ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မဂၤလာပြဲအတြက္ အားႀကိဳးမာန္တက္ စီစဥ္ေနတဲ့အခ်ိန္မွာ မေကာင္းတဲ့ ခံစားခ်က္ေတြ ခံစားေနရပါလား။ စိတ္မပူပါနဲ႔။ ဒါက စံုတြဲတိုင္း ျဖစ္ေနတဲ့ ကိစၥပါ။

ဒီတစ္ခါ Marry ေဝမွ်ေပးခ်င္တာကေတာ့ မဂၤလာပြဲအတြက္ စီစဥ္ ေဆာင္ရြက္ေနရင္း ခံစားရႏိုင္တဲ့ ခံစားခ်က္ေတြ၊ အေတြးေတြ အေၾကာင္းပဲ ျဖစ္ပါတယ္။ မဂၤလာပြဲ တစ္ပြဲဆိုတာ အေပ်ာ္၊ အၿပံဳးေတြနဲ႔ပဲ ထံုမႊမ္းေနတယ္ ဆိုေပမယ့္ အဲ့လို ၿပံဳးေပ်ာ္ႏိုင္ဖို႔ အတြက္ ႀကိဳတင္ စီစဥ္ေဆာင္ရြက္ ေနတဲ့အခ်ိန္ေတြတုန္းကေတာ့ လူေရာ၊ စိတ္ပါ အပင္ပန္း ခံရပါတယ္။

ပင္ပန္းမႈ၊ ေငြကုန္ေၾကးက်မ်ားမႈနဲ႔ မဂၤလာပြဲအတြက္ အဆင္မေျပမွာ စိုးရိမ္ပူပန္ေနရမႈ ေတြေၾကာင့္ အဲ့ဒိအခ်ိန္ကာလမွာ အၿပံဳးအေပ်ာ္ေတြကို ခံစားရတယ္ဆိုတာ ရွားပါတယ္။ မဂၤလာပြဲအတြက္ အားႀကိဳးမာန္တက္ စီစဥ္ေနတဲ့အခ်ိန္မွာ မေကာင္းတဲ့ ခံစားခ်က္ေတြ ခံစားေနရတယ္ဆိုရင္ စိတ္မပူပါနဲ႔။ ဒါက စံုတြဲတိုင္း ျဖစ္ေနတဲ့ ကိစၥပါ။

အထူးသျဖင့္ေတာ့ သတို႔သမီးေလာင္းေလးေတြက ကိုယ့္ကိုကိုယ္ လွပေနဖို႔ အာ႐ံုစိုက္ရ၊ မဂၤလာပြဲ အဆင္မေျပမွာ စိုးလို႔ ကိုယ္တိုင္ကိုယ္က် ပါဝင္ေဆာင္ရြက္ရနဲ႔ ပင္ပန္းမႈနဲ႔ စိတ္ဖိစီးမႈကို ပိုၿပီး ခံစားရႏိုင္ပါတယ္။ မိန္းမသားတို႔ သဘာဝ လစဥ္ ဓမၼတာ လာတဲ့ အခ်ိန္မ်ိဳးမွာဆို ပိုလို႔ ဆိုးႏိုင္တာမို႔ အဲ့လိုရက္ေတြမွာဆိုရင္ စီစဥ္စရာရွိတာ၊ လုပ္စရာရွိတာေတြကို ခဏထားထားၿပီး အနားယူသင့္ပါတယ္။

မဂၤလာပြဲအတြက္ စီစဥ္ေနရင္း ခံစားမိႏိုင္တဲ့ ခံစားခ်က္ တစ္ခုကေတာ့ မဂၤလာေဆာင္မိတာ မွားၿပီဆိုတဲ့ ခံစားခ်က္ပါ။ ဒါဟာ ေဆာင္ရြက္စရာမ်ားၿပီး ႐ႈပ္ေထြးလြန္းတဲ့ မဂၤလာပြဲ အႀကိဳကာလမွာ ခံစားရတတ္တဲ့ သမ႐ိုးက် ခံစားခ်က္တစ္ခုပါပဲ။ မဂၤလာေဆာင္ၿပီးသြားတဲ့ စံုတြဲေတြ ေတာ္ေတာ္မ်ားမ်ားလည္း မဂၤလာပြဲအတြက္ ေဆာင္ရြက္ေနၾကရင္း အဲ့လိုခံစားခဲ့ ၊ ေတြးခဲ့ၾကပါတယ္။ တကယ္တမ္း မဂၤလာပြဲေန႔က်ေတာ့လည္း အေပ်ာ္ဆံုး ျဖတ္သန္းသြားရတာပါပဲ။

ေနာက္တစ္ခုကေတာ့ ပြဲစီစဥ္ဖို႔ ညွိႏႈိင္းၾကတဲ့အခါမွာ သေဘာထားခ်င္း မတူတာေတြရွိတတ္ပါတယ္။ ဒါက ျပႆနာ မဟုတ္ပါဘူး။ လူေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ အႀကိဳက္ေတြ၊ ခံစားခ်က္ေတြ မတူႏိုင္ဘူးေလ။ သတို႔သမီးေလးေတြ အမ်ားစုကေတာ့ ကိုယ့္ကိုခ်စ္ရင္ ကိုယ့္အႀကိဳက္ကို လိုက္ႀကိဳက္ရမယ္လို႔ ေတြးတတ္ၾကပါတယ္။ မဂၤလာပြဲအတြက္ အဝတ္အစား ဒီဇိုင္း၊ ဖိတ္စာ ဒီဇိုင္း၊ အခမ္းအနား က်င္းပမယ့္ ေနရာ စတာေတြကို  ေရြးခ်ယ္ၾကရင္း သေဘာထားခ်င္း မတိုက္ဆိုင္တာေတြ ရွိရင္ အခ်စ္ေတြေပါ့သြားလို႔လားလို႔ မေတြးပါနဲ႔ေနာ္။ လူကိုခ်စ္တာနဲ႔  ဒီဇိုင္းေတြ၊ အေရာင္ေတြ၊ ေနရာေတြကို ႀကိဳက္တာနဲ႔ မတူႏိုင္ဘူးေလ။

ဒီေတာ့ Marry ေျပာျပခ်င္တာက မဂၤလာပြဲအတြက္ စီစဥ္ေဆာင္ရြက္ေနရင္း မေကာင္းတဲ့ ခံစားခ်က္၊ အေတြးေတြ ဝင္လာတတ္ပါတယ္။ အဲ့လို ျဖစ္လာတဲ့အခါ အဲ့ဒိမေကာင္းတဲ့ ခံစားခ်က္ေတြကို လိုက္ၿပီးခံစားမေနပါနဲ႔။ စိတ္ပင္ပန္းမႈ၊ စိတ္ဖိစီးေၾကာင့္ ျဖစ္ရတဲ့ စိတ္အခန္႔မသင့္မႈေတြ ျဖစ္တာမို႔ လက္တြဲေဖာ္အခ်င္းခ်င္း ညွိညွိႏႈိင္းႏိႈင္း တိုင္တိုင္ ပင္ပင္နဲ႔ အတူတကြ ေဆာင္ရြက္ၾကပါလို႔  အႀကံေပးပါရေစေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Marry with

# Unicode Version #
မင်္ဂလာပွဲအတွက် အားကြိုးမာန်တက် စီစဉ်နေတဲ့အချိန်မှာ မကောင်းတဲ့ ခံစားချက်တွေ ခံစားနေရပါလား။ စိတ်မပူပါနဲ့။ ဒါက စုံတွဲတိုင်း ဖြစ်နေတဲ့ ကိစ္စပါ။

ဒီတစ်ခါ Marry ဝေမျှပေးချင်တာကတော့ မင်္ဂလာပွဲအတွက် စီစဉ် ဆောင်ရွက်နေရင်း ခံစားရနိုင်တဲ့ ခံစားချက်တွေ၊ အတွေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲ တစ်ပွဲဆိုတာ အပျော်၊ အပြုံးတွေနဲ့ပဲ ထုံမွှမ်းနေတယ် ဆိုပေမယ့် အဲ့လို ပြုံးပျော်နိုင်ဖို့ အတွက် ကြိုတင် စီစဉ်ဆောင်ရွက် နေတဲ့အချိန်တွေတုန်းကတော့ လူရော၊ စိတ်ပါ အပင်ပန်း ခံရပါတယ်။

ပင်ပန်းမှု၊ ငွေကုန်ကြေးကျများမှုနဲ့ မင်္ဂလာပွဲအတွက် အဆင်မပြေမှာ စိုးရိမ်ပူပန်နေရမှု တွေကြောင့် အဲ့ဒိအချိန်ကာလမှာ အပြုံးအပျော်တွေကို ခံစားရတယ်ဆိုတာ ရှားပါတယ်။ မင်္ဂလာပွဲအတွက် အားကြိုးမာန်တက် စီစဉ်နေတဲ့အချိန်မှာ မကောင်းတဲ့ ခံစားချက်တွေ ခံစားနေရတယ်ဆိုရင် စိတ်မပူပါနဲ့။ ဒါက စုံတွဲတိုင်း ဖြစ်နေတဲ့ ကိစ္စပါ။

အထူးသဖြင့်တော့ သတို့သမီးလောင်းလေးတွေက ကိုယ့်ကိုကိုယ် လှပနေဖို့ အာရုံစိုက်ရ၊ မင်္ဂလာပွဲ အဆင်မပြေမှာ စိုးလို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ရနဲ့ ပင်ပန်းမှုနဲ့ စိတ်ဖိစီးမှုကို ပိုပြီး ခံစားရနိုင်ပါတယ်။ မိန်းမသားတို့ သဘာဝ လစဉ် ဓမ္မတာ လာတဲ့ အချိန်မျိုးမှာဆို ပိုလို့ ဆိုးနိုင်တာမို့ အဲ့လိုရက်တွေမှာဆိုရင် စီစဉ်စရာရှိတာ၊ လုပ်စရာရှိတာတွေကို ခဏထားထားပြီး အနားယူသင့်ပါတယ်။

မင်္ဂလာပွဲအတွက် စီစဉ်နေရင်း ခံစားမိနိုင်တဲ့ ခံစားချက် တစ်ခုကတော့ မင်္ဂလာဆောင်မိတာ မှားပြီဆိုတဲ့ ခံစားချက်ပါ။ ဒါဟာ ဆောင်ရွက်စရာများပြီး ရှုပ်ထွေးလွန်းတဲ့ မင်္ဂလာပွဲ အကြိုကာလမှာ ခံစားရတတ်တဲ့ သမရိုးကျ ခံစားချက်တစ်ခုပါပဲ။ မင်္ဂလာဆောင်ပြီးသွားတဲ့ စုံတွဲတွေ တော်တော်များများလည်း မင်္ဂလာပွဲအတွက် ဆောင်ရွက်နေကြရင်း အဲ့လိုခံစားခဲ့ ၊ တွေးခဲ့ကြပါတယ်။ တကယ်တမ်း မင်္ဂလာပွဲနေ့ကျတော့လည်း အပျော်ဆုံး ဖြတ်သန်းသွားရတာပါပဲ။

နောက်တစ်ခုကတော့ ပွဲစီစဉ်ဖို့ ညှိနှိုင်းကြတဲ့အခါမှာ သဘောထားချင်း မတူတာတွေရှိတတ်ပါတယ်။ ဒါက ပြဿနာ မဟုတ်ပါဘူး။ လူတွေက တစ်ယောက်နဲ့ တစ်ယောက် အကြိုက်တွေ၊ ခံစားချက်တွေ မတူနိုင်ဘူးလေ။ သတို့သမီးလေးတွေ အများစုကတော့ ကိုယ့်ကိုချစ်ရင် ကိုယ့်အကြိုက်ကို လိုက်ကြိုက်ရမယ်လို့ တွေးတတ်ကြပါတယ်။ မင်္ဂလာပွဲအတွက် အဝတ်အစား ဒီဇိုင်း၊ ဖိတ်စာ ဒီဇိုင်း၊ အခမ်းအနား ကျင်းပမယ့် နေရာ စတာတွေကို  ရွေးချယ်ကြရင်း သဘောထားချင်း မတိုက်ဆိုင်တာတွေ ရှိရင် အချစ်တွေပေါ့သွားလို့လားလို့ မတွေးပါနဲ့နော်။ လူကိုချစ်တာနဲ့  ဒီဇိုင်းတွေ၊ အရောင်တွေ၊ နေရာတွေကို ကြိုက်တာနဲ့ မတူနိုင်ဘူးလေ။

ဒီတော့ Marry ပြောပြချင်တာက မင်္ဂလာပွဲအတွက် စီစဉ်ဆောင်ရွက်နေရင်း မကောင်းတဲ့ ခံစားချက်၊ အတွေးတွေ ဝင်လာတတ်ပါတယ်။ အဲ့လို ဖြစ်လာတဲ့အခါ အဲ့ဒိမကောင်းတဲ့ ခံစားချက်တွေကို လိုက်ပြီးခံစားမနေပါနဲ့။ စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးကြောင့် ဖြစ်ရတဲ့ စိတ်အခန့်မသင့်မှုတွေ ဖြစ်တာမို့ လက်တွဲဖော်အချင်းချင်း ညှိညှိနှိုင်းနှိုင်း တိုင်တိုင် ပင်ပင်နဲ့ အတူတကွ ဆောင်ရွက်ကြပါလို့  အကြံပေးပါရစေနော်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Marry with
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top