Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×

# Zawgyi Version ဖြင့် ဖတ်ပါ #



“ဟဲ့..ဘယ်သူတုန်း;;;;”


“ကျမပါရှင့်”




စိတ်ညစ်ကြတာပေါ့…….


မြည်သွားရင်တောင်,,,,

“ဟဲ့ ဘယ်သူတုန်းးး”


မေးတော့ဖြေရတာပေါ့

“ကျမပါ ရှင့်”

“ကျမဆို လာခဲ့အုံးကွဲ့!!!!!”




ဆိုပြီးလုပ်ပြန်ရော…


“ကျွန်တော် ပါမင်းကြီး”





“ဟဲ့ … ဘယ်သူတုန်း ”

“ကျွန်တော် ……ကျွန်တော် ”




Credit: အကြည်တော်

# Unicode Version ဖြင့် ဖတ်ပါ #
မန္တလေးသူတွေ “ကျွန်တော်….ကျွန်တော်” နဲ့ပြောတာဘာကြောင့်လဲ ” အကြည်တော် “ပြောမှပဲသိရတယ်…….😄😆

မင်းတုန်းမင်းကြီပေါ့…သိကြတဲ့အတိုင်းမိဖုရား၅၀၀နဲ့စံစားတာလေ……ထို့အပြင်တောင်..၅၀၀နဲ့မလုံလောက်ပဲ…. သူစက်တော်ခေါ်နေတုန်အခန်းရှေ့ကခြေသံ ကြားတိုင်း..

“ဟဲ့..ဘယ်သူတုန်း;;;;”

ဟုလှမ်းလှမ်းပြီမေးတယ်-ရံရွေတော်တွေက

“ကျမပါရှင့်”

ဆိုလျှင်..အသံသြကြီးနှင့်

“ကျမဆို ဝင်ခဲ့လေကွယ် … ဟီးဟီး”

လုပ်တတ်လွန်းတော့ ရံရွေတော်တွေလဲ

စိတ်ညစ်ကြတာပေါ့…….

မင်းကြီးရှေ့ခြေဖွဖွပင်ဖြတ်မလျှောက်ရဲ…လျှောက်လိုက်လို့ကျမ်းပြင်က”ကျွီ”ခနဲ

မြည်သွားရင်တောင်,,,,

“ဟဲ့ ဘယ်သူတုန်းးး”

ဆိုပြီးမေးတော့ ရံရွေတော်တွေလဲဘုရင်က

မေးတော့ဖြေရတာပေါ့

“ကျမပါ ရှင့်”

“ကျမဆို လာခဲ့အုံးကွဲ့!!!!!”

ထိပါများတော့ရံရွေတော်တွေလဲအထဲမဝင် ကြရအောင်တိုင်ပင်ကြတယ်….နောက်ဆုံးမှာအ ဖြေတခုထွက်လာပြီး အရဲစွန့်ကြည့်ဖို့ဆုံးဖြတ်လိုက်ကြတယ်…………..

ထိုအရာကားမင်းကြီးအခန်းရှေ့ဖြတ်လျှောက် တဲ့အခါ အရင်လိုခြေမဖွပဲခြေသံခတ်ပြင်းပြင်း နဲ့လျှောက်ကြည့်ကြတယ်….ထုံးစံအတိုင်း

“ဟဲ့…ခြေသံပြင်းပြင်နဲ့…ဘယ်သူတုန်း!!”

ဆိုပြီးလုပ်ပြန်ရော…

အဲ့ဒီမှာ ရံရွေတော်လေးကအရဲစွန့်ပြီး အသံလေးပါသြပြီး…….

“ကျွန်တော် ပါမင်းကြီး”

ထိုအခါမင်းကြီလည်း စိတ်မသက်မသာအသံကြီးနဲ့……..

” ကျွန်တော်ဆိုသွား ကျွန်တော်ဆိုရင်သွား ”

ဆိုကာမှရံရွေတော်တွေလဲ လွတ်လပ်စွာသွား လာနိုင်ကြတော့သတဲ့…..

အကြံအောင်မြင်သွားကြတဲ့ရံရွေတော်တွေလဲ အခန်းရှေ့ဖြတ်လျှောက်တိုင်း ခြေကျင်းကြီး တွေဝတ်ပြီးတဒုံးဒုံးနဲ့ဖြတ်လျှောက်ကြတော့တယ်တဲ့…. မင်းကြီးကတော့အသံကြားရင်

“ဟဲ့ … ဘယ်သူတုန်း ”

“ကျွန်တော် ……ကျွန်တော် ”

” အေး … ကျွန်တော်ဆိုရင် လစ်ချင်သလိုသာ လစ်လိုက်တော့”

ဤသို့ဖြင့်….မန္တလေးသူများသည် ” ကျွန်တော် …ကျွန်တော် ” ဟုပြောဆိုသော အမူအကျင့်နှင့် ခြေကျင်းဝတ်သောအလေ့အထ ထိုအချိန်ကစသည်ဟူ၏ …………

( မယုံလျှင် ပုံပြင်ဟုမှတ်ပါ )

ဖိုးသူတော် (www.phothutaw.com)
Credit: အကြည်တော်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top