ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကမၻာတစ္ဝန္းလံုးတြင္ ၿပီးခဲ့သည့္ဆယ္စုႏွစ္ေလးခုအတြင္း ကေလးမ်ားႏွင့္ ဆယ္ေက်ာ္သက္အရြယ္မ်ားတြင္ အဝလြန္မႈ ၁၀ ဆအထိ ျမင့္တက္လာၿပီး ကမၻာတစ္ဝန္း ေယာက္်ားေလးႏွင့္ မိန္းကေလး ၁၂၄ သန္းသည္ အဝလြန္ေနေၾကာင္း ေလ့လာမႈအသစ္တစ္ခုက ေဖာ္ျပသည္။
    Lancet ဂ်ာနယ္တြင္ ေဖာ္ျပထားေသာ ယင္းေလ့လာမႈက ၿဗိ တိန္ႏိုင္ငံ၌ အသက္ငါးႏွစ္မွ ၁၀ ႏွစ္အရြယ္ လူငယ္မ်ားတြင္ ၁၀ ဦး အဝလြန္ေနေၾကာင္း ေဖာ္ျပထားသည္။


ကေလးဘဝတြင္ အဝလြန္ျခင္းေၾကာင့္ လူႀကီးဘဝတြင္လည္း အဝလြန္ျဖစ္လာႏိုင္သျဖင့္ ျပင္းထန္ေသာ က်န္းမာေရးအႏၲရာယ္ မ်ားရွိေၾကာင္း ပညာရွင္မ်ားကေျပာသည္။

ကမၻာ့အဝလြန္တိုက္ဖ်က္ေရးေန႔တြင္ ေဖာ္ျပေသာ ယင္းေလ့ လာမႈက အဝလြန္မႈေၾကာင့္ျဖစ္ေသာ က်န္းမာေရးျပႆနာမ်ားကို ကုသရမည့္ တစ္ကမၻာလံုးကုန္က်စရိတ္သည္ ၂၀၁၅ ခုႏွစ္မွစ၍ ႏွစ္စဥ္ ေပါင္ သန္း ၉၂၀ ေက်ာ္ရွိလိမ့္မည္ဟု သတိေပးထားသည္။

ၿဗိတိန္ႏိုင္ငံသို႔ ဝင္ေငြျမင့္မားေသာ ဥေရာပႏိုင္ငံမ်ားတြင္ ကေလးမ်ား အဝလြန္ျဖစ္မႈႏႈန္းသည္ တစ္သမတ္တည္းရွိေနေသာ္ လည္း အျခားေသာကမၻာ့ေဒသမ်ားစြာတြင္ စိုးရိမ္စရာအေျခအေနမ်ိဳး ျမင့္တက္လာေနေၾကာင္း သုေတသီမ်ားက ေျပာသည္။

ယင္းကဲ့သို႔ အဝလြန္မႈပိုမ်ားျခင္း၏ အဓိကအေၾကာင္းရင္းမ်ား သည္ ေစ်းေပါၿပီး အဆီမ်ားေသာ အစားအစာမ်ား က်ယ္က်ယ္ျပန္႔ ျပန္႔ ရရွိႏိုင္ျခင္းေၾကာင့္ျဖစ္ေၾကာင္း သုေတသီမ်ားကေျပာသည္။

တ႐ုတ္ႏွင့္ အိႏၵိယတို႔တြင္ မ်ားမၾကာမီႏွစ္မ်ားက အဝလြန္ျဖစ္ မႈႏႈန္း သိသိသာသာ ျမင့္တက္လာၿပီး အေရွ႕အာရွတြင္ ကေလးမ်ား ႏွင့္ ႀကီးေကာင္ဝင္စအရြယ္မ်ား အဝလြန္ျဖစ္မႈ အမ်ားအျပားတိုး လာသည္။

ပင္လယ္သမုဒၵရာအနီး ေဒသမ်ားႏွင့္ အေနာက္ပစိဖိတ္သမုဒၵရာေဒသမ်ားတြင္ အဝလြန္မႈ အမ်ားဆံုးျဖစ္ၿပီး ယင္းႏိုင္ငံမ်ား၏ လူငယ္လူဦးေရ၏ ထက္ဝက္ခန္႔သည္ ကိုယ္အေလးခ်ိန္ ပိုမ်ားေန (သို႔မဟုတ္) အဝလြန္ျဖစ္ေနၾကသည္ဟု သုေတသီမ်ားကေျပာသည္။

လက္ရွိအေျခအေနအတိုင္း ဆက္လက္ျဖစ္ေပၚေနပါက အဝ လြန္ျဖစ္မႈသည္ ကိုယ္အေလးခ်ိန္မျပည့္ျခင္းထက္ ပို၍ႀကံဳေတြ႕ရမႈ မ်ားလာသည္ဟု သုေတသီမ်ားကေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ကမ္ဘာတစ်ဝန်းလုံးတွင် ပြီးခဲ့သည့်ဆယ်စုနှစ်လေးခုအတွင်း ကလေးများနှင့် ဆယ်ကျော်သက်အရွယ်များတွင် အဝလွန်မှု ၁၀ ဆအထိ မြင့်တက်လာပြီး ကမ္ဘာတစ်ဝန်း ယောက်ျားလေးနှင့် မိန်းကလေး ၁၂၄ သန်းသည် အဝလွန်နေကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။
    Lancet ဂျာနယ်တွင် ဖော်ပြထားသော ယင်းလေ့လာမှုက ဗြိ တိန်နိုင်ငံ၌ အသက်ငါးနှစ်မှ ၁၀ နှစ်အရွယ် လူငယ်များတွင် ၁၀ ဦး အဝလွန်နေကြောင်း ဖော်ပြထားသည်။


ကလေးဘဝတွင် အဝလွန်ခြင်းကြောင့် လူကြီးဘဝတွင်လည်း အဝလွန်ဖြစ်လာနိုင်သဖြင့် ပြင်းထန်သော ကျန်းမာရေးအန္တရာယ် များရှိကြောင်း ပညာရှင်များကပြောသည်။

ကမ္ဘာ့အဝလွန်တိုက်ဖျက်ရေးနေ့တွင် ဖော်ပြသော ယင်းလေ့ လာမှုက အဝလွန်မှုကြောင့်ဖြစ်သော ကျန်းမာရေးပြဿနာများကို ကုသရမည့် တစ်ကမ္ဘာလုံးကုန်ကျစရိတ်သည် ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ် ပေါင် သန်း ၉၂၀ ကျော်ရှိလိမ့်မည်ဟု သတိပေးထားသည်။

ဗြိတိန်နိုင်ငံသို့ ဝင်ငွေမြင့်မားသော ဥရောပနိုင်ငံများတွင် ကလေးများ အဝလွန်ဖြစ်မှုနှုန်းသည် တစ်သမတ်တည်းရှိနေသော် လည်း အခြားသောကမ္ဘာ့ဒေသများစွာတွင် စိုးရိမ်စရာအခြေအနေမျိုး မြင့်တက်လာနေကြောင်း သုတေသီများက ပြောသည်။

ယင်းကဲ့သို့ အဝလွန်မှုပိုများခြင်း၏ အဓိကအကြောင်းရင်းများ သည် ဈေးပေါပြီး အဆီများသော အစားအစာများ ကျယ်ကျယ်ပြန့် ပြန့် ရရှိနိုင်ခြင်းကြောင့်ဖြစ်ကြောင်း သုတေသီများကပြောသည်။

တရုတ်နှင့် အိန္ဒိယတို့တွင် များမကြာမီနှစ်များက အဝလွန်ဖြစ် မှုနှုန်း သိသိသာသာ မြင့်တက်လာပြီး အရှေ့အာရှတွင် ကလေးများ နှင့် ကြီးကောင်ဝင်စအရွယ်များ အဝလွန်ဖြစ်မှု အများအပြားတိုး လာသည်။

ပင်လယ်သမုဒ္ဒရာအနီး ဒေသများနှင့် အနောက်ပစိဖိတ်သမုဒ္ဒရာဒေသများတွင် အဝလွန်မှု အများဆုံးဖြစ်ပြီး ယင်းနိုင်ငံများ၏ လူငယ်လူဦးရေ၏ ထက်ဝက်ခန့်သည် ကိုယ်အလေးချိန် ပိုများနေ (သို့မဟုတ်) အဝလွန်ဖြစ်နေကြသည်ဟု သုတေသီများကပြောသည်။

လက်ရှိအခြေအနေအတိုင်း ဆက်လက်ဖြစ်ပေါ်နေပါက အဝ လွန်ဖြစ်မှုသည် ကိုယ်အလေးချိန်မပြည့်ခြင်းထက် ပို၍ကြုံတွေ့ရမှု များလာသည်ဟု သုတေသီများကပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top