Golden City Promotion
×


အသက္ ၃၈ ႏွစ္အရြယ္ အမ်ိဳးသမီး တစ္ဦးဟာ သူမ ရဲ႕ ေန႔စဥ္အစားအစာ ထဲမွာ အစပ္ပါေသာ အစားအစာ မ်ားထည့္သြင္းျခင္းျဖင့္ တစ္ႏွစ္အတြင္းမွာတင္ ကိုယ္အေလးခ်ိန္ ေပါင္ ၄၀ ေလ်ာ့က်သြားခဲ့တယ္လို႔ သိရပါတယ္။

Nagina Abdullah ဆိုသူ ထို အမ်ိဳးသမီးက Fox News သတင္းဌာနကို ေျပာျပခဲ့တာကေတာ့ သူမဟာ မိခင္တစ္ေယာက္ ျဖစ္လာၿပီးတဲ့ေနာက္ yo-yo ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်တဲ့ အစားအစာ အုပ္စု ကို ႏွစ္ေပါင္းမ်ားစြာ စားသံုးၿပီး ႀကိဳးစားခဲ့ဖူးတယ္လို႔ ဆိုပါတယ္။

"ကၽြန္မဟာ ကၽြန္မရဲ႕ ကယ္လိုရီ ေတြကို အၿမဲတမ္း ေရတြက္ေနပါတယ္။ ကၽြန္မအၿမဲတမ္းဗိုက္ဆာ ေနတယ္လို႔ ခံစားေနရပါတယ္။" လို႕ Abdullah က ဆိုပါတယ္။ ေနာက္ဆံုးမွာေတာ့ Abdullah က သူမဟာ သူမရဲ႕ ေန႔စဥ္အစားအစာ ထဲမွာ အစပ္အရသာ ရွိတဲ့ အစားအစာေတြ ရိုးရွင္းစြာ ထည့္သြင္းလိုက္ျခင္းနဲ႔ ေအာင္ျမင္မႈ ကို ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။

"အကယ္၍ သင္ ေန႔စဥ္ ဇီရာေစ့ ကို လက္ဖက္ဇြန္း နဲ႔ တစ္ဇြန္း စီ ၃လတိတိ စားသံုးမယ္ဆိုရင္ သင္တစ္ျခားနည္းလမ္းနဲ႔ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔ ႀကိဳးစားခဲ့တာထက္ ၃ ဆ ပိုမိုၿပီး ကိုယ္အေလးခ်ိန္ ေလ်ာ့က်သြားႏိုင္ပါတယ္။ " လို႔ Abdullah ကဆိုထားပါတယ္။ သူမဟာ သူမရဲ႕ အေတြ႕အႀကံဳေတြကို ျပန္လည္ ေ၀မွ်ဖို႔အတြက္လည္း MasalaBody.com ဆိုတဲ့ ၀က္ဘ္ဆိုက္ ကို စတင္ခဲ့ၿပီး ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်တဲ့ နည္းလမ္းေတြကို ဘေလာ့ဂ္က တစ္ဆင့္ ေရးသားထားပါတယ္။

Abdullah ရဲ႕ ေျပာၾကားခ်က္အရ သူမဟာ ေန႔စဥ္စားသံုးတဲ့ အစားအစာတိုင္းအတြက္ အစပ္ ေတြထည့္သြင္းဖို႔ ျပင္ဆင္ခဲ့တယ္လို႔ သိရပါတယ္။ ဥပမာ အားျဖင့္ သူမဟာ မနက္စာ မွာ သစ္ၾကံပိုးေခါက္ ကို ထည့္သြင္းၿပီး အင္ဆူလင္ ပမာဏ နဲ႔ ေသြးထဲက သၾကားဓါတ္ ကို ေလွ်ာ့ခ်ဖို႔အတြက္ စားသံုးသလို ၊ ဆား ၊ ငရုတ္သီးမႈန္႔ အစရွိသျဖင့္ အစားအစာ တိုင္းထဲကို ထည့္သြင္းစားသံုး တယ္လို႔ သိရပါတယ္။

ညစာ မွာလည္း ၾကက္သားဟင္း ကို ၾကက္သြန္ျဖဴ ၊ ဂ်င္း ၊ အနီေရာင္ ငရုတ္သီး ၊ တရုတ္ နံနံပင္ ၊ ဇီရာေစ့ တိုကိုလည္း ထည့္သြင္း ခ်က္ျပဳတ္တယ္လို႔ ဆိုထားပါတယ္။

ကၽြမ္းက်င္သူ ေတြရဲ႕ သံုးသပ္ခ်က္အရေတာ့ အစပ္ စားျခင္းဟာ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ရာမွာ ေကာင္းက်ိဳးမ်ားစြာ ရွိႏိုင္ေပမယ့္လည္း လႈပ္ရွားမႈမ်ားတဲ့ ေနထိုင္မႈ ပံုစံ နဲ႔ အစားအစာ အားလံုးကို မွ်မွ်တတ နဲ႔ ၀၀လင္လင္ အခ်ိန္မွန္မွန္ စားသံုးျခင္းဟာ လည္း ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ဖို႔အတြက္ အဓိက ေသာ့ခ်က္ တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
အသက် ၃၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးဟာ သူမ ရဲ့ နေ့စဉ်အစားအစာ ထဲမှာ အစပ်ပါသော အစားအစာ များထည့်သွင်းခြင်းဖြင့် တစ်နှစ်အတွင်းမှာတင် ကိုယ်အလေးချိန် ပေါင် ၄၀ လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။

Nagina Abdullah ဆိုသူ ထို အမျိုးသမီးက Fox News သတင်းဌာနကို ပြောပြခဲ့တာကတော့ သူမဟာ မိခင်တစ်ယောက် ဖြစ်လာပြီးတဲ့နောက် yo-yo ကိုယ်အလေးချိန် လျှော့ချတဲ့ အစားအစာ အုပ်စု ကို နှစ်ပေါင်းများစွာ စားသုံးပြီး ကြိုးစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

"ကျွန်မဟာ ကျွန်မရဲ့ ကယ်လိုရီ တွေကို အမြဲတမ်း ရေတွက်နေပါတယ်။ ကျွန်မအမြဲတမ်းဗိုက်ဆာ နေတယ်လို့ ခံစားနေရပါတယ်။" လို့ Abdullah က ဆိုပါတယ်။ နောက်ဆုံးမှာတော့ Abdullah က သူမဟာ သူမရဲ့ နေ့စဉ်အစားအစာ ထဲမှာ အစပ်အရသာ ရှိတဲ့ အစားအစာတွေ ရိုးရှင်းစွာ ထည့်သွင်းလိုက်ခြင်းနဲ့ အောင်မြင်မှု ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

"အကယ်၍ သင် နေ့စဉ် ဇီရာစေ့ ကို လက်ဖက်ဇွန်း နဲ့ တစ်ဇွန်း စီ ၃လတိတိ စားသုံးမယ်ဆိုရင် သင်တစ်ခြားနည်းလမ်းနဲ့ ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားခဲ့တာထက် ၃ ဆ ပိုမိုပြီး ကိုယ်အလေးချိန် လျော့ကျသွားနိုင်ပါတယ်။ " လို့ Abdullah ကဆိုထားပါတယ်။ သူမဟာ သူမရဲ့ အတွေ့အကြုံတွေကို ပြန်လည် ဝေမျှဖို့အတွက်လည်း MasalaBody.com ဆိုတဲ့ ဝက်ဘ်ဆိုက် ကို စတင်ခဲ့ပြီး ကိုယ်အလေးချိန်လျှော့ချတဲ့ နည်းလမ်းတွေကို ဘလော့ဂ်က တစ်ဆင့် ရေးသားထားပါတယ်။

Abdullah ရဲ့ ပြောကြားချက်အရ သူမဟာ နေ့စဉ်စားသုံးတဲ့ အစားအစာတိုင်းအတွက် အစပ် တွေထည့်သွင်းဖို့ ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။ ဥပမာ အားဖြင့် သူမဟာ မနက်စာ မှာ သစ်ကြံပိုးခေါက် ကို ထည့်သွင်းပြီး အင်ဆူလင် ပမာဏ နဲ့ သွေးထဲက သကြားဓါတ် ကို လျှော့ချဖို့အတွက် စားသုံးသလို ၊ ဆား ၊ ငရုတ်သီးမှုန့် အစရှိသဖြင့် အစားအစာ တိုင်းထဲကို ထည့်သွင်းစားသုံး တယ်လို့ သိရပါတယ်။

ညစာ မှာလည်း ကြက်သားဟင်း ကို ကြက်သွန်ဖြူ ၊ ဂျင်း ၊ အနီရောင် ငရုတ်သီး ၊ တရုတ် နံနံပင် ၊ ဇီရာစေ့ တိုကိုလည်း ထည့်သွင်း ချက်ပြုတ်တယ်လို့ ဆိုထားပါတယ်။

ကျွမ်းကျင်သူ တွေရဲ့ သုံးသပ်ချက်အရတော့ အစပ် စားခြင်းဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ ကောင်းကျိုးများစွာ ရှိနိုင်ပေမယ့်လည်း လှုပ်ရှားမှုများတဲ့ နေထိုင်မှု ပုံစံ နဲ့ အစားအစာ အားလုံးကို မျှမျှတတ နဲ့ ၀၀လင်လင် အချိန်မှန်မှန် စားသုံးခြင်းဟာ လည်း ကိုယ်အလေးချိန် လျှော့ချဖို့အတွက် အဓိက သော့ချက် တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top