ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

နာဂေဒသတြင္ ယခုႏွစ္အတြင္း ကာကြယ္ေဆး လႊမ္းၿခံဳမႈကို ၈၀ ရာခိုင္ႏႈန္းအထိ ရိွႏုိင္မည္ဟု ရည္မွန္းထားေၾကာင္း ေနျပည္ေတာ္ တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္း လက္ေထာက္ၫႊန္ၾကားေရးမွဴး ေဒါက္တာေအာင္ေက်ာ္မိုး က ေျပာသည္။
 နာဂေဒသတြင္ ယခင္ႏွစ္က ဝက္သက္ႏွင့္ အျခားေရာဂါမ်ား ျဖစ္ပြာခဲ့ၿပီး လူ ၆၈ ဦးခန္႔ ေသဆံုးၿပီးေနာက္ အသက္ (၅) ႏွစ္ေအာက္ကေလးငယ္မ်ားအား ကာကြယ္ ေဆးထိုး အထူးစီမံခ်က္ခ်မွတ္၍ ထိုးႏွံေပးေနသည္။ ၂၀၁၇ အတြင္း ကာကြယ္ေဆးလႊမ္းၿခံဳမႈ အားေကာင္းေစရန္ တစ္ႏွစ္လွ်င္ ေျခာက္ႀကိမ္ခန္႔ ထိုးႏွံေပးရန္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန က ျပင္ဆင္ခဲ့သည္။

‘‘နာဂေဒသမွာ ေလရွီးနဲ႔ လဟယ္ၿမိဳ႕နယ္ေတြမွာေတာ့ တစ္ လျခား တစ္ႀကိမ္ ကာကြယ္ေဆး ထိုးေပးေနတယ္။ လမ္းပန္းဆက္ သြယ္ေရးေကာင္းတဲ့ ေနရာေပါ့ ေလ။ တခ်ိဳ႕ေနရာေတြက်ေတာ့ လမ္းပန္းဆက္သြယ္ေရးအရေရာ လံုၿခံဳေရးအရပါ မသြားႏုိင္တဲ့ေန ရာေတြရွိတယ္။ နန္းယြန္းၿမိဳ႕နယ္ ကိုေတာ့ တစ္လျခား သြားမထိုး ေပးႏုိင္တာေတြရွိတယ္။ ေလရွီးနဲ႔ လဟယ္ကေတာ့ အနည္းဆံုး ေလးႀကိမ္ေလာက္ ရွိသြားၿပီ။ ကာကြယ္ ေဆးလႊမ္းၿခံဳမႈက ေသခ်ာေတာ့ ျပန္မၾကည့္ရေသးေပမယ့္ ဒီႏွစ္ ကုန္မွာ ၆၀ ရာခိုင္ႏႈန္းကေန ၈၀ ရာခုိင္ႏႈန္းအထိ ေရာက္ဖို႔ေတာ့ မွန္းထားတယ္’’ဟု ေဒါက္တာ ေအာင္ေက်ာ္မိုးက ဆုိသည္။

 ကာကြယ္ေဆးလႊမ္းၿခံဳမႈ အားေကာင္းလာေစရန္ ေရတိုေရ ရွည္စီမံခ်က္ျဖင့္ လုပ္ေဆာင္မည္ ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အား ကစားဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာၾကားထားသည္။

ယခင္က နာဂေဒသတြင္ ကာကြယ္ေဆးလႊမ္းၿခံဳမႈသည္ ၂၀  ရာ ခုိင္ႏႈန္းခန္႔သာရွိေသာ္လည္း ယခုအခ်ိန္တြင္ လႊမ္းၿခံဳမႈအားေကာင္းလာေစရန္ ပံုမွန္ကာကြယ္ေဆးထိုး အစီအစဥ္မ်ား တိုးခ်ဲ႕ျခင္းႏွင့္ လူ ထုအသိပညာေပးလုပ္ငန္းမ်ား လုပ္ကိုင္ျခင္းတုိ႔ လုပ္ေဆာင္ေနသည္။

ထို႔အျပင္ နာဂေဒသဖြံ႕ၿဖိဳး ေရးအတြက္ လမ္းပန္းဆက္သြယ္ ေရး အခက္အခဲမ်ားႏွင့္ ေဒသခံ ျပည္သူတို႔၏ ပညာေရးအဆင့္အ တန္း ျမင့္မားေစရန္ လုပ္ေဆာင္ ျခင္း၊ က်န္းမာေရးဝန္ထမ္းမ်ားအ တြက္ ေနထိုင္သြားလာေရး အဆင္ ေျပေစရန္ အထူးခံစားခြင့္မ်ား ေပး ျခင္းျဖင့္ ျဖည့္ဆည္းေပးရန္ လို အပ္ေၾကာင္း ၎က ဆုိသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
နာဂဒေသတွင် ယခုနှစ်အတွင်း ကာကွယ်ဆေး လွှမ်းခြုံမှုကို ၈၀ ရာခိုင်နှုန်းအထိ ရှိနိုင်မည်ဟု ရည်မှန်းထားကြောင်း နေပြည်တော် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်မိုး က ပြောသည်။
 နာဂဒေသတွင် ယခင်နှစ်က ဝက်သက်နှင့် အခြားရောဂါများ ဖြစ်ပွာခဲ့ပြီး လူ ၆၈ ဦးခန့် သေဆုံးပြီးနောက် အသက် (၅) နှစ်အောက်ကလေးငယ်များအား ကာကွယ် ဆေးထိုး အထူးစီမံချက်ချမှတ်၍ ထိုးနှံပေးနေသည်။ ၂၀၁၇ အတွင်း ကာကွယ်ဆေးလွှမ်းခြုံမှု အားကောင်းစေရန် တစ်နှစ်လျှင် ခြောက်ကြိမ်ခန့် ထိုးနှံပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ပြင်ဆင်ခဲ့သည်။

‘‘နာဂဒေသမှာ လေရှီးနဲ့ လဟယ်မြို့နယ်တွေမှာတော့ တစ် လခြား တစ်ကြိမ် ကာကွယ်ဆေး ထိုးပေးနေတယ်။ လမ်းပန်းဆက် သွယ်ရေးကောင်းတဲ့ နေရာပေါ့ လေ။ တချို့နေရာတွေကျတော့ လမ်းပန်းဆက်သွယ်ရေးအရရော လုံခြုံရေးအရပါ မသွားနိုင်တဲ့နေ ရာတွေရှိတယ်။ နန်းယွန်းမြို့နယ် ကိုတော့ တစ်လခြား သွားမထိုး ပေးနိုင်တာတွေရှိတယ်။ လေရှီးနဲ့ လဟယ်ကတော့ အနည်းဆုံး လေးကြိမ်လောက် ရှိသွားပြီ။ ကာကွယ် ဆေးလွှမ်းခြုံမှုက သေချာတော့ ပြန်မကြည့်ရသေးပေမယ့် ဒီနှစ် ကုန်မှာ ၆၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ရောက်ဖို့တော့ မှန်းထားတယ်’’ဟု ဒေါက်တာ အောင်ကျော်မိုးက ဆိုသည်။

 ကာကွယ်ဆေးလွှမ်းခြုံမှု အားကောင်းလာစေရန် ရေတိုရေ ရှည်စီမံချက်ဖြင့် လုပ်ဆောင်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားသည်။

ယခင်က နာဂဒေသတွင် ကာကွယ်ဆေးလွှမ်းခြုံမှုသည် ၂၀  ရာ ခိုင်နှုန်းခန့်သာရှိသော်လည်း ယခုအချိန်တွင် လွှမ်းခြုံမှုအားကောင်းလာစေရန် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်များ တိုးချဲ့ခြင်းနှင့် လူ ထုအသိပညာပေးလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ လုပ်ဆောင်နေသည်။

ထို့အပြင် နာဂဒေသဖွံ့ဖြိုး ရေးအတွက် လမ်းပန်းဆက်သွယ် ရေး အခက်အခဲများနှင့် ဒေသခံ ပြည်သူတို့၏ ပညာရေးအဆင့်အ တန်း မြင့်မားစေရန် လုပ်ဆောင် ခြင်း၊ ကျန်းမာရေးဝန်ထမ်းများအ တွက် နေထိုင်သွားလာရေး အဆင် ပြေစေရန် အထူးခံစားခွင့်များ ပေး ခြင်းဖြင့် ဖြည့်ဆည်းပေးရန် လို အပ်ကြောင်း ၎င်းက ဆိုသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top