Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ေတာင္ႀကီးတန္ ေဆာင္တိုင္ မီးပံုးပ်ံၿပိဳင္ပြဲတြင္ ယမန္ေန႔ည ၉ နာရီခြဲ၌ ညမီးႀကီး အမ်ိဳးအစားလႊတ္တင္ယွဥ္ၿပိဳင္ခဲ့ ေသာ တြံတီးအမည္ရွိ မီးပံုးပ်ံသည္ ကြင္းအတြင္း ပ်က္က်သျဖင့္ လူ ေျခာက္ဦးဒဏ္ရာရရွိခဲ့သည္။


ကန္ေရွ႕ရပ္ကြက္ ကိုယ္စား ျပဳ လႊတ္တင္ယွဥ္ၿပိဳင္သည့္ တြံတီးမီးပံုးပ်ံသည္ မိႈင္းဝကာေကာင္း ကင္သို႔ ပ်ံတက္၍ ကိုက္ ၄၀၀ ခန္႔အေရာက္တြင္ ကြင္းအတြင္း ျပန္လည္ပ်က္က်ခဲ့ေၾကာင္း ေတာင္ ႀကီးတန္ေဆာင္တိုင္ မီးပံုးပ်ံၿပိဳင္ ပြဲက်င္းပေရးေကာ္မတီမွ တာဝန္ ရွိသူတစ္ဦးကေျပာသည္။

မီးပံုးပ်ံ ပ်က္က်မႈေၾကာင့္ အေဝရာမီးပံုးပ်ံကြင္းအတြင္း ပ်ံက်ေစ်းေရာင္းခ်ေနသည့္ အမ်ိဳးသမီး တစ္ဦး၊ အသက္(၇) ႏွစ္အရြယ္ မိန္းကေလးတစ္ဦး၊ အမ်ိဳးသား ေလးဦး စုစုေပါင္းေျခာက္ဦး ယမ္းေလာင္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း အခင္းျဖစ္ပြားရာ ကြင္းအတြင္းရွိေနသည့္ ရွမ္းျပည္နယ္ မီးသတ္ ဦးစီးဌာန  ျပည္နယ္ဦးစီးအရာရွိ ဦးတင္မင္းကေျပာသည္။

‘‘ေစ်းေရာင္းေနတဲ့ အမ်ိဳး သမီးတစ္ဦးနဲ႔ ကေလးငယ္က ယမ္း၊ မီးထိတဲ့ဒဏ္ရာ ျပင္းတယ္။ က်န္ေလးဦးကေတာ့ သိပ္မထိ ဘူး’’ဟု ဦးတင္မင္းက ေျပာသည္။

ဒဏ္ရာရရွိသူေျခာက္ဦးကို ေတာင္ႀကီးၿမိဳ႕ စဝ္စံထြန္းေဆး႐ံု ႀကီး အေရးေပၚဌာနသို႔ ခ်က္ခ်င္း ပို႔ေဆာင္ထားသည္။

ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပံုးပ်ံၿပိဳင္ပြဲကို ေအာက္တုိဘာ ၂၆ ရက္မွ ႏုိဝင္ဘာ ၄ ရက္အထိ ၁၀ ရက္တုိင္ က်င္းပလ်က္ရွိကာ မီးပံုးပ်ံအလံုးေရ ၃၉၀ ေက်ာ္ ဝင္ ေရာက္ယွဥ္ၿပိဳင္ေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 တောင်ကြီးတန် ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ယမန်နေ့ည ၉ နာရီခွဲ၌ ညမီးကြီး အမျိုးအစားလွှတ်တင်ယှဉ်ပြိုင်ခဲ့ သော တွံတီးအမည်ရှိ မီးပုံးပျံသည် ကွင်းအတွင်း ပျက်ကျသဖြင့် လူ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။


ကန်ရှေ့ရပ်ကွက် ကိုယ်စား ပြု လွှတ်တင်ယှဉ်ပြိုင်သည့် တွံတီးမီးပုံးပျံသည် မှိုင်းဝကာကောင်း ကင်သို့ ပျံတက်၍ ကိုက် ၄၀၀ ခန့်အရောက်တွင် ကွင်းအတွင်း ပြန်လည်ပျက်ကျခဲ့ကြောင်း တောင် ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင် ပွဲကျင်းပရေးကော်မတီမှ တာဝန် ရှိသူတစ်ဦးကပြောသည်။

မီးပုံးပျံ ပျက်ကျမှုကြောင့် အဝေရာမီးပုံးပျံကွင်းအတွင်း ပျံကျဈေးရောင်းချနေသည့် အမျိုးသမီး တစ်ဦး၊ အသက်(၇) နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အမျိုးသား လေးဦး စုစုပေါင်းခြောက်ဦး ယမ်းလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာ ကွင်းအတွင်းရှိနေသည့် ရှမ်းပြည်နယ် မီးသတ် ဦးစီးဌာန  ပြည်နယ်ဦးစီးအရာရှိ ဦးတင်မင်းကပြောသည်။

‘‘ဈေးရောင်းနေတဲ့ အမျိုး သမီးတစ်ဦးနဲ့ ကလေးငယ်က ယမ်း၊ မီးထိတဲ့ဒဏ်ရာ ပြင်းတယ်။ ကျန်လေးဦးကတော့ သိပ်မထိ ဘူး’’ဟု ဦးတင်မင်းက ပြောသည်။

ဒဏ်ရာရရှိသူခြောက်ဦးကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ ကြီး အရေးပေါ်ဌာနသို့ ချက်ချင်း ပို့ဆောင်ထားသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ၁၀ ရက်တိုင် ကျင်းပလျက်ရှိကာ မီးပုံးပျံအလုံးရေ ၃၉၀ ကျော် ဝင် ရောက်ယှဉ်ပြိုင်နေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top