Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တစ္ရက္ေလာက္ပဲျဖစ္ေစ အိပ္ေရး၀၀ အိပ္စက္ႏိုင္ရန္ လူတိုင္းလူတိုင္း မက္ေမာေတာင့္တႀကပါသည္။ အဲ့လို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္စက္ျခင္းက ကိုယ္ပိုင္းဆိုင္ရာသာမက စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးအတြက္ပါ အထူးေကာင္းမြန္ပါသည္။ အိပ္ေရးပ်က္ျခင္းသည္ ႏွလံုးေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ အ၀လြန္ျခင္း၊ စိတ္ဂေယာက္ဂယက္ျဖစ္ျခင္း၊ ဆံပင္ကၽြတ္ျခင္း ႏွင့္ အရြယ္မတိုင္ခင္အိုမင္းရင့္ေရာ္ျခင္း အစသျဖင့္ မ်ိဳးစံုေသာ ေရာဂါလကၡဏာေပါင္းစံုကို ျဖစ္ေပၚလာေစႏိုင္ပါသည္။

မိမိကိုယ္တိုင္ သတိမထားလိုက္မိသည့္ အေႀကာင္းအရင္းအမ်ိဳးမ်ိဳးက အိပ္စက္မႈကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ အားလံုးထဲမွာမွ ညဘက္အိပ္စက္ခ်ိန္အတြင္း ျဖစ္တတ္သည့္ အိပ္ပံုအိပ္နည္းကို ခ်ံဳငံုႀကည့္လိုက္ပါက ေကာင္းမြန္ေသာအိပ္စက္မႈအေပၚ အဓိကသက္ေရာက္မႈရွိေနပါတယ္။ အဲ့လိုအိပ္စက္ပံုစံေတြက ေနာက္တေန႕မနက္ သုိ႕မဟုတ္ တေနကုန္လံုး ခႏၶာကိုယ္မအီမသာခံစားရတာသာမဟုတ္ဘဲ သင့္ဦးေႏွာက္က်န္းမာေရးကိုပါ သက္ေရာက္မႈရွိႏိုင္ပါတယ္။

ဒါေႀကာင့္ သင္တို႕လည္း မိမိတို႕ရဲ႕က်န္းမာေရးႏွင့္ သင့္ေတာ္ကိုက္ညီသည့္ အိပ္စက္ပံုကိုယ္ေနဟန္ထားေတြကို သိရွိေစႏိုင္ရန္ ေ၀မွ်ေပးလိုက္ရပါတယ္။

၁။ လက္ႏွစ္ဖက္ေဘးကပ္ကာ ပက္လက္အိပ္ျခင္း
ေကာင္းက်ိဳး – လက္ႏွစ္ဖက္ေဘးကပ္ကာ ပက္လက္အိပ္ျခင္းသည္ ေက်ာရိုးက်န္းမာေရးအတြက္ အထူးေကာင္းမြန္ေသာ အိပ္စက္ပံုတစ္မ်ိဳးျဖစ္ပါသည္။ အရိုးအဆစ္အေပၚ သက္ေရာက္မႈရွိသည့္ ဖိအားေလ်ာ႕နည္းသြားေသာေႀကာင့္ ဂုတ္ႏွင့္ ေနာက္ေက်ာဖက္တို႕ နာက်င္ခံစားရမႈျဖစ္ေပၚမႈကို ကာကြယ္ေပးမွာျဖစ္ပါသည္။

ဆိုးက်ိဳး – အိပ္ေနစဥ္အတြင္း အသက္ရႈရပ္သြားျခင္း၊ ေဟာက္ျခင္းတို႕ကဲ့သို႕ေသာ ျဖစ္ေလ့ျဖစ္ထရွိေသာ ကိစၥရပ္ေလး မ်ားက ပက္လက္အိပ္တတ္တဲ့ လူေတြမွာ အျဖစ္မ်ားတတ္ပါတယ္။

၂။ လက္ႏွစ္ဖက္အေပၚေျမွာက္ကာ ပက္လက္အိပ္ျခင္း
ေကာင္းက်ိဳး – လက္ႏွစ္ဖက္ေဘးကပ္ကာ ပက္လက္အိပ္ျခင္းက ေက်ာရိုးက်န္းမာေရးအတြက္ အထူးေကာင္းမြန္ေသာ အိပ္စက္ပံုတစ္မ်ိဳးျဖစ္ပါတယ္။ အရိုးအဆစ္အေပၚ သက္ေရာက္မႈရွိတဲ့ ဖိအားေလ်ာ႕နည္းသြားေသာေႀကာင့္ ဂုတ္ႏွင့္ ေနာက္ေက်ာဖက္တို႕ နာက်င္ခံစားရမႈျဖစ္ေပၚမႈကို ကာကြယ္ေပးမွာျဖစ္ပါတယ္။ သည့္အျပင္ မ်က္ႏွာေပၚရွိ အ အေရးအေႀကာင္းမ်ား ျဖစ္ေပၚမႈကိုလည္း ကာကြယ္ေပးပါတယ္။

ဆိုးက်ိဳး – ဤကဲ့သို႕ အိပ္စက္မႈပံုစံက ေဟာက္သည့္ျပႆနာကို ျဖစ္ေပၚေစသလို လက္ႏွစ္ဖက္အေပၚေျမွာက္အိပ္ျခင္း ကလည္း ပုခံုးရွိအေႀကာမ်ားကို ဖိအားျဖစ္ေစတဲ့အတြက္ နာက်င္မႈကို ခံစားရႏိုင္ပါတယ္။

၃။ လက္ႏွစ္ဖက္ေဘးထားကာ ေဘးတုိက္အိပ္ျခင္း
ေကာင္းက်ိဳး – ေဘးတိုက္အိပ္ျခင္းက ေက်ာရိုးရိွအဆစ္မ်ားကို ပံုမွန္အတိုင္း ျဖစ္ေစသည့္အတြက္ ေက်ာရိုးအတြက္ အ ထူးသင့္ေတာ္ေသာ အိပ္စက္ပံုတစ္မ်ိဳးျဖစ္ပါတယ္။ ေျဖာင့္တန္းညီညာသည့္ ေက်ာရိုးက ေနာက္ေက်ာဖက္ႏွင့္ ဂုတ္နာ က်င္မႈကို ကာကြယ္ေပးရံုသာမက အိပ္ေနစဥ္အတြင္း အသက္ရႈရပ္သြားျခင္းကိုလည္း ေလ်ာ႕က်ေစပါတယ္။ ကိုယ္ ၀န္ေဆာင္အမ်ိဳးသမီးမ်ားအတြက္ အေကာင္းဆံုးေသာ အိပ္စက္ပံုစံပဲျဖစ္ပါတယ္။

ဆိုးက်ိဳး – ေဘးတိုက္အိပ္စက္သည့္အခါ အေပၚေျခေထာက္မွာ လံုေလာက္ေသာ ေထာက္ပံ့မႈကို မရရွိႏိုင္သည့္အ တြက္ အနာဂတ္တြင္ ေနာက္ေက်ာဖက္ သို႕မဟုတ္ တင္ပါးနာက်င္မႈတို႕ ျဖစ္ေပၚလာဖို႕ အလားအလာမ်ားပါတယ္။

၄။ လက္ႏွစ္ဖက္ဆန္႕ကာ ေဘးတိုက္အိပ္ျခင္း
ေကာင္းက်ိဳး – ဤအိပ္စက္မႈပံုစံဟာ ေနာက္ေက်ာႏွင့္ ဂုတ္နာက်င္မႈတုိ႕ကို ကာကြယ္ေပးႏိုင္ပါတယ္။ ထို႕အျပင္  ေဟာက္ျခင္းကို ေလ်ာ႕ခ်ေပးၿပီး ရင္ပူရင္ဆာျဖစ္ျခင္းႏွင့္ အက္စစ္ျပန္စီးျခင္းတုိ႕ကိုလည္း ေျဖေဖ်ာက္ေပးႏိုင္ပါတယ္။ လက္ႏွစ္ဖက္ဆန္႕တန္းကာ ေဘးတိုက္ပံုစံျဖင့္ အိပ္စက္တတ္သည့္သူမ်ားက ညသန္းေခါင္ယံအခ်ိန္ေတြမွာ အလြယ္တကူႏိႈးထဖို႕ အလားအလာမ်ားပါတယ္။

ဆိုးက်ိဳး – ေဘးတိုက္အိပ္ျခင္းက ေသြးပံုမွန္စီးဆင္းမႈကို ဟန္႕တားႏိုင္ၿပီး အေႀကာမ်ားအေပၚ ဖိအားေပးမိသည့္အ တြက္ ပုခံုးႏွင့္လက္တုိ႕အား နာက်င္မႈေစႏိုင္ပါတယ္။ မ်က္ႏွာကို တဖက္တည္းမွာထားၿပီး အိပ္စက္မိသည့္အတြက္  ေနာက္ထပ္၍လည္း ရင္သားေပ်ာ႕တြဲျခင္း၊ အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းတို႕႕ကို ျဖစ္ေပၚေစႏိုင္ပါတယ္။

၅။ သေႏၶသားအေနထားျဖင့္ အိပ္စက္ျခင္း
ေကာင္းက်ိဳး – ကိုယ္၀န္ေဆာင္သည္ အမ်ိဳးသမီးမ်ားအတြက္ အထူးေကာင္းမြန္သည့္ အိပ္စက္ပံုစံတစ္မ်ိဳးျဖစ္ၿပီး  ေဟာက္ျခင္းကိုလည္း အေတာ္အသင့္ေလ်ာ႕ခ်ေပးႏိုင္ပါတယ္။

ဆိုးက်ိဳး – ေဘးတိုက္ေကြးၿပီး အိပ္စက္ျခင္းက အိပ္ေပ်ာ္သြားသည့္အခါမွာ သက္ေသာင့္သက္သာရွိႏိုင္ေသာ္လည္း သင့္ဂုတ္နဲ႕ေက်ာဖက္ကို ဒဏ္ျဖစ္ေစႏိုင္ပါတယ္။ အခ်ိန္ႀကာလာသည္ႏွင့္အမွ် တင္ပါးရိုးအေႀကာနာက်င္မႈကဲ့သို႕ေသာ ျပင္းထန္ေသာေရာဂါမ်ား ျဖစ္လာႏိုင္စြမ္းရွိပါတယ္။

၆။ ေမွာက္လ်က္အိပ္ျခင္း
ေကာင္းက်ိဳး – ၀မ္းလ်ားေမွာက္အိပ္ျခင္းက အေပၚဖက္ေလ၀င္ေလထြက္လမ္းေႀကာင္းကို ပိုပြင့္ေအာင္ကူညီေပးသည့္ အတြက္ ေဟာက္တာကို ေလွ်ာ႕ခ်ေပးႏိုင္ပါတယ္။ ဤအေနအထားျဖင့္ အိပ္စက္ျခင္းက  အစာေျခစနစ္ကိုလည္း ပို မိုေကာင္းမြန္ေစပါတယ္။

ဆိုးက်ိဳး – ေက်ာရိုးနာက်င္မႈကို ျဖစ္ပြားေစသည့္အတြက္ အခ်ိဳ႕ေသာပညာရွင္မ်ားက ၀မ္းလ်ားေမွာက္အိပ္ျခင္းကို အဆိုးဆံုးအိပ္စက္မႈပံုစံဟု သတ္မွတ္ႀကပါတယ္။ ေမွာက္လ်က္အိပ္ျခင္းက ေက်ာရိုးရဲ႕သဘာ၀ေကာက္ေႀကာင္းကို  ေထာက္ပံ့မႈမရွိ သည့္အတြက္ ခါးရိုးႏွင့္ အျခားအရိုးအဆစ္၊ ႀကြက္သားမ်ား ထံုက်င္ကိုက္ခဲမႈကို ျဖစ္ေပၚေစႏိုင္ပါ တယ္။ ၂၀၁၅ ခုႏွစ္၏ စစ္ေဆးခ်က္မ်ားအရ ၀က္ရႈးျပန္ေရာဂါရွိသည့္သူမ်ားသည္ ၀မ္းလ်ားေမွာက္ပံုစံျဖင့္ အိပ္စက္ေနစဥ္ အတြင္း ေသဆံုးဖုိ႕အလားအလာမ်ားသည္ဟု သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
တစ်ရက်လောက်ပဲဖြစ်စေ အိပ်ရေး၀၀ အိပ်စက်နိုင်ရန် လူတိုင်းလူတိုင်း မက်မောတောင့်တကြပါသည်။ အဲ့လို နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းက ကိုယ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အထူးကောင်းမွန်ပါသည်။ အိပ်ရေးပျက်ခြင်းသည် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ စိတ်ဂယောက်ဂယက်ဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်း နှင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်း အစသဖြင့် မျိုးစုံသော ရောဂါလက္ခဏာပေါင်းစုံကို ဖြစ်ပေါ်လာစေနိုင်ပါသည်။

မိမိကိုယ်တိုင် သတိမထားလိုက်မိသည့် အကြောင်းအရင်းအမျိုးမျိုးက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အားလုံးထဲမှာမှ ညဘက်အိပ်စက်ချိန်အတွင်း ဖြစ်တတ်သည့် အိပ်ပုံအိပ်နည်းကို ချုံငုံကြည့်လိုက်ပါက ကောင်းမွန်သောအိပ်စက်မှုအပေါ် အဓိကသက်ရောက်မှုရှိနေပါတယ်။ အဲ့လိုအိပ်စက်ပုံစံတွေက နောက်တနေ့မနက် သို့မဟုတ် တနေကုန်လုံး ခန္ဓာကိုယ်မအီမသာခံစားရတာသာမဟုတ်ဘဲ သင့်ဦးနှောက်ကျန်းမာရေးကိုပါ သက်ရောက်မှုရှိနိုင်ပါတယ်။

ဒါကြောင့် သင်တို့လည်း မိမိတို့ရဲ့ကျန်းမာရေးနှင့် သင့်တော်ကိုက်ညီသည့် အိပ်စက်ပုံကိုယ်နေဟန်ထားတွေကို သိရှိစေနိုင်ရန် ဝေမျှပေးလိုက်ရပါတယ်။

၁။ လက်နှစ်ဖက်ဘေးကပ်ကာ ပက်လက်အိပ်ခြင်း
ကောင်းကျိုး – လက်နှစ်ဖက်ဘေးကပ်ကာ ပက်လက်အိပ်ခြင်းသည် ကျောရိုးကျန်းမာရေးအတွက် အထူးကောင်းမွန်သော အိပ်စက်ပုံတစ်မျိုးဖြစ်ပါသည်။ အရိုးအဆစ်အပေါ် သက်ရောက်မှုရှိသည့် ဖိအားလျော့နည်းသွားသောကြောင့် ဂုတ်နှင့် နောက်ကျောဖက်တို့ နာကျင်ခံစားရမှုဖြစ်ပေါ်မှုကို ကာကွယ်ပေးမှာဖြစ်ပါသည်။

ဆိုးကျိုး – အိပ်နေစဉ်အတွင်း အသက်ရှုရပ်သွားခြင်း၊ ဟောက်ခြင်းတို့ကဲ့သို့သော ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စရပ်လေး များက ပက်လက်အိပ်တတ်တဲ့ လူတွေမှာ အဖြစ်များတတ်ပါတယ်။

၂။ လက်နှစ်ဖက်အပေါ်မြှောက်ကာ ပက်လက်အိပ်ခြင်း
ကောင်းကျိုး – လက်နှစ်ဖက်ဘေးကပ်ကာ ပက်လက်အိပ်ခြင်းက ကျောရိုးကျန်းမာရေးအတွက် အထူးကောင်းမွန်သော အိပ်စက်ပုံတစ်မျိုးဖြစ်ပါတယ်။ အရိုးအဆစ်အပေါ် သက်ရောက်မှုရှိတဲ့ ဖိအားလျော့နည်းသွားသောကြောင့် ဂုတ်နှင့် နောက်ကျောဖက်တို့ နာကျင်ခံစားရမှုဖြစ်ပေါ်မှုကို ကာကွယ်ပေးမှာဖြစ်ပါတယ်။ သည့်အပြင် မျက်နှာပေါ်ရှိ အ အရေးအကြောင်းများ ဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပေးပါတယ်။

ဆိုးကျိုး – ဤကဲ့သို့ အိပ်စက်မှုပုံစံက ဟောက်သည့်ပြဿနာကို ဖြစ်ပေါ်စေသလို လက်နှစ်ဖက်အပေါ်မြှောက်အိပ်ခြင်း ကလည်း ပုခုံးရှိအကြောများကို ဖိအားဖြစ်စေတဲ့အတွက် နာကျင်မှုကို ခံစားရနိုင်ပါတယ်။

၃။ လက်နှစ်ဖက်ဘေးထားကာ ဘေးတိုက်အိပ်ခြင်း
ကောင်းကျိုး – ဘေးတိုက်အိပ်ခြင်းက ကျောရိုးရှိအဆစ်များကို ပုံမှန်အတိုင်း ဖြစ်စေသည့်အတွက် ကျောရိုးအတွက် အ ထူးသင့်တော်သော အိပ်စက်ပုံတစ်မျိုးဖြစ်ပါတယ်။ ဖြောင့်တန်းညီညာသည့် ကျောရိုးက နောက်ကျောဖက်နှင့် ဂုတ်နာ ကျင်မှုကို ကာကွယ်ပေးရုံသာမက အိပ်နေစဉ်အတွင်း အသက်ရှုရပ်သွားခြင်းကိုလည်း လျော့ကျစေပါတယ်။ ကိုယ် ဝန်ဆောင်အမျိုးသမီးများအတွက် အကောင်းဆုံးသော အိပ်စက်ပုံစံပဲဖြစ်ပါတယ်။

ဆိုးကျိုး – ဘေးတိုက်အိပ်စက်သည့်အခါ အပေါ်ခြေထောက်မှာ လုံလောက်သော ထောက်ပံ့မှုကို မရရှိနိုင်သည့်အ တွက် အနာဂတ်တွင် နောက်ကျောဖက် သို့မဟုတ် တင်ပါးနာကျင်မှုတို့ ဖြစ်ပေါ်လာဖို့ အလားအလာများပါတယ်။

၄။ လက်နှစ်ဖက်ဆန့်ကာ ဘေးတိုက်အိပ်ခြင်း
ကောင်းကျိုး – ဤအိပ်စက်မှုပုံစံဟာ နောက်ကျောနှင့် ဂုတ်နာကျင်မှုတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ထို့အပြင်  ဟောက်ခြင်းကို လျော့ချပေးပြီး ရင်ပူရင်ဆာဖြစ်ခြင်းနှင့် အက်စစ်ပြန်စီးခြင်းတို့ကိုလည်း ဖြေဖျောက်ပေးနိုင်ပါတယ်။ လက်နှစ်ဖက်ဆန့်တန်းကာ ဘေးတိုက်ပုံစံဖြင့် အိပ်စက်တတ်သည့်သူများက ညသန်းခေါင်ယံအချိန်တွေမှာ အလွယ်တကူနှိုးထဖို့ အလားအလာများပါတယ်။

ဆိုးကျိုး – ဘေးတိုက်အိပ်ခြင်းက သွေးပုံမှန်စီးဆင်းမှုကို ဟန့်တားနိုင်ပြီး အကြောများအပေါ် ဖိအားပေးမိသည့်အ တွက် ပုခုံးနှင့်လက်တို့အား နာကျင်မှုစေနိုင်ပါတယ်။ မျက်နှာကို တဖက်တည်းမှာထားပြီး အိပ်စက်မိသည့်အတွက်  နောက်ထပ်၍လည်း ရင်သားပျော့တွဲခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၅။ သန္ဓေသားအနေထားဖြင့် အိပ်စက်ခြင်း
ကောင်းကျိုး – ကိုယ်ဝန်ဆောင်သည် အမျိုးသမီးများအတွက် အထူးကောင်းမွန်သည့် အိပ်စက်ပုံစံတစ်မျိုးဖြစ်ပြီး  ဟောက်ခြင်းကိုလည်း အတော်အသင့်လျော့ချပေးနိုင်ပါတယ်။

ဆိုးကျိုး – ဘေးတိုက်ကွေးပြီး အိပ်စက်ခြင်းက အိပ်ပျော်သွားသည့်အခါမှာ သက်သောင့်သက်သာရှိနိုင်သော်လည်း သင့်ဂုတ်နဲ့ကျောဖက်ကို ဒဏ်ဖြစ်စေနိုင်ပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ တင်ပါးရိုးအကြောနာကျင်မှုကဲ့သို့သော ပြင်းထန်သောရောဂါများ ဖြစ်လာနိုင်စွမ်းရှိပါတယ်။

၆။ မှောက်လျက်အိပ်ခြင်း
ကောင်းကျိုး – ဝမ်းလျားမှောက်အိပ်ခြင်းက အပေါ်ဖက်လေဝင်လေထွက်လမ်းကြောင်းကို ပိုပွင့်အောင်ကူညီပေးသည့် အတွက် ဟောက်တာကို လျှော့ချပေးနိုင်ပါတယ်။ ဤအနေအထားဖြင့် အိပ်စက်ခြင်းက  အစာခြေစနစ်ကိုလည်း ပို မိုကောင်းမွန်စေပါတယ်။

ဆိုးကျိုး – ကျောရိုးနာကျင်မှုကို ဖြစ်ပွားစေသည့်အတွက် အချို့သောပညာရှင်များက ဝမ်းလျားမှောက်အိပ်ခြင်းကို အဆိုးဆုံးအိပ်စက်မှုပုံစံဟု သတ်မှတ်ကြပါတယ်။ မှောက်လျက်အိပ်ခြင်းက ကျောရိုးရဲ့သဘာဝကောက်ကြောင်းကို  ထောက်ပံ့မှုမရှိ သည့်အတွက် ခါးရိုးနှင့် အခြားအရိုးအဆစ်၊ ကြွက်သားများ ထုံကျင်ကိုက်ခဲမှုကို ဖြစ်ပေါ်စေနိုင်ပါ တယ်။ ၂၀၁၅ ခုနှစ်၏ စစ်ဆေးချက်များအရ ဝက်ရှုးပြန်ရောဂါရှိသည့်သူများသည် ဝမ်းလျားမှောက်ပုံစံဖြင့် အိပ်စက်နေစဉ် အတွင်း သေဆုံးဖို့အလားအလာများသည်ဟု သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top