Golden City Promotion
×

မင္းသမီးနဲ့ ထုတ္လုပ္လုပ္သူ၊ ဒါရိုက္တာတို့ႀကား အဆင္မေျပေတြျဖစ္ခဲ့ရတဲ့ သူမနာမည္ ေရႊရုပ္ ဇာတ္ကားႀကီးနဲ့ပါတ္သတ္ျပီး မင္းသမီး သင္ဇာ၀င့္ေက်ာ္ ထုတ္လုပ္သူ မိုးေဟကိုတို့ကေတာ့ ၀ကၤဘာလမ္းမွာ ရွိတဲ့ ရုပ္ရွင္အစည္းအရံုးမွာ ႏွစ္ဦးနွစ္ဖက္အဆင္ေျပေအာင္ ေျဖရွင္းဖို့ ယေန့မနက္ ၉နာရီမွာ ခ်ိန္းဆိုထားႀကေပမယ့္ သင္ဇာ၀င့္ေက်ာ္က ေရာက္မလာတဲ့အတြက္ ေန့လည္ ၃နာရီမွာ ျပန္လည္ခ်ိန္းဆိုထားတယ္လို့ သိရပါတယ္။

စာခ်ဳပ္ပါ စည္းကမ္းအတိုင္း သိန္းေျခာက္ဆယ္ကို (၃)ဆေလ်ာ္ရမယ့္ ကိစၥမွာ မင္းသမီးဘက္ တစ္ဖက္ကသာ အသံေတြထြက္ခဲ့ေပမယ့္ ထုတ္လုပ္သူဘက္ကေတာ့ အေႀကာင္းတစ္စံုတစ္ရာမွ ေျဖရွင္း ထားျခင္းမရွိေသးေပမယ့္ ယေန့မနက္ပိုင္း ခ်ိန္းဆိုမႈမွာေတာ့ မင္းသမီးဘက္က ပ်က္ကြက္ခဲ့တာပဲျဖစ္ပါတယ္။

မိုးတို့က ႏွစ္ဦးႏွစ္ဖက္ေတြ့ျပီး ေျဖရွင္းရေသးတာ မဟုတ္ပါဘူး။ ေဖ့ဘုတ္မွာ ေရးေနရံုနဲ့ ျပီးသြားတဲ့ ကိစၥမဟုတ္ဘူး။ ရိုက္ကြင္းမွာ ျဖစ္တဲ့ ကိစၥျဖစ္တဲ့အတြက္ ရုပ္ရွင္အစည္းအရံုးမွာ ေျဖရွင္းဖို့ လုပ္လိုက္တာပါ။ မိုးတို့ဘက္က ဆက္သြယ္ေပမယ့္ ဆက္သြယ္တာကို လက္မခံတဲ့အတြက္ ရုပ္ရွင္ အစည္းအရံုးကေနပဲ ဆက္သြယ္ျပီး လုပ္တာပါ။ ျပီးေတာ့ မိုးတို့ ဒီဇာတ္ကားကိုလဲ ဆက္ျပီးေတာ့ ရိုက္မွာပါ။

မင္းသမီးနဲ့ ထုတ္လုပ္သူေတြကလဲ ပရိသတ္ေတြရဲ့ စိတ္၀င္စားမႈ မ်ားစြာ ခံရတဲ့ မိုးေဟကိုနဲ့ သင္ဇာ၀င့္ေက်ာ္တို့ ျဖစ္ေလေတာ့ ညေန ၃နာရီမွာ ေျဖရွင္းမယ့္ အေႀကာင္းကေတာ့ ေတာ္ေတာ္ကို စိတ္၀င္စားစရာပါပဲ။ ကဲ ညေနမွာ သူတို့ရဲ့ ေျဖရွင္းခ်က္ေတြကို ဆက္လက္ေဖာ္ျပေပးမွာ ျဖစ္တဲ့အတြက္ ေစာင့္ေမွ်ာ္ဖတ္ရႈႀကဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မ်က္ေျပ(မိုမိုေလး)

#Unicode Version#
မင်းသမီးနဲ့ ထုတ်လုပ်လုပ်သူ၊ ဒါရိုက်တာတို့ကြား အဆင်မပြေတွေဖြစ်ခဲ့ရတဲ့ သူမနာမည် ရွှေရုပ် ဇာတ်ကားကြီးနဲ့ပါတ်သတ်ပြီး မင်းသမီး သင်ဇာဝင့်ကျော် ထုတ်လုပ်သူ မိုးဟေကိုတို့ကတော့ ဝင်္ကဘာလမ်းမှာ ရှိတဲ့ ရုပ်ရှင်အစည်းအရုံးမှာ နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် ဖြေရှင်းဖို့ ယနေ့မနက် ၉နာရီမှာ ချိန်းဆိုထားကြပေမယ့် သင်ဇာဝင့်ကျော်က ရောက်မလာတဲ့အတွက် နေ့လည် ၃နာရီမှာ ပြန်လည်ချိန်းဆိုထားတယ်လို့ သိရပါတယ်။

စာချုပ်ပါ စည်းကမ်းအတိုင်း သိန်းခြောက်ဆယ်ကို (၃)ဆလျော်ရမယ့် ကိစ္စမှာ မင်းသမီးဘက် တစ်ဖက်ကသာ အသံတွေထွက်ခဲ့ပေမယ့် ထုတ်လုပ်သူဘက်ကတော့ အကြောင်းတစ်စုံတစ်ရာမှ ဖြေရှင်း ထားခြင်းမရှိသေးပေမယ့် ယနေ့မနက်ပိုင်း ချိန်းဆိုမှုမှာတော့ မင်းသမီးဘက်က ပျက်ကွက်ခဲ့တာပဲဖြစ်ပါတယ်။

မိုးတို့က နှစ်ဦးနှစ်ဖက်တွေ့ပြီး ဖြေရှင်းရသေးတာ မဟုတ်ပါဘူး။ ဖေ့ဘုတ်မှာ ရေးနေရုံနဲ့ ပြီးသွားတဲ့ ကိစ္စမဟုတ်ဘူး။ ရိုက်ကွင်းမှာ ဖြစ်တဲ့ ကိစ္စဖြစ်တဲ့အတွက် ရုပ်ရှင်အစည်းအရုံးမှာ ဖြေရှင်းဖို့ လုပ်လိုက်တာပါ။ မိုးတို့ဘက်က ဆက်သွယ်ပေမယ့် ဆက်သွယ်တာကို လက်မခံတဲ့အတွက် ရုပ်ရှင် အစည်းအရုံးကနေပဲ ဆက်သွယ်ပြီး လုပ်တာပါ။ ပြီးတော့ မိုးတို့ ဒီဇာတ်ကားကိုလဲ ဆက်ပြီးတော့ ရိုက်မှာပါ။

မင်းသမီးနဲ့ ထုတ်လုပ်သူတွေကလဲ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု များစွာ ခံရတဲ့ မိုးဟေကိုနဲ့ သင်ဇာဝင့်ကျော်တို့ ဖြစ်လေတော့ ညနေ ၃နာရီမှာ ဖြေရှင်းမယ့် အကြောင်းကတော့ တော်တော်ကို စိတ်ဝင်စားစရာပါပဲ။ ကဲ ညနေမှာ သူတို့ရဲ့ ဖြေရှင်းချက်တွေကို ဆက်လက်ဖော်ပြပေးမှာ ဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုကြဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: မျက်ပြေ(မိုမိုလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top