ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကိုယ္႔ကို အေသလိုက္ေနတဲ႔ ေကာင္ေလးကို အေျဖေပးေတာ႔မယ္ဆိုရင္ ေအာက္ပါအခ်က္ေလးေတြနဲ႔ ခ်ိန္ထိုးၿပီး ညွိႏႈိင္းစဥ္းစားဖို႔ လိုအပ္လာပါလိမ္႔မယ္။
"ဆူးေပၚဖက္က်လည္း ဖက္ေပါက္၊ ဖက္ေပၚ ဆူးက်လည္း ဖက္ေပါက္" ဆိုတဲ႔စကားက ယေန႔တိုင္ မွန္ကန္ေနဆဲပါ။ ဘယ္ေလာက္ပဲ က်ား/မ သာတူညီမွ်မႈ ရွိတယ္ပဲေျပာေျပာ ခႏၶာကိုယ္တည္ေဆာက္ပံုအရေကာ၊ လူမႈပတ္ဝန္းက်င္ရဲ႕ အျမင္အရပါ ရည္းစားမ်ားတဲ႔ မိန္းကေလးေတြဟာ လူမႈေရးအရ အတိုင္းအတာတစ္ခုထိ နစ္နာမႈရွိေနဆဲပါ။
 play

ဒါေၾကာင္႔ ရည္းစားမထားခင္ ေသခ်ာစဥ္းစားဖို႔ရာ လိုအပ္လာတာလည္း အမွန္ပါ။ ကိုယ္႔ကို အေသလိုက္ေနတဲ႔ ေကာင္ေလးကို အေျဖေပးေတာ႔မယ္ဆိုရင္ ေအာက္ပါအခ်က္ေလးေတြနဲ႔ ခ်ိန္ထိုးၿပီး ညွိႏႈိင္းစဥ္းစားဖို႔ လိုအပ္လာပါလိမ္႔မယ္။
၁။ ရည္းစားေဟာင္း

လူတစ္ေယာက္ကို တြဲမယ္လို႔ ရည္ရြယ္ၿပီး စဥ္းစားေတာ႔မယ္ဆုိရင္ သူ႔မွာ ရည္းစားေဟာင္းရွိမရွိ အရင္စံုစမ္းရမွာပါ။ တကယ္လို႔ ရွိခဲ႔တယ္ဆိုရင္ သူတို႔ႏွစ္ေယာက္ ဘယ္လိုပတ္သက္မႈ ရွိေနေသးလဲဆိုတာကို သိဖို႔ လိုအပ္ပါလိမ္႔မယ္ေနာ္။ ဘာပဲျဖစ္ျဖစ္ ကိုယ္က မိန္းကေလးဆိုေတာ႔ ဘာေတြပဲ ျဖစ္လာျဖစ္လာ ကိုယ္ပဲ နစ္နာရမွာပါ။ ေတာ္ၾကာေန တြဲေနရင္း အရႈပ္ထုပ္ေတြ ေပၚလာၿပီး ေဘာင္ခ်ာေတြ အဆုတ္ခံရမွ ကိုယ္ပါ "ၾကက္သြန္နဲ႔ေပါင္းလို႔ ေရာအေထာင္းခံတဲ႔ ငရုပ္" ဘဝေရာက္ၿပီး စႏိုက္ေၾကာ္ တံဆိပ္ အကပ္ခံရပါလိမ္႔မယ္။ ဒါေၾကာင္႔ ကိုယ္ပတ္သက္မယ္႔လူမွာ ဇယားရွင္းမရွင္း သိရဖို႔က ဒီအခ်ိန္မွွာ အဓိကဦးစားေပးအခ်က္ပါပဲ။
၂။ သူ႔ရဲ႕ေန႕စဥ္အလုပ္ခ်ိန္

ကိုယ္႔ရဲ႕အလုပ္ခ်ိန္က မနက္ (၉) နာရီကေန ညေန (၅) နာရီျဖစ္ေနၿပီး သူ႔ရဲ႕အလုပ္ခ်ိန္က ည (၅) နာရီကေန မနက္ (၉) နာရီျဖစ္ေနရင္ တခ်ိဳ႕ေနရာေလးေတြမွာ အဆင္မေျပ ျဖစ္လာပါလိမ္႔မယ္။ ဘာပဲ ေျပာေျပာ ရည္းစားထားတယ္ဆိုတာ အနည္းဆံုးေတာ႔ စိတ္ပင္ပန္းေနခ်ိန္မွာ မွီတြယ္ရာ ပုခံုးေလးတစ္စံုေလာက္ေတာ႔ လိုခ်င္မွာပါပဲ။

ကိုယ္ အလုပ္လုပ္ေနခ်ိန္မွာ သူက အားေနၿပီး ကိုယ္အားေနလို႔ သူ႕ကို လိုအပ္ေနခ်ိန္မွာ သူက အလုပ္မ်ားေနမယ္ဆိုရင္ ၾကာလာတာနဲ႔အမွ် ပဋိပကၡေလးေတြ ျဖစ္လာရပါလိမ္႔မယ္။ ဒါမ်ိဳးက ေတာ္ေတာ္ညွိယူႏိုင္ၿပီး နားလည္မႈေပးႏိုင္မွ အဆင္ေျပမွာပါ။
၃။ သေဘာထားခ်င္း တိုက္ဆိုင္မႈ

ႏွစ္ဦးၾကားက ပတ္သက္မႈ ေနာက္ထပ္ အဆင္႔တစ္ဆင္႔ကုိမတက္ခင္ သိထားသင္႔တဲ႔အခ်က္တစ္ခုကေတာ႔ ကိုယ္႔အတြက္အေရးပါတဲ႔ အရာေလးေတြကို သူဘယ္လို သေဘာထားလဲဆုိတာပါပဲ။ ဥပမာ... ကိုယ္က ကိုရီးယားကား ႀကိဳက္တတ္တယ္။ ပူပူစပ္စပ္ အစားအစာေတြကို ႀကိဳက္တယ္။ ရုပ္ရွင္ၾကည္႔ရင္ ေရွ႕နားကပဲ ၾကည္႔တတ္တယ္။ စိတ္ရႈပ္ေနရင္ အရစ္သန္တတ္တယ္ စသျဖင္႔ေပါ႔။ ဒီလို အေသးအဖြဲ အက်င္႔စရိုက္ေလးေတြကို သူ႔ဘက္က ၾကည္ျဖဴႏိုင္လဲဆိုတာကို ႀကိဳသိထားမွ အဆင္ေျပႏိုင္မွာပါ။ တြဲၿပီးမွ အက်င္႔စရိုက္ေတြကအစ လုိက္ညွိယူေနရရင္ မလိုအပ္ဘဲ စိတ္ေမာ၊ စိတ္ရႈပ္ရမွာပါ။
၄။ ခ်ဳပ္ျခယ္တတ္လား

ကိုယ္က အေပါင္းအသင္းမင္ၿပီး သူက ခ်ဳပ္ခ်ယ္တတ္သူ၊ သဝန္အရမ္းတိုတတ္သူ ျဖစ္ေနရင္ ေရရွည္မွာ အဆင္ေျပႏိုင္မွာ မဟုတ္ပါဘူး။ "သဝန္တိုမႈ မပါတဲ႔ အခ်စ္သည္မရွိ" ဆိုေပမယ္႔လည္း ေနရာတကာ လိုက္သဝန္တိုလြန္းရင္၊ ခ်ဳပ္ခ်ယ္လြန္းရင္ စိတ္ရႈပ္ရသလို အေပါင္းအသင္း မိတ္ေဆြေတြၾကားမွာလည္း မ်က္ႏွာပ်က္ရမွာပါ။ ဒါေၾကာင္႔ မတြဲခင္ကတည္းက ညွိႏႈိင္းထားဖို႔ လိုအပ္ပါတယ္။ တြဲၿပီးမွ စိတ္ရႈပ္ရမွာထက္စာရင္ မတြဲခင္ကတည္းက ကိုယ္ျပဳျပင္ေျပာင္းလဲဖို႔ မျဖစ္ႏိုင္တဲ႔အရာေတြကို ေပၚတင္ေျပာျပၿပီး ညွိႏိႈင္းလိုက္တာက ပိုအဆင္ေျပပါလိမ္႔မယ္။
၅။ တျခားလူေတြကိုေကာ ဘယ္လိုဆက္ဆံလဲ

စကားတစ္ခြန္းေတာင္ရွိပါေသးတယ္။ "လူတစ္ေယာက္ရဲ႕စိတ္ရင္းမွန္ကိုသိခ်င္ရင္ သူနဲ႔လယ္ဗယ္တူေတြကို ဘယ္လိုဆက္ဆံလဲ ဆိုတာကိုမၾကည္႔နဲ႔။ သူ႕ေအာက္ကလူေတြကို ဘယ္လိုဆက္ဆံလဲဆိုတာကို ၾကည္႔ပါ" တဲ႔။ ကိုယ္တြဲမယ္႔သူက အေပၚယံခ်ိဳသာသလိုနဲ႔ အဆင္႔အဆန္းခြဲျခားၿပီး ေမာက္မာတတ္တဲ႔ လူတစ္ေယာက္ျဖစ္ေနမယ္ဆိုရင္ အိမ္နဲ႕မိတ္ဆက္ေပးတဲ႔အခါက်မွ မ်က္ႏွာပ်က္စရာေတြ ျဖစ္လာရင္ မေကာင္းပါဘူး။

ေနာက္တစ္ခုက ေမာက္မာတတ္တဲ႔လူေတြက အျပင္မွာခ်ိဳသာသေယာင္ရွိေပမယ္႔ အတြင္းစိတ္ထဲမွာေတာ႔ ကိုယ္႔ထက္နိမ္႔က်တဲ႔ လူေတြကို ႏွိမ္႔ခ်ဆက္ဆံတတ္တဲ႔စရိုက္ရွိပါတယ္။ ေနာက္ၿပီး ကိုယ္႔ကုိယ္ကိုယ္ အထင္ႀကီးလြန္းတဲ႔ မာနခဲေတြ ျဖစ္ေနႏိုင္ပါတယ္။ ဒီလိုျဖစ္ေနရင္ ကိုယ္သီးခံႏုိင္မလား ကိုယ္႔ကိုယ္ကိုယ္အရင္ေမးၾကည္႔ၿပီးမွ ေရွ႕ဆက္တိုးသင္႔ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ကိုယ့်ကို အသေလိုက်နေတဲ့ ကောင်လေးကို အဖြေပေးတော့မယ်ဆိုရင် အောက်ပါအချက်လေးတွေနဲ့ ချိန်ထိုးပြီး ညှိနှိုင်းစဉ်းစားဖို့ လိုအပ်လာပါလိမ့်မယ်။
"ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်၊ ဖက်ပေါ် ဆူးကျလည်း ဖက်ပေါက်" ဆိုတဲ့စကားက ယနေ့တိုင် မှန်ကန်နေဆဲပါ။ ဘယ်လောက်ပဲ ကျား/မ သာတူညီမျှမှု ရှိတယ်ပဲပြောပြော ခန္ဓာကိုယ်တည်ဆောက်ပုံအရကော၊ လူမှုပတ်ဝန်းကျင်ရဲ့ အမြင်အရပါ ရည်းစားများတဲ့ မိန်းကလေးတွေဟာ လူမှုရေးအရ အတိုင်းအတာတစ်ခုထိ နစ်နာမှုရှိနေဆဲပါ။
 play

ဒါကြောင့် ရည်းစားမထားခင် သေချာစဉ်းစားဖို့ရာ လိုအပ်လာတာလည်း အမှန်ပါ။ ကိုယ့်ကို အသေလိုက်နေတဲ့ ကောင်လေးကို အဖြေပေးတော့မယ်ဆိုရင် အောက်ပါအချက်လေးတွေနဲ့ ချိန်ထိုးပြီး ညှိနှိုင်းစဉ်းစားဖို့ လိုအပ်လာပါလိမ့်မယ်။
၁။ ရည်းစားဟောင်း
လူတစ်ယောက်ကို တွဲမယ်လို့ ရည်ရွယ်ပြီး စဉ်းစားတော့မယ်ဆိုရင် သူ့မှာ ရည်းစားဟောင်းရှိမရှိ အရင်စုံစမ်းရမှာပါ။ တကယ်လို့ ရှိခဲ့တယ်ဆိုရင် သူတို့နှစ်ယောက် ဘယ်လိုပတ်သက်မှု ရှိနေသေးလဲဆိုတာကို သိဖို့ လိုအပ်ပါလိမ့်မယ်နော်။ ဘာပဲဖြစ်ဖြစ် ကိုယ်က မိန်းကလေးဆိုတော့ ဘာတွေပဲ ဖြစ်လာဖြစ်လာ ကိုယ်ပဲ နစ်နာရမှာပါ။ တော်ကြာနေ တွဲနေရင်း အရှုပ်ထုပ်တွေ ပေါ်လာပြီး ဘောင်ချာတွေ အဆုတ်ခံရမှ ကိုယ်ပါ "ကြက်သွန်နဲ့ပေါင်းလို့ ရောအထောင်းခံတဲ့ ငရုပ်" ဘဝရောက်ပြီး စနိုက်ကြော် တံဆိပ် အကပ်ခံရပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ပတ်သက်မယ့်လူမှာ ဇယားရှင်းမရှင်း သိရဖို့က ဒီအချိန်မှှာ အဓိကဦးစားပေးအချက်ပါပဲ။
၂။ သူ့ရဲ့နေ့စဉ်အလုပ်ချိန်
ကိုယ့်ရဲ့အလုပ်ချိန်က မနက် (၉) နာရီကနေ ညနေ (၅) နာရီဖြစ်နေပြီး သူ့ရဲ့အလုပ်ချိန်က ည (၅) နာရီကနေ မနက် (၉) နာရီဖြစ်နေရင် တချို့နေရာလေးတွေမှာ အဆင်မပြေ ဖြစ်လာပါလိမ့်မယ်။ ဘာပဲ ပြောပြော ရည်းစားထားတယ်ဆိုတာ အနည်းဆုံးတော့ စိတ်ပင်ပန်းနေချိန်မှာ မှီတွယ်ရာ ပုခုံးလေးတစ်စုံလောက်တော့ လိုချင်မှာပါပဲ။

ကိုယ် အလုပ်လုပ်နေချိန်မှာ သူက အားနေပြီး ကိုယ်အားနေလို့ သူ့ကို လိုအပ်နေချိန်မှာ သူက အလုပ်များနေမယ်ဆိုရင် ကြာလာတာနဲ့အမျှ ပဋိပက္ခလေးတွေ ဖြစ်လာရပါလိမ့်မယ်။ ဒါမျိုးက တော်တော်ညှိယူနိုင်ပြီး နားလည်မှုပေးနိုင်မှ အဆင်ပြေမှာပါ။
၃။ သဘောထားချင်း တိုက်ဆိုင်မှု
နှစ်ဦးကြားက ပတ်သက်မှု နောက်ထပ် အဆင့်တစ်ဆင့်ကိုမတက်ခင် သိထားသင့်တဲ့အချက်တစ်ခုကတော့ ကိုယ့်အတွက်အရေးပါတဲ့ အရာလေးတွေကို သူဘယ်လို သဘောထားလဲဆိုတာပါပဲ။ ဥပမာ... ကိုယ်က ကိုရီးယားကား ကြိုက်တတ်တယ်။ ပူပူစပ်စပ် အစားအစာတွေကို ကြိုက်တယ်။ ရုပ်ရှင်ကြည့်ရင် ရှေ့နားကပဲ ကြည့်တတ်တယ်။ စိတ်ရှုပ်နေရင် အရစ်သန်တတ်တယ် စသဖြင့်ပေါ့။ ဒီလို အသေးအဖွဲ အကျင့်စရိုက်လေးတွေကို သူ့ဘက်က ကြည်ဖြူနိုင်လဲဆိုတာကို ကြိုသိထားမှ အဆင်ပြေနိုင်မှာပါ။ တွဲပြီးမှ အကျင့်စရိုက်တွေကအစ လိုက်ညှိယူနေရရင် မလိုအပ်ဘဲ စိတ်မော၊ စိတ်ရှုပ်ရမှာပါ။
၄။ ချုပ်ခြယ်တတ်လား
ကိုယ်က အပေါင်းအသင်းမင်ပြီး သူက ချုပ်ချယ်တတ်သူ၊ သဝန်အရမ်းတိုတတ်သူ ဖြစ်နေရင် ရေရှည်မှာ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ "သဝန်တိုမှု မပါတဲ့ အချစ်သည်မရှိ" ဆိုပေမယ့်လည်း နေရာတကာ လိုက်သဝန်တိုလွန်းရင်၊ ချုပ်ချယ်လွန်းရင် စိတ်ရှုပ်ရသလို အပေါင်းအသင်း မိတ်ဆွေတွေကြားမှာလည်း မျက်နှာပျက်ရမှာပါ။ ဒါကြောင့် မတွဲခင်ကတည်းက ညှိနှိုင်းထားဖို့ လိုအပ်ပါတယ်။ တွဲပြီးမှ စိတ်ရှုပ်ရမှာထက်စာရင် မတွဲခင်ကတည်းက ကိုယ်ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်တဲ့အရာတွေကို ပေါ်တင်ပြောပြပြီး ညှိနှိုင်းလိုက်တာက ပိုအဆင်ပြေပါလိမ့်မယ်။
၅။ တခြားလူတွေကိုကော ဘယ်လိုဆက်ဆံလဲ
စကားတစ်ခွန်းတောင်ရှိပါသေးတယ်။ "လူတစ်ယောက်ရဲ့စိတ်ရင်းမှန်ကိုသိချင်ရင် သူနဲ့လယ်ဗယ်တူတွေကို ဘယ်လိုဆက်ဆံလဲ ဆိုတာကိုမကြည့်နဲ့။ သူ့အောက်ကလူတွေကို ဘယ်လိုဆက်ဆံလဲဆိုတာကို ကြည့်ပါ" တဲ့။ ကိုယ်တွဲမယ့်သူက အပေါ်ယံချိုသာသလိုနဲ့ အဆင့်အဆန်းခွဲခြားပြီး မောက်မာတတ်တဲ့ လူတစ်ယောက်ဖြစ်နေမယ်ဆိုရင် အိမ်နဲ့မိတ်ဆက်ပေးတဲ့အခါကျမှ မျက်နှာပျက်စရာတွေ ဖြစ်လာရင် မကောင်းပါဘူး။

နောက်တစ်ခုက မောက်မာတတ်တဲ့လူတွေက အပြင်မှာချိုသာသယောင်ရှိပေမယ့် အတွင်းစိတ်ထဲမှာတော့ ကိုယ့်ထက်နိမ့်ကျတဲ့ လူတွေကို နှိမ့်ချဆက်ဆံတတ်တဲ့စရိုက်ရှိပါတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့ မာနခဲတွေ ဖြစ်နေနိုင်ပါတယ်။ ဒီလိုဖြစ်နေရင် ကိုယ်သီးခံနိုင်မလား ကိုယ့်ကိုယ်ကိုယ်အရင်မေးကြည့်ပြီးမှ ရှေ့ဆက်တိုးသင့်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top