Golden City Promotion
×

ကမၻာ့ေရႊေစ်းျမင့္တက္ လာျခင္းေၾကာင့္ တစ္ပတ္အတြင္း ျပည္တြင္းအေခါက္ေရႊေစ်း တစ္ က်ပ္သားလွ်င္ က်ပ္တစ္ေသာင္း ခန္႔ ျပန္လည္ျမင့္တက္လာသည္။


ထုိသုိ႔ ျမင့္တက္လာေသာ္ လည္း သီတင္းကြၽတ္ကာလျဖစ္ ေန၍ လက္၀တ္ရတနာေရာင္း အား ေကာင္းခဲ့ေၾကာင္း တိတ္စိန္ ေရႊဆုိင္ပုိင္ရွင္ ဦးေဇာ္ေအာင္က ေျပာသည္။

‘‘စက္တင္ဘာလထက္ယွဥ္ ရင္ေတာ့ အခုလက ေရာင္းအား ေကာင္းလာတယ္။ ဒါေပမဲ့ မီး လင္းအေခါက္ေရႊကေတာ့ ပိတ္ ရက္မ်ားေနလုိ႔ အေရာင္းအ၀ယ္ မျဖစ္ၾကဘူး’’ ဟု ၎က ဆက္ လက္ေျပာၾကားသည္။

ျပည္တြင္းအေခါက္ေရႊေစ်း သည္ ေအာက္တိုဘာ ၂ ရက္တြင္ တစ္က်ပ္သားလွ်င္ က်ပ္ ၉၂၁,၀၀၀ ၀န္းက်င္သုိ႔က်ဆင္း ခဲ့ေသာ္လည္း ေအာက္တိုဘာ ၈ ရက္တြင္ က်ပ္ ၉၃၁,၀၀၀ အထိ ျပန္လည္ ျမင့္တက္လာသည္။

ကမၻာ့ေရႊေစ်းသည္ ေအာက္ တိုဘာ ၃ ရက္တြင္ တစ္ေအာင္စ လွ်င္ ၁,၂၆၁ ေဒၚလာေပါက္ေစ်းရွိ ခဲ့ၿပီး ေအာက္တိုဘာ ၈ ရက္တြင္ ၁,၂၇၂ ေဒၚလာအထိ ျမင့္တက္ လာခဲ့သည္။

ကမၻာ့ေရႊေစ်းသည္ ၂၀၁၇  အတြင္း အတက္မ်ားခဲ့ၿပီး အေမရိ ကန္ႏွင့္ေျမာက္ကုိရီးယားစစ္ေရး တင္းမာမႈေၾကာင့္ စက္တင္ဘာ အတြင္း ၁၅ ရာခုိင္ႏႈန္းျမင့္တက္ လာခဲ့သည္။

ကမၻာ့ေရႊေစ်းသည္ စက္ တင္ဘာ ၁ ရက္တြင္ တစ္ေအာင္ စလွ်င္ ကန္ ၁,၃၅၇ ေဒၚလာရွိၿပီး ေအာက္တိုဘာ ၁ ရက္တြင္ ကန္ ၁,၂၇၈ ေဒၚလာသုိ႔ က်ဆင္းလာ သည္။ ထုိ႔ေနာက္ ကမၻာ့ေရႊေစ်း ဆက္တိုက္က်ဆင္းလာျခင္းျဖစ္သည္။

စစ္ေရးတင္းမာမႈေၾကာင့္ ကမၻာ့ေရႊေစ်းျမင့္ျခင္းအျပင္ သီ တင္းကြၽတ္ကာလတြင္ ေရႊေရာင္း အားေကာင္းသျဖင့္ ေရႊေစ်းျမင့္ တက္လာေၾကာင္း ေအာင္သမာဓိ ေရႊဆုိင္ပုိင္ရွင္ဦးေအာင္က ေျပာ ၾကားသည္။

‘‘မုိးတြင္းကာလက ေရာင္း အားမေကာင္းဘူး။ သီတင္းကြၽတ္ ဆုိေတာ့ ေရာင္းအားေကာင္းလာ တယ္။ ဒါေၾကာင့္ ေစ်းတက္လာ တာလည္း ပါတယ္။ ေနာက္ၿပီး ေရႊေမွာ္ေတြက အထြက္နည္းလုိ႔ ေစ်းကြက္ထဲ ေရႊအ၀င္နည္းသြား တာလည္းပါတယ္’’ ဟု ၎က ေျပာသည္။

လက္ရွိျပည္တြင္းေရႊေပါက္ ေစ်းသည္ ကမၻာ့ေရႊေစ်းႏွင့္ႏႈိင္း ယွဥ္ပါက အနည္းငယ္ျမင့္တက္ ေနၿပီး ဆက္လက္ျမင့္တက္ပါက ျပည္ပမွ ေရႊမ်ား၀င္လာႏုိင္သည္ ဟု ေရႊလုပ္ငန္းရွင္မ်ားအသင္း ဒုတိယဥကၠ႒ဦးေက်ာ္ျမင့္ကေျပာ ၾကားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#


ကမ္ဘာ့ရွှေဈေးမြင့်တက် လာခြင်းကြောင့် တစ်ပတ်အတွင်း ပြည်တွင်းအခေါက်ရွှေဈေး တစ် ကျပ်သားလျှင် ကျပ်တစ်သောင်း ခန့် ပြန်လည်မြင့်တက်လာသည်။


ထိုသို့ မြင့်တက်လာသော် လည်း သီတင်းကျွတ်ကာလဖြစ် နေ၍ လက်ဝတ်ရတနာရောင်း အား ကောင်းခဲ့ကြောင်း တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောသည်။

‘‘စက်တင်ဘာလထက်ယှဉ် ရင်တော့ အခုလက ရောင်းအား ကောင်းလာတယ်။ ဒါပေမဲ့ မီး လင်းအခေါက်ရွှေကတော့ ပိတ် ရက်များနေလို့ အရောင်းအဝယ် မဖြစ်ကြဘူး’’ ဟု ၎င်းက ဆက် လက်ပြောကြားသည်။

ပြည်တွင်းအခေါက်ရွှေဈေး သည် အောက်တိုဘာ ၂ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၉၂၁,၀၀၀ ဝန်းကျင်သို့ကျဆင်း ခဲ့သော်လည်း အောက်တိုဘာ ၈ ရက်တွင် ကျပ် ၉၃၁,၀၀၀ အထိ ပြန်လည် မြင့်တက်လာသည်။

ကမ္ဘာ့ရွှေဈေးသည် အောက် တိုဘာ ၃ ရက်တွင် တစ်အောင်စ လျှင် ၁,၂၆၁ ဒေါ်လာပေါက်ဈေးရှိ ခဲ့ပြီး အောက်တိုဘာ ၈ ရက်တွင် ၁,၂၇၂ ဒေါ်လာအထိ မြင့်တက် လာခဲ့သည်။

ကမ္ဘာ့ရွှေဈေးသည် ၂၀၁၇  အတွင်း အတက်များခဲ့ပြီး အမေရိ ကန်နှင့်မြောက်ကိုရီးယားစစ်ရေး တင်းမာမှုကြောင့် စက်တင်ဘာ အတွင်း ၁၅ ရာခိုင်နှုန်းမြင့်တက် လာခဲ့သည်။

ကမ္ဘာ့ရွှေဈေးသည် စက် တင်ဘာ ၁ ရက်တွင် တစ်အောင် စလျှင် ကန် ၁,၃၅၇ ဒေါ်လာရှိပြီး အောက်တိုဘာ ၁ ရက်တွင် ကန် ၁,၂၇၈ ဒေါ်လာသို့ ကျဆင်းလာ သည်။ ထို့နောက် ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းလာခြင်းဖြစ်သည်။

စစ်ရေးတင်းမာမှုကြောင့် ကမ္ဘာ့ရွှေဈေးမြင့်ခြင်းအပြင် သီ တင်းကျွတ်ကာလတွင် ရွှေရောင်း အားကောင်းသဖြင့် ရွှေဈေးမြင့် တက်လာကြောင်း အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင်ဦးအောင်က ပြော ကြားသည်။

‘‘မိုးတွင်းကာလက ရောင်း အားမကောင်းဘူး။ သီတင်းကျွတ် ဆိုတော့ ရောင်းအားကောင်းလာ တယ်။ ဒါကြောင့် ဈေးတက်လာ တာလည်း ပါတယ်။ နောက်ပြီး ရွှေမှော်တွေက အထွက်နည်းလို့ ဈေးကွက်ထဲ ရွှေအဝင်နည်းသွား တာလည်းပါတယ်’’ ဟု ၎င်းက ပြောသည်။

လက်ရှိပြည်တွင်းရွှေပေါက် ဈေးသည် ကမ္ဘာ့ရွှေဈေးနှင့်နှိုင်း ယှဉ်ပါက အနည်းငယ်မြင့်တက် နေပြီး ဆက်လက်မြင့်တက်ပါက ပြည်ပမှ ရွှေများဝင်လာနိုင်သည် ဟု ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော်မြင့်ကပြော ကြားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top