပိုင်းလွင်ပြင် အလှကို ဖန်းတီပေးထားသည်။ တန်ဆောင်မုန်းလပြည့်နေတွင် ရခိုင်ပြည် အနယ်အပြားမှ လာရောက်ပြီး ဤတောင်ပေါ်သို့ တပျော်တပါး တက်ရောက်ကြသည်။ အထူးသဖြင့် လူပျို၊ အပျို လူလတ်ပိုင်းအရွယ်များက ထမင်းဂျိုင့်များ ၊ စားစရာများဖြင့် လူငယ်တို့ သဘာ၀ ပျော်ပျော်ပါးပါး တန်ဆောင်မုန်းလပြည့်သည် ရခိုင်ပြည်၏ ပြည်ရက်၊ ရခိုင်ပြည် ဓညဝတီမြို့ကို ပန္နက်ရိုက်ခဲ့သောနေ့ဖြစ်သောကြောင့် ရှေးခေတ်ကတည်းက တန်ဆောင်မုန်းလပြည့်နေ့ လထွက်သည်နှင့် တောင်ပေါ်တက်ပွဲကို ဆင်နွဲှခဲ့ကြသည်။ ဤနေ့တွင် သစ်ဥ၊ သစ်မြစ်တို့ဆေးဝါးပေါင်းစုံသောကြောင့် နတ်တို့ ပျော်ရွှင်ကြသလို လူများလည်း ပါဝင်ဆင်နွှဲခြင်းဖြစ်သည်။ ယခုအခါတော့ တန်ဆောင်မုန်းလပြည့်နေ့ မနက်ပိုင်းကတည်းက တောင်တက်ပွဲကို ဆင်နွှဲကြသည်။ အရင်အခါနှင့်တော့ ခေတ်အခြေအနေအရ ပြောင်းပြန်ဖြစ်သွားသည်။

“ဒေဝဂန္ဓာရီ
တောင်တော်ဆီ
တက်ခီ ဆွတ်ခီ (တက်ကြ ဆွတ်ကြ)
ပန်းကတ်လီ (ပန်းကပ်လေ)
သာစီ မာစိ
ဆုတောင်းမိတ္တာဝီ” (မိတ္တာ = မေတ္တာ) ဟု စာဆိုရှိသည်။

ဤတောင်ထိပ်တွင် ရခိုင်ပြည် မြောက်ဦးခေတ်၏ ထင်ရှားခဲ့သည် ဘုရင် မင်းရာဇာကြီးသည် မိဖုရား ပီဇလာဒေဝီနှင့်အတူ သက်တော် (၄၆)နှစ် အထိမ်းအမှတ်အဖြစ် မင်္ဂလာယူလျှက် ဓာတ်တော်စေတီ (၄၇)ဆူကို တည်ထားကိုးကွယ်ခဲ့လေသည်။ ထိုအထဲတွင် ဗုဒ္ဓဘုရားရှင်၏ ဘယ်လက်တော်ဓာတ်မြတ်အား ခရစ်သက္ကရာဇ် ၁၆၀၄ ခုနှစ်တွင် တည်ထား ကိုးကွယ်ခဲ့သည်။

၎င်းအပြင် ဤတောင်နှင့် ပတ်သတ်ပြီး ဂမ္ဘီရဆန်သော ဖြစ်ရပ်များစွာလည်း ရှိသည်။ စာရေးဆရာပေါင်းမြောက်မြားစွာ မှတ်တင်ထားသော ဖြစ်ရပ်ဆန်းများ၊ တရားရှာ တော်မှီ ပုဂ္ဂိုလ်များ၊ သိုက်ဆရားများဖြင့် ဒဏ္ဍာရီပုံများစွာကို ပေးဆပ်ထားသည့် တောင်တော်လည်းဖြစ်သည်။ (အယှဉ်သင့်လျှင် နောင်တွင် ဆက်လက်ရေးသားပေးပါမည်) ဆက်စပ်ပြီး ဤတောင်မှ တွေ့ရှိခဲ့သည့် ထူးဆန်ဖွယ် ရွှေလိပ် တစ်ကောင်သည် ရန်ကုန်မြို့၊ ဗဟန်း၊ ကုက္ကိုင်မီးပွိုင့်လမ်းဆုံအနီး ဦးတေဇိန္တရာမ ကျောင်းတိုက်၊ စာချဆရာတော် ဦးစန္ဒိမာထံတွင် ဝင်ရောက် လေ့လာနိုင်သည်။ ဤရွှေလိပ်၏ ကျောကုန်တွင် သိန်းငှက်ပုံ၊ ကန္နရာပုံ၊ စေတီပုံ သဏ္ဍာန်များကို တွေ့ရှိရသည်။ အလွန့် အံဖွယ်ရာ ဖြစ်သည် ရန်ကုန်မြို့ကိုရောက်ရှိသူများ သွားရောက် လေ့လာနိုင်ဖို့ လမ်းညွှန်ပေးပါသည်။

ဤဘဲငါးရာတောင်သည် အလွန်တရာမှာ အံ့ဖွယ်များနှင့် ထူးဆန်ဖွယ်များ စိတ်ဝင်စားစရာများပြည့်နှက်နေသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့တွင် လမ်းကြုံလျှင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာမှနေ တက်ရောက် လေ့လာနိုင်ကြောင့်ကို သတင်းကောင်းပါးလိုက်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဝေဟင်အောင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top