Golden City Promotion
×

ျမန္မာႏုိင္ငံ ၿမိဳ႕ႀကီးအသီးသီး၌ ေအာက္တုိဘာ ၁၀ရက္က ျပဳလုပ္သည့္ ဆုေတာင္းပြဲမ်ားသုိ႔ တက္ေရာက္လာသူမ်ား

 အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က ဦးေဆာင္၍ ရန္ကုန္ အပါအဝင္ ၿမိဳ႕ႀကီးအခ်ိဳ႕တြင္ ဘာ သာေပါင္းစံု    ၿငိမ္းခ်မ္းေရးဆု ေတာင္းပြဲမ်ား ျပဳလုပ္ခဲ့ၾကသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္က ဦးေဆာင္က်င္းပသည့္ဘာ သာေပါင္းစံုဆုေတာင္းပြဲကို မႏၲ ေလးၿမိဳ႕ မေနာ္ရမၼံလူထုဟစ္တုိင္ ကြင္းတြင္ ေအာက္တုိဘာ၁၀ရက္ ညေန ၆ နာရီက က်င္းပခဲ့သည္။

အဆိုပါဆုေတာင္းပြဲသို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕တာ ဝန္ရွိသူမ်ား၊ ဘာသာေပါင္းစံုအ ဖြဲ႕အစည္းမ်ား၊ အရပ္ဘက္အဖြဲ႕ စည္းမ်ား အင္အား ၂,၀၀၀ ခန္႔ တက္ေရာက္၍ မိမိတို႔ဘာသာအ လိုက္ ဝတ္ျပဳဆုေတာင္းခဲ့ၾက သည္။

‘‘တိုင္းျပည္ၿငိမ္းခ်မ္းဖို႔ ဆု ေတာင္းတာ ေကာင္းတဲ့ကိစၥပါ။ ဒီပြဲကို မႏၲေလးခ႐ိုင္အတြင္းမွာရွိ တဲ့ မြတ္စလင္ေတြကို စုစည္းၿပီး ပါဝင္ျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္ တို႔တိုင္းျပည္မွာ ကခ်င္မွာေရာ တခ်ိဳ႕ေနရာေတြမွာပါ မၿငိမ္းခ်မ္းဘူးေလ။ အစိုးရက အာဏာစက္နဲ႔ ေကာင္းမြန္စြာ ထိန္းသိမ္းေနသလိုအခုက ဓမၼစက္နဲ႔ ေမတၱာတရားနဲ႔ တိုင္းျပည္ၿငိမ္းခ်မ္းဖို႔ ဆုေတာင္း တာပါ’’ဟု မႏၲေလးၿငိမ္းခ်မ္းေရး အဖြဲ႕ တြဲဖက္အတြင္းေရးမွဴး အစၥ လာမ္ဘာသာဝင္ ဦးသန္းၫြန္႔က ေျပာသည္။

ထို႔ျပင္   မိတၳီလာ၊   မံုရြာ၊ ထားဝယ္     စသည့္ၿမိဳ႕မ်ားတြင္လည္း အသီးသီး တစ္ၿပိဳင္နက္ တည္းက်င္းပခဲ့သည္။

မေကြးတိုင္းအတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ အမ်ိဳးသားဒီမုိက ေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္၍ ဘာသာေပါင္းစံုပါဝင္သည့္ ၿငိမ္းခ်မ္း ေရးဆုေတာင္းပြဲမ်ား ေအာက္တို ဘာ ၁၀ ရက္ ညေနပိုင္းက ေနရာအသီးသီး၌ ျပဳလုပ္ခဲ့သည္။

မေကြးၿမိဳ႕ ဘာသာေပါင္းစံု ၿငိမ္းခ်မ္းေရးဆုေတာင္းပြဲကို မေကြး-ေတာင္တြင္းကားလမ္းမ ႀကီးနံေဘး ကပ္ေက်ာ္ဘုန္းေတာ္ ႀကီးေက်ာင္းဝင္းအတြင္း ယင္းေန႔ ညေန ၄ နာရီက ျပဳလုပ္ခဲ့ေၾကာင္း မေကြးၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ခ်ိဳလတ္က ေျပာသည္။

‘‘အဓိကရည္ရြယ္ခ်က္က ျမန္မာသာမက ကမၻာတစ္ဝန္းမွာ ပါ ၿငိမ္းခ်မ္းေစဖို႔အတြက္ ဘာသာ အသီးသီးက သူတို႔ထံုးစံမ်ားအ လိုက္ ဆုေတာင္းေမတၱာမ်ားပို႔သ ၾကတာျဖစ္ပါတယ္။ အပတ္စဥ္ အဂၤါေန႔တိုင္းျပဳလုပ္ၾကဖို႔လည္း ၿမိဳ႕နယ္မ်ားကို ႏိႈးေဆာ္ထား တယ္’’ဟု မေကြးတိုင္းဒီခ်ဳပ္တိုင္း အလုပ္အမႈေဆာင္ဥကၠ႒ ဦးသိန္း ေဇာ္က ေျပာသည္။

ဆူပူမႈျဖစ္ပြားခဲ့ၿပီး ၿမိဳ႕ခံမ်ား အခ်ိန္မီ ထိန္းသိမ္းႏိုင္ခဲ့ေသာ ေတာင္တြင္းႀကီးၿမိဳ႕တြင္မူ ၿပီးခဲ့ သည့္ ေအာက္တုိဘာ ၂ ရက္က ဘာသာေပါင္းစံုၿငိမ္းခ်မ္းေရးဆု ေတာင္းပြဲကို ပထမအႀကိမ္ ျပဳ လုပ္ခဲ့ၿပီး  ယခုဒုတိယအႀကိမ္အ ျဖစ္ အာဇာနည္ရင္ျပင္တြင္ ထပ္မံျပဳလုပ္ျခင္းျဖစ္ေၾကာင္း စႏၵာသူရိ ယပညာက်န္းမာပရဟိတအ သင္းမွ ကိုေအာင္ေက်ာ္ေက်ာ္က ေျပာသည္။

ေအာင္လံၿမိဳ႕တြင္ ဘာသာ ေပါင္းစံုၿငိမ္းခ်မ္းေရးဆုေတာင္းပြဲ ကို ေအာင္မာလာပန္းၿခံဝင္းဗိုလ္ခ်ဳပ္ေၾကး႐ုပ္ရင္ျပင္တြင္ ေအာက္တုိဘာ၁၀ရက္ ညေန ၆ နာရီခြဲခန္႔ကျပဳလုပ္ၿပီး   ဘာသာႀကီးေလးခုမွ ဦးေဆာင္သူမ်ားႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊   ပရဟိတအသင္းမ်ားႏွင့္ ပါတီဝင္မ်ား တက္ ေရာက္ဆုေတာင္းခဲ့ၾကေၾကာင္း ေအာင္လံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္  ဦးေအာင္ ထူးျမင့္ကေျပာသည္။

ေခ်ာက္ၿမိဳ႕နယ္ရွိ ဗိုလ္ခ်ဳပ္ ေၾကး႐ုပ္တုေရွ႕တြင္ ေအာက္တို ဘာ ၁၀ ရက္ ညေန ၅ နာရီခန္႔ က က်င္းပခဲ့ၿပီး ဘာသာေပါင္းစံု ထံုးတမ္းစဥ္လာမ်ားျဖင့္ ၿငိမ္းခ်မ္းေစေရးဆုေတာင္းမႈမ်ား ျပဳလုပ္ ခဲ့ေၾကာင္း ဒီခ်ဳပ္ပါတီတိုင္းအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ဦးသန္းတင္ က ဆုိသည္။

ေရနံေခ်ာင္းၿမိဳ႕ ဘာသာ ေပါင္းစံုၿငိမ္းခ်မ္းေရးဆုေတာင္းပြဲ ကို ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ရင္ျပင္တြင္ ယင္းေန႔ ညေန ၅ နာရီက ျပဳလုပ္ ခဲ့ၿပီး      ဘာသာအသီးသီးက ၿငိမ္းခ်မ္းေရးဆုေတာင္းမႈမ်ားကို ဖေယာင္းတိုင္မ်ားထြန္းညႇိကာ ျပဳ လုပ္ခဲ့ေၾကာင္း     ေရနံေခ်ာင္း ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္ စားလွယ္ ဦးသာခ်ိဳက ေျပာသည္။

မြန္ျပည္နယ္အမ်ိဳးသားဒီမို ကေရစီအဖြဲ႕ခ်ဳပ္ပါတီက ဦးေဆာင္ၿပီး ျမန္မာႏိုင္ငံေတာ္ၿငိမ္း ခ်မ္းေရးအတြက္ ဘာသာေပါင္းစံု ဆုေတာင္းပြဲအခမ္းအနားကို ေအာက္တုိဘာ ၁၀ ရက္က ေမာ္ လၿမိဳင္ၿမိဳ႕ ျပည္နယ္ခန္းမတြင္ ျပဳလုပ္ခဲ့သည္။

ယင္းဆုေတာင္းပြဲတြင္ ဘာသာႀကီးေလးခုမွ ဦးေဆာင္သူမ်ား၊ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္ တာေအးဇံ၊ ျပည္နယ္လႊတ္ေတာ္ ဥကၠ႒ ေဒၚတင္အိ၊ ျပည္နယ္အစိုး ရအဖြဲ႕ဝင္မ်ားႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္မ်ား၊ အမ်ိဳး သားလႊတ္ေတာ္ကိုယ္စားလွယ္ မ်ားႏွင့္ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္ မ်ားမွ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ပါတီဝင္မ်ား တက္ေရာက္ဆု ေတာင္းခဲ့သည္။

‘‘ကြၽန္မတို႔ ျမန္မာႏိုင္ငံက တိုင္းရင္းသားေပါင္းစံု၊ လူမ်ိဳး ေပါင္းစံု၊ ဘာသာေပါင္းစံုေနထုိင္ တဲ့ ႏိုင္ငံျဖစ္တယ္။ ကြၽန္မတို႔ႏိုင္ငံ မွာ ဘာသာေရးအရ ဖိႏွိပ္တယ္၊ လူမ်ိဳးေရးအရ ဖိႏွိပ္တယ္ဆိုတဲ့ စကားအမွားေတြက ကမၻာမွာ တအားထြက္ေနတဲ့အခါမွာ ကြၽန္ မတို႔ႏုိင္ငံမွာရွိတဲ့ ဘာသာေပါင္းစံု တညီတၫြတ္တည္း   ရွိတယ္။ ခ်စ္ခ်စ္ခင္ခင္ရွိတယ္ ဆိုတာ ကမၻာကို ျပခ်င္တယ္’’ဟု ေမာ္လ ၿမိဳင္မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္ စားလွယ္ ေဒၚႏြယ္ႏြယ္ေအာင္က ေျပာသည္။

‘‘အားလံုးကို ၿငိမ္းခ်မ္းေစခ်င္ တယ္။ ကြၽန္ေတာ္တုိ႔ႏိုင္ငံမွာ ၿငိမ္း ခ်မ္းေနတာကို ေပးေတြ႕ခ်င္ တယ္။ ေမာ္လၿမိဳင္မွာ လုပ္ေပမယ့္ မြန္ျပည္နယ္တစ္ခုလံုးကို ၿခံဳၿပီး လုပ္တယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဘာသာေရးအားလံုးက ခ်စ္ခ်စ္ ခင္ခင္ရွိတယ္’’ဟု မြန္ျပည္နယ္မွ အဆိုပါပြဲသို႔ တက္ေရာက္သည့္ အစၥလာမ္ဘာသာဝင္တစ္ဦးက ေျပာသည္။

ဆုေတာင္းပြဲတြင္ ႏုိင္ငံေတာ္သီခ်င္းသီဆို၍ အခမ္းအနား ဖြင့္ လွစ္ခဲ့ၿပီး ဖေယာင္းတိုင္ထြန္းညႇိ ကာ သက္ဆိုင္ရာ ဘာသာအလိုက္ႏွစ္မိနစ္ခန္႔ အာ႐ံုျပဳဆုေတာင္းခဲ့ သည္။

ထို႔ျပင္ ထားဝယ္ခ႐ိုင္၌ ထားဝယ္ၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမတြင္ ဘာ သာေပါင္းစံုဆုေတာင္းပြဲမ်ားကို တစ္ၿပိဳင္နက္ က်င္းပခဲ့သည္။

‘‘ရခိုင္အေရးကိစၥနဲ႔ပတ္ သက္ၿပီး အဓိကက ျမန္မာႏိုင္ငံမွာ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈေတြနဲ႔ ဘာ သာေရးခြဲျခားမႈမ်ားမရွိတာ ကမၻာ ကို အျဖစ္မွန္တုိင္းသိေအာင္ ဘာ သာအခ်င္းခ်င္း ခ်စ္ၾကည္ညီၫြတ္စြာ ေနထုိင္ေၾကာင္း ျပသလိုတဲ့ သေဘာပါ’’ဟု ၎က ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
မြန်မာနိုင်ငံ မြို့ကြီးအသီးသီး၌ အောက်တိုဘာ ၁၀ရက်က ပြုလုပ်သည့် ဆုတောင်းပွဲများသို့ တက်ရောက်လာသူများ

 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်၍ ရန်ကုန် အပါအဝင် မြို့ကြီးအချို့တွင် ဘာ သာပေါင်းစုံ    ငြိမ်းချမ်းရေးဆု တောင်းပွဲများ ပြုလုပ်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဦးဆောင်ကျင်းပသည့်ဘာ သာပေါင်းစုံဆုတောင်းပွဲကို မန္တ လေးမြို့ မနော်ရမ္မံလူထုဟစ်တိုင် ကွင်းတွင် အောက်တိုဘာ၁၀ရက် ညနေ ၆ နာရီက ကျင်းပခဲ့သည်။

အဆိုပါဆုတောင်းပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့တာ ဝန်ရှိသူများ၊ ဘာသာပေါင်းစုံအ ဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့ စည်းများ အင်အား ၂,၀၀၀ ခန့် တက်ရောက်၍ မိမိတို့ဘာသာအ လိုက် ဝတ်ပြုဆုတောင်းခဲ့ကြ သည်။

‘‘တိုင်းပြည်ငြိမ်းချမ်းဖို့ ဆု တောင်းတာ ကောင်းတဲ့ကိစ္စပါ။ ဒီပွဲကို မန္တလေးခရိုင်အတွင်းမှာရှိ တဲ့ မွတ်စလင်တွေကို စုစည်းပြီး ပါဝင်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် တို့တိုင်းပြည်မှာ ကချင်မှာရော တချို့နေရာတွေမှာပါ မငြိမ်းချမ်းဘူးလေ။ အစိုးရက အာဏာစက်နဲ့ ကောင်းမွန်စွာ ထိန်းသိမ်းနေသလိုအခုက ဓမ္မစက်နဲ့ မေတ္တာတရားနဲ့ တိုင်းပြည်ငြိမ်းချမ်းဖို့ ဆုတောင်း တာပါ’’ဟု မန္တလေးငြိမ်းချမ်းရေး အဖွဲ့ တွဲဖက်အတွင်းရေးမှူး အစ္စ လာမ်ဘာသာဝင် ဦးသန်းညွန့်က ပြောသည်။

ထို့ပြင်   မိတ္ထီလာ၊   မုံရွာ၊ ထားဝယ်     စသည့်မြို့များတွင်လည်း အသီးသီး တစ်ပြိုင်နက် တည်းကျင်းပခဲ့သည်။

မကွေးတိုင်းအတွင်းရှိ မြို့နယ်များတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က ဦးဆောင်၍ ဘာသာပေါင်းစုံပါဝင်သည့် ငြိမ်းချမ်း ရေးဆုတောင်းပွဲများ အောက်တို ဘာ ၁၀ ရက် ညနေပိုင်းက နေရာအသီးသီး၌ ပြုလုပ်ခဲ့သည်။

မကွေးမြို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲကို မကွေး-တောင်တွင်းကားလမ်းမ ကြီးနံဘေး ကပ်ကျော်ဘုန်းတော် ကြီးကျောင်းဝင်းအတွင်း ယင်းနေ့ ညနေ ၄ နာရီက ပြုလုပ်ခဲ့ကြောင်း မကွေးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က ပြောသည်။

‘‘အဓိကရည်ရွယ်ချက်က မြန်မာသာမက ကမ္ဘာတစ်ဝန်းမှာ ပါ ငြိမ်းချမ်းစေဖို့အတွက် ဘာသာ အသီးသီးက သူတို့ထုံးစံများအ လိုက် ဆုတောင်းမေတ္တာများပို့သ ကြတာဖြစ်ပါတယ်။ အပတ်စဉ် အင်္ဂါနေ့တိုင်းပြုလုပ်ကြဖို့လည်း မြို့နယ်များကို နှိုးဆော်ထား တယ်’’ဟု မကွေးတိုင်းဒီချုပ်တိုင်း အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးသိန်း ဇော်က ပြောသည်။

ဆူပူမှုဖြစ်ပွားခဲ့ပြီး မြို့ခံများ အချိန်မီ ထိန်းသိမ်းနိုင်ခဲ့သော တောင်တွင်းကြီးမြို့တွင်မူ ပြီးခဲ့ သည့် အောက်တိုဘာ ၂ ရက်က ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆု တောင်းပွဲကို ပထမအကြိမ် ပြု လုပ်ခဲ့ပြီး  ယခုဒုတိယအကြိမ်အ ဖြစ် အာဇာနည်ရင်ပြင်တွင် ထပ်မံပြုလုပ်ခြင်းဖြစ်ကြောင်း စန္ဒာသူရိ ယပညာကျန်းမာပရဟိတအ သင်းမှ ကိုအောင်ကျော်ကျော်က ပြောသည်။

အောင်လံမြို့တွင် ဘာသာ ပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲ ကို အောင်မာလာပန်းခြံဝင်းဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်တွင် အောက်တိုဘာ၁၀ရက် ညနေ ၆ နာရီခွဲခန့်ကပြုလုပ်ပြီး   ဘာသာကြီးလေးခုမှ ဦးဆောင်သူများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊   ပရဟိတအသင်းများနှင့် ပါတီဝင်များ တက် ရောက်ဆုတောင်းခဲ့ကြကြောင်း အောင်လံမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်  ဦးအောင် ထူးမြင့်ကပြောသည်။

ချောက်မြို့နယ်ရှိ ဗိုလ်ချုပ် ကြေးရုပ်တုရှေ့တွင် အောက်တို ဘာ ၁၀ ရက် ညနေ ၅ နာရီခန့် က ကျင်းပခဲ့ပြီး ဘာသာပေါင်းစုံ ထုံးတမ်းစဉ်လာများဖြင့် ငြိမ်းချမ်းစေရေးဆုတောင်းမှုများ ပြုလုပ် ခဲ့ကြောင်း ဒီချုပ်ပါတီတိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းတင် က ဆိုသည်။

ရေနံချောင်းမြို့ ဘာသာ ပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲ ကို ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်တွင် ယင်းနေ့ ညနေ ၅ နာရီက ပြုလုပ် ခဲ့ပြီး      ဘာသာအသီးသီးက ငြိမ်းချမ်းရေးဆုတောင်းမှုများကို ဖယောင်းတိုင်များထွန်းညှိကာ ပြု လုပ်ခဲ့ကြောင်း     ရေနံချောင်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသာချိုက ပြောသည်။

မွန်ပြည်နယ်အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်ပြီး မြန်မာနိုင်ငံတော်ငြိမ်း ချမ်းရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနားကို အောက်တိုဘာ ၁၀ ရက်က မော် လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ယင်းဆုတောင်းပွဲတွင် ဘာသာကြီးလေးခုမှ ဦးဆောင်သူများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာအေးဇံ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ပြည်နယ်အစိုး ရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များ၊ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် များမှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဝင်များ တက်ရောက်ဆု တောင်းခဲ့သည်။

‘‘ကျွန်မတို့ မြန်မာနိုင်ငံက တိုင်းရင်းသားပေါင်းစုံ၊ လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံနေထိုင် တဲ့ နိုင်ငံဖြစ်တယ်။ ကျွန်မတို့နိုင်ငံ မှာ ဘာသာရေးအရ ဖိနှိပ်တယ်၊ လူမျိုးရေးအရ ဖိနှိပ်တယ်ဆိုတဲ့ စကားအမှားတွေက ကမ္ဘာမှာ တအားထွက်နေတဲ့အခါမှာ ကျွန် မတို့နိုင်ငံမှာရှိတဲ့ ဘာသာပေါင်းစုံ တညီတညွတ်တည်း   ရှိတယ်။ ချစ်ချစ်ခင်ခင်ရှိတယ် ဆိုတာ ကမ္ဘာကို ပြချင်တယ်’’ဟု မော်လ မြိုင်မှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါ်နွယ်နွယ်အောင်က ပြောသည်။

‘‘အားလုံးကို ငြိမ်းချမ်းစေချင် တယ်။ ကျွန်တော်တို့နိုင်ငံမှာ ငြိမ်း ချမ်းနေတာကို ပေးတွေ့ချင် တယ်။ မော်လမြိုင်မှာ လုပ်ပေမယ့် မွန်ပြည်နယ်တစ်ခုလုံးကို ခြုံပြီး လုပ်တယ်။ ကျွန်တော်တို့နိုင်ငံမှာ ဘာသာရေးအားလုံးက ချစ်ချစ် ခင်ခင်ရှိတယ်’’ဟု မွန်ပြည်နယ်မှ အဆိုပါပွဲသို့ တက်ရောက်သည့် အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောသည်။

ဆုတောင်းပွဲတွင် နိုင်ငံတော်သီချင်းသီဆို၍ အခမ်းအနား ဖွင့် လှစ်ခဲ့ပြီး ဖယောင်းတိုင်ထွန်းညှိ ကာ သက်ဆိုင်ရာ ဘာသာအလိုက်နှစ်မိနစ်ခန့် အာရုံပြုဆုတောင်းခဲ့ သည်။

ထို့ပြင် ထားဝယ်ခရိုင်၌ ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် ဘာ သာပေါင်းစုံဆုတောင်းပွဲများကို တစ်ပြိုင်နက် ကျင်းပခဲ့သည်။

‘‘ရခိုင်အရေးကိစ္စနဲ့ပတ် သက်ပြီး အဓိကက မြန်မာနိုင်ငံမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေနဲ့ ဘာ သာရေးခွဲခြားမှုများမရှိတာ ကမ္ဘာ ကို အဖြစ်မှန်တိုင်းသိအောင် ဘာ သာအချင်းချင်း ချစ်ကြည်ညီညွတ်စွာ နေထိုင်ကြောင်း ပြသလိုတဲ့ သဘောပါ’’ဟု ၎င်းက ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top