Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×

Credit:7DayDaily
#Unicode Version#
ခါးမှာအဆီတွေ စုနေလို့ စိတ်ပျက်နေသူတွေ အိမ်မှာနေရင်းလုပ် ဆောင်နိုင်မယ့် နည်းလမ်းလေးတချို့ကို မျှဝေပေးချင်ပါတယ်။ ဒီအတိုင်းနေရုံနဲ့အဆီက သူ့အလိုလိုကျသွားမှာ မဟုတ်တာကြောင့် အခုပဲလုပ်ရ အောင် ဖော်ပြလိုက်ပါတယ်။

- ငယ်စဉ်ကတည်းက ရင်းနှီးပြီးသား ကိုယ်လက်လှုပ်ရှားအားက စားနည်းဖြစ်တဲ့ ကြိုးခုန်တာက ကယ်လိုရီလောင်ကျွမ်းဖို့ အကောင်းဆုံး နည်းဖြစ်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်ကနေ သုံးကြိမ် လုပ်ဖို့လိုပါတယ်။

- ယောဂလုပ်တာကလည်း ကယ်လိုရီ လောင်ကျွမ်းရုံသာမက ကိုယ်နေဟန်ထားကောင်းမွန်စေသလို စိတ်ပိုင်းဆိုင်ရာကို တည်ငြိမ်စေ ပါတယ်။

- ခါးလှည့်လေ့ကျင့်ခန်းကို တစ်နေ့ ၁၀ ကြိမ်ကနေ ၁၅ ကြိမ် လောက် လုပ်ပေးနိုင်ပါတယ်။

- ပြေးတာ၊ စက်ဘီးစီးတာ၊ လမ်းသွက်သွက်လျှောက်တာနဲ့ တခြားကာယလေ့ကျင့်ခန်းတွေက နှလုံးခုန်နှုန်းကို မြန်စေပြီး ကယ်လိုရီ မြန်မြန် လောင်ကျွမ်းစေပါတယ်။

- ခိုင်ခိုင်ခံ့ခံ့ကုလားထိုင်တစ်လုံးမှာ လက်ထောက်အားယူပြီး ခါး လေ့ကျင့်ခန်းလုပ်တဲ့ နည်းလမ်းကလည်း အဆီအမြန်ကျစေပါတယ်။ ၁၀  ကြိမ်ကနေ ၁၂ ကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit:7DayDaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top